< ၂ ရာဇဝင်ချုပ် 9 >

1 ရှေဘပြည်ကိုအစိုးရသော မိဖုရားသည် ရှောလမုန်၏ သိတင်းကိုကြားလျှင်၊ နက်နဲခက်ခဲသော ပြဿသနာအားဖြင့် သူ့ကိုစုံစမ်းခြင်းငှါ၊ နံ့သာမျိုးနှင့် များစွာသောရွှေ၊ အဘိုးထိုက်သောကျောက်တို့ကို ဆောင် သောကုလားအုပ်များ၊ လိုက်သောသူများနှင့်တကွ ယေရု ရှလင်မြို့သို့ လာ၏။
А цариця Шеви почула була́ про славу Соломонову, і прийшла ви́пробувати Соломона зага́дками в Єрусалимі. Прийшла вона з дуже великим бага́тством, — із верблю́дами, що не́сли па́хощі та бе́зліч золота й дорогого камі́ння. І прийшла вона до Соломона, і говорила з ним про все, що було́ на серці її.
2 ရှောလမုန်မင်းကြီးထံတော်သို့ ရောက်သော အခါ၊ မိမိအလိုဆန္ဒရှိသမျှကို ဆွေးနွှေးမေးမြန်းလေ၏။ သူမေးမြန်းသော ပြဿနာရှိသမျှတို့ကို ရှောလမုန်သည် ဖြေလေ၏။ နားမလည်၍မဖြေနိုင်သော အရာတစုံတခုမျှ မရှိ။
І Соломон вияснив їй усі її за́пити, і не було за́питу, незна́ного Соломонові, якого не порішив би він їй.
3 ရှေဘမိဖုရားသည် ရှောလမုန်၏ ပညာကို၎င်း၊ တည်ဆောက်သော အိမ်တော်ကို၎င်း၊
І побачила цариця Шеви всю Соломонову мудрість та дім, що він збудува́в,
4 စားပွဲတော်တန်ဆာကို၎င်း၊ အမှုတော်စောင့်တို့နေရာ ထိုင်ရာကို၎င်း၊ လုလင်တို့ခစားသည် အခြင်းအရာကို၎င်း၊ သူတို့ဝတ်သော အဝတ်တန်ဆာကို၎င်း၊ ဝန်စာရေးများ နှင့် သူတို့ဝတ်သောအဝတ်တန်ဆာကို၎င်း၊ ထာဝရ ဘုရား၏ အိမ်တော်၌မီးရှို့ရာ ယဇ်ပူဇော်ခြင်းကို၎င်း မြင်သောအခါ မိန်းမောတွေဝေလျက်ရှိ၍၊
і їжу сто́лу його, і ме́шкання рабів його, і поставу слуг його та їхні одежі, і ча́шників його, та їхні одежі, і вхід його, яким він ухо́дить до Господнього дому, — і не могла вона з дива вийти!
5 ကိုယ်တော်၏ အခြင်းအရာနှင့် ကိုယ်တော်၏ ပညာကို အကျွန်ုပ်သည် ကိုယ်ပြည်၌ကြားရသော သိတင်းစကား မှန်ပါ၏။
І сказала вона до царя: „Правдою було те, що я чула в своїм кра́ї про твої діла та про твою мудрість.
6 သို့သော်လည်း ကိုယ်တိုင်ရောက်၍ မမြင်မှီ ထိုစကားကိုမယုံ။ ယခုမူကား၊ ကိုယ်တော်ပညာကျယ်ခြင်း အရာမှာ၊ အရင်ကြားရသော စကားသည် တဝက်ကိုမျှမမှီ။ အကျွန်ုပ် ကြားရသော သိတင်းကို ကိုယ်တော် လွန်ကဲပါ၏။
І не повірила я їхнім слова́м, аж поки сама́ не прийшла та не побачили мої очі, — і ось не була́ предста́влена мені й половина великости твоєї мудрости: ти переви́щив славу, про яку я чула!
7 ရှေ့တော်၌အစဉ်နေ၍ ပညာတော်ကို ကြားရ သော ကိုယ်တော် ၏လူနှင့် ကိုယ်တော်၏ကျွန်တို့သည် မင်္ဂလာရှိကြပါ၏။
Щасливі люди твої, і щасливі оці твої слу́ги, що за́вжди стоять перед обличчям твоїм та слухають твою мудрість!
8 ကိုယ်တော်ကိုနှစ်သက်၍ ကိုယ်တော်၏ ဘုရား သခင် ထာဝရဘုရား ကိုယ်စားတော်ရှင်ဘုရင်နှင့် ရာဇ ပလ္လင်တော်ပေါ်မှာ တင်တော်မူသော ကိုယ်တော်၏ ဘုရားသခင် ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေ သတည်း။ ကိုယ်တော်၏ဘုရားသခင်သည် ဣသရေလ အမျိုးကို ချစ်၍ အစဉ်အမြဲတည်စေချင်သောကြောင့်၊ ဖြောင့်မတ်စွာ တရားစီရင်စေခြင်းငှါ ကိုယ်တော်ကို ဣသရေလရှင်ဘုရင်အရာ၌ ခန့်ထားတော်မူပြီဟု ရှင်ဘုရင်အား ပြောဆို၍၊
Нехай буде благослове́нний Госпо́дь, Бог твій, що вподо́бав тебе́, щоб посадити тебе́ на Свого тро́на за царя у Го́спода, Бога твого, через любов Бога твого до Ізра́їля, щоб утверди́ти його навіки. І Він настанови́в тебе над ними царем, щоб чинити право та справедливість!“
9 ရွှေအခွက်တရာနှစ်ဆယ်၊ နံ့သာမျိုးအများ၊ ကျောက်မြတ်တို့ကို ဆက်လေ၏။ ရှေဘမိဖုရားသည် ရှောလမုန်မင်းကြီးအားဆက်သော နံ့သာမျိုးနှင့် တူသော နံ့သာမျိုးသည် မရှိ။
І дала́ вона царе́ві сто й двадцять талантів золота, і дуже багато па́хощів та дороге́ камі́ння. І більш уже не було таких па́хощів, як ті, що цариця Шеви дала́ царе́ві Соломо́нові!
10 ၁၀ ဩဖိရမြို့မှ ရွှေကိုဆောင်ခဲ့သော ဟိရံကျွန်နှင့် ရှောလမုန်ကျွန်တို့သည်၊ အာလဂုံသစ်သားများ၊ ကျောက် မြတ်များတို့ကိုလည်း ဆောင်ခဲ့ကြ၏။
І також Хура́мові раби та раби Соломонові, що дово́зили золото з Офіру, спрова́джували алму́ґове дерево та дороге́ камі́ння.
11 ၁၁ ထိုအာလဂုံသစ်သားဖြင့် ရှင်ဘုရင်သည် ဗိမာန် တော် ပွတ်လုံးတန်းနှင့် နန်းတော်ပွတ်လုံးတန်းကို၎င်း၊ သီချင်းဆိုသောသူဘို့ စောင်းနှင့်တယောတို့ကို၎င်း၊ လုပ်လေ၏။ ထိုသို့သော အာလဂုံသစ်သားသည် ယုဒပြည် ၌ တခါမျှ မပေါ်လာ။
І пороби́в цар з алмуґового де́рева схо́ди для Господнього дому та для дому царсько́го, і гу́сла, і а́рфи для співакі́в. І такі речі, як вони, не ба́чені перед тим в юдейському Кра́ї!
12 ၁၂ ရှောလမုန်မင်းကြီးသည် ရှေဘမိဖုရား ဆက် သည်အတွက် ပြန်ပေးသာလက်ဆောင်မှတပါး၊ မိဖုရား၏ အလိုဆန္ဒပြည့်စုံစေခြင်းငှါ သူတောင်းသမျှကိုလည်း ပေးတော်မူ၏။ ထိုနောက်မှ မိဖုရားသည် မိမိကျွန်တို့နှင့် တကွ မိမိပြည်သို့ပြန်သွားလေ၏။
А цар Соломон дав цариці Шеви все бажа́ння її, чого вона бажа́ла, окрім такого, що вона приве́зла до царя. І пішла вона назад до свого кра́ю, вона та слу́ги її.
13 ၁၃ ရှေလမုန်ထံသို့ တနှစ်တနှစ်လျှင် ရောက်သော ရွှေချိန်ကား အခွက်ခြောက်ရာ ခြောက်ဆယ်ခြောက် ပိဿာဖြစ်သတည်း။
І була вага того золота, що прихо́дило для Соломона в одно́му році, шість сотень і шістдеся́т і шість талантів золота,
14 ၁၄ ထိုမှတပါး၊ ကုန်သည်များ၊ လှည်းသမားများ၊ အာရပ်မင်းကြီးရှိသမျှ။ မြို့ဝန်များဆက်သော ရွှေရှိသေး ၏။
окрім того, що прихо́дило від купців та з торго́влі ходя́чих. І всі царі ара́бські та намі́сники Кра́ю дово́зили золото й срібло Соломо́нові.
15 ၁၅ ရှေလမုန်မင်းကြီးသည် ရွှေခြောက်ပိဿာစီဖြင့် ဒိုင်းနှစ်ရာ၊
І зробив цар Соломон дві сотні великих щитів із кутого золота, — шість сотень шеклів кутого золота йшло на одно́го щита,
16 ၁၆ သုံးပိဿာစီဖြင့် ဒိုင်းငယ်သုံးရာတို့ကို ထုလုပ်၍၊ လေဗနုန်တောသစ်သားနှင့် တည်ဆောက်သော နန်း တော်၌ ထားတော်မူ၏။
та три сотні щитів менших із кутого золота, — три сотні шеклів золота йшло на одно́го щита. І цар віддав їх до дому Ливанського Лісу.
17 ၁၇ ရှင်ဘုရင်သည်လည်း ဆင်စွယ်ရာဇပလ္လင်ကြီး ကို လုပ်၍ ရွှေစင်နှင့်မွမ်းမံလေ၏။
І зробив цар великого тро́на зо слоно́вої кости, і покрив його чистим золотом.
18 ၁၈ လှေကားခြောက်ထစ်နှင့် ရွှေဘိနပ်သည် ရာဇ ပလ္လင်တော်နှင့် တဆက်တည်းရှိ၏။ ထိုင်ရာတဘက် တချက်၌ မှီစရာလက်ရုံးတန်းနှင့် ပြည့်စုံ၍။ လက်ရုံးတန်း အနားမှာ ခြင်္သေ့နှစ်ကောင်ရပ်နေ၏။
У тро́на було шість схі́дців та підні́жжя з золота позад трону, та пору́ччя з цього й з того боку при місці сиді́ння, та два леви, що стояли при пору́ччях.
19 ၁၉ လှေကားခြောက်ထစ်အပေါ်တွင်၊ တဘက်တချက် ၌လည်း ခြင်္သေ့တဆယ်နှစ်ကောင်ရပ်နေ၏။ ထိုသို့သော ရာဇပလ္လင်သည် အဘယ်တိုင်းနိုင်ငံ၌မျှမရှိ။
І дванадцять левів стояли там на шости ступеня́х з того й з того боку. По всіх царствах не було так зро́бленого!
20 ၂၀ ရှေလမုန်မင်းကြီးသောက်သော ဖလားတော် ရှိသမျှနှင့် လေဗနုန်နန်းတော်၌ သုံးသောဖလားတော် ရှိသမျှတို့သည် ငွေဖလားမဟုတ်၊ ရွှေဖလားသက်သက် ဖြစ်၏။ ရှောလမုန်လက်ထက်၌ ငွေကို အလျှင်းပမာဏ မပြုတတ်ကြ။
І ввесь по́суд на пиття́ царя Соломона — золото, і всі речі дому Ливанського Лісу — щире золото, нічого з срібла, — воно за Соломонових днів не рахувалося за щось.
21 ၂၁ ရှင်ဘုရင်၏သင်္ဘောသည် ဟိရံမင်းကျွန်တို့နှင့် တာရှုမြို့သို့သွားတတ်သဖြင့်၊ သုံးနှစ်တခါ တာရှုသင်္ဘော သည် ပြန်လာ၍ ရွှေ၊ ငွေ၊ ဆင်စွယ်မျောက်များ၊ ဒေါင်းများကို ဆောင်ခဲ့၏။
Бо царе́ві кораблі ходили до Таршішу з Хурамовими рабами. Раз на три роки прихо́дили таршіські кораблі, що дово́зили золото та срібло, слоно́ву кість, і ма́вп та па́в.
22 ၂၂ ထိုသို့ရှောလမုန်သည် မြေကြီးပေါ်မှာရှိသမျှ သော ရှင်ဘုရင်တို့ထက် ပညာနှင့် စည်းစိမ်အားဖြင့် လွန်ကဲ၏။
І став цар Соломон найбільшим від усіх зе́мних царів, щодо багатства та щодо мудрости.
23 ၂၃ ရှောလမုန်၏ နှလုံး၌ဘုရားသခင်သွင်းပေး တော်မူသော ပညာကို အတိုင်းတိုင်းအပြည်ပြည် ရှင်ဘုရင်တို့သည် ကြားရအံ့သောငှါ၊ မျက်နှာတော်ကို ဖူးလာကြ၏။
І всі земні царі хотіли бачити Соломона, щоб послу́хати його мудрости, що Бог дав у його серце.
24 ၂၄ လာသောသူအသီးအသီးတို့သည် ရွှေဖလား၊ ငွေဖလား၊ အဝတ်တန်ဆာ၊ စစ်တိုက်လက်နက်၊ နံ့သာမျိုး၊ မြင်းလားတို့ကို နှစ်တိုင်းအခွန်ဆက်ရကြ၏။
І вони прино́сили кожен свого да́ра, — речі срібні та речі золоті, й одежу, збро́ю та па́хощі, коні та мули, — що́ на рік припада́ло.
25 ၂၅ ရှောလမုန်သည်လည်း၊ ရထားတော်များနှင့် ထိုင်သောမြင်းတင်းကုပ်လေးထောင်၊ မြင်းစီးသူရဲ တသောင်းနှစ်ထောင်ရှိ၏။ ရထားထိန်းမြို့တို့၌၎င်း၊ ယေရုရှလင်မြို့ အထံတော်၌၎င်း ထား၏။
І було в Соломона чотири тисячі кі́нських жо́лобів та колесни́ць, і дванадцять тисяч верхівці́в, і він порозмі́щував їх по колесни́чних містах та при царі в Єрусалимі.
26 ၂၆ မြစ်ကြီးမှ စ၍ဖိလိတ္တိပြည်နှင့် အဲဂုတ္တုပြည်စွန်း တိုင်အောင် ရှိသောရှင်ဘုရင်အပေါင်းတို့ကို အစိုးရ၏။
І він панував над усіма́ царями від Річки й аж до кра́ю филисти́млян, і аж до єгипетської границі.
27 ၂၇ ရှင်ဘုရင်သည် ယေရုရှလင်မြို့၌ငွေကို ကျောက် ခဲကဲ့သို့၎င်း၊ အာရဇ်ပင်တို့ကို လွင်ပြင်၌ပေါက်သော သဖန်းပင်ကဲ့သို့၎င်း များပြားစေ၏။
І Соломон наскладав в Єрусалимі срібла, мов того камі́ння, а кедрів наскладав, щодо числе́нности, як сикомо́ри, що в Шефелі!
28 ၂၈ ရှောလမုန်ထံသို့ မြင်းများကို အဲဂုတ္တပြည်အစ ရှိသော ခပ်သိမ်းသော ပြည်မှ ဆောင်ခဲ့ကြ၏။
А ко́ней приво́дили Соломонові з Єгипту та з усіх країв.
29 ၂၉ ရှောလမုန်ပြုမူသော အမှုအရာကြွင်းလေသမျှ အစဆုံးတို့သည်၊ ပရောဖက်နာသန်၏ကျမ်း၊ ရှိလောမြို့ သား အဟိယ၏အနာဂတ္တိကျမ်း၊ နေဗတ်သား ယေရော ဗောင်တဘက်၌ ပရောဖက်ဣဒ္ဒေါ၏ ဗျာဒိတ်ကျမ်း၌ ရေးထားလျက်ရှိ၏။
А решта Соломонових діл, перших та останніх, — ото вони описані в історії пророка Натана, і в пророцтві шілонянина Ахійї, і в виді́ннях прозорли́вця Єді на Єровоама, Неватового сина.
30 ၃၀ ရှောလမုန်သည် ယေရုရှလင်မြို့က၌ နေ၍ ဣသ ရေလနိုင်ငံလုံးကို အနှစ်လေးဆယ်စိုးစံပြီးမှ၊
І царював Соломон в Єрусалимі над усім Ізраїлем сорок літ.
31 ၃၁ ဘိုးဘေးတို့နှင့် အိပ်ပျော်၍ခမည်းတော် ဒါဝိဒ် မြို့၌ သင်္ဂြိဟ်ခြင်းကို ခံလေ၏။ သားတော် ရောဗောင် သည် ခမည်းတော်အရာ၌ နန်းထိုင်၏။
І спочив Соломон зо своїми батька́ми, і поховали його в Місті Давида, батька його, а замість нього зацарював син його Рехав'ам.

< ၂ ရာဇဝင်ချုပ် 9 >