< ကောလောသဲ 2 >

1 သင်တို့နှင့် လောဒိကိမြို့သူမြို့သားတို့မှစ၍၊ ငါ့မျက်နှာကို မမြင်ဘူးသောသူ ရှိသမျှတို့သည်။
NO ka mea, ke ake nei au e ike oukou i ko'u ehaeha nui ana no oukou, a me ko Laodikeia, a me ka poe i ike ole mai i ko'u maka, i ke Kino nei;
2 မေတ္တာချင်းထုံးဖွဲ့၍၊ ခမည်းတော်ဘုရားနှင့် ခရစ်တော်၏ နက်နဲသောအရာကို နားလည်နိုင်သော ဝိစိကိစ္ဆာနှင့် ကင်းစင်သော ဥာဏ်၏စည်းစိမ်အပေါင်းနှင့် ပြည့်စုံ၍၊ စိတ်နှလုံးသက်သာစေမည်အကြောင်း အဘယ်မျှလောက်ကြီးသော တိုက်လှန်ခြင်းကို ငါခံရသည်ဟု သင်တို့သိစေခြင်းငှါ ငါအလိုရှိ၏။
I hooluolu pu ia ko lakou naau, i hookui pu ia hoi i ke aloha, a i ka waiwai a pau o ka manao maopopo loa, i ka ike paka ana i ka mea pohihihi a ke Akua ka Makua a me Kristo;
3 ထိုနက်နဲသောအရာ၌ ပညာဘဏ္ဍာ၊ ဥာဏ်ဘဏ္ဍာရှိသမျှတို့သည် ဝှက်ထားလျက်ရှိကြ၏။
Kahi i hunaia'i ka waiwai nui o ke akamai, a me ka naauao.
4 အဘယ်မည်သောသူမျှ ဖြားယောင်းသောစကားအားဖြင့် သင်တို့ကို မလှည့်ဖြားစေခြင်းငှါ၊ ဤ စကားကို ငါပြောဆို၏။
O ka'u ia e olelo nei, o puni oukou i kekahi, i na olelo hoowalewale.
5 ငါသည် ကိုယ်ခန္ဓာအားဖြင့် သင်တို့နှင့် ကွာ၍ နေသော်လည်း၊ စိတ်ဝိညာဉ်အားဖြင့် သင်တို့နှင့်အတူ ရှိသည်ဖြစ်၍၊ သင်တို့သည် လျောက်ပတ်စွာ စီရင်ပြုပြင်တတ်သည်ကို၎င်း၊ ခရစ်တော်၌ ခိုင်ခံ့စွာ ယုံကြည်သည် ကို၎င်း မြင်လျှင် ဝမ်းမြောက်ခြင်းရှိ၏။
No ka mea, i ko'u kaawale ana ma ke kino, owau pu kekahi me oukou ma ka uhane, e hauoli ana, me ka nana ana i ko oukou pono like, a me ke kupaa ana o ko oukou manaeio ia Kristo.
6 ထို့ကြောင့် သင်တို့သည် သခင်ယေရှုခရစ်ကို ခံယူပြီးသည်ဖြစ်၍၊ ထိုသခင်၌ စိုက်ပျိုးခြင်း၊ တည်ဆောက်ခြင်း ရှိလျက်၊ နည်းဥပဒေသကို ခံပြီးသည်အတိုင်း ယုံကြည်ခြင်း၌ မြဲမြံစွာစွဲလမ်းလျက်၊
Nolaila hoi, no ka loaa ana mai o Kristo ia oukou, e hele oukou iloko ona;
7 ကျေးဇူးတော်ကို ချီးမွမ်းခြင်းနှင့်တကွ ယုံကြည်ခြင်း တိုးပွါးပြည့်စုံလျက်၊ ထိုသခင်၌ ကျင်လည်ကြလော့။
I hookumuia, a i hookukuluia iloko ona, a me ka hoomauia i ka manaoio i hoikeia mai ia oukou, a malaila e hoomahuahua ae ia me ka hoomaikai aku.
8 ခရစ်တော်၏တရားကို မလိုက်၊ လူအဆက်ဆက်ခံသော နည်းဥပဒေသနှင့် လောကီတရားနုကို လိုက်၍၊ လောကီပညာနှင့် အချည်းနှီးသောပရိယာယ်အားဖြင့် သင်တို့ကို အဘယ်သူမျှ မလုယူမဖျက်ဆီး စေခြင်းငှါ သတိပြုကြလော့။
E malama hoi, o hokai mai kekahi ia oukou me ka manao maalea, a me ka hoopunipuni lapuwale, mamuli o ka mooolelo o Kanaka, mamuli o na kumu o ko ke ao nei, aole hoi mamuli o Kristo.
9 အကြောင်းမူကား၊ ဘုရားသခင်၏ ဇာတိအဖြစ်တော်၏ ပြည့်စုံခြင်းအပေါင်းသည် ခရစ်တော်၌ ကိုယ်ထင်ရှား၍ ကျိန်းဝပ်တော်မူ၏။
No ka mea, maloko ona e noho ana ka pono nui a pau o ke Akua ma ko kino.
10 ၁၀ အထွဋ်အမြတ် အာဏာစက်ရှိသမျှကို အုပ်စိုးတော်မူသော ထိုသခင်၌ သင်တို့သည် စုံလင်ခြင်းရှိကြ၏။
Ua hemolele oukou maloko ona, oia ke poo o na'lii a pau a me ka mana.
11 ၁၁ ခရစ်တော်၏ အရေဖျားလှီးခြင်းအားဖြင့် ဇာတိ ပကတိအပြစ်၏ ကိုယ်ကိုပယ်ရှင်း၍၊ လက်ဖြင့်မလုပ် သော အရေဖျားလှီးခြင်းကို ထိုသခင်၌ သင်တို့သည် ခံကြသည်ဖြစ်၍၊
Iloko ona, ua okipoepoeia oukou i ke okipoepoe hana ole ia e ka lima, i ke pale ana aku i ke kino o ka hewa o ka io, ma ko Kristo okipoepoe ana;
12 ၁၂ ဗတ္တိဇံအားဖြင့် ထိုသခင်နှင့်အတူ သင်္ဂြိုဟ်ခြင်းကို ခံကြ၏။ ခရစ်တော်ကို သေခြင်းမှ ထမြောက်စေ တော်မူသော ဘုရားသခင်၏ ပြုပြင်အားထုတ်တော်မူခြင်းကို ယုံကြည်သောအားဖြင့်၊ ဗတ္တိဇံကိုခံ၍ ထိုသခင် နှင့်အတူ ထမြောက်ခြင်းသို့ ရောက်ကြ၏။
I kanu pu ia me ia, i ka bapetizo ana, a ilaila hoi e ala pu hou ai me ia, ma ka manaoio i ka hana a ke Akua, a ka mea i hoala ia ia, mai ka make mai.
13 ၁၃ ဒုစရိုက်အပြစ်၌၎င်း၊ ဇာတိပကတိ၏ အရေဖျားလှီးခြင်းကို မခံသောအဖြစ်၌၎င်း သေလျက်ရှိနေသော သင်တို့ကို ခရစ်တော်နှင့်အတူ အသက်ရှင်စေ၍၊ သင်တို့ အပြစ်ရှိသမျှတို့ကို လွှတ်တော်မူ၏။
O oukou hoi ka poe i make iloko o ka hewa, a me ke okipoepoe ole ia o ko oukou kino, o oukou Kana i hoala pu hou mai nei me ia, a ua kala mai i ko oukou hewa a pau;
14 ၁၄ ငါတို့နှင့်ဆန့်ကျင်ဘက်ဖြစ်သော ဝိနည်းအထုံးအဖွဲ့နှင့် စပ်ဆိုင်သောလက်မှတ်ကို ချေ၍၊ လက်ဝါး ကပ်တိုင်မှာ ရိုက်ထားလျက်၊ ငါတို့စပ်ကြားထဲက ပယ်ရှင်းတော်မူပြီ။
E hokai ana i ka palapala lima o na oihana i pono ole ai Kakou, o ka mea i ku e mai ia kakou, oia kana i lawe aku ai, a makia aku la ma kona kea.
15 ၁၅ အထွဋ်အမြတ်၊ အာဏာစက်များကို လုယူလျှင်၊ ထင်ရှားစွာ ထုတ်ပြ၍လက်ဝါးကပ်တိုင်တော်အားဖြင့် အောင်ပွဲကို ခံတော်မူပြီ။
A kaili ae la oia i ko na'lii, a me ko na mea mana, ua hoike ia lakou ma ke akea, e lanakila ana maluna o lakou ma keia.
16 ၁၆ ထိုကြောင့် စားသောက်ခြင်းအမှု၊ ပွဲနေ့၊ လဆန်းနေ့၊ ဥပုသ်နေ့တို့ကို စောင့်ခြင်းအမှုတွင် သင်တို့ကို အဘယ်သူမျှ မစစ်ကြောမစီရင်စေနှင့်။
Nolaila, mai hoahewa mai kekahi ia oukou, i ka mea ai, a me ka mea inu, aole hoi no kahi la hoano, a me ka mahina hou, a me na sabati.
17 ၁၇ ထိုအရာတို့သည် နောက်ဖြစ်လတံ့သော အရာတို့၏ အရိပ်ဖြစ်ကြ၏။ ကိုယ်မူကား ခရစ်တော်၏ ကိုယ်ဖြစ်၏။
He aka no ia mau mea no na mea e hiki mai ana: aka o ke kino, no Kristo no ia.
18 ၁၈ ဦးခေါင်းတော်ကို အမှီမပြု၊ ဇာတိပကတိ၏ စိတ်နှလုံးအချည်းနှီးထောင်လွှားလျက်၊ မိမိမသိမမြင် သောအရာကို စူးစမ်းလျက်၊ စိတ်နှိမ့်ချခြင်း၌၎င်း၊ ကောင်းကင်တမန်ကို ကိုးကွယ်ခြင်း၌၎င်း မွေ့လျော် သောသူ တစုံတယောက်မျှ သင်တို့ဆုကို မလုမယူစေနှင့်။
Mai hoonele mai kekahi ia oukou i ko oukou uku ma ka hoohaahaa wale ana, a me ka hoomana ana i na anela, e maoi wale ana iloko o na mea ana i ike ole ai, e hookano wale ana kona naau kanaka,
19 ၁၉ ဦးခေါင်းတော်မှ တကိုယ်လုံးသည် အဆစ်အပိုင်း အထုံးအဖွဲ့များအားဖြင့်၊ အားဖြည့်၍ ထုံးဖွဲ့လျက်၊ ဘုရားသခင်၏ အလိုတော်နှင့်အညီ ကြီးပွါးတတ်၏။
Me ka malama ole i ke Poo, i ka mea i hanaiia mai ai ke kino a pau, i paa i na ami a me na olona, ua mahuahua aku ia i ko ke Akua hoomahuahua ana mai.
20 ၂၀ သင်တို့သည် ခရစ်တော်နှင့် အတူသေ၍၊ လောကီတရားနုမှ စုတေ့ကြသည်မှန်လျှင်၊
Ina hoi i make pu oukou me Kristo, a kaawale na kumu liilii o ko ke ao nei, no ke aha hoi oukou, e like me ka noho ana ma keia ao, i malama ai i na kapu,
21 ၂၁ မတို့နှင့်၊ မမြည်းနှင့်၊ မကိုင်နှင့်ဟူသော ပညတ်စကားကို လောကီအသက်ရှင်သေးသကဲ့သို့၊ အဘယ် ကြောင့် နားထောင်ကြသနည်း။
(Mai hoopa, mai hoao, mai lawelawe;
22 ၂၂ လူတို့၏ ပညတ်ဩဝါဒအတိုင်း စောင့်ရှောက်သော ထိုပညတ်ရှိသမျှတို့သည် ပုပ်ပျက်စေခြင်း အကြောင်းဖြစ်ကြ၏။
O na mea ia e make ai ma ka lawe ana; ) mamuli o na kauoha a me na oleloao a kanaka?
23 ၂၃ ထိုသို့သော ပညတ်တို့သည် ကိုယ်အသားကို ဝပြောစွာ ကျွေးမွေးခြင်းနှင့်မဆိုင်၊ ကိုယ်အလိုအလျောက် ကိုးကွယ်ခြင်း၊ စိတ်နှိမ့်ချခြင်း၊ ကိုယ်ကာယကို နှိပ်စက်ခြင်းနှင့်ဆိုင်၍၊ ပညာရှိယောင်ဆောင်ကြ၏။
He mau mea hookohukohu naauao, i ka hoomana e, a i ka hoohaahaa, a i ka malama ole i ke kino, aole nae i ka mea nui e oluolu ai ke kino.

< ကောလောသဲ 2 >