< ၂ ဓမ္မရာဇဝင် 10 >

1 ထိုနောက် အမ္မုန်ရှင်ဘုရင်သည် သေ၍ သားတော်ဟာနုန်သည် ခမည်းတော်အရာ၌ နန်းထိုင်၏။
Ikawa baadaye mfalme wa watu wa Amoni akafa, na Hanuni mwanaye akawa mfalme mahali pake.
2 ဒါဝိဒ်ကလည်း၊ ဟာနုန်အဘနာဟတ်သည် ငါ့အား ကျေးဇူးပြုသောကြောင့်၊ သူ၏သား၌ ကျေးဇူးပြုမည်ဟုဆိုလျက်၊ သူ၏အဘသေရာတွင် နှစ်သိမ့်စေခြင်းငှါ ကျွန်တို့ကို စေလွှတ်၍၊ ဒါဝိဒ်၏ကျွန်တို့သည် အမ္မုန်ပြည်သို့ရောက်ကြ၏။
Daudi akasema, “Nitaonesha fadhiri Hanuni mwana wa Nahashi, kwa kuwa baba yake alinifadhiri.” Hivyo Daudi akatuma watumishi wake kumfariji Hanuni kwa habari ya baba yake. Watumishi wake wakaingia katika nchi ya watu wa Amoni.
3 အမ္မုန်အမျိုး မှူးမတ်တို့သည် မိမိတို့အရှင် ဟာနုန်ထံသို့ဝင်၍၊ ဒါဝိဒ်သည် စိတ်တော်ကို နှစ်သိမ့်စေ သော သူတို့ကိုစေလွှတ်ရာတွင် ခမည်းတော်ကို ရိုသေစွာပြုသည်ဟု ထင်မှတ်တော်မူသလော။ မြို့တော်ကိုစစ်ဆေးစူစမ်း၍ ဖျက်ဆီးခြင်း ငှာသာသူ၏ကျွန်တို့ကိုစေလွှတ်သည် မဟုတ်လောဟု လျှောက်ကြ သော်။
Lakini viongozi wa watu wa Amoni wakamwambia Hanuni bwana wao, “Je unathani kwa hakika Daudi anamweshimu baba yako hata ametuma watu kukutia moyo? Daudi hajawatuma watumishi wake kwako ili kuuangalia mji, kuupeleleza, ili kuupindua?
4 ဟာနုန်သည် ဒါဝိဒ်၏ကျွန်တို့ကို ယူပြီးလျှင်၊ မုတ်ဆိတ်တခြမ်းကိုရိတ်၍ အဝတ်ကိုတင်ပါးတိုင်အောင် ဖြတ်ပြီးမှ လွှတ်လိုက်လေ၏။
Hivyo Hanuni akawachukuwa watumishi wa Daudi, akawanyoa nusu ya ndevu zao, akachana mavazi yao hadi kwenye matako, naye akawaacha waende zao.
5 ထိုသိတင်းကို ဒါဝိဒ်သည်ကြားသောအခါ၊ ထိုလူတို့သည် အလွန်ရှက်သောကြောင့် သူတို့ကို ဆီးကြိုစေခြင်းငှါ စေလွှတ်၍၊ သင်တို့သည် မုတ်ဆိတ်မရှည်မှီတိုင်အောင် ယေရိခေါမြို့မှာ နေကြလော့။ ထိုနောက်မှပြန်လာကြလော့ဟု မှာထားတော်မူ၏။
Daudi alipoelezwa kuhusu hili, akatuma watu kwenda kuwalaki, kwa kuwa walikuwa wamefedheheshwa sana. Mfalme akawambia, “Kaeni Yeriko mpaka ndevu zenu zitakapoota, ndipo mrudi.”
6 အမ္မုန်အမျိုးသားတို့က၊ ငါတို့သည်ဒါဝိဒ်ရှေ့မှာ စက်ဆုပ်ရွံရှာဘွယ် ဖြစ်လိမ့်မည်ဟု သိလျှင်၊ လူကို စေလွှတ်၍ ဗက်ရဟောဘမြို့နှင့် ဇောဘမြို့၌နေသော ရှုရိလူခြေသည် သူရဲနှစ်သောင်း၊ မာခမင်းကြီး၏ လူ တထောင်၊ တောဘမြို့သား တသောင်းနှစ်ထောင်တို့ကို ငှားကြ၏။
Watu wa Amoni walipoona kwamba wamenuka kwa Daudi, wakatuma wajumbe na kuwaajiri Washami wa Bethi Rehobu na Soba, askari elfu ishirini waendao kwa mguu, na mfalme wa Maaka pamoja na watu elfu, na watu wa Tobu elfu kumi na mbili.
7 ထိုသိတင်းကို ဒါဝိဒ်သည်ကြားလျှင် ယွာဘနှင့် ခွန်အားကြီးသောသူရဲအလုံးအရင်းအပေါင်းကို စေလွှတ် ၏။
Daudi aliposikia, akamtuma Yoabu na jeshi lote la askari.
8 အမ္မုန်အမျိုးသားတို့သည် ထွက်၍မြို့တံခါးဝမှာ စစ်ခင်းကျင်းကြ၏။ ဇောဘမြို့၊ ရဟောဘမြို့၊ တောဘ မြို့မှလာသော ရှုရိလူနှင့် မာခါမင်းကြီး၏ လူတို့သည် လွင်ပြင်၌ တခြားစီနေကြ၏။
Waamoni wakatoka na wakafanya mistari ya vita katika maingilio ya lango la mji wao, wakati Washami wa Soba na wale wa Rehobu, na watu wa Tobu na Maaka, wakasimama peke yao uwandani.
9 ယွာဘသည်လည်း၊ ရှေ့၌၎င်း၊ နောက်၌၎င်း စစ်မျက်နှာနှစ်ဘက်ရှိသည်ကိုမြင်လျှင်၊ ဣသရေလလူတို့ တွင် သန်မြန်သောသူရှိသမျှတို့ကို ရွေးကောက်၍ ရှုရိလူ တို့ တဘက်၌စစ်ခင်းကျင်း၏။
Yoabu alipoona mistari ya vita ikimkabili pote mbele na nyuma, alichagua baadhi ya waisraeli wajuao kupigana vizuri na akawapanga dhidi ya Washami.
10 ၁၀ ကြွင်းသောသူတို့ကို အမ္မုန်အမျိုးသားတို့တဘက်၌ စစ်ခင်းကျင်း စေခြင်းငှါ၊ ညီအဘိရှဲလက်သို့ အပ်လျက်၊
Na sehemu iliyosalia ya jeshi, akawaweka chini ya Abishai nduguye, naye akawaweka katika mistari ya vita dhidi ya jeshi la Amoni.
11 ၁၁ ရှုရိလူတို့သည် ငါ့ကိုနိုင်လျှင် ငါအားကူရမည်။ အမ္မုန်အမျိုးသားတို့သည် သင့်ကိုနိုင်လျှင် သင့်အား ငါကူမည်။
Yoabu akasema, “ikiwa Washami watakuwa na nguvu zaidi juu yangu, kisha wewe, Abishai, lazima uniokoe. Lakini ikiwa jeshi la Amoni litakuwa na nguvu zaidi juu yako, nitakuja kukuokoa.
12 ၁၂ ရဲရင့်သောစိတ်ရှိ၍ ငါတို့လူမျိုး၊ ငါတို့ဘုရားသခင့်မြို့ရွာတို့အဘို့ အားထုတ်၍ တိုက်ကြကုန်အံ့။ ထာဝရဘုရားသည် အလိုတော်ရှိသည် အတိုင်းစီရင်တော် မူစေသတည်းဟု ဆိုပြီးမှ၊
Iweni na nguvu, nasi tujioneshe kuwa wenye nguvu kwa ajili ya watu wetu na miji ya Mungu wetu, kwa maana Yahwe atatenda yapendezayo kwa ajili ya kusudi lake.
13 ၁၃ သူ၌ပါသောလူများနှင့်တကွ ရှုရိလူတို့ကို စစ်တိုက်ခြင်းငှါ ချဉ်းသွားသောအခါ၊ ရှုရိလူတို့သည် ပြေးကြ၏။
Hivyo Yoabu na askari wa jeshi lake wakasonga mbele katika vita dhidi ya Washami, waliolazimika kukimbia mbele ya jeshi la Israeli.
14 ၁၄ ရှုရိလူတို့ပြေးသည်ကို အမ္မုန်အမျိုးသားတို့သည် မြင်လျှင်၊ သူတို့သည်လည်း အဘိရှဲရှေ့မှာပြေး၍ မြို့ထဲသို့ ဝင်ကြ၏။ ယွာဘသည်လည်း အမ္မုန်ပြည်မှ ထွက်၍ ယေရုရှလင်မြို့သို့ ပြန်သွားလေ၏။
Jeshi la Amoni lilipoona kwamba Washami wamekimbia, nao pia wakakimbia kutoka kwa Abishai wakarudi ndani ya mji. Ndipo Yoabu akarudi kutoka kwa watu wa Amoni na akarejea Yerusalemu.
15 ၁၅ ရှုရိလူတို့သည် ဣသရေလအမျိုးသားရှေ့မှာ မိမိတို့ရှုံးသည်ကို သိမြင်လျှင် တဖန်စည်းဝေးကြ၏။
Washami walipoona kwamba wameshindwa na Israeli, walijikusanya pamoja tena.
16 ၁၆ ဟာဒဒေဇာမင်းသည်လည်း စေလွှတ်၍၊ မြစ်တဘက်၌နေသော ရှုရိလူတို့ကိုခေါ်သဖြင့်၊ သူတို့သည် ဟေလံမြို့သို့ရောက်လာကြ၏။ ဟာဒဒေဇာခန့်ထားသော ဗိုလ်ချုပ်မင်းရှောဗက်သည်လည်း အုပ်ရ၏။
Kisha Hadareza akatuma kuleta vikosi vya Washami ng'ambo ya Mto Frati. Wakaja Helamu pamoja na Shobaki, mkuu wa jeshi la Hadareza juu yao.
17 ၁၇ ထိုသိတင်းကိုကြားလျှင်၊ ဒါဝိဒ်သည် ဣသရေလအမျိုးသားအပေါင်းတို့ကို စုဝေးစေ၍၊ ယော်ဒန်မြစ် ကို ကူးသဖြင့် ဟေလံမြို့သို့ ရောက်လေ၏။ ရှုရိလူတို့သည် ဒါဝိဒ်တဘက်၌ စစ်ခင်းကျင်း၍ တိုက်သောအခါ၊
Daudi alipoambiwa, aliwakusanya Israeli wote pamoja, akavuka Yordani, na akafika Helamu. Washami wakajipanga katika mistari ya vita dhidi ya Daudi na wakapigana naye.
18 ၁၈ ဣသရေလအမျိုးသားရှေ့မှာ ပြေးကြ၏။ ဒါဝိဒ်သည်လည်း ရှုရိမြင်းရထားစီးသူရဲခုနစ်ထောင်၊ ခြေသည် သူရဲလေးသောင်းတို့ကို သတ်၍၊ ဗိုလ်ချုပ်မင်းရှောဗက် ကိုလည်း ထိခိုက်သဖြင့် သူသည် ထိုအရပ်၌ သေ၏။
Washami wakakimbia mbele ya Israeli. Daudi akaua askari mia saba wa magari na askari wa farasi elfu arobaini. Shobaki mkuu wa jeshi lao alijeruhiwa na akafa huko.
19 ၁၉ ဟာဒဒေဇာ၌ ကျွန်ခံသောမင်းကြီးအပေါင်းတို့သည် ဣသရေလအမျိုးနှင့် မိဿဟာယဖွဲ့၍ ကျွန်ခံ ကြ၏။ ထိုသို့ ရှုရိလူတို့သည် နောက်တဖန် အမ္မုန်အမျိုးသားတို့ကို စစ်မကူဝံ့ကြ။
Wafalme wote waliokuwa watumishi wa Hadareza walipoona kuwa wameshindwa na Israeli, walifanya amani na Israeli na wakawa watumishi wao. Hivyo washami wakaogopa kuwasaidia watu wa Amoni tena.

< ၂ ဓမ္မရာဇဝင် 10 >