< ၂ ဓမ္မရာဇဝင် 12 >

1 နောက်တဖန် ထာဝရဘုရားသည် ပရောဖက် နာသန်ကို ဒါဝိဒ်ထံသို့ စေလွှတ်တော်မူသဖြင့်၊ နာသန် သည်ဝင်၍၊ အရှင်မင်းကြီး၊ ဤမည်သောမြို့တွင် သူဌေးတဦး၊ ဆင်းရဲသားတဦးရှိပါ၏။
Perwerdigar Natanni Dawutning qéshigha mangdurdi. U Dawutning qéshigha kélip uninggha mundaq dédi: «Bir sheherde ikki adem bar bolup, birsi bay, yene birsi kembeghel idi.
2 သူဌေးသည် အလွန်များစွာသော သိုးနွားမှ စသည်တို့နှင့် ကြွယ်ဝပြည့်စုံပါ၏။
Bayning intayin tola qoy we kala padiliri bar idi.
3 ဆင်းရဲသားမူကား၊ မိမိဝယ်၍ မွေးစားသော သိုးမကလေးတကောင်တည်းမှ တပါးတခြားသော ဥစ္စာ မရှိပါ။ ထိုသိုးမကလေးသည် အရှင်နှင့်၎င်း၊ အရှင်၏ သားသမီးတို့နှင့်၎င်း ပေါင်း၍ ကြီးပွား၏။ အရှင်၏ အစာကို စားတတ်၏။ အရှင်၏ရေခွက်၌သောက်တတ်၏။ အရှင်၏ ရင်ခွင်၌ အိပ်၍ သမီးကဲ့သို့ ဖြစ်၏။
Lékin kembeghelning özi sétiwélip baqqan kichik bir saghliq qozidin bashqa bir nersisi yoq idi. Qoza kembeghelning öyide baliliri bilen teng ösüp chong boldi. Qoza uning yéginidin yep, uning ichkinidin ichip, uning quchiqida uxlidi; uning neziride u öz qizidek idi.
4 သူဌေးအိမ်သို့ ဧည့်သည်တဦးရောက်၍ သူဌေးသည် ဧည့်သည်ကို လုပ်ကျွေးဘို့ မိမိသိုးနွားများကို နှမြော သောကြောင့် မယူ၊ ဆင်းရဲသား၏သိုးမကလေးကိုယူ၍ ဧည့်သည်ကို လုပ်ကျွေးဘို့ ချက်ပါသည်ဟု လျှောက်လေသော်၊
Bir küni bir yoluchi bayningkige keldi. Emma u özige kelgen méhman üchün özining qoy yaki kala padiliridin birini yégüzüshke teyyarlashqa közi qiymay, belki kembeghelning qozisini tartiwélip soyup, kelgen méhman üchün teyyarlidi».
5 ဒါဝိဒ်သည် ထိုသူဌေးကိုပြင်းစွာအမျက်ထွက်၍၊ ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း ထိုသို့ ပြုသောသူသည် အမှန်သေရမည်။
Dawut buni anglap u kishige qattiq ghezeplendi. U Natan’gha: Perwerdigarning hayati bilen [qesem qilimenki], shuni qilghan adem ölümge layiqtur!
6 ကရုဏစိတ်မရှိဘဲထိုအမှုကိုပြုသောကြောင့်၊ ထိုသိုးမကလေးအတွက် လေးဆပြန်ပေးရမည်ဟု မိန့် တော်မူ၏။
U héch rehimdilliq körsetmey bu ishni qilghini üchün qozigha töt hesse tölem tölisun — dédi.
7 နာသန်ကလည်း၊ ထိုသူသည်ကား အခြားသူမဟုတ်။ ကိုယ်တော်ပင် ဖြစ်ပါ၏။ ဣသရေလအမျိုး၏ ဘုရးသခင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည် ဘိသိက်ပေး၍ သင့်ကို ဣသရေလရှင်ဘုရင်အရာ၌ ခန့်ထားပြီ။ ရှောလုလက်မှလည်း ကယ်လွှတ်ပြီ။
Natan Dawutqa: Sen del shu kishidursen! Israilning Xudasi Perwerdigar mundaq deydu: «Men séni Israilning üstide padishah bolghili mesih qildim we Saulning qolidin qutquzdum;
8 သင့်သခင်၏ အဆွေအမျိုးကို၎င်း၊ သင့်သခင်၏ မယားတို့ကို၎င်း၊ သင်၏ရင်ခွင်၌ ငါအပ်ပေးပြီ။ ဣသ ရေလအမျိုးနှင့် ယုဒအမျိုးကို ငါပေးပြီ။ ထိုအရာများ မလောက်လျှင် အခြားတပါးသောအရာရာတို့ကို ပေးခြင်း ငှါ ငါအလိုရှိ၏။
Men ghojangning jemetini sanga bérip, ghojangning ayallirini quchiqinggha yatquzup, Israilning jemeti bilen Yehudaning jemetini sanga berdim. Eger sen buni az körgen bolsang, Men sanga yene hessilep bérettim;
9 သင်သည်ထာဝရဘုရား၏ ပညတ်တရားတော်ကို မထီမဲ့မြင်ပြု၍ ရှေ့တော်၌ဒုစရိုက်ကို အဘယ်ကြောင့် ပြုဘိသနည်း။ ဟိတ္တိလူ၊ ဥရိယ၏အသက်ကို ထားဖြင့်သတ်၍ သူ၏မယားကို သိမ်းလေပြီတကား။ ထိုသူကို အမ္မုန်အမျိုးသား ထားနှင့်သတ်လေပြီတကား။
Némishqa Perwerdigarning sözini közge ilmay, uning neziride rezil bolghanni qilding? Sen Hittiy Uriyani qilich bilen öltürgüzüp, uning ayalini özüngge ayal qilding, sen uni Ammoniylarning qilichi bilen qetl qilding.
10 ၁၀ ယခုမှာသင်သည် ငါ့ကို မထီမဲ့မြင်ပြု၍ ဟိတ္တိလူ၊ ဥရိယ၏မယားကို သိမ်းသောကြောင့်၊ သင့်အဆွေအမျိုးတို့သည် ထားဘေးနှင့်အစဉ် တွေ့ကြုံရကြလိမ့်မည်။
Emdi sen Méni közge ilmay, Hittiy Uriyaning ayalini özüngge ayal qilghining üchün, qilich séning öyüngdin ayrilmaydu».
11 ၁၁ ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်၌ ရန်ဘက်ပြုသော သူကို သင်၏အဆွေအမျိုးတို့အထဲက ငါပေါ်စေမည်။ သင့်မျက်မှောက်တွင် သင်၏မယားတို့ကို ငါယူ၍ သင့်အိမ်နီးချင်း၌အပ်သဖြင့်၊ သူသည် နေရှေ့မှာ သင်၏မယားတို့နှင့် ပေါင်းဘော်လိမ့်မည်။
Perwerdigar mundaq deydu: — «Mana öz öyüngdin sanga yamanliq keltürüp, közliringning aldida ayalliringni élip, sanga yéqin birsige bérimen, u bolsa küpkündüzde ayalliring bilen yatidu.
12 ၁၂ သင်သည် ဤအမှုကိုမထင်မရှားပြုသော်လည်း၊ နေရှေ့မှာ ငါလှန်ပြမည်ဟု ထာဝရဘုရားမိန့်တော် မူသော စကားကိုပြန်ကြားလေ၏။
Sen bolsang u ishni mexpiy qilding, lékin Men bu ishni pütkül Israilning aldida kündüzde qilimen» — dédi.
13 ၁၃ ဒါဝိဒ်ကလည်း၊ ငါသည် ထာဝရဘုရားကို ပြစ်မှားပါပြီဟု နာသန်အား ဝန်ချ၍ နာသန်က၊ အသက် တော်ကို ချမ်းသာစေခြင်းငှါ၊ တာဝရဘုရားသည် ကိုယ်တော်အပြစ်ကို ပယ်တော်မူပြီ။
Dawut Natan’gha: — Men Perwerdigarning aldida gunah qildim — dédi. Natan Dawutqa: Perwerdigar hem gunahingdin ötti; sen ölmeysen.
14 ၁၄ သို့သော်လည်း ကိုယ်တော်သည် ထိုသို့ပြစ်မှား သောအားဖြင့်၊ ကဲ့ရဲ့စရာအခွင့်ကြီးကို ထာဝရဘုရား၏ ရန်သူတို့အားပေးသောကြောင့်၊ ယခုမြင်သောသားသည် ဆက်ဆက်သေရမည်ဟု ဒါဝိဒ်အားလျှောက် ဆိုပြီးလျှင်၊
Halbuki, bu ish bilen Perwerdigarning düshmenlirige kupurluq qilishqa purset bergining üchün, séningdin tughulghan oghul bala choqum ölidu, — dédi.
15 ၁၅ နန်းတော်မှ ထွက်သွားသောနောက်၊ ထာဝရဘုရားသည် ဒဏ်ခတ်တော်မူသဖြင့်၊ ဥရိယမယားတွင် ဘွားမြင်သော ဒါဝိဒ်၏သားသည် ပြင်းစွာသော ဝေဒနာကို ခံရ၏။
Shuning bilen Natan öz öyige qaytip ketti. Perwerdigar Uriyaning ayalidin Dawutqa tughulghan balini shundaq urdiki, u qattiq késel boldi.
16 ၁၆ ဒါဝိဒ်သည် သူငယ်အတွက် ထာဝရဘုရားအား တောင်းပန်လေ၏။ အစာကိုရှောင်လျက်၊ အထဲသို့ဝင်၍ တညဉ့်လုံးမြေပေါ်မှာ အိပ်လျက်နေ၏။
Dawut bala heqqide Xudagha yélindi. U roza tutup, kéchilerde ichkirige kirip yerde düm yatatti.
17 ၁၇ နန်းတော်သား အသက်ကြီးသူတို့သည်ထ၍ ကိုယ်တော်ကို ချီကြွအံ့သောငှါ ချဉ်းကပ်ကြသော်လည်း၊ ဒါဝိဒ်သည် ငြင်းပယ်၍ သူတို့နှင့်အတူ အစာမစားဘဲနေ၏။
Uning jemetining aqsaqalliri qopup uning qéshigha bérip, uni yerdin qopurmaqchi boldi; lékin u unimidi we ular bilen tamaq yéyishni ret qildi.
18 ၁၈ ခုနစ်ရက်စေ့သော် သူငယ်သေ၏။ ဒါဝိဒ်၏ ကျွန်တို့ကလည်း၊ သူငယ်အသက်ရှင်စဉ်အခါ ငါတို့ လျှောက်သော စကားကိုနားထောင်တော်မမူသည်ဖြစ်၍၊ သူငယ်သေကြောင်းကို လျှောက်လျှင် အလွန်ကိုယ်ကို ကိုယ်ညှဉ်းဆဲတော်မူလိမ့်မည်ဟုဆိုလျှက် သူငယ် သေကြောင်းကို မလျှောက်ဝံ့ကြ။
Yettinchi küni bala öldi. Dawutning xizmetkarliri bala öldi, dégen xewerni uninggha bérishtin qorqup: «Bala tirik waqitida padishah bizning sözlirimizge qulaq salmidi, emdi biz qandaqmu uninggha bala öldi, dep xewer bérimiz? U özini zeximlendürüshi mumkin!» — déyishti.
19 ၁၉ သို့ရာတွင် ကျွန်တို့သည် တိုးတိုးပြောသောစကားကို ဒါဝိဒ်သည် ကြားလျှင်၊ သူငယ်သေကြောင်းကို ရိပ်မိသဖြင့်၊ သူငယ်သေပြီလောဟု ကျွန်တို့ကို မေးတော်မူ၏။ သူတို့ကလည်းသေပါပြီဟု လျှောက်ကြ၏။
Lékin Dawut xizmetkarlirining pichirlashqinini körüp, balining ölginini uqti. Shunga Dawut xizmetkarliridin: Bala öldimu? dep soridi. Ular: Öldi, — dep jawab berdi.
20 ၂၀ ထိုအခါ ဒါဝိဒ်သည် မြေမှထ၍ ရေချိုးခြင်း၊ ဆီလိမ်းခြင်း၊ အဝတ်လဲခြင်းကို ပြုပြီးလျှင်၊ ထာဝရဘုရား ၏ အိမ်တော်သို့သွား၍ ကိုးကွယ်၏။ ထိုနောက် နန်းတော်သို့ ပြန်လာ၍ စားစရာကိုတောင်းသောအခါ၊ ကျွန်တို့ သည် စားပွဲတော်ကိုပြင်၍ မင်းကြီးသည် စားတော်မူ၏။
Shuning bilen Dawut yerdin qopup, yuyunup, [xushbuy] may bilen mesihlinip, kiyimlirini yenggüshlep, Perwerdigarning öyige kirip ibadet qildi; andin öz öyige qaytip özige tamaq ekeltürüp yédi.
21 ၂၁ ကျွန်တို့ကလည်း၊ ကိုယ်တော်သည် အဘယ်သို့ ပြုတော်မူသနည်း။ သူငယ်အသက်ရှင်စဉ်အခါ၊ သူငယ် အတွက် အစာရှောင်လျက် ငိုကြွေးလျက် နေတော်မူ၏။ သူငယ်သေသောအခါထ၍ စားတော်ခေါ်ပါသည်တကားဟု လျှောက်လျှင်၊
Xizmetkarliri uninggha: Silining bu néme qilghanliri? Bala tirik chaghda roza tutup yighlidila, lékin bala ölgendin kéyin qopup tamaq yédila, — dédi.
22 ၂၂ ဒါဝိဒ်က၊ သူငယ်အသက်ရှင်စဉ်အခါ ဘုရားသခင်သည် ငါ့ကို သနားတော်မူ၍၊ သူငယ်အသက်ကို ချမ်းသာပေးတော်မမူမည်ကို အဘယ်သူ ဆိုနိုင်သနည်းဟု အောက်မေ့လျက် ငါသည် အစာရှောင်၍ ငိုကြွေး လျက်နေ၏။
U: Men: «Kim bilsun, Perwerdigar manga shapaet körsitip, balini tirik qaldurarmikin» dep oylap, bala tirik waqitta roza tutup yighlidim.
23 ၂၃ ယခုမှာသူငယ်သေပြီ။ အဘယ်ကြောင့် အစာရှောင်ရမည်နည်း။ သူငယ်ကိုပြန်၍ ဆောင်ခဲ့နိုင်သလော။ သူရှိရာသို့ ငါသွားရမည်။ သူသည် ငါရှိရာသို့ မပြန်မလာ ရဟု မိန့်တော်မူ၏။
Lékin emdi u ölgendin kéyin némishqa roza tutay? Men uni yandurup alalaymenmu? Men uning yénigha barimen, lékin u yénimgha yénip kélelmeydu, — dédi
24 ၂၄ တဖန်ဒါဝိဒ်သည် ခင်ပွန်းဗာသရှေဘကို နှစ်သိမ့်စေသဖြင့်၊ သူ့ထံသို့ဝင်၍ ဆက်ဆံလေ၏။ သူ သည်လည်း သားယောက်ျားကို ဘွားမြင်၍ ရှောလမုန်အမည်ဖြင့် အဘမှည့်လေ၏။
Dawut ayali Bat-Shébagha teselli berdi. U uning qéshigha kirip uning bilen yatti; u bir oghul tughiwidi, Dawut uni Sulayman dep atidi. Perwerdigar uni söydi,
25 ၂၅ ထာဝရဘုရားသည် ထိုသူငယ်ကိုချစ်၍ ကျေးဇူးပြုတော်မူသဖြင့်၊ ပရောဖက်နာသန်ကို စေခိုင်း၍ ယေဒိဒိ အမည်ဖြင့် မှည့်တော်မူ၏။
we Natan peyghember arqiliq wehiy yetküzüp, uninggha Perwerdigar üchün «Yedidiya» dep isim qoydi.
26 ၂၆ ယွာဘသည်လည်း အမ္မုန်ပြည်၊ ရဗ္ဗာမြို့ကို တိုက်၍ မြို့တော်ကို ရပြီးမှ၊
Yoab Ammoniylarning shahane paytexti Rabbahqa hujum qilip uni aldi.
27 ၂၇ ဒါဝိဒ်ထံတော်သို့လူကို စေလွှတ်၍၊ ကျွန်တော်သည် ရဗ္ဗာမြို့ကို တိုက်၍ ကန်တော်ရှိရာမြို့ကိုရပါပြီ။
Andin Yoab xewerchilerni Dawutning qéshigha mangdurup: Men Rabbahqa hujum qilip, sheherning su bar qismini aldim.
28 ၂၈ ယခုမှာကြွင်းသော လူတို့ကို စုဝေးစေသဖြင့်၊ မြို့နားမှာ တပ်တော်ချ၍ တိုက်ယူတော်မူပါ။ သို့မဟုတ် ကျွန်တော်ယူ၍ ကျွန်တော်အမည်ဖြင့် မြို့ကို သမုတ်ကြ လိမ့်မည်ဟု လျှောက်လျှင်၊
Hazir sen qalghan eskerlerni yighip, sheherni qamal qilip, uni ishghal qilghin; bolmisa men sheherni alsam, méning ismim bilen atilishi mumkin — dédi.
29 ၂၉ ဒါဝိဒ်သည် လူအပေါင်းတို့ကို စုဝေးစေသဖြင့်၊ ရဗ္ဗာမြို့သို့ ချီသွား၍ တိုက်ယူလေ၏။
Shunga Dawut hemme xelqni jem qilip, Rabbahqa hujum qilip uni aldi.
30 ၃၀ မင်းကြီး၏သရဖူကို ချွတ်ယူ၍ ခေါင်းတော်ပေါ် မှာတင်ကြ၏။ သရဖူအချိန်ကား ကျောက်မြတ်ကို မဆိုဘဲ ရွှေအခွက်တဆယ်ရှိသတည်း။ မြို့၌လုယူသော ဥစ္စာ အများကိုလည်း ထုတ်လေ၏။
U ularning padishahining tajini uning béshidin aldi. Uning üstidiki altunning éghirlighi bir talant idi, we uning közide bir göher bar idi. Kishiler bu tajni Dawutning béshigha kiygüzdi, Dawut bolsa u sheherdin nurghun olja aldi.
31 ၃၁ မြို့သားတို့ကိုလည်း ထုတ်ဆောင်၍ လွှတိုက်မှု၊ သံထွန်၊ သံပုဆိန်နှင့်အလုပ်မှုကို လုပ်စေ၍ အုတ်ဖို၌ လည်း ကျင်လည်စေ၏။ ထိုသို့ ဒါဝိဒ်သည် အမ္မုန်မြို့သူ ရွာသားအပေါင်းတို့၌ ပြုပြီးမှ၊ လူအပေါင်းတို့နှင့်အတူ ယေရုရှင်လင်မြို့သို့ ပြန်လေ၏။
Emma u yerdiki xelqni sheherdin chiqirip ularni here, xaman tépidighan tirnilar we tömür paltilar bilen ishletti yaki xumdanda qattiq emgekke saldi; Dawut Ammoniylarning hemme sheherliride shundaq qildi; andin Dawut barliq xelq bilen Yérusalémgha yénip keldi.

< ၂ ဓမ္မရာဇဝင် 12 >