< ၂ ကောရိန္သု 10 >

1 သင်တို့၏မျက်မှောက်၌နှိမ့်ချခြင်း၊ မျက်ကွယ်၌ သင်တို့ အမှုကိုစီရင်၍ ရဲရင့်ခြင်းရှိသော ငါပေါလုသည်၊ ခရစ်တော်၏နူးညံ့သိမ်မွေ့ဖြည်းညှင်းတော်မူခြင်းကို အကြောင်းပြ၍ သင်တို့ကိုတောင်းပန်ပါ၏။
我保祿──就是那在你們中面對面時就謙卑,不在的時候就對你們膽大的──親自藉基督的溫良和良善勸告你們,
2 ငါတို့သည်ဇာတိပကတိအလိုသို့လိုက်၍ ကျင့်သောသူဖြစ်ကြသည်ဟု ထင်မှတ်သောသူတို့အား၊ ငါကြံစည်သောရဲရင့်ခြင်းအတိုင်း သင်တို့ဆီသို့ရောက်လာသောအခါ၊ ထိုမျှလောက်ရဲရင့်ခြင်းမရှိမည်အကြောင်း ငါတောင်းပန်ပါ၏။
甚至求你們,不要叫我到你們那裏時,因果決而大了膽──這種果決,本來是我決意要對付那些,以我們為按照血肉而行事的人的──
3 အဘယ်ကြောင့်နည်းဟူမူကား၊ ငါတို့သည် လူဇာတိ၌ ကျင်လည်သော်လည်း၊ ဇာတိပကတိအလိုသို့ လိုက်၍ စစ်တိုက်ကြသည်မဟုတ်။
我們固然是在血肉中行事,卻不是按照血肉而交戰,
4 ငါတို့စစ်တိုက်၍သုံးစွဲသော လက်နက်သည် ဇာတိပကတိလက်နက်မဟုတ်။ ဘုရားသခင်၏ တန်ခိုး တော်အားဖြင့် မြို့ရိုးမြို့ပြတို့ကို ဖြိုဖျက်နိုင်သော လက်နက်ဖြစ်၏။
因為我們作戰的武器,不是屬於血肉的,而是憑天主有力的武器,足以攻破堅固的堡壘:攻破敵人詭計,
5 ထိုလက်နက်အားဖြင့် လူတို့၏အကြံအစည်တို့ကို၎င်း၊ ဘုရားသခင်ကိုသိသောပညာကို တားဆီးသော မာန်မာနရှိသမျှတို့ကို၎င်း၊ နှိမ့်ချမှောက်လှန်၍၊ ခပ်သိမ်းသောစိတ်တို့ကို ဘမ်းသွားချုပ်ထားလျက်၊ ခရစ်တော်၏ စကားကို နားထောင်စေကြ၏။
以及一切為反對天主的智識所樹立的高塞,並擄獲一切人的心意,使之基督;
6 သင်တို့၏နားထောင်ခြင်းအမှုသည် ပြည့်စုံပြီးမှ၊ နားမထောင်ဘဲနေသော သူအပေါင်းတို့ကို ဒဏ်ပေးခြင်းငှါ ငါတို့သည် အသင့်ရှိကြ၏။
並且我們已準備停當,及至你們完全a寺,來懲罰一切的不服從。
7 မျက်နှာကိုသာ ကြည့်မှတ်ကြသလော့။ အကြင်သူက၊ ငါသည်ခရစ်တော်၏လူဖြစ်သည်ဟု မိမိ၌ စွဲလမ်း ခြင်းရှိ၏၊ ထိုသူသည် ခရစ်တော်၏လူဖြစ်သကဲ့သို့၊ ငါတို့ သည်လည်း ခရစ်တော်၏ လူဖြစ်ကြောင်းကို တဖန် အလိုအလျောက် ဆင်ခြင်သိမှတ်စေ။
你們看看擺在眼前的事實罷! 如果自信是屬於基督的,他自己該再想想:他怎樣屬於基督,我們也怎樣是;
8 သင်တို့ကို ပယ်ရှင်းဖျက်ဆီးခြင်းအလိုငှါမဟုတ်။ တည်ဆောက်ခြင်း အလိုငှါ သခင်ဘုရားသည် ငါတို့၌ အပ်ပေးတော်မူသော တန်ခိုးကို ငါသည်သာ၍ ဝါကြွားသော်လည်း၊ ရှက်ကြောက်စရာအကြောင်းမရှိ၊
因為既便我對我們的權柄有一點過份的誇耀──這權柄是由主所賜與,為建樹,而不是為破壞你們的──我也不羞愧,
9 ငါရေး၍ပေးလိုက်သောစာအားဖြင့်သာ သင်တို့ကို ခြိမ်းချောက်သကဲ့သို့ ငါမပြုလို။
免得有人以為我好像只會藉著書信來恐嚇你們。
10 ၁၀ အကြောင်းမူကား၊ ထိုသူ၏ စာသည် လေးလံသောစာ၊ တန်ခိုးနှင့် ပြည့်စုံသောစာဖြစ်၏။ ကိုယ်တိုင် ရှိလျှင်မူကား၊ သတ္တိမရှိသောသူ၊ အချည်းနှီးသော စကားကို ပြောသောသူဖြစ်သည်ဟုဆိုတတ်သောသူရှိ၏။
因為有人說:「他的書信的確嚴厲而又強硬,但他本人在時卻軟弱無能,言語又空洞可輕。」
11 ၁၁ ငါတို့သည်ကိုယ်တိုင်မရှိ၍ စာ၌ပါသော စကားအားဖြင့်ဖြစ်သကဲ့သို့၊ ကိုယ်တိုင်မျက်မှောက် ရှိသောအခါ အမှုအားဖြင့် ဖြစ်လိမ့်မည်ဟု ထိုသူသည် ဆင်ခြင်သိမှတ်စေ။
這樣的人該想一想,我們不在的時候,寫信時在言語上是怎樣,我們來到的時候,在行事上也必是這樣。
12 ၁၂ ကိုယ်ကိုကိုယ်ချီးမွမ်းသော သူတို့နှင့် ရေတွက်ဝင်ခြင်းကို၎င်း၊ ပြိုင်နှိုင်းခြင်းကို၎င်း၊ ငါတို့မပြုဝံ့။ ထိုသူတို့သည် အချင်းချင်းတယောက်နှင့် တယောက်ခိုင်နှိုင်းခြင်း၊ ပြိုင်နှိုင်းခြင်းတို့ကိုပြု၍ ပညာမဲ့ဖြစ်ကြ၏။
其實;我們不敢拿自己與某些舉薦自己的人同例或相比:他們是以自己來度量自己,以自己來跟自己相比,這決不是明智。
13 ၁၃ ထိုမှတပါး၊ ကိုယ်ငန်းကိုယ်တာကို လွန်ကျူး၍ ပြုသောအမှုအရာကို ငါတို့ကြွားဝါခြင်းမရှိဝံ့၊ ဘုရားသခင် ဝေငှတော်မူသောအငန်းအတာ၏ အတိုင်းအရှည် အတွင်းတွင်ပြုသော အရာကိုသာ ဝါကြွားခြင်းရှိဝံ့၏။ ထိုအတိုင်းအရှည်သည် သင်သို့တိုင်အောင်ပင်မှီ သတည်း။
我們誇耀決不越過範圍,而只是按照天主所指給我們的界限範圍,照這範圍也一直達到你們那裏。
14 ၁၄ သင်တို့တိုင်အောင်မမှီလျှင်၊ ငါတို့သည် လွန်ကျူး၍ ပြုကြသည်မဟုတ်။ အကြောင်းမူကား၊ ခရစ်တော်၏ ဧဝံဂေလိတရားကိုဟောပြော၍၊ သင်တို့ရှိရာသို့ တိုင်အောင် ရောက်ကြပြီ။
我們並沒有過於伸展自己,好像從沒有到達你們那裏似的,其實,是我們先帶著基督的福音,到了你們那裏的;
15 ၁၅ ငါတို့သည် ကိုယ်ငန်းကိုယ်တာကိုလွန်ကျူး၍၊ သူတပါးအလုပ်ထဲသို့ဝင်ခြင်းကြောင့် ဝါကြွား လေ့ရှိကြသည် မဟုတ်။ ထိုသို့သူ့ငန်းသူ့တာအတွင်းတွင် ပြင်ဆင်ပြီးသော အမှုအရာကို ဝါကြွားခြင်းမရှိဘဲ၊ သင် တို့ ပြည်တဘက်သို့ကူး၍ ဧဝံဂေလိတရားကို ဟောပြောရသောအခွင့်ရှိစေခြင်းငှါ၊ သင်တို့ယုံကြည်ခြင်း ပါရမီ ရင့်ပြီမှ၊ ငါတို့၏အငန်းအတာသည် အလွန်ကျယ်ဝန်းမည်ဟု မြော်လင့်ခြင်းရှိ၏။
我們共並沒有越過了範圍,以別人勞苦而誇耀;我們只希望因著你們信德的長進,在你們中按照指給我們的界限越發開展,
16 ၁၆
以致將福音傳到你們以外的地方,但不在別人的界限內,以別人已成的事而誇耀。
17 ၁၇ သို့ဖြစ်၍ဝါကြွားသောသူမည်သည်ကား၊ သခင်ဘုရား၌သာ ဝါကြွားစေ။
『凡要誇耀的,應當因主而誇耀。』
18 ၁၈ အကြောင်းမူကား၊ ကိုယ်ကို ကိုယ်ချီးမွမ်းသောသူသည် ဝန်ခံတော်မူသော သူဖြစ်သည်မဟုတ်။ သခင် ဘုရားချီးမွမ်းတော်မူခြင်းကို ခံရသော သူသာလျှင် ဝန်ခံတော်မူသောသူဖြစ်သတည်း။
因為不是自己舉薦自己的,那人是可取的,而是天主所舉薦的。

< ၂ ကောရိန္သု 10 >