< ၂ တိမောသေ 4 >

1 ကိုယ်တော်တိုင်ပေါ်ထွန်း၍ နိုင်ငံတော်ထင်ရှားသောကာလ၊ အသက်ရှင်သောသူ၊ သေသော သူတို့ကိုစစ်ကြော စီရင်တော်မူသော သခင်ယေရှုခရစ် ရှေ့မှာ၎င်း၊ ဘုရားသခင်ရှေ့မှာ၎င်း၊ ငါသည် သင့်ကို သစ္စာပေးသည်ကား၊
I witnesse bifore God and Crist Jhesu, that schal deme the quike and the deed, and bi the comyng of hym, and the kyngdom of hym,
2 နှုတ်ကပတ်တရားတော်ကို ပြောလော့။ အချိန်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ကြိုးစားအားထုတ်လော့။ အပြစ်ကိုဘော်ပြလော့။ ဆုံးမခြင်းကိုပြုလော့။ အလွန်ရှည်သောစိတ်နှင့် ဩဝါဒမျိုးကိုပေး၍ တိုက်တွန်းသွေးဆောင်လော့။
preche the word, be thou bisi couenabli with outen rest, repreue thou, biseche thou, blame thou in al pacience and doctryn.
3 အကြောင်းမူကား၊ နောင်ကာလ၌လူတို့သည် စင်ကြယ်သော ဩဝါဒကိုနားမခံနိုင်ဘဲ၊ ယားတတ်သော နားရှိလျှင်၊ မိမိတပ်မက်ခြင်းအတိုင်း များပြားသော ဆရာတို့နောက်သို့ လိုက်ကြလိမ့်မည်။
For tyme schal be, whanne men schulen not suffre hoolsum teching, but at her desiris thei schulen gadere `togidere to hem silf maistris yitchinge to the eeris.
4 သမ္မာတရားကို နားမထောင်ဘဲ၊ ဒဏ္ဏာရီစကားကို နားထောင်၍ လွဲသွားကြလိမ့်မည်။
And treuli thei schulen turne awei the heryng fro treuthe, but to fablis thei schulen turne.
5 သင်မူကား၊ အရာရာ၌ သမ္မာသတိရှိစေလော့။ ဆင်းရဲဒုက္ခကို သည်းခံလော့။ သာသနာပြုဆရာ ဆောင်ရွက်ရသောအမှုကို ဆောင်ရွက်လော့။ ဓမ္မဆရာအရာ၌ ခန့်ထား၍ ပြုရသောဝတ်များကို အကုန်အစင်ပြုလော့။
But wake thou, in alle thingis traueile thou, do the werk of an euangelist, fulfille thi seruyce, be thou sobre.
6 အကြောင်းမူကား၊ ငါ့ကိုယဇ်ပေါ်မှာ လောင်းရသော အချိန်ရှိပြီ။ စုတေ့ရသောအချိန် ရောက်လေပြီ။
For Y am sacrifisid now, and the tyme of my departyng is nyy.
7 ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင်ပြေးပြီ။ ယုံကြည် ခြင်းတရားကို စောင့်ရှောက်ပြီ။
Y haue stryuun a good strijf, Y haue endid the cours, Y haue kept the feith.
8 ယခုမှစ၍ ဓမ္မသရဖူသည် ငါ့အဘို့သိုထားလျက်ရှိ၏။ ထိုနေ့ရက်၌ တရားသဖြင့် စီရင်သောသူတည်း ဟူသော သခင်ဘုရားသည် ထိုသရဖူကို ငါ၌အပ်ပေးတော်မူမည်။ ထိုမျှမက၊ ပေါ်ထွန်းတော်မူခြင်းကို တောင့် တသောသူအပေါင်းတို့၌လည်း အပ်ပေးတော်မူမည်။
In `the tothir tyme a coroun of riytwisnesse is kept to me, which the Lord, a iust domesman, schal yelde to me in that dai; and not oneli to me, but also to these that louen his comyng.
9 ငါ့ထံသို့ မြန်မြန်လာခြင်းငှါ ကြိုးစားလော့။ အကြောင်းမူကား။
Hyye thou to come to me soone.
10 ၁၀ ဒေမသည် ယခုဘဝကို နှစ်သက်သော စိတ်ရှိသည်နှင့် ငါ့ကိုစွန့်ပစ်၍၊ သက်သာလောနိတ်မြို့သို့သွားပြီ၊ ကရက္ကေသည် ဂလာတိပြည်သို့၎င်း၊ တိတုသည် ဒါလမာတိပြည်သို့၎င်း သွားပြီ။ (aiōn g165)
For Demas, louynge this world, hath forsakun me, and wente to Tessalonyk, Crescens in to Galathi, Tite in to Dalmacie; (aiōn g165)
11 ၁၁ လုကာတယောက်တည်းသာ ငါ့ထံမှာရှိ၏။ မာကုကိုသင်နှင့် အတူခေါ်ခဲ့လော့။ သူသည်ဆရာအမှုကို ပြုရာမှာ ငါအကျိုးရှိ၏။
Luk aloone is with me. Take thou Mark, and brynge with thee; for he is profitable to me in to seruyce.
12 ၁၂ တုခိတ်ကိုလည်း ဧဖက်မြို့သို့ ငါစေလွှတ်ပြီ။
Forsothe Y sente Titicus to Effesi.
13 ၁၃ တရောမြို့တွင်ကာပုလက်၌ ငါထားခဲ့သော ဝတ်လုံကို၎င်း၊ စာစောင်ကို၎င်း၊ အထူးသဖြင့်သားရေစာ ကို၎င်း၊ သင်သည်လာသောအခါ ယူခဲ့လော့။
The cloth which Y lefte at Troade at Carpe, whanne thou comest, bringe with thee, and the bookis, but moost parchemyne.
14 ၁၄ ပန်းတိမ်သမားအာလေဇန္ဒြုသည် ငါ၌မကောင်း သောအမှုအများကို ပြုလေပြီ။ ထိုသူကျင့်သော အကျင့် တို့၏ အကျိုးအပြစ်ကို သခင်ဘုရား ဆပ်ပေးတော်မူပါစေသော။
Alisaundre, the tresorer, schewide to me myche yuele; `the Lord schal yelde to hym aftir his werkis.
15 ၁၅ သူတို့သတိပြုလော့။ ငါတို့စကားကို အလွန်ငြင်းပယ်လေပြီ။
Whom also thou eschewe; for he ayenstood ful greetli oure wordis.
16 ၁၆ ပဌမအချိန်၌ အပြစ်တင်ခွင့်ကိုဖြေ၍ ငါသည် အစီရင်ခံရသောအခါ၊ ငါ့ဘက်၌ အဘယ်သူမျှမနေ။ လူအပေါင်းတို့သည် ငါ့ကို စွန့်ပစ်ကြ၏။
In my firste defence no man helpide me, but alle forsoken me; be it not arettid to hem.
17 ၁၇ သူတို့၌ အပြစ်တင်တော်မမူပါစေနှင့်။ လူအပေါင်းတို့သည် စွန့်ပစ်ကြသော်လည်း၊ ဒေသနာတော် ကို အကုန်အစင်ဟောပြော၍၊ ခပ်သိမ်းသောလူမျိုးတို့သည် ကြားသိစေခြင်းငှါ၊ သခင်ဘုရားသည် ငါ့ဘက်၌ နေ၍ ငါ့ကို ခွန်အားနှင့် ပြည့်စုံစေတော်မူသောကြောင့်၊ ခြင်္သေ့ခံတွင်းမှ ကယ်နှုတ်ခြင်းချမ်းသာကို ငါရ၏။
But the Lord helpide me, and coumfortide me, that the preching be fillid bi me, and that alle folkis here, that Y am delyueride fro the mouth of the lioun.
18 ၁၈ ထိုမျှမက၊ သခင်ဘုရားသည် မကောင်းသော အမှုရှိသမျှကို ငါ့ကိုကယ်နှုတ်၍၊ မိမိကောင်းကင်နိုင်ငံ တော်သို့တိုင်အောင် မစပို့ဆောင်တော်မူလိမ့်မည်။ ထိုသခင်သည် ကမ္ဘာအဆက်ဆက်ဘုန်းကြီးတော် မူစေ သတည်း။ အာမင်။ (aiōn g165)
And the Lord delyueride me fro al yuel werk, and schal make me saaf in to his heuenly kingdom, to whom be glorie in to worldis of worldis. (aiōn g165)
19 ၁၉ ပြစ်ကိလနှင့်အာကုလမှစ၍ ဩနေသိဇော်၏ အိမ်သူအိမ်သားများကို နှုတ်ဆက်လော့။
Amen. Grete wel Prisca, and Aquila, and the hous of Oneseforus.
20 ၂၀ ဧရက္ကုသည် ကောရိနသုမြို့၌နေ၏။ တရောဇိမ် သည် နာ၍ မိလက်မြို့၌ငါထားခဲ့၏။
Erastus lefte at Corynthi, and Y lefte Trofymus sijk at Mylete.
21 ၂၁ ဆောင်းကာလမရောက်မှကြိုးစား၍ လာခဲ့ လော့။ ဥဗုလု၊ ပုဒေ၊ လိနု၊ ကလောဒိမှစ၍ ညီအစ်ကို အပေါင်းတို့သည် သင့်ကို နှုတ်ဆက်ကြ၏။
Hiye thou to come bifore wyntir. Eubolus, and Prudent, and Lynus, and Claudia, and alle britheren, greten thee wel.
22 ၂၂ သခင်ယေရှုခရစ်သည် သင်၏စိတ်ဝိညာဉ်နှင့် အတူရှိတော်မူပါစေသော။ သင်၌ကျေးဇူးတော် ရှိစေ သတည်း။ အာမင်။
Oure Lord Jhesu Crist be with thi spirit. The grace of God be with you. Amen.

< ၂ တိမောသေ 4 >