< တရားဟောရာ 11 >

1 သို့ဖြစ်၍ သင်သည် သင်၏ဘုရားသခင် ထာဝရ ဘုရားကို ချစ်ရမည်။ စီရင်ထုံးဖွဲ့တော်မူချက်၊ မှာထား တော်မူသော ပညတ်တော်တို့ကို အစဉ်စောင့်ရှောက် ရမည်။
Therfor loue thi Lord God, and kepe thou hise comaundementis and cerymonyes, domes and heestis, in al tyme.
2 သင်၏ဘုရားသခင် ထာဝရဘုရား ဆုံးမတော်မူ ခြင်းကို၎င်း၊ ဘုန်းအာနုဘော်တော်ကို၎င်း၊ အားကြီးသော လက်ရုံးဆန့်တော်မူခြင်းကို၎င်း၊
Knowe ye to day tho thingis whiche youre sones knowen not, `whiche sones sien not the doctryn of youre Lord God, hise grete dedis, and strong hond, and `arm holdun forth,
3 ထူးဆန်းသော တန်ခိုးတော်ကို၎င်း၊ အဲဂုတ္တုပြည် ၌၊ အဲဂုတ္တုရှင်ဘုရင် ဖါရောမင်းနှင့် ပြည်သူပြည်သား များတို့အား ပြုတော်မူသော အမှုကို၎င်း၊
myraclis and werkis, whiche he dide `in the myddis of Egipt to Farao, kyng, and to al `the lond of hym, and to al the oost of Egipcians,
4 အဲဂုတ္တုစစ်သူရဲ အလုံးအရင်းတည်းဟူသော မြင်းစီးသူရဲ၊ ရထားစီးသူရဲတို့အား ပြုတော်မူသော အမှုကို ၎င်း၊ သင်တို့ကိုလိုက်သော သူတို့ကို ဧဒုံပင်လယ်ရေ လွှမ်းမိုးစေ၍၊ ယနေ့တိုင်အောင် ဖျက်ဆီးတော်မူကြောင်း ကို၎င်း၊
and to horsis, and carris; hou the watris of the reed see hiliden hem, whanne thei pursueden you, and the Lord `dide awei hem `til in to `present dai;
5 ဤအရပ်သို့ မရောက်မှီ၊ တော၌ လှည့်လည်စဉ် တွင် သင်တို့အား ပြုတော်မူသော အမှုကို၎င်း၊
and whiche thingis the Lord dide to you in wildernesse, til ye camen to this place;
6 ရုဗင်အမျိုး၊ ဧလျာဘသားဒါသန်နှင့် အဘိရံတို့ အား ပြုတော်မူသောအမှုကို၎င်း၊ မြေကြီးသည် မိမိ ခံတွင်းကို ဖွင့်၍ သူတို့နှင့် အိမ်သူအိမ်သားများ၊ တဲများ၊ သူတို့၌ ရတတ်သမျှသော ဥစ္စာပစ္စည်းများကို၊ ဣသရေလ အမျိုးသားတို့ အလယ်၌၊ မျိုကြောင်းကို၎င်း မသိမမြင် သော သင်တို့၏ သားသမီးတို့အား ငါမပြော၊ သင်တို့ကိုယ် တိုင် သိမှတ်ကြလော့။
and to Dathan and Abiron, `the sones of Heliab, that was `the sone of Ruben, whiche the erthe swolewide, whanne his mouth was openyd, with `the housis and tabernaclis, and al the catel `of hem which thei hadden, in the myddis of Israel.
7 ထာဝရဘုရားပြုတော်မူသော အမှုကြီးအလုံးစုံ တို့ကို သင်တို့သည် ကိုယ်တိုင်မြင်ကြပြီ။
Youre iyen sien alle the grete werkis of the Lord,
8 ထို့ကြောင့်၊ သင်တို့သည်သွား၍ ဝင်စားလတံ့ သောပြည်ကို ကြီးစွာသောခွန်အားနှင့် ဝင်စားမည် အကြောင်း၊
whiche he dide, that ye kepe alle hise heestis whiche Y comaunde to dai to you, and that ye moun entre, and welde the lond,
9 ထာဝရဘုရားသည် သင်တို့၏ ဘိုးဘေးတို့နှင့် သူတို့အမျိုးအနွယ်အား ပေးခြင်းငှာ ကျိန်ဆိုတော်မူသော ပြည်၊ နို့နှင့်ပျားရည်စီးသောပြည်၌ သင်တို့အသက် တာရှည်မည်အကြောင်း၊ ယနေ့ ငါမှာထားသမျှသော ပညတ်တို့ကို စောင့်ရှောက်ရကြမည်။
to which ye schulen entre, and ye lyue therynne in myche time; which lond, flowynge with mylk and hony, the Lord bihiyte vndur an ooth to youre fadris and to `the seed of hem.
10 ၁၀ သင်တို့သွား၍ ဝင်စားလတံ့သော ပြည်သည် ကား၊ ယာလုပ်သကဲ့သို့ မျိုးစေ့ကြဲ၍ ခြေဖြင့်ရေလောင်း ရသော ပြည်တည်းဟူသော သင်တို့ထွက်လာသော အဲဂုတ္တုပြည်နှင့် တူသည်မဟုတ်။
For the lond, to which thou schalt entre to welde, is not as the lond of Egipt, `out of which thou yedist, where whanne the seed is cast in the maner of gardyns, moist waters ben led;
11 ၁၁ သင်တို့သွား၍ ဝင်စားလတံ့သောပြည်သည် တောင်များ၊ ချိုင့်များနှင့် ပြည့်စုံ၍ မိုဃ်းရေကို သောက် သောပြည်၊
but it is hilli, and feldi, and abidith reynes fro heuene,
12 ၁၂ သင်တို့၏ဘုရားသခင် ထာဝရဘုရားပြုစု၍ တနှစ်ပတ်လုံး ကြည့်ရှုတော်မူသောပြည် ဖြစ်၏။
which lond thi Lord God biholdith, and hise iyen ben therynne, fro the bigynnyng of the yeer `til to the ende therof.
13 ၁၃ သင်တို့ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံး အကြွင်းမဲ့ချစ်၍ အမှုတော်ကို ဆောင်ရွက်မည် အကြောင်း၊ ယနေ့ ငါမှာထားသမျှသော ပညတ်တို့ကို စေ့စေ့နားထောင်လျှင်၊
Therfor if ye schulen obeie to myn heestis whiche Y comaunde to dai to you, that ye loue youre Lord God, and serue hym in al youre herte, and in al youre soule;
14 ၁၄ သင်တို့သည် စပါး၊ စပျစ်ရည်၊ ဆီတို့ကို စုသိမ်း စေခြင်းငှာ အရင်မိုဃ်း၊ နောက်မိုဃ်း တည်းဟူသော သင်တို့ပြည်နှင့်ဆိုင်သော မိုဃ်းရေကို ငါပေးမည်။
he schal yyue to youre lond reyn tymeful and late, that ye gadere wheete, and wyn, and oile,
15 ၁၅ သင်တို့သည် ဝစွာစားရမည်အကြောင်း၊ သင်တို့ တိရစ္ဆာန်များအဘို့ လွင်ပြင်၌ မြက်ပင်ကို ငါပေါက်စေ မည်။
hey of the feeldis to feede beestis, that ye bothe ete and be fillid.
16 ၁၆ သင်တို့သည် မိစ္ဆာဒိဌိအယူကိုစွဲ၍ လမ်းမလွဲ၊ အခြားတပါးသော ဘုရားတို့ကို ဝတ်ပြု၊ ကိုးကွယ်ခြင်းနှင့် ကင်းလွှတ်မည်အကြောင်း၊ ကိုယ်ကိုကိုယ် သတိပြုကြ လော့။
Be ye war, lest perauenture youre herte be disseyued, and ye go awei fro the Lord, and serue alien goddis, and worschipe hem;
17 ၁၇ သို့မဟုတ် ထာဝရဘုရားသည် အမျက်တော် ထွက်၍ မိုဃ်းမရွာ၊ မြေ၏အသီးအနှံကို မဖြစ်စေခြင်းငှာ။ မိုဃ်းကောင်းကင်ကို ပိတ်တော်မူမည်။ ထာဝရဘုရား ပေးတော်မူသော ကောင်းမွန်သောပြည်၌ သင်တို့သည် အလျှင်အမြန် ပျောက်ပျက်ကြလိမ့်မည်။
and the Lord be wrooth, and close heuene, and reynes come not doun, nether the erthe yyue his fruyt, and ye perische swiftli fro the beste lond which the Lord schal yyue to you.
18 ၁၈ သို့ဖြစ်၍ ငါဟောပြောသော ဤစကားကို စိတ်နှလုံး၌ သွင်းထား၍၊ လက်၌ လက္ခဏာသက်သေ ဘို့ရာ၎င်း၊ မျက်စိကြားမှာ သင်းကျစ်ကဲ့သို့၎င်း ချည်ထားရ ကြမည်။
Putte ye thes wordis in youre hertes and soules, and honge ye `tho wordis for a signe in the hondis, and sette ye bitwixe youre iyen.
19 ၁၉ ထိုစကားကို သင်တို့သည် အိမ်၌ ထိုင်လျက် နေသည်ဖြစ်စေ၊ ခရီးသွားသည်ဖြစ်စေ၊ အိပ်လျက်ထ လျက်ရှိသည်ဖြစ်စေ ဟောပြော၍၊ သားသမီးတို့အား သွန်သင်ရကြမည်။
Teche youre sones, that thei thenke on tho wordis, whanne thou sittist in thin hows, and goist in the weie, and lyggist doun, and risist.
20 ၂၀ အိမ်တံခါးမြို့တံခါး၌လည်း ရေးထားရကြမည်။
Thou schalt write tho wordis on the postis, and yatis of thin hous,
21 ၂၁ သို့ပြုလျှင် ထာဝရဘုရားသည် ဘိုးဘေးတို့အား ပေးခြင်းငှာ ကျိန်ဆိုတော်မူသောပြည်၌ သင်တို့အသက်၊ သားသမီးများ အသက်တာသည်၊ ကောင်းကင်၌ အသက် တာ ရှည်သကဲ့သို့၊ မြေကြီးပေါ်မှာ တာရှည်ရလိမ့်မည်။
that the daies of thee and of thi sones be multiplied in the lond which the Lord swoor to thi fadris, that he schulde yyue to hem, as long as heuene is aboue erthe.
22 ၂၂ သင်တို့သည် သင်တို့၏ဘုရားသခင် ထာဝရ ဘုရားကို ချစ်သောစိတ်နှင့် လမ်းတော်သို့လိုက်၍၊ ကိုယ် တော်၌ ဆည်းကပ်မှီဝဲမည်အကြောင်း၊ ငါမှာထားသမျှ သော ဤပညတ်တို့ကို ကျင့်အံ့သောငှာ သတိနှင့် စောင့် ရှောက်လျှင်၊
For if ye kepen the heestis whiche Y comaunde to you, and ye do tho, that ye loue youre Lord God, and go in alle hise weies,
23 ၂၃ ထာဝရဘုရားသည် ဤလူမျိုးခပ်သိမ်းတို့ကို သင်တို့ရှေ့မှ နှင်ထုတ်တော်မူသဖြင့်၊ သင်တို့သည် ကိုယ်ထက်အားကြီး၍ များပြားသော လူမျိုးတို့ကို အစိုးရ ကြလိမ့်မည်။
and cleue to hym, the Lord schal destrie alle these hethen men bifor youre face, and ye schulen welde tho folkis that ben grettere and strongere than ye.
24 ၂၄ သင်တို့သည် ခြေနှင့်နင်းသမျှသောအရပ်ကို ပိုင်သဖြင့်၊ တောမှစ၍ လေဗနုန်တောင်တိုင်အောင်၎င်း၊ ဥဖရတ်မြစ်ကြီးမှစ၍ ပင်လယ်ကမ်းနား တိုင်အောင်၎င်း၊ မြေတရှောက်လုံးသည် သင်တို့၏ နိုင်ငံအဝင် ဖြစ်လိမ့် မည်။
Ech place which youre foot schal trede, schal be youre; fro the deseert, and fro the Liban, and fro the greet flood Eufrates `til to the west see, schulen be youre termes.
25 ၂၅ သင်တို့ရှေ့မှာ အဘယ်သူမျှ မရပ်မနေနိုင် အောင်၊ သင်တို့နင်းသော မြေအရပ်၌ ရှိသောသူ အပေါင်းတို့သည် သင်တို့ကို ကြောက်ရွံ့ ထိတ်လန့်မည် အကြောင်း၊ သင်တို့ ၏ဘုရားသခင် ထာဝရဘုရားသည်၊ ဂတိတော်ရှိသည်အတိုင်း ပြုတော်မူမည်။
Noon schal stonde ayens you; youre Lord God schal yiue youre outward drede and inward drede on ech lond which ye schulen trede, as he spak to you.
26 ၂၆ ယနေ့ ကောင်းကြီးပေးခြင်းနှင့် ကျိန်ခြင်းတည်း ဟူသော ဤနှစ်ပါးကို သင်တို့ရှေ့မှာ ငါထား၏။
Lo! Y sette forth in youre siyt to day blissyng and cursyng;
27 ၂၇ ယနေ့ ငါဆင့်ဆိုသော သင်တို့ဘုရားသခင် ထာဝရဘုရား၏ ပညတ်တော်တို့ကို နားထောင်လျှင်မူ ကား၊ ကောင်းကြီးပေးခြင်း၊
blessyng, if ye obeien to the heestis of youre Lord God, whiche Y comaunde to you to dai;
28 ၂၈ သင်တို့ဘုရားသခင် ထာဝရဘုရား၏ ပညတ် တော်တို့ကို နားမထောင်၊ ယနေ့ ငါမှာထားသောလမ်းမှ လွှဲရှောင်၍၊ မသိဘူးသော အခြားတပါးသောဘုရားကို မှီဝဲဆည်း ကပ်လျှင်မူကား ကျိန်ခြင်းကို ငါထား၏။
cursyng, if ye heren not the heestis of youre Lord God, but goen awei fro the weie which Y schewe now to you, and goen after alien goddis whiche ye knowen not.
29 ၂၉ သင်တို့သည်သွား၍ ဝင်စားလတံ့သောပြည်သို့ သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည် ဆောင်သွင်း တော်မူပြီးမှ၊ ကောင်းကြီးမင်္ဂလာကို ဂေရဇိမ် တောင်ပေါ် ၌၎င်း၊ ကျိန်ခြင်းကို ဧဗလတောင်ပေါ်၌၎င်း တင်ထားရ ကြမည်။
Sotheli whanne thi Lord God hath brouyt thee in to the lond, to which to enhabite thou goist, thou schalt sette blessyng on the hil Garisym, cursyng on the hil Hebal, whiche hillis ben biyende Jordan,
30 ၃၀ ထိုတောင်တို့သည် ယော်ဒန်မြစ်အနောက်၊ နေဝင်ရာဘက်မှာ ခါနနိလူတို့နေရာ အရပ်တည်းဟူ သော၊ မောရေသပိတ်တောအနား၊ ဂိလဂါလမြို့နှင့် ဆိုင်သော လွင်ပြင်၌ ရှိသည်မဟုတ်လော။
aftir the weie that goith to the goyng doun of the sunne, in the lond of Cananey, that dwellith in the feeldi places ayens Galgala, which is bisidis the valey goynge and entrynge fer.
31 ၃၁ သင်တို့၏ဘုရားသခင် ထာဝရဘုရား ပေးတော် မူသော ပြည်ကို ဝင်စားခြင်းငှာ၊ ယော်ဒန်မြစ်တဘက်သို့ ကူးသွား၍၊ ထိုပြည်ကို ဝင်စားလျက် နေရကြမည်။
For ye schulen passe Jordan, that ye welde the lond which youre Lord God schal yyue to you, and that ye haue and welde that lond.
32 ၃၂ ယနေ့ ငါထားသမျှသော စီရင်ထုံးဖွဲ့ချက်တို့ကို ကျင့်အံ့သောငှာ စောင့်ရှောက်ရကြမည်။
Therfor se ye, `that ye fille the cerymonyes and domes, whiche I schal sette to dai in youre siyt.

< တရားဟောရာ 11 >