< ၂ ဓမ္မရာဇဝင် 2 >

1 ထိုနောက် ဒါဝိဒ်က၊ အကျွန်ုပ်သည် ယုဒမြို့ တစုံတမြို့သို့ သွားရပါမည်လောဟု ထာဝရဘုရား ထံတော်၌ မေးလျှောက်လျှင်၊ ထာဝရဘုရားက သွားလော့ဟုမိန့်တော်မူ၏။ ဒါဝိဒ်ကလည်း အဘယ်မြို့သို့ သွားရပါမည်နည်းဟုမေးလျှောက်သော်၊ ဟေဗြုန်မြို့သို့ သွားလော့ဟု မိန့်တော်မူသည်အတိုင်း၊
Ikawa baada ya haya Daudi akamuuliza Yahwe, “Je naweza kuupandia mmojawapo wa miji ya Yuda?” Yahweh akamjibu, “Panda.” Daudi akauliza, “Niuendee mji upi? Yahwe akajibu, “Hebroni”
2 ဒါဝိဒ်သည် မယားနှစ်ယောက်၊ ယေဇရေလမြို့သူအဟိနောင်၊ နာဗလမယား ကရမေလမြို့သူ အဘိဂဲလတို့နှင့်တကွ သွားလေ၏။
Hivyo Daudi akakwea pamoja na wake zake wawili, Ahinoamu wa Yezreeli, na Abigaili wa Karmeli, mjane wa Nabali.
3 မိမိ၌ပါသောလူများ၊ အိမ်ထောင်များတို့ကိုလည်း ဒါဝိဒ်သည် ခေါ်ခဲ့၍သူတို့သည် ဟေဗြုန်မြို့ရွာတို့၌ နေကြ၏။
Daudi akawaleta watu waliokuwa pamoja naye, na kila mmoja akaleta familia yake katika mji wa Hebroni walipoanza kuishi.
4 တဖန်ယုဒလူတို့သည် လာ၍ဘိသိက်ပေးသဖြင့် ဒါဝိဒ်ကို ယုဒရှင်ဘုရင်အရာ၌ ချီးမြှောက်ကြ၏။
Kisha watu wa Yuda wakaja na kumtia Daudi mafuta kuwa mfalme juu ya nyumba ya Yuda. Wakamwambia Daudi, “Watu wa Yabeshi Gileadi wamemzika Sauli.”
5 ဂိလဒ်ပြည် ယာဗက်မြို့သားတို့သည် ရှောလုကို သင်္ဂြိုဟ်ပါပြီဟု ဒါဝိဒ်အားကြားလျှောက်သော်၊ ဂိလဒ်ပြည် ယာဗက်မြို့သားတို့ရှိရာသို့ တမန်တို့ကိုစေလွှတ်၍၊ သင်တို့သည် သင်တို့အရှင်ရှောလု၌ ကရုဏာ ကျေးဇူးပြု၍ အလောင်းတော်ကိုသင်္ဂြိုဟ်သောကြောင့်၊ ထာဝရဘုရားပေးတော်မူသော ကောင်းကြီးမင်္ဂလာကို ခံရကြပါစေ သော။
Hivyo Daudi akatuma wajumbe kwa watu wa Yabeshi Gileadi akawambia, “Mbarikiwe na Yahwe, kwa kuwa mmeonesha utiifu huu kwa bwana wenu Sauli mliyemzika.
6 ထာဝရဘုရားသည် သင်တို့၌ ကရုဏာကျေးဇူး၊ သစ္စာကျေးဇူးပြုတော်မူပါစေသော။ သင်တို့သည် ဤအမှုကို ပြုသောကြောင့် သင်တို့ကျေးဇူးကို ငါလည်းဆပ်မည်။
Sasa Yahwe awadhihirishie utiifu na uaminifu wa kiagano. Nami pia nitawaonesha wema kwa sababu ya yale mliyoyafanya.
7 ယခုမှာ အားယူ၍ ရဲရင့်ခြင်းသတ္တိရှိကြလော့။ သင်တို့အရှင်ရှောလုသေပြီ။ ယုဒအမျိုးသားတို့သည် ဘိသိတ်ပေးသဖြင့် ငါ့ကိုရှင်ဘုရင်အရာ၌ ချီးမြောက်ကြပြီဟု မှာလိုက်လေ၏။
Sasa basi, mikono yenu itiwe nguvu; mwe jasiri kwa maana Sauli bwana wenu amekufa, na nyumba yote ya Yuda imenitia mafuta niwe mfalime wao.
8 သို့ရာတွင် ရှောလု၏ဗိုလ်ချုပ်မင်းနေရသား အာဗနာသည်၊ ရှောလုသားဣရှဗောရှက်ကိုယူ၍ မဟာနိမ် မြို့သို့ ဆောင်သွားပြီးလျှင်၊
Lakini Abneri mwana wa Neri, mkuu wa jeshi la Sauli, akamchukuwa Ishboshethi mwana wa Sauli akamleta Mahanaimu.
9 ဂိလဒ်ပြည်၊ အာရှာအမျိုးသားများ၊ ယေဇရေလမြို့သားများ၊ ဧဖရိမ်ခရိုင်၊ ဗင်္ယာမိန်ခရိုင်အစရှိသော ဣသရေလနိုင်ငံလုံးကို အစိုးရသော ရှင်ဘုရင်အရာ၌ ချီးမြှောက်လေ၏။
Akamfanya Ishboshethi mfalme juu ya Gileadi, Asheri, Yezreeli, Efraimu, Benjamini na juu ya Israeli yote.
10 ၁၀ ရှောလု၏သား ဣရှဗောရှက်သည် အသက်လေးဆယ်ရှိသော်၊ ဣသရေလနိုင်ငံကို အစိုးရ၍ နှစ်နှစ် စိုးစံလေ၏။ ယုဒအမျိုးမူကား ဒါဝိဒ်နောက်သို့ လိုက်ကြ၏။
Ishiboshethi mwana wa Sauli alikuwa na umri wa miaka arobaini alipoanza kutawala juu ya Israeli, akatawala miaka miwili. Lakini nyumba ya Yuda ikaambatana na Daudi.
11 ၁၁ ဒါဝိဒ်သည် ဟေဗြုန်မြို့၌နေ၍ ယုဒအမျိုးကို အစိုးရသောနှစ်ပေါင်းကား ခုနစ်နှစ်နှင့်ခြောက်လဖြစ် သတည်း။
Muda ambao Daudi alikuwa mfalme juu ya nyumba ya Yuda huko Hebroni ni miaka saba na miezi sita.
12 ၁၂ တဖန်နေရသား အာဗနာသည် ရှောလုသား ဣရှဗောရှက်၏ကျွန်များနှင့်တကွ၊ မဟာနိမ်မြို့မှ ဂိဗောင်မြို့သို့သွား၍၊
Abneri mwana wa Neri na watumishi wa Ishboshethi mwana wa Sauli walitoka Mahanaimu kwenda Gibeoni.
13 ၁၃ ဇေရုယာသားယွာဘနှင့် ဒါဝိဒ်၏ကျွန်တို့သည် ဆီးကြိုသဖြင့်၊ ဂိဗောင်ရေကန်အနားမှာဆုံမိလျက် ရေကန် တဘက်တချက်၌ ထိုင်ကြ၏။
Yoabu mwana wa Seruya na watumishi wa Daudi wakatoka na kukutana nao katika bwawa la Gibeoni. Wakakaa pale, kundi moja upande huu wa bwawa na kundi lingine upande wa pili.
14 ၁၄ အာဗနာကလည်း၊ လုလင်တို့သည်ထ၍ ငါတို့ရှေ့မှာကစားကြပါလေစေဟုဆိုသော်၊ ယွာဘက ထကြပါ လေစေဟုဆိုသည်အတိုင်း၊
Abneri akamwambia Yoabu, “haya, vijana na wainuke na kushindana mbele yetu.” Yoabu akajibu, “haya na wainuke.”
15 ၁၅ ရှောလုသားဣရှဗောရှက်၏ လူဗင်္ယာမိန်အမျိုးသားတကျိပ်နှစ်ယောက်နှင့် ဒါဝိဒ်၏ကျွန်တကျိပ် နှစ်ယောက်တို့သည် ထ၍ကူးလာကြ၏။
Ndipo vijana walipoinuka na kukutana, kumi na wawili kwa ajili ya Banjamini na Ishboshethi mwana wa Sauli, na kumi na wawili kutoka kwa watumishi wa Daudi.
16 ၁၆ သူတို့သည်လူချင်းတိုက်၍ လူတိုင်း မိမိတိုက်ဘက်၏ ခေါင်းကိုကိုင်လျက်၊ နံဖေးကိုထားနှင့်ထိုးလျက် တစုတည်းလဲသေကြ၏။ သို့ဖြစ်၍ ဂိဗောင်မြို့နယ်၌ ရှိသော ထိုအရပ်ကို ဟေလကသဇ္ဇုရိမ်ဟူသော အမည်ဖြင့် သမုတ်ကြ၏။
Kila mtu akakamata kichwa cha adui yake na kupiga upanga wake katika ubavu wa adui yake, wakaanguka chini pamoja. Kwa hiyo mahali pale pakaitwa kwa Kiebrania, “Helkath Hazzurim,” yaani “konde la upanga,” lililopo Gibeoni.
17 ၁၇ ထိုနေ့၌ ပြင်းစွာစစ်တိုက်၍ အာဗနာနှင့် ဣသ ရေလလူတို့သည် ဒါဝိဒ်၏ကျွန်တို့ရှေ့မှာ ရှုံးကြလေ၏။
Vita ikawa kali sana siku ile na Abneri na watu wa Israeli wakashindwa na watumishi wa Daudi.
18 ၁၈ ဇေရုယာသားသုံးယောက်၊ ယွာဘ၊ အဘိရှဲ၊ အာသဟေလပါကြ၏။ အာသဟေလသည်တော၌ ကျင်လည်သောဒရယ်ကဲ့သို့ လျင်မြန်၏။
Wana watatu wa Seruya walikuwepo pale: Yoabu, Abishai na Asaheli.
19 ၁၉ အာသဟေလသည် လက်ျားလက် လက်ဝဲဘက် သို့မလွှဲ အာဗနာကို လိုက်၏။
Asaheli alikuwa mwepesi miguuni kama paa. Akamfuatilia Abneri kwa karibu bila kugeuka upande wowote.
20 ၂၀ အာဗနာသည်နောက်သို့ကြည့်၍၊ သင်သည် အာသဟေလမှန်သလောဟုမေးသော်၊ မှန်သည်ဟု ပြန်ပြော၏။
Abneri akaangalia nyuma yake na kusema, “Ni wewe Asaheli?” Akajibu, “ni mimi.”
21 ၂၁ အာဗနာကလည်း၊ လက်ျာဘက်သော်၎င်း၊ လက်ဝဲဘက်သော်၎င်း လှည့်သွားလျက်၊ လုလင် တယောက်ကို ဘမ်းဆီး၍ သူ၏လက်နက်စုံကို လုယူတော့ဟုဆိုသော်လည်း၊ အာသဟေလသည် မလှည့်ဘဲ လိုက်သေး၏။
Abneri akamwambia, “Geuka upande wako wa kuria au kushoto umshike mmojawapo wa vijana na kuchukua silaha yake.” Lakini Asaheli hakugeuka.
22 ၂၂ တဖန်အာဗနာက ငါ့ကိုမလိုက်နှင့်။ လှည့်သွားတော့။ သင့်ကို မြေပေါ်သို့အဘယ်ကြောင့် ငါလှဲရမည် နည်း။ သို့ပြုလျှင် သင့်အစ်ကိုယွာဘရှေ့မှာ ငါ့မျက်နှာကို အဘယ်သို့ ငါပြနိုင်မည်နည်းဟု ဆိုသော်လည်း၊
Ndipo Abneri alipomwambia tena Asaheli, “Simama usinifuate. Kwa nini nikupige hata chini? Nitautazamaje uso wa Yoabu ndugu yako?”
23 ၂၃ အာသဟေလသည် နားမထောင်သောကြောင့်၊ အာဗနာသည် နောက်သို့လှံနှင့်ထိုးလျှင်၊ ဝမ်း၌လှံဖျား ဝင်၍ ကျောကိုထုတ်ချင်းဖောက်သဖြင့်၊ အာသဟေလသည် လဲ၍ ထိုအရပ်၌သေ၏။ အာသဟေလလဲ၍ သေသော ထိုအရပ်သို့ရောက်သော သူအပေါင်းတို့သည် ရပ်နေကြ၏။
Lakini Asaheli hakukubari kugeuka. na hivyo Abneri akamchoma kwa nchi ya mkuki wake, hata ukatokea upande wa pili. Asaheli akaanguka chini akafa. Hata ikawa kila mmoja aliyefika mahali pale Asaheli alipoanguka na kufa, alisimama hapo hapo.
24 ၂၄ ယွာဘနှင့် အဘိရှဲသည် အာဗနာကိုလိုက်၍ ဂိဗောင်တောသို့ သွာသောလမ်းနား၊ ဂိအာမြို့ရှေ့မှာ ရှိသော အမ္မတောင်သို့ရောက်သောအခါ နေဝင်၏။
Lakini Yoabu na Abishai wakamfuatilia Abneri. Wakati jua linazama walikuwa wamefika mlima wa Amma, uliopo karibu na Gia katika njia ielekeayo nyika ya Gibeoni.
25 ၂၅ ဗင်္ယာမိန်အမျိုးသားတို့သည် အာဗနာနောက်၌ စုဝေး၍ တတပ်တည်းဖွဲ့လျက် တောင်ပေါ်မှာ ရပ်နေ ကြ၏။
Wabenjamini wakajikusanya nyuma ya Abneri na kusimama juu ya kilima.
26 ၂၆ ထိုအခါအာဗနာက၊ ယွာဘကိုဟစ်၍၊ ထားသွားသည် အစဉ်မပြတ် ကိုက်စားရမည်လော။ နောက်ဆုံး၌ ခါးသောအရသာကို တွေ့လိမ့်မည်ဟုမသိသော။ လူများတို့သည် ညီအစ်ကိုတို့ကိုမလိုက်၊ ပြန်စေမည်အကြောင်း သင်သည်အဘယ်မျှ ကာလပတ်လုံးမစီရင်ဘဲ နေမည် နည်းဟုဆိုလျှင်၊
Kisha Abneri akamwita Yoabu na kusema, “Je ni lazima upanga uendelee kurarua daima? Je haujui kwamba mwisho wake utakuwa mchungu? Hata line ndipo uwaambie watu wako waache kuwafuatia ndugu zao?”
27 ၂၇ ယွာဘက၊ ဘုရားသခင်အသက်ရှင်တော်မူသည်အတိုင်း သင်မပြောလျှင်၊ မိုဃ်းလင်းမှသာ လူများတို့သည် ညီအစ်ကိုတို့ကိုမလိုက်ဘဲနေကြလိမ့်မည်ဟု ဆိုလျက်၊
Yoabu akajibu, “Kama Mungu aishivyo, usingesema hivyo, askari wangu wangewafuatia ndugu zao hata asubuhi!”
28 ၂၈ တံပိုးမှုတ်၍ လူများတို့သည် ဣသရေလ အမျိုးသားတို့ကို မလိုက်၊ စစ်မတိုက်ဘဲရပ်နေကြ၏။
Ndipo Yoabu akapiga tarumbeta, na watu wake wote wakasimama na hawakuendelea kuwafuata Israeli tena wala hawakupigana tena.
29 ၂၉ အာဗနာနှင့်သူ၏လူတို့သည် တညဉ့်လုံးလွင်ပြင် သို့ရှောက်သွား၍ ယော်ဒန်မြစ်ကိုကူးပြီးလျှင်၊ ဗိသရုန် ပြည်ကိုလွန်၍ မဟာနိမ်မြို့သို့ ရောက်ကြ၏။
Abneri na watu wake wakasafiri usiku wote kupitia Araba. Wakavuka Yordani, wakatembea asubuhi yote iliyofuata, na hata wakafika Mahanaimu.
30 ၃၀ ယွာဘသည်လည်း အာဗနာကိုလိုက်ရာမှ ပြန်၍ လူအပေါင်းတို့ကို စုဝေးစေသောအခါ၊ အာသဟေလနှင့် ဒါဝိဒ်၏ကျွန်တကျိပ်ကိုးယောက်တို့သည် မရှိဆုံးကြပြီ။
Yoabu akarudi kutoka katika kumfuatia Abneri. Akawakusanya watu wake wote, ambopo Asahali na askari wengine kumi na tisa wa Daudi walipungua.
31 ၃၁ ဒါဝိဒ်၏ကျွန်တို့သည် ဗင်္ယာမန်အမျိုးသား၊ အာဗနာ၏လူသုံးရာခြောက်ဆယ်တို့ကို သေအောင် လုပ်ကြံကြပြီ။
Lakini watu wa Daudi walikuwa wameua watu 360 wa Benjamini na Abneri.
32 ၃၂ အာသဟေလ၏ အလောင်းကိုထမ်းသွား၍ ဗက်လင်မြို့၌ရှိသော သူ့အဘ၏သင်္ချိုင်းတွင် သင်္ဂြိုဟ် ကြ၏။ ယွာဘနှင့် သူ၏လူတို့သည် တညဉ့်လုံးသွား၍၊ မိုဃ်းလင်းစတွင်ဟေဗြုန်မြို့သို့ရောက်ကြ၏။
Kisha wakamchukua Asahali na kumzika katika kaburi la baba yake, lililokuwapo Bethlehemu. Yoabu na watu wake wakasafiri usiku wote, kukacha wakati wanafika Hebroni.

< ၂ ဓမ္မရာဇဝင် 2 >