< တမန်တော်ဝတ္ထု 8 >

1 ထိုအခါယေရုရှလင်မြို့၌ ရှိသော အသင်းတော် သည် ပြင်းစွာ သောညှဉ်းဆဲခြင်းကိုခံရသဖြင့် တမန်တော် တို့မှတပါး သင်းဝင်သူ အပေါင်းတို့သည် ယုဒပြည်၊ ရှမာရိပြည်အရပ်ရပ်တို့၌ အနှံ့အပြားကွဲပြား ကြ၏။
tasya hatyākaraṇaṁ śaulōpi samamanyata| tasmin samayē yirūśālamnagarasthāṁ maṇḍalīṁ prati mahātāḍanāyāṁ jātāyāṁ prēritalōkān hitvā sarvvē'parē yihūdāśōmirōṇadēśayō rnānāsthānē vikīrṇāḥ santō gatāḥ|
2 တရားကိုရိုသေသောသူတို့သည် သတေဖန်ကို သင်္ဂြိုဟ်၍ ပြင်းစွာသောငိုကြွေးမြည်တမ်းခြင်းကို ပြုကြ၏။
anyacca bhaktalōkāstaṁ stiphānaṁ śmaśānē sthāpayitvā bahu vyalapan|
3 ရှောလုသည် အသင်းတော်ကိုဖျက်ဆီးလေ၏။ အိမ်များသို့ ဝင်ပြီးလျှင် ယောက်ျားမိန်းမတို့ကို ဆွဲငင်၍ ထောင်ထဲ၌လှောင်ထား တတ်၏။
kintu śaulō gr̥hē gr̥hē bhramitvā striyaḥ puruṣāṁśca dhr̥tvā kārāyāṁ baddhvā maṇḍalyā mahōtpātaṁ kr̥tavān|
4 ထိုကြောင့် အရပ်ရပ်သို့ကွဲပြားသော သူတို့သည် လှည့်လည်၍ နှုတ်ကပတ်တော်တည်းဟူသော ဧဝံဂေလိ တရားကို ဟောပြောကြ၏။
anyacca yē vikīrṇā abhavan tē sarvvatra bhramitvā susaṁvādaṁ prācārayan|
5 ဖိလိပ္ပုသည်လည်း၊ ရှာမာရိမြို့သို့သွား၍ ခရစ်တော်၏ အကြောင်းကိုဟောလေ၏။
tadā philipaḥ śōmirōṇnagaraṁ gatvā khrīṣṭākhyānaṁ prācārayat;
6 လူအစုအဝေးတို့သည်ကြား၍ ဖိလိပ္ပုပြုသော နိမိတ်လက္ခဏာတို့ကို မြင်သောအခါ၊ သူ၏စကားကို တညီတညွတ်တည်း နားထောင်ကြ ၏။
tatō'śuci-bhr̥tagrastalōkēbhyō bhūtāścītkr̥tyāgacchan tathā bahavaḥ pakṣāghātinaḥ khañjā lōkāśca svasthā abhavan|
7 အကြောင်းမူကား၊ နတ်ဆိုးစွဲသော သူများတို့၏ အထဲမှ နတ်ဆိုး တို့သည် ပြင်းစွာသော အသံနှင့် အော်ဟစ်လျက်ထွက်သွားကြ၏။ ကိုယ်မ လှုပ်နိုင်သောသူ၊ ခြေမစွမ်းသောသူအများတို့သည်လည်း ပကတိအဖြစ် သို့ရောက်ကြ၏။
tasmāt lākā īdr̥śaṁ tasyāścaryyaṁ karmma vilōkya niśamya ca sarvva ēkacittībhūya tēnōktākhyānē manāṁsi nyadadhuḥ|
8 ထိုမြို့သူမြို့သားတို့သည် အလွန်ဝမ်းမြောက် ခြင်းရှိကြ၏။
tasminnagarē mahānandaścābhavat|
9 ရှိမုန်အမည်ရှိသော သူတယောက်သည်၊ ထိုမြို့၌ နတ်ဝိဇ္ဇာ အတတ်နှင့်ပြုပြင်၍၊ ငါသည်ထူးဆန်းသော သူဖြစ်သည်ဟုဆိုလျက်၊ ရှမာရိအမျိုးသားတို့ကို မိန်းမောတွေဝေစေခြင်းငှါပြု၏။
tataḥ pūrvvaṁ tasminnagarē śimōnnāmā kaścijjanō bahvī rmāyākriyāḥ kr̥tvā svaṁ kañcana mahāpuruṣaṁ prōcya śōmirōṇīyānāṁ mōhaṁ janayāmāsa|
10 ၁၀ လူကြီးလူငယ်ရှိသမျှတို့ကလည်း၊ ဤသူသည် ဘုရားသခင်၏ မဟာတန်ခိုးတော်ဖြစ်သည်ဟု ဆိုလျက် ထိုသူ၌ဆည်းကပ်ကြ၏။
tasmāt sa mānuṣa īśvarasya mahāśaktisvarūpa ityuktvā bālavr̥ddhavanitāḥ sarvvē lākāstasmin manāṁsi nyadadhuḥ|
11 ၁၁ ဆည်းကပ်သည်အကြောင်းကား၊ သူတို့ကို မိန်းမောတွေဝေစေ ခြင်းငှါ ထိုသူသည် နတ်ဝိဇ္ဇာအတတ် အားဖြင့် ကြာမြင့်စွာပြုလျက်နေ၏။
sa bahukālān māyāvikriyayā sarvvān atīva mōhayāñcakāra, tasmāt tē taṁ mēnirē|
12 ၁၂ ဖိလိပ္ပုသည် ဘုရားသခင်၏နိုင်ငံတော်၌၎င်း၊ ယေရှုခရစ်၏ နာမတော်နှင့်၎င်း စပ်ဆိုင်သော ဧဝံဂေလိ တရားကို ဟောပြော၍ ထိုသူတို့သည် ယုံကြည်သော အခါ၊ ယောက်ျားမိန်းမတို့သည် ဗတ္တိဇံကို ခံကြ၏။
kintvīśvarasya rājyasya yīśukhrīṣṭasya nāmnaścākhyānapracāriṇaḥ philipasya kathāyāṁ viśvasya tēṣāṁ strīpuruṣōbhayalōkā majjitā abhavan|
13 ၁၃ ရှိမုန်သည်လည်း ကိုယ်တိုင်ယုံကြည်သည်ဖြစ်၍ ဗတ္တိဇံကို ခံပြီးမှ ဖိလိပ္ပုထံ၌မှီဝဲဆည်းကပ်သဖြင့်၊ ထူးဆန်း သော တန်ခိုးကြီးသော နိမိတ်လက္ခဏာများကို မြင်၍ မိန်းမောတွေဝေလျက်ရှိလေ၏။
śēṣē sa śimōnapi svayaṁ pratyait tatō majjitaḥ san philipēna kr̥tām āścaryyakriyāṁ lakṣaṇañca vilōkyāsambhavaṁ manyamānastēna saha sthitavān|
14 ၁၄ ရှမာရိမြို့သားတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို ခံယူကြပြီဟု ယေရုရှလင်မြို့၌ ရှိသော တမန်တော်တို့သည် သိတင်း ကြားလျှင်၊ ပေတရုနှင့်ယောဟန်တို့ကို စေလွှတ်ကြ၏။
itthaṁ śōmirōṇdēśīyalōkā īśvarasya kathām agr̥hlan iti vārttāṁ yirūśālamnagarasthaprēritāḥ prāpya pitaraṁ yōhanañca tēṣāṁ nikaṭē prēṣitavantaḥ|
15 ၁၅ ထိုမြို့သူမြို့သား တို့သည် သခင်ယေရှု၏နာမ၌ ဗတ္တိဇံကို ခံရုံ မျှသာရှိသဖြင့်၊
tatastau tat sthānam upasthāya lōkā yathā pavitram ātmānaṁ prāpnuvanti tadarthaṁ prārthayētāṁ|
16 ၁၆ တစုံတယောက်သောသူအပေါ်၌ သန့်ရှင်းသော ဝိညာဉ်တော်သည် သက်ရောက်တော် မမူသေးသည် ဖြစ်၍၊ တမန်တော်တို့သည် ရောက်ကြလျှင်၊ ဝိညာဉ်တော် ကိုခံရမည်အကြောင်း ထိုမြို့သူမြို့သားတို့ အဘို့ ဆုတောင်း၍၊
yatastē purā kēvalaprabhuyīśō rnāmnā majjitamātrā abhavan, na tu tēṣāṁ madhyē kamapi prati pavitrasyātmana āvirbhāvō jātaḥ|
17 ၁၇ ထိုသူတို့အပေါ်၌ လက်ကိုတင်သောအားဖြင့် သူတို့သည် သန့်ရှင်းသောဝိညာဉ်တော်ကိုခံရကြ၏။
kintu prēritābhyāṁ tēṣāṁ gātrēṣu karēṣvarpitēṣu satsu tē pavitram ātmānam prāpnuvan|
18 ၁၈ တမန်တော်တို့လက်ကိုတင်သောအားဖြင့် သန့်ရှင်းသော ဝိညာဉ်တော်သက်ရောက်သည်ကို ရှိမုန်မြင်လျှင်၊ ငွေကိုယူဆောင်ခဲ့၍၊
itthaṁ lōkānāṁ gātrēṣu prēritayōḥ karārpaṇēna tān pavitram ātmānaṁ prāptān dr̥ṣṭvā sa śimōn tayōḥ samīpē mudrā ānīya kathitavān;
19 ၁၉ အကျွန်ုပ်၏ လက်တင်ခြင်းကိုခံရသောသူသည် သန့်ရှင်းသော ဝိညာဉ်တော်ကိုခံစေမည်အကြောင်း အကျွန်ုပ်အား အခွင့်ပေးပါဟု တောင်းသော်၊
ahaṁ yasya gātrē hastam arpayiṣyāmi tasyāpi yathētthaṁ pavitrātmaprāpti rbhavati tādr̥śīṁ śaktiṁ mahyaṁ dattaṁ|
20 ၂၀ ပေတရုက၊ ဘုရားသခင်၏ကျေးဇူးတော်ကို ငွေနှင့်ဝယ်ယူမည် ဟု အကြံရှိသောကြောင့်၊ သင်နှင့် တကွသင်၏ ငွေသည်ပျက်စီးခြင်းသို့ ရောက်ပါစေ။
kintu pitarastaṁ pratyavadat tava mudrāstvayā vinaśyantu yata īśvarasya dānaṁ mudrābhiḥ krīyatē tvamitthaṁ buddhavān;
21 ၂၁ သင်သည်ဤအမှုအရာနှင့် မဆက်ဆံသော သူဖြစ်၏။ အကြောင်းမူကား၊ သင်၏စိတ်နှလုံးသည် ဘုရားသခင့်ရှေ့တော်၌ ဖြောင့်မတ်ခြင်းမရှိ။
īśvarāya tāvantaḥkaraṇaṁ saralaṁ nahi, tasmād atra tavāṁśō'dhikāraśca kōpi nāsti|
22 ၂၂ ထိုကြောင့်သင်၌ ယခုဆိုးညစ်သောအမှုကို နောင်တရလော့။ သင်၏စိတ်နှလုံး၌ကြံစည်ခြင်းအပြစ်ကို လွှတ်ကောင်းလွှတ်လိမ့်မည် ဖြစ်၍၊ ဘုရားသခင်ကို တောင်းပန်လော့။
ata ētatpāpahētōḥ khēdānvitaḥ san kēnāpi prakārēṇa tava manasa ētasyāḥ kukalpanāyāḥ kṣamā bhavati, ētadartham īśvarē prārthanāṁ kuru;
23 ၂၃ သင်သည်ခါးစွာသောသည်းခြေစွဲသည်ဖြစ်၍၊ ဒုစရိုက်အနှောင် အဖွဲ့နှင့်မလွတ်ကြောင်းကို ငါသိမြင် သည်ဟုဆို၏။
yatastvaṁ tiktapittē pāpasya bandhanē ca yadasi tanmayā buddham|
24 ၂၄ ရှိမုန်ကလည်း၊ မိန့်တော်မူသောအရာ တစုံ တခုမျှ အကျွန်ုပ် အပေါ်သို့ မရောက်ပါမည် အကြောင်း၊ ထာဝရဘုရားကို ကျွန်ုပ်အဘို့ အလိုငှါ ဆုတောင်းတော်မူ ကြပါဟု ပြန်ပြော၏။
tadā śimōn akathayat tarhi yuvābhyāmuditā kathā mayi yathā na phalati tadarthaṁ yuvāṁ mannimittaṁ prabhau prārthanāṁ kurutaṁ|
25 ၂၅ တမန်တော်တို့သည် သက်သေခံ၍ သခင်ဘုရား ၏နှုတ်ကပတ် တရားတော်ကိုဟောပြီးမှ၊ ယေရုရှလင်မြို့ သို့ ပြန်သွားရာ၊ ရှာမာရိရွာများတို့၌လည်း ဧဝံဂေလိ တရားကို ဟောပြောကြ၏။
anēna prakārēṇa tau sākṣyaṁ dattvā prabhōḥ kathāṁ pracārayantau śōmirōṇīyānām anēkagrāmēṣu susaṁvādañca pracārayantau yirūśālamnagaraṁ parāvr̥tya gatau|
26 ၂၆ တဖန် ထာဝရဘုရား၏ ကောင်းကင်တမန် သည် ဖိလိပ္ပုအား၊ သင်ထ၍ ယေရုရှလင်မြို့မှ ဂါဇမြို့ သို့သွားရာ တောလမ်းတွင် တောင်မျက်နှာသို့ သွားလော့ ဟု ဆိုသည်အတိုင်း၊ ဖိလိပ္ပုသည်ထ၍ သွားလေ၏။
tataḥ param īśvarasya dūtaḥ philipam ityādiśat, tvamutthāya dakṣiṇasyāṁ diśi yō mārgō prāntarasya madhyēna yirūśālamō 'sānagaraṁ yāti taṁ mārgaṁ gaccha|
27 ၂၇ ထိုအခါ အဲသယောပိပြည်ကိုအစိုးရသော မိဖုရားကန္ဒက်ထံ၌ ဘုန်းကြီးသောအမတ်ဖြစ်၍၊ ဘဏ္ဍတော်ရှိသမျှကို အုပ်စိုးရသော အဲသယောပိ ပြည်သား တယောက်သည် ကိုးကွယ်ခြင်းငှါ ယေရုရှလင် မြို့ သို့သွား၍၊
tataḥ sa utthāya gatavān; tadā kandākīnāmnaḥ kūślōkānāṁ rājñyāḥ sarvvasampattēradhīśaḥ kūśadēśīya ēkaḥ ṣaṇḍō bhajanārthaṁ yirūśālamnagaram āgatya
28 ၂၈ ပြန်စဉ်တွင် မိမိရထားပေါ်၌ထိုင်လျက် ပရောဖက်ဟေရှာယ၏ ကျမ်းစာကို ဘတ်လေ၏။
punarapi rathamāruhya yiśayiyanāmnō bhaviṣyadvādinō granthaṁ paṭhan pratyāgacchati|
29 ၂၉ ဝိညာဉ်တော်ကလည်း၊ ထိုရထားသို့ ချဉ်းကပ်၍ မှီဝဲလော့ဟု ဖိလိပ္ပုအား ဗျာဒိတ်ပေးတော်မူသဖြင့်၊
ētasmin samayē ātmā philipam avadat, tvam rathasya samīpaṁ gatvā tēna sārddhaṁ mila|
30 ၃၀ ဖိလိပ္ပုသည် ရထားသို့ပြေး၍ ပရောဖက် ဟေရှာယ၏ ကျမ်းစာ၌ ဘတ်သည်ကိုကြားလျှင်၊ ဘတ်သောအရာကို နားလည်ပါ၏ လောဟု မေးမြန်း၏။
tasmāt sa dhāvan tasya sannidhāvupasthāya tēna paṭhyamānaṁ yiśayiyathaviṣyadvādinō vākyaṁ śrutvā pr̥ṣṭavān yat paṭhasi tat kiṁ budhyasē?
31 ၃၁ ထိုအမတ်ကလည်း၊ သွန်သင်ပဲ့ပြင်သော သူမရှိလျှင် အဘယ်သို့ နားလည်နိုင်မည်နည်းဟု ဆိုပြီးမှ မိမိနှင့်အတူ ဖိလိပ္ပုတက်၍ထိုင်နေ ပါမည်အကြောင်း တောင်းပန်၏။
tataḥ sa kathitavān kēnacinna bōdhitōhaṁ kathaṁ budhyēya? tataḥ sa philipaṁ rathamārōḍhuṁ svēna sārddham upavēṣṭuñca nyavēdayat|
32 ၃၂ ကျမ်းစာ၌ ဘတ်သောအချက်ဟူမူကား၊ အသေ သတ်ခြင်းငှါ ဆောင်သွားသော သိုးကဲ့သို့ သူ့ကို ဆောင်သွား၍၊ သိုးသငယ်သည် အမွေးညှပ်သောသူ ရှေ့မှာ မမြည်ဘဲ နေသကဲ့သို့ သူသည်နှုတ်ကိုမဖွင့် ဘဲနေ၏။
sa śāstrasyētadvākyaṁ paṭhitavān yathā, samānīyata ghātāya sa yathā mēṣaśāvakaḥ| lōmacchēdakasākṣācca mēṣaśca nīravō yathā| ābadhya vadanaṁ svīyaṁ tathā sa samatiṣṭhata|
33 ၃၃ နှိမ့်ချခြင်းကိုခံစဉ်တွင် သူတပါးတို့သည် ထိုသူကို မတရားသ ဖြင့် စီရင်ကြ၏။ ထိုသူ၏အသက်ကို မြေကြီးကသိမ်းရုပ်သည်ဖြစ်၍၊ သူ၏အမျိုးအနွယ်ကို အဘယ်သူပြညွှန်မည်နည်းဟု ကျမ်းစာ လာသ တည်း။
anyāyēna vicārēṇa sa ucchinnō 'bhavat tadā| tatkālīnamanuṣyān kō janō varṇayituṁ kṣamaḥ| yatō jīvannr̥ṇāṁ dēśāt sa ucchinnō 'bhavat dhruvaṁ|
34 ၃၄ ထိုအမတ်ကလည်း၊ ပရောဖက်သည် အဘယ် သူကို ရည်မှတ်၍ ဤသို့ဆိုပါသနည်း။ ကိုယ်ကိုတည်း ဆိုလိုသလော။ သူတပါးကိုတည်း ဆိုလိုသလောဟု တောင်းပန်လျက်၊
anantaraṁ sa philipam avadat nivēdayāmi, bhaviṣyadvādī yāmimāṁ kathāṁ kathayāmāsa sa kiṁ svasmin vā kasmiṁścid anyasmin?
35 ၃၅ ဖိလိပ္ပုအား မေးမြန်းလျှင်၊ ဖိလိပ္ပုသည် မိမိနှုတ်ကိုဖွင့်၍ ထိုကျမ်းစာချက်ကို အစွဲပြုလျက်၊ ယေရှု၏အကြောင်းတည်းဟူသော ဧဝံဂေလိတရားကို ဟောလေ၏။
tataḥ philipastatprakaraṇam ārabhya yīśōrupākhyānaṁ tasyāgrē prāstaut|
36 ၃၆ ထိုသို့လမ်း၌သွားကြစဉ် ရေရှိရာသို့ရောက်၍၊ အမတ်ကလည်း ဤအရပ်တွင်ရေရှိပါ၏။ အကျွန်ုပ်ကို ဗတ္တိဇံမခံစေခြင်းငှါ မည်သည့် အကြောင်းဆီးတား ပါသနည်းဟု ပြောဆိုလျှင်၊
itthaṁ mārgēṇa gacchantau jalāśayasya samīpa upasthitau; tadā klībō'vādīt paśyātra sthānē jalamāstē mama majjanē kā bādhā?
37 ၃၇ ဖိလိပ္ပုက၊ သင်သည် စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်လျှင် ခံရသည် ဟုဆိုလေ၏။ အမတ်ကလည်း၊ ယေရှုခရစ်သည် ဘုရားသခင်၏ သားတော်ဖြစ်တော်မူ ကြောင်းကို အကျွန်ုပ်ယုံကြည်ပါသည်ဟု ဝန်ခံ၍၊
tataḥ philipa uttaraṁ vyāharat svāntaḥkaraṇēna sākaṁ yadi pratyēṣi tarhi bādhā nāsti| tataḥ sa kathitavān yīśukhrīṣṭa īśvarasya putra ityahaṁ pratyēmi|
38 ၃၈ ရထားကိုရပ်စေခြင်းငှါစီရင်ပြီးမှ၊ ဖိလိပ္ပုသည် ထိုအမတ်နှင့် တကွရေထဲသို့ဆင်း၍ ဗတ္တိဇံကိုပေး၏။
tadā rathaṁ sthagitaṁ karttum ādiṣṭē philipaklībau dvau jalam avāruhatāṁ; tadā philipastam majjayāmāsa|
39 ၃၉ ရေထဲကတက်ကြလျှင်၊ထာဝရဘုရား၏ ဝိညာဉ်တော်သည် ဖိလိပ္ပုကိုဆောင်ယူတော်မူ၍၊ အမတ်သည် ဖိလိပ္ပုကို နောက်တဖန်မတွေ့မမြင်ရ။ ဝမ်းမြောက်ဝမ်းသာခြင်းနှင့် မိမိ သွားရသောလမ်းကို သွားလေ၏။
tatpaścāt jalamadhyād utthitayōḥ satōḥ paramēśvarasyātmā philipaṁ hr̥tvā nītavān, tasmāt klībaḥ punastaṁ na dr̥ṣṭavān tathāpi hr̥ṣṭacittaḥ san svamārgēṇa gatavān|
40 ၄၀ ဖိလိပ္ပုသည်လည်း အာဇုတ်မြို့၌ ပေါ်လာ၍၊ ထိုမြို့မှကဲသရိ မြို့တိုင်အောင် မြို့ရွာအစဉ်အတိုင်း ရှောက်သွား၍ ဧဝံဂေလိတရားကို ဟောလေ၏။
philipaścāsdōdnagaram upasthāya tasmāt kaisariyānagara upasthitikālaparyyanataṁ sarvvasminnagarē susaṁvādaṁ pracārayan gatavān|

< တမန်တော်ဝတ္ထု 8 >