< ၂ ကောရိန္သု 9 >

1 သန့်ရှင်းသူတို့ကို လုပ်ကျွေးခြင်၏ အမူအရာများကို သင်တို့အား ငါရေး၍ကြားလိုက်သော် အကျိုးမရှိ။
pavitralōkānām upakārārthakasēvāmadhi yuṣmān prati mama likhanaṁ niṣprayōjanaṁ|
2 အကြောင်းမူကား၊ သင်တို့၏ စေတနာစိတ်ကိုငါသိ၏။ သင်တို့၌ရှိသော ထိုစေတနာစိတ်ကို ငါဝါကြွား၍ အခါယပြည်သူပြည်သားတို့သည် မနှစ်ကပင် အသင့်ရှိကြပြီဟု မာကေဒေါနိလူတို့အား ငါဆို တိတ်၏။ ထိုသို့ သင်တို့ စေတနာစိတ်အားကြီးခြင်း အကြောင်းအရာသည် အများသောသူတို့ကို နှိုးဆော် တိုက်တွန်းလေပြီ။
yata ākhāyādēśasthā lōkā gatavarṣam ārabhya tatkāryya udyatāḥ santīti vākyēnāhaṁ mākidanīyalōkānāṁ samīpē yuṣmākaṁ yām icchukatāmadhi ślāghē tām avagatō'smi yuṣmākaṁ tasmād utsāhāccāparēṣāṁ bahūnām udyōgō jātaḥ|
3 သို့သော်လည်းငါတို့သည် သင်တို့ကို ဝါကြွားသော စကားသည် ဤအမှု၌ အချည်းနှီး မဖြစ်စေဘဲ၊ ထိုစကားနှင့်အညီ သင်တို့သည်အသင့် ရှိစေခြင်းငှါ ညီအစ်ကိုအချို့ကို ငါစေလွှတ်၏။
kiñcaitasmin yuṣmān adhyasmākaṁ ślāghā yad atathyā na bhavēt yūyañca mama vākyānusārād yad udyatāstiṣṭhēta tadarthamēva tē bhrātarō mayā prēṣitāḥ|
4 သို့မဟုတ် မာကေဒေါနိလူတို့သည် ငါနှင့်အတူ လာ၍ သင်တို့သည်အသင့်မရှိကြသည်ကိုတွေ့လျှင်၊ သင်တို့ရှက်ကြလိမ့်မည်ဟု မဆိုဘဲ၊ ငါတို့သည် ရဲရင့်စွာ ဝါကြွားခဲ့ပြီးသည်ကို အရှက်ခံရကြလိမ့်မည်။
yasmāt mayā sārddhaṁ kaiścit mākidanīyabhrātr̥bhirāgatya yūyamanudyatā iti yadi dr̥śyatē tarhi tasmād dr̥ḍhaviśvāsād yuṣmākaṁ lajjā janiṣyata ityasmābhi rna vaktavyaṁ kintvasmākamēva lajjā janiṣyatē|
5 ထိုကြောင့် အထက်က ကြားပြောသော သင်တို့၏ အလှူကျေးဇူးသည် အနိုင်အထက်လှူရသော ဥစ္စာ ကဲ့သို့မဟုတ်။ အလှူကျေးဇူးကဲ့သို့ အသင့်ရှိစေခြင်းငှါ၊ ညီအစ်ကိုတို့သည် သင်တို့ဆီသို့အရင်သွားစေ၍ ထို အလှူကျေးဇူးကို အရင်ပြည့်စုံစေခြင်းငှါ၊ ငါသည် မတိုက်တွန်းဘဲ မနေကောင်းဟုသဘောရှိ၏။
ataḥ prāk pratijñātaṁ yuṣmākaṁ dānaṁ yat sañcitaṁ bhavēt tacca yad grāhakatāyāḥ phalam abhūtvā dānaśīlatāyā ēva phalaṁ bhavēt tadarthaṁ mamāgrē gamanāya tatsañcayanāya ca tān bhrātr̥n ādēṣṭumahaṁ prayōjanam amanyē|
6 အနည်းငယ်သောမျိုးစေ့ကိုကြဲသောသူသည် စပါးအနည်းငယ်သာရိတ်ရမည်။ များစွာကြဲသောသူသည် များစွာရိတ်ရမည်ဟု မှတ်ကြလော့။
aparamapi vyāharāmi kēnacit kṣudrabhāvēna bījēṣūptēṣu svalpāni śasyāni karttiṣyantē, kiñca kēnacid bahudabhavēna bījēṣūptēṣu bahūni śasyāni karttiṣyantē|
7 လူတိုင်း ကိုယ်အလိုအလျှောက်လှူရ၏။ နှမြောသောစိတ်နှင့် မလှူရ၊ မလှူဘဲ မနေရဟု စိတ်ထင်နှင့် မလှူရ၊ အကြောင်းမူကား၊ စေတနာစိတ်နှင့်လှူသော သူကိုသာ ဘုရားသခင်နှစ်သက်တော်မူ၏။
ēkaikēna svamanasi yathā niścīyatē tathaiva dīyatāṁ kēnāpi kātarēṇa bhītēna vā na dīyatāṁ yata īśvarō hr̥ṣṭamānasē dātari prīyatē|
8 ကျမ်းစာလာသည်ကား၊ သူသည်စွန့်ကြဲပြီ၊ ဆင်းရဲသောသူတို့အား ပေးကမ်းပြီ။
aparam īśvarō yuṣmān prati sarvvavidhaṁ bahupradaṁ prasādaṁ prakāśayitum arhati tēna yūyaṁ sarvvaviṣayē yathēṣṭaṁ prāpya sarvvēṇa satkarmmaṇā bahuphalavantō bhaviṣyatha|
9 သူ၏ဖြောင့်မတ်ခြင်းသည် အစဉ်အမြဲတည်တတ်၏ဟုလာသည်နှင့်အညီ၊ သင်တို့သည်အရာရာ၌ သုံးလောက်သောဥစ္စာအမျိုးမျိုးနှင့် အစဉ်ရှိ၍၊ ကောင်းသော အကျင့်အမျိုးမျိုးနှင့်ထူးသဖြင့်ပြည့်စုံမည် အကြောင်း၊ အမျိုးစုံသောမင်္ဂလာကျေးဇူးနှင့် အထူးသဖြင့် ပြည့်စုံစေခြင်းငှါ ဘုရားသခင်တတ်နိုင်တော်မူ၏။ (aiōn g165)
ētasmin likhitamāstē, yathā, vyayatē sa janō rāyaṁ durgatēbhyō dadāti ca| nityasthāyī ca taddharmmaḥ (aiōn g165)
10 ၁၀ မျိုးစေ့ကြဲသော သူအားမျိုးစေ့ကို၎င်း၊ အစာအဟာရကို၎င်း၊ ပေးတော်မူသောသူသည်၊ သင်တို့အား မျိုးစေ့ကို ပေး၍ ပွါးများစေတော်မူမည်။ သင်တို့၏ ဖြောင့်မတ်ခြင်းကိုလည်း ကြွယ်ဝစေတော်မူမည်။
bījaṁ bhējanīyam annañca vaptrē yēna viśrāṇyatē sa yuṣmabhyam api bījaṁ viśrāṇya bahulīkariṣyati yuṣmākaṁ dharmmaphalāni varddhayiṣyati ca|
11 ၁၁ ထိုသို့သင်တိုသည် စေတနာစိတ်နှင့် အမျိုးမျိုးသောစွန့်ကြဲပေးကမ်းခြင်းအလို့ငှါ အရာရာ၌ကြွယ်ဝခြင်း ရှိသည်ဖြစ်၍၊ ငါတို့အားဖြင့် ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းစရာအကြောင်းရှိလိမ့်မည်။
tēna sarvvaviṣayē sadhanībhūtai ryuṣmābhiḥ sarvvaviṣayē dānaśīlatāyāṁ prakāśitāyām asmābhirīśvarasya dhanyavādaḥ sādhayiṣyatē|
12 ၁၂ အဘယ်သို့နည်းဟူမူကား၊ ဤလုပ်ကျွေးခြင်းအမှုသည် သန့်ရှင်းသူတို့၏ ဆင်းရဲခြင်းကို မစသည် သာမက၊ ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းစရာ အကြောင်းအများနှင် ပြည့်စုံလျက်ရှိ၏။
ētayōpakārasēvayā pavitralōkānām arthābhāvasya pratīkārō jāyata iti kēvalaṁ nahi kintvīścarasya dhanyavādō'pi bāhulyēnōtpādyatē|
13 ၁၃ သင်တို့သည်ခရစ်တော်၏ ဧဝံဂေလိတရား အလိုသို့ ထင်ရှားစွာ လိုက်ခြင်းအလိုကို၎င်း၊ ထိုသန့်ရှင်းသူ တို့မှစသော လူအပေါင်းတို့အား ကြည်ညိုသော စေတနာစိတ်နှင့် စွန်ကြဲပေးကမ်းခြင်းအရာကို၎င်း၊ သူတို့သည် အောက်မေ့သောအခါ၊ ဤလုပ်ကျွေးခြင်းအမှု၏ လက္ခဏာ သက်သေကိုထောက်၍ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းတတ်ကြ၏။
yata ētasmād upakārakaraṇād yuṣmākaṁ parīkṣitatvaṁ buddhvā bahubhiḥ khrīṣṭasusaṁvādāṅgīkaraṇē yuṣmākam ājñāgrāhitvāt tadbhāgitvē ca tān aparāṁśca prati yuṣmākaṁ dātr̥tvād īśvarasya dhanyavādaḥ kāriṣyatē,
14 ၁၄ သင်တို့၌ ထူးမြတ်သောဘုရားသခင်၏ ကျေးဇူးတော်ကိုလည်း သူတို့သည်ထောက်လျှင်၊ သင်တို့အဘို့ အလိုငှါဆုတောင်း၍၊ အလွန်ချစ်ခင်မြတ်နိုးခြင်းစိတ် ရှိကြ၏။
yuṣmadarthaṁ prārthanāṁ kr̥tvā ca yuṣmāsvīśvarasya gariṣṭhānugrahād yuṣmāsu taiḥ prēma kāriṣyatē|
15 ၁၅ ပြော၍မကုန်နိုင်သော ဘုရားသခင်၏ ဆုကျေးဇူးတော်ကို အောက်မေ့၍ ချီးမွမ်းခြင်းရှိစေသတည်း။
aparam īśvarasyānirvvacanīyadānāt sa dhanyō bhūyāt|

< ၂ ကောရိန္သု 9 >