< ၂ တိမောသေ 3 >

1 နောင်ကာလသည် ခဲယဉ်းသော ကာလဖြစ်မည်ဟု သိမှတ်လော့။ အဘယ်သို့နည်းဟူမူကား၊
caramadinēṣu klēśajanakāḥ samayā upasthāsyantīti jānīhi|
2 လူတို့သည် ကိုယ်ကိုကိုယ်ချစ်သောသူ၊ ငွေကိုတပ်မက်သောသူ၊ ဝါကြွားသောသူ၊ ထောင်လွှားစော်ကားသောသူ၊ သူ့အသရေကိုရှုတ်ချသောသူ၊ မိဘစကားကို နားမထောင်သောသူ၊ ကျေးဇူးမရှိသောသူ၊ သန့်ရှင်းခြင်း မရှိသောသူ၊
yatastātkālikā lōkā ātmaprēmiṇō 'rthaprēmiṇa ātmaślāghinō 'bhimāninō nindakāḥ pitrōranājñāgrāhiṇaḥ kr̥taghnā apavitrāḥ
3 ပကတိကြင်နာ စုံမက်ခြင်းနှင့်ကင်းသောသူ၊ ရန်ငြိုးဖွဲ့သောသူ၊ ချောစားတတ်သောသူ၊ ကိုယ်ဣန္ဒြေကို မချုပ်တည်းနိုင်သောသူ၊ ပြင်းထန်သူ၊ သူတော်ကောင်းကို မုန်းသောသူ၊
prītivarjitā asandhēyā mr̥ṣāpavādinō 'jitēndriyāḥ pracaṇḍā bhadradvēṣiṇō
4 သစ္စာကိုဖျက်တတ်သောသူ၊ သတိပေးခြင်းကို မခံသောသူ၊ မာန်မနနှင့်ယစ်မူးသောသူ၊ ဘုရားသခင်ကို နှစ်သက်သည်ထက် ကာမဂုဏ်ခံစားခြင်းကိုသာ၍ နှစ်သက်သောသူ၊ ဘုရားဝတ်၌မွေ့လျော်ယောင်ဆောင်၍၊
viśvāsaghātakā duḥsāhasinō darpadhmātā īśvarāprēmiṇaḥ kintu sukhaprēmiṇō
5 မွေ့လျော်ခြင်းတန်ခိုးကို ငြင်းပယ်သောသူ ဖြစ်ကြလိမ့်မည်။ ထိုသူတို့ကို ရှောင်လော့။
bhaktavēśāḥ kintvasvīkr̥tabhaktiguṇā bhaviṣyanti; ētādr̥śānāṁ lōkānāṁ saṁmargaṁ parityaja|
6 ဒုစရိုက်အပြစ်ဝန်ကို ထမ်းရွက်၍၊ အထူးထူးအပြားပြားသော လောဘကိလေသာ သွေးဆောင်ရာ သို့လိုက်၍၊ အစဉ်သင်သော်လည်း၊
yatō yē janāḥ pracchannaṁ gēhān praviśanti pāpai rbhāragrastā nānāvidhābhilāṣaiścālitā yāḥ kāminyō
7 သမ္မာတရားကို လေ့ကျက်ခြင်းသို့ အလျှင်းမရောက်နိုင်သော မိန်းမမိုက်တို့ကို၊ အိမ်ထဲသို့ဝင်၍ ဘမ်းသွားသောသူတို့သည် ထိုသူတို့အဝင် ဖြစ်ကြ၏။
nityaṁ śikṣantē kintu satyamatasya tattvajñānaṁ prāptuṁ kadācit na śaknuvanti tā dāsīvad vaśīkurvvatē ca tē tādr̥śā lōkāḥ|
8 ယန္နေနှင့်ယံဗြေသည် မောရှေကိုဆီးတားသကဲ့သို့၊ ထိုသူတို့သည် သမ္မာတရားကိုဆီးတားကြ၏။ စိတ်နှလုံးယိုယွင်း၍ ယုံကြည်ယောင်ဆောင်သောသူဖြစ်ကြ၏။
yānni ryāmbriśca yathā mūsamaṁ prati vipakṣatvam akurutāṁ tathaiva bhraṣṭamanasō viśvāsaviṣayē 'grāhyāścaitē lōkā api satyamataṁ prati vipakṣatāṁ kurvvanti|
9 ထိုသူနှစ်ယောက်တို့၏ မိုက်မဲခြင်းသည် လူအပေါင်းတို့ရှေ့မှာ ထင်ရှားသကဲ့သို့၊ ဤသူတို့၏ မိုက်မဲ ခြင်းသည်လည်း ထင်ရှားလိမ့်မည်။ သို့ဖြစ်၍ သူတို့သည် တိုး၍မလွန်မသွားရကြ။
kintu tē bahudūram agrasarā na bhaviṣyanti yatastayō rmūḍhatā yadvat tadvad ētēṣāmapi mūḍhatā sarvvadr̥śyā bhaviṣyati|
10 ၁၀ ငါဆုံးမဩဝါဒပေးခြင်း၊ အကျင့်ကျင့်ခြင်း၊ ကြံစည်ခြင်း၊ သစ္စာစောင့်ခြင်း၊ စိတ်ရှည်ခြင်း၊ ချစ်ခြင်း၊ သည်းခံခြင်းတို့ကို၎င်း၊ အန္တိအုတ်မြို့၊ ဣကောနိမြို့၊ လုတ္တရမြို့တို့၌ ငါခံရသကဲ့သို့၊ အရပ်ရပ်တို့၌ ခံရသော ညှဉ်းဆဲခြင်း၊ ဆင်းရဲခြင်းတို့ကို၎င်း၊ သင်သည် ရှာဖွေနားလည်ရပြီ။
mamōpadēśaḥ śiṣṭatābhiprāyō viśvāsō rdharyyaṁ prēma sahiṣṇutōpadravaḥ klēśā
11 ၁၁ ထိုသို့သော အမှုတို့ကို ငါတွေ့ရသော် လည်း၊ တွေ့သမျှဘို့မှ သခင်ဘုရားသည် ငါ့ကိုကယ်နှုတ်တော်မူပြီ။
āntiyakhiyāyām ikaniyē lūstrāyāñca māṁ prati yadyad aghaṭata yāṁścōpadravān aham asahē sarvvamētat tvam avagatō'si kintu tatsarvvataḥ prabhu rmām uddhr̥tavān|
12 ၁၂ ယေရှုခရစ်၏ တရားတော်နှင့်အညီ၊ ဘုရားဝတ်၌ မွေ့လျော်၍ နေခြင်းငှါအလိုရှိသောသူ အပေါင်း တို့သည် ညှဉ်းဆဲခြင်းကို ခံရကြလိမ့်မည်။
parantu yāvantō lōkāḥ khrīṣṭēna yīśunēśvarabhaktim ācaritum icchanti tēṣāṁ sarvvēṣām upadravō bhaviṣyati|
13 ၁၃ ဆိုးညစ်သောသူ၊ လှည့်ဖြားသောသူတို့မူကား၊ သူတပါးကို၎င်း၊ ကိုယ်ကို၎င်းလှည့်ဖြား၍ဆိုးညစ်ခြင်း၌ တရွေ့ရွေ့ တိုးပွါးကြလိမ့်မည်။
aparaṁ pāpiṣṭhāḥ khalāśca lōkā bhrāmyantō bhramayantaścōttarōttaraṁ duṣṭatvēna varddhiṣyantē|
14 ၁၄ သင်သည်အဘယ်သူထံ၌ နည်းခံခဲ့ပြီးသည်ကို၎င်း၊
kintu tvaṁ yad yad aśikṣathāḥ, yacca tvayi samarpitam abhūt tasmin avatiṣṭha, yataḥ kasmāt śikṣāṁ prāptō'si tad vētsi;
15 ၁၅ ယေရှုခရစ်ကို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းအလိုငှါ ပညာကိုပေးနိုင်သော ဓမ္မကျမ်းစာကို ငယ် သောအရွယ်မှစ၍ လေ့ကျက် သည်ကို၎င်း သိမှတ်သည်နှင့်၊ အထက်ကသင်၍ နှလုံးသွင်းမိသော အယူဝါဒ၌ တည်နေလော့။
yāni ca dharmmaśāstrāṇi khrīṣṭē yīśau viśvāsēna paritrāṇaprāptayē tvāṁ jñāninaṁ karttuṁ śaknuvanti tāni tvaṁ śaiśavakālād avagatō'si|
16 ၁၆ ထိုကျမ်းစာရှိသမျှသည် ဘုရားသခင် မှုတ်သွင်းတော်မူသော အားဖြင့်ဖြစ်၍၊
tat sarvvaṁ śāstram īśvarasyātmanā dattaṁ śikṣāyai dōṣabōdhāya śōdhanāya dharmmavinayāya ca phalayūktaṁ bhavati
17 ၁၇ ဘုရားသခင်၏ လူသည်စုံလင်သောသူ၊ ကောင်းသော အမှုအမျိုးမျိုးတို့ကို ပြုစုခြင်းအလိုငှါ ပြင်ဆင်သောသူ ဖြစ်မည်အကြောင်း၊ ဩဝါဒပေးခြင်း၊ အပြစ်ကိုဘော်ပြခြင်း၊ ဖြောင့်မတ်စွာ ပြုပြင်ခြင်း၊ တရားကို သွန်သင်ခြင်း၊ ဖြောင့်မတ်စွာ ပြုပြင်ခြင်း၊ တရားကိုသွန်သင်ခြင်း ကျေးဇူးများကို ပြုတတ်၏။
tēna cēśvarasya lōkō nipuṇaḥ sarvvasmai satkarmmaṇē susajjaśca bhavati|

< ၂ တိမောသေ 3 >