< ၄ ဓမ္မရာဇဝင် 8 >

1 တဖန်ဧလိရှဲသည် အထက်က အသက်ရှင်စေ သော သူငယ်၏အမိကိုခေါ်၍၊ သင်သည် အိမ်သူ အိမ်သားနှင့်တကွ ထသွားလော့။ တည်းခို၍ နေနိုင်သော အရပ်တစုံတရပ်၌ တည်းခို၍နေလော့။ ထာဝရဘုရား သည် အစာခေါင်းပါးရာကာလကို မှာလိုက်တော်မူပြီ။ တပြည်လုံး၌ ခုနစ်နှစ်ခေါင်းပါးလိမ့်မည်ဟု သတိပေး၏။
Na kua korero a Eriha ki te wahine nana nei te tamaiti i whakaorangia e ia, kua mea, Whakatika, haere koutou ko tou whare, a e noho ki tau wahi e noho ai koe: kua karangatia hoki e Ihowa he matekai; a ka pa hoki ki te whenua, e whitu tau.
2 ထိုမိန်းမသည် ဘုရားသခင့်လူ၏စကားကို နား ထောင်သဖြင့်၊ အိမ်သူအိမ်သားတို့နှင့်တကွ သွား၍ ဖိလိတ္တိပြည်၌ ခုနစ်နှစ်နေ၏။
Na ka whakatika taua wahine, ka mea i ta te tangata a te Atua i ki ai: a haere ana ratou ko tona whare, noho ana ki te whenua o nga Pirihitini, e whitu nga tau.
3 ခုနစ်နှစ်စေ့သောအခါ၊ ဖိလိတ္တိပြည်မှ ပြန်လာ၍ ကိုယ်အိမ်၊ ကိုယ်မြေကို ရအံ့သောငှါ အသနားတော်ခံမည့် အကြံနှင့် ရှင်ဘုရင်ထံသို့ သွား၏။
Na, i te takanga o nga tau e whitu, ka hoki atu taua wahine i te whenua o nga Pirihitini: a haere ana ia ki te karanga ki te kingi mo tona whare, mo tana mara.
4 ထိုအခါရှင်ဘုရင်သည် ဘုရားသခင့်လူ၏ ကျွန် ဂေဟာဇိနှင့် နှုတ်ဆက်လျက်၊ ဧလိရှဲပြုသောအံ့ဩဘွယ် သော အမှုအလုံးစုံတို့ကို ပြောပါလော့ဟု မိန့်တော်မူ၍၊
Na ko te kingi i te korero ki a Kehati, tangata a te tangata a te Atua; i mea hoki ia, Tena, korerotia mai ki ahau nga mahi nunui katoa i mea ai a Eriha.
5 ဧလိရှဲသည် သေသောသူ အသက်ရှင်စေ ကြောင်းကို ဂေဟာဇိသည် ပြန်လျှောက်စဉ်တွင်၊ အသက် ရှင်စေသောသူငယ်၏ အမိသည်ကိုယ်အိမ်၊ ကိုယ်မြေကို ရအံ့သောငှါ အသနားတော်ခံလေ၏။ ဂေဟာဇိကလည်း၊ အရှင်မင်းကြီး၊ ဤမိန်းမကား ယခုပြောသော မိန်းမ၊ ဤ သူငယ်ကား ဧလိရှဲအသက်ရှင်စေသော သူငယ်ဖြစ်ပါ သည်ဟု လျှောက်လျှင်၊
A, i a ia e korero ana ki te kingi i tana whakaoranga i te tupapaku, na, ko te wahine nana nei te tamaiti i whakaorangia e ia i te mate, e karanga ana ki te kingi mo tona whare, mo tana mara. Na ka mea a Kehati, E toku ariki, e te kingi, koia ten ei te wahine, a ko tana tama tenei i whakaorangia ra e Eriha.
6 ရှင်ဘုရင်သည် မိန်းမကိုမေး၍ မိန်းမလည်း သက်သေခံ၏။ ထိုအခါရှင်ဘုရင်က၊ သူ၏ဥစ္စာရှိသမျှကို ၎င်း၊ ပြည်တော်ကထွက်သော နေ့မှစ၍ ယခုတိုင်အောင် သူ့မြေ၌ ဖြစ်သမျှကို၎င်း ပြန်ပေးစေဟု မိန့်တော်မူလျက်၊ သူ၏အမှုကို စောင့်စေခြင်းငှါ အရာရှိ၏တယောက်ကို ခန့်ထားတော်မူ၏။
A, i te uinga a te kingi ki te wahine ra, ka korerotia e ia ki a ia. Heoi ka tukua e te kingi ki a ia tetahi o nga rangatira, ka mea, Whakahokia ana mea katoa, me nga hua katoa o te mara mai o te ra i mahue ai i a ia te whenua a mohoa noa nei.
7 တဖန်ဧလိရှဲသည် ဒမာသက်မြို့သို့သွား၏။ ထိုအခါ ရှုရိရှင်ဘုရင်ဗင်္ဟာဒဒ်သည် နာနေ၏။ ဘုရား သခင်၏လူရောက်ကြောင်းကို နားတော်လျှောက်လေ သော်။
A i haere a Eriha ki Ramahiku; a e mate ana a Peneharara kingi o Hiria; na ka whakaaturia ki a ia, ka korerotia, Kua tae mai te tangata a te Atua ki konei.
8 ဟာဇေလကို ခေါ်၍၊ သင်သည်လက်ဆောင်ကို ဆောင်လျက် ဘုရားသခင်၏ လူကိုခရီးဦးကြိုပြုပြီးလျှင်၊ ငါသည်ဤအနာမှ ထမြောက်မည်လောဟု သူအားဖြင့် ထာဝရဘုရားကို မေးလျှောက်လော့ဟု စေလွှတ်သည် အတိုင်း၊
Na ka mea atu te kingi ki a Hataere, Maua atu tetahi hakari i tou ringa, ka haere ki te whakatau i te tangata a te Atua, ka ui ki ta Ihowa ki a ia, ka mea, E ora ranei ahau i tenei mate?
9 ဟာဇေလသည် ကုလားအုပ်လေးဆယ်အပေါ် မှာ ဒမာသက်ဥစ္စာများကိုတင်၍၊ လက်ဆောင်ကို ဆောင် သဖြင့်၊ ဘုရားသခင်၏လူကို ခရီးဦးကြို ပြုခြင်းငှါသွား၍ ရှေ့တော်၌ ရပ်လျက်၊ ကိုယ်တော်၏သား ရှုရိရှင်ဘုရင် ဗင်္ဟာဒဒ်က၊ ငါသည်ဤအနာမှထမြောက်ရမည်လောဟု မေးမြန်းစေခြင်းငှါ၊ ကျွန်တော်ကို စေလွှတ်ပါသည်ဟု ဆို၏။
Na haere ana a Hataere ki te whakatau i a ia, me te mau ano he hakari i tona ringa, i etahi o nga mea papai katoa o Ramahiku, he kawenga na nga kamera e wha tekau, a ka tae, ka tu i tona aroaro, ka mea, Na tau tama, na Peneharara kingi o Hiria ah au i unga mai ki a koe, hei mea, E ora ranei ahau i tenei mate?
10 ၁၀ ဧလိရှဲကလည်း၊ အကယ်စင်စစ် ကိုယ်တော် သည် ထမြောက်နိုင်ပါ၏ဟု ပြန်လျှောက်လော့။ သို့သော် လည်း ဆက်ဆက်သေရမည်အကြောင်းကို ထာဝရဘုရား သည် ငါ့အားပြတော်မူပြီဟုဆိုလျက်၊
Ano ra ko Eriha ki a ia, Haere, mea atu ki a ia, E ora ano koe; otiia kua oti i a Ihowa te whakakite mai ki ahau, tera ia e mate.
11 ၁၁ စေ့စေ့ကြည့်ရှု၍ ဟာဇေလသည် မျက်နှာပျက် လေ၏။ ဘုရားသခင်၏ လူသည်လည်း မျက်ရည်ကျ၏။
Na ka whakatau ia i tona mata ki runga ki a ia, u tonu, a whakama noa ia; ko te tino tangihanga o te tangata a te Atua.
12 ၁၂ ဟာဇေလကလည်း၊ သခင်သည် အဘယ် ကြောင့် မျက်ရည်ကျတော်မူသနည်းဟု မေးလျှင် ဧလိရှဲ က၊ သင်သည် ဣသရေလအမျိုးသားတို့၌ပြုလတံ့သော ဘေးဥပဒ်တည်းဟူသော သူတို့၏ ရဲတိုက်များကို မီးရှို့ ခြင်း၊ လုလင်များကို ထားနှင့်သတ်ခြင်း၊ သူငယ်များကို မြေပေါ်မှာ ဆောင့်ဖွပ်ခြင်း၊ ကိုယ်ဝန်ဆောင်သော မိန်းမ များ၌ ဝမ်းခွဲခြင်းကို ပြုလိမ့်မည်ဟု ငါသိမြင်သောကြောင့် မျက်ရည်ကျသည်ဟု ပြန်ပြောသော်၊
Na ka mea a Hataere, Na te aha toku ariki i tangi ai? Ano ra ko ia, No te mea e mohio ana ahau ki te kino e meatia e koe ki nga tama a Iharaira; ko o ratou pa e tahuna e koe ki te ahi, ko a ratou taitamariki e patua e koe ki te hoari, ko a ratou kohungahunga e taia iho e koe, a ko a ratou wahine hapu ka ripiripia e koe.
13 ၁၃ ဟာဇေလက၊ ကိုယ်တော်ကျွန်သည် ခွေးဖြစ်လျက် နှင့် ဤမျှလောက်ကြီးသော အမှုကို ပြုရပါလိမ့်မည် လောဟု မေးပြန်သော်၊ ဧလိရှဲက၊ သင်သည် ရှုရိနိုင်ငံကို စိုးစံရလိမ့်မည်အကြောင်းကို ထာဝရဘုရားသည် ငါ့အား ပြတော်မူပြီဟုဆို၏။
Ano ra ko Hataere, Ha! he aha tau pononga, he kuri noa nei, kia meatia e ia tenei mea nui? Ano ra ko Eriha, Kua whakakitea mai e Ihowa ki ahau, ko koe hei kingi mo Hiria.
14 ၁၄ ဟာဇေလသည်သွား၍ မိမိသခင့်ထံသို့ ရောက် သောအခါ၊ သခင်က၊ ဧလိရှဲသည် အဘယ်သို့ဆိုသနည်း ဟု မေးလျှင်၊ ကိုယ်တော်သည် အနာမှ ဆက်ဆက် ထမြောက်တော်မူမည်ဆိုပါသည်ဟု လျှောက်လေ၏။
Heoi mawehe atu ana ia i a Eriha, a ka tae ki tona ariki; a ka mea tera ki a ia, I pehea mai te kupu a Eriha ki a koe? Ano ra ko ia, E ki ana ia, tera koe e ora.
15 ၁၅ နက်ဖြန်နေ့၌ ဟာဇေလသည် သိုးမွှေးအဝတ်ကို ရေ၌ နှစ်ပြီးလျှင်၊ ရှင်ဘုရင်၏ မျက်နှာကိုဖုံးအုပ်သဖြင့်၊ ရှင်ဘုရင်သေ၍ ဟာဇေလသည် နန်းထိုင်လေ၏။
Na, i te aonga ake, ka mau ia ki te kakahu matotoru, a tukua ana ki te wai, a uhia ana ki tona mata, na kua mate: a ko Hataere te kingi i muri i a ia.
16 ၁၆ ဣသရေလရှင်ဘုရင် အာဟပ်သား ယောရံ နန်းစံငါးနှစ်တွင်၊ ယုဒရှင်ဘုရင်ယောရှဖတ်သား ယဟော ရံသည် နန်းထိုင်လေ၏။
I te rima o nga tau o Iorama tama a Ahapa kingi o Iharaira, i a Iehohapata e kingi ana ki a Hura, ka kingi a Iehorama tama a Iehohapata kingi o Hura.
17 ၁၇ အသက်သုံးဆယ်နှစ်နှစ်ရှိသော်၊ ယေရုရှလင် မြို့၌ မင်းပြု၍ ရှစ်နှစ်စိုးစံ၏။
E toru tekau ma rua ona tau i a ia ka kingi nei, a e waru nga tau i kingi ai ia i Hiruharama.
18 ၁၈ အာဟပ်သမီးနှင့်စုံဘက်သဖြင့်၊ ဣသရေလ ရှင်ဘုရင်တို့လိုက်ရာ လမ်းသို့ အာဟပ်အမျိုးကဲ့သို့ လိုက်၍ ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကို ပြု၏။
Na haere ana ia i te ara o nga kingi o Iharaira, pera tonu me nga mahi a te whare o Ahapa: i a ia hoki te tamahine a Ahapa hei wahine: a i mahia e ia te mea kino ki ta Ihowa titiro.
19 ၁၉ သို့ရာတွင် ထာဝရဘုရားသည် ဒါဝိဒ်အစရှိ သော သားမြေးတို့ ၏မီးခွက်ကို အစဉ်ထွန်းလင်းစေမည် ဟု ဂတိတော်ရှိသောကြောင့်၊ ဒါဝိဒ်၏ မျက်နှာကို ထောက်၍၊ ယုဒပြည်ကို မဖျက်ဆီးဘဲ ထားတော်မူ၏။
Otiia kihai a Ihowa i pai ki te whakangaro i a Hura, i whakaaro hoki ki tana pononga, ki a Rawiri, i korero hoki ia ki a ia, ka hoatu e ia ki a ia he rama ma ana tamariki mo nga ra katoa.
20 ၂၀ ထိုမင်းလက်ထက်၌၊ ဧဒုံပြည်သည် ယုဒရှင် ဘုရင်ကို ပုန်ကန်၍ ကိုယ်အမျိုးသားကို ရှင်ဘုရင်အရာ၌ ချီးမြှောက်ကြ၏။
I ona ra ka maunu a Eroma i raro i te ringa o Hura, a whakakingitia ana he kingi mo ratou.
21 ၂၁ ယဟောရံမင်းသည် ရထားစီးသူရဲအပေါင်းတို့ နှင့်တကွ၊ ဇာဣရမြို့သို့ စစ်ချီ၍ ညဉ့်အခါဝိုင်းသော ဧဒုံ လူများ၊ ရထားအုပ်များကို လုပ်ကြံသဖြင့်၊ ဧဒုံလူတို့သည် မိမိတို့နေရာသို့ ပြေးကြ၏။
Katahi ka haere a Iorama ki Tairi, me ana hariata katoa i a ia: a whakatika ana ia i te po, a patua iho e ia nga Eromi i karapotia ai ia, ratou ko nga rangatira o nga hariata: e rere ana te iwi ki o ratou teneti.
22 ၂၂ သို့သော်လည်း၊ ဧဒုံပြည်သည်ယနေ့တိုင်အောင် ယုဒရှင်ဘုရင်ကို ပုန်ကန်၏။
Heoi i maunu a Eroma i raro i te ringa o Hura a tae noa ki tenei ra. Katahi ka maunu ano hoki a Ripina i taua wa.
23 ၂၃ ယဟောရံပြုမူသော အမှုအရာကြွင်းလေသမျှ တို့သည် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။
Na, ko era atu meatanga a Iorama, me ana mahi katoa, kahore ianei i tuhituhia ki te pukapuka o nga meatanga o nga ra o nga kingi o Hura?
24 ၂၄ ယဟောရံသည် ဘိုးဘေးတို့နှင့်အိပ်ပျော်၍၊ သူတို့နှင့်အတူ ဒါဝိဒ်မြို့၌ သင်္ဂြိုလ်ခြင်းကို ခံလေ၏။ သားတော်အာခဇိသည် ခမည်းတော်အရာ၌နန်းထိုင်၏။
Na kua moe a Iorama ki ona matua, a tanumia iho ki ona matua ki te pa o Rawiri; a ko Ahatia, ko tana tama te kingi i muri i a ia.
25 ၂၅ ဣသရေလရှင်ဘုရင် အာဟပ်သား ယောရံ နန်းစံဆယ်နှစ်နှစ်တွင်၊ ယုဒရှင်ဘုရင်ယဟောရံသား အာခဇိသည် နန်းထိုင်လေ၏။
Na, i te tekau ma rua o nga tau o Iorama tama a Ahapa kingi o Iharaira, ka kingi a Ahatia tama a Iehorama kingi o Hura.
26 ၂၆ အသက်နှစ်ဆယ်နှစ်နှစ်ရှိသော်၊မင်းပြု၍ ယေရု ရှလင်မြို့၌ တနှစ်စိုးစံ၏။ မယ်တော်ကား၊ ဣသရေလ ရှင်ဘုရင်ဩမရိမြေးအာသလိ အမည်ရှိ၏။
E rua tekau ma rua nga tau o Ahatia i a ia ka kingi nei; a kotahi ona tau i kingi ai i Hiruharama. A ko te ingoa o tona whaea ko Ataria tamahine a Omori kingi o Iharaira.
27 ၂၇ အာခဇိသည် အာဟပ်၏သမက်ဖြစ်သဖြင့်၊ အာဟပ်အမျိုးလိုက်ရာလမ်းသို့လိုက်၍၊ အာဟပ်အမျိုး ကဲ့သို့ ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကို ပြု၏။
Na haere ana ia i te ara o te whare o Ahapa, a mahia ana e ia te kino ki te titiro a Ihowa, pera tonu me ta te whare o Ahapa: ko ia hoki te hunaonga o te whare o Ahapa.
28 ၂၈ အာဟပ်၏သားယောရံနှင့်ဝိုင်းလျက်၊ ဂိလဒ် ပြည် ရာမုတ်မြို့သို့ စစ်ချီ၍၊ ရှုရိရှင်ဘုရင်ဟာဇေလကို တိုက်ရာတွင် ရှုရိလူတို့သည်ယောရံကိုတိခိုက်ကြ၏။
Na haere ana ia me Iorama tama a Ahapa ki te whawhai ki a Hataere kingi o Hiria ki Ramoto Kireara: na tu ana a Iorama i nga Hiriani.
29 ၂၉ ထိုသို့ရာမုတ်မြို့၌ ရှုရိဘုရင်ဟာဇေလကိုတိုက်၍၊ ရှုရိလူထိခိုက်သော အနာပျောက်စေခြင်းငှါ၊ ယောရံမင်းကြီးသည် ယေဇရေလမြို့သို့ ပြန်သွား၍ နာလျက်နေစဉ်တွင်၊ ယုဒရှင်ဘုရင် ယဟောရံသား အာခဇိသည်လည်း၊ အာဟပ်သားယောရံကို ကြည့်ရှုခြင်း ငှါ ထိုမြို့သို့ ဆင်းသွားလေ၏။
Na hoki ana a Kingi Iorama ki Ietereere kia rongoatia nga tunga i tu ai ia i nga Hiriani ki Rama, i tana whawhai ki a Hataere kingi o Hiria. A haere ana a Ahatia tama a Iehorama kingi o Hura ki raro kia kite i a Iorama tama a Ahapa ki Ietereere, no te mea e mate ana ia.

< ၄ ဓမ္မရာဇဝင် 8 >