< ၂ ရာဇဝင်ချုပ် 7 >

1 ထိုသို့ ရှောလမုန်သည်ပဌနာပြု၍ ပြီးသော အခါ၊ ကောင်းကင်က မီးကျ၍ မီးရှို့ရာယဇ်အစရှိသော ယဇ်မျိုးကို လောင်သဖြင့်၊ အိမ်တော်သည် ထာဝရဘုရား ၏ ဘုန်းတော်နှင့်ပြည့်၏။
Süleyman duasını bitirince, gökten ateş yağdı; yakmalık sunularla kurbanları yiyip bitirdi. RAB'bin görkemi tapınağı doldurdu.
2 ထာဝရဘုရား၏အိမ်တော်သည် ဘုန်းတော်နှင့် ပြည့်သောကြောင့်၊ ယဇ်ပုရောဟိတ်တို့သည် ထာဝရ ဘုရား၏ အိမ်တော်ထဲသို့ မဝင်နိုင်ကြ။
RAB'bin Tapınağı O'nun görkemiyle dolunca kâhinler tapınağa giremediler.
3 ထိုသို့မီးကျ၍ ထာဝရဘုရား၏ ဘုန်းတော်သည် အိမ်တော်ပေါ်မှာ သက်ရောက်သည်ကို ဣသရေလ အမျိုးသားအပေါင်းတို့သည် မြင်လျှင်၊ ကျောက်ခင်းအရပ် ၌ မြေပေါ်မှာ ဦးချပြပ်ဝပ်လျက် ကောင်းမြတ်တော်မူ သည်၊ ကရုဏာတော်အစဉ်အမြဲတည်သည်ဟု ထာဝရ ဘုရားကို ကိုးကွယ်၍ ဂုဏ်တော်ကို ချီးမွမ်းကြ၏။
Gökten yağan ateşi ve tapınağın üzerindeki RAB'bin görkemini gören İsrailliler avluda yüzüstü yere kapandılar; RAB'be tapınarak O'nu övdüler: “RAB iyidir; Sevgisi sonsuza dek kalıcıdır.”
4 ထိုအခါ ရှောလမုန် မင်းကြီးနှင့်တကွ လူ အပေါင်းတို့သည် ထာဝရဘုရားရှေ့တော်၌ ယဇ်ပူဇော် ကြ၏။
Kral ve bütün halk RAB'bin önünde kurban kestiler.
5 နွားနှစ်သောင်းနှစ်ထောင်၊ သိုးတသိန်း နှစ်သောင်းတို့ကို ယဇ်ပူဇော်သဖြင့်၊ ဘုရားသခင်၏ အိမ်တော်ကို အနုမောဒနာပြုကြ၏။
Kral Süleyman yirmi iki bin sığır, yüz yirmi bin davar kurban etti. Böylece kral ve halk Tanrı'nın Tapınağı'nı adamış oldular.
6 ယဇ်ပုရောဟိတ်တို့သည် မိမိတို့အမှုကို ဆောင် ရွက်ကြ၏။ လေဝိသားတို့သည် ထာဝရဘုရား၏ ကရုဏာတော် အစဉ်အမြဲတည်သောကြောင့်၊ ထာဝရ ဘုရား၏ ဂုဏ်တော်ကိုချီးမွမ်းစရာဘို့ ဒါဝိဒ်မင်းကြီး စီရင်သော တုရိယာမျိုးကို တီးမှုတ်လျက် ဒါဝိဒ်၏ ဆာလံ သီချင်းကို ဆိုကြ၏။ ယဇ်ပုရောဟိတ်တို့သည်လည်း တံပိုး မှုတ်၍ ဣသရေလအမျိုးသားအပေါင်းတို့သည် မတ်တတ်နေကြ၏။
Kâhinler yerlerini almışlardı. Kral Davut'un RAB'bi övmek için yaptırdığı ve “RAB'bin sevgisi sonsuza dek kalıcıdır” diyerek överken kullandığı çalgıları alan Levililer de yerlerini almıştı. Levililer'in karşısında duran kâhinler borazanlarını çalıyorlardı. Bu sırada bütün İsrailliler ayakta duruyordu.
7 ရှောလမုန်သည်လည်း၊ ထာဝရဘုရား၏ အိမ် တော်ရှေ့မှာရှိသော တန်တိုင်းအတွင်း အရပ်ကို သန့်ရှင်း စေ၍၊ ထိုအရပ်၌ မီးရှို့ရာယဇ်နှင့် မိဿဟာယယဇ် ကောင်ဆီဥကိုပူဇော်၏။ အကြောင်းမူကား၊ အရင် လုပ်သောကြေးဝါယဇ်ပလ္လင်သည် မီးရှို့ရာယဇ်၊ ဘောဇဉ် ပူဇော်သက္ကာ၊ ယဇ်ကောင်ဆီဥကို မခံလောက်။
Süleyman RAB'bin Tapınağı'nın önündeki avlunun orta kısmını kutsadı. Yakmalık sunularla esenlik sunularının yağlı parçalarını orada sundu. Çünkü yaptırdığı tunç sunak yakmalık sunuları, tahıl sunularını ve yağlı parçaları almadı.
8 ထိုအခါရှောလမုန်သည် အလွန်များစွာသော ပရိသတ်တည်းဟူသော ဟာမတ်မြို့ဝင်ဝမှ စ၍အဲဂုတ္တု မြစ်တိုင်အောင် အနှံ့အပြား အရပ်ရပ်ကလာကြသော ဣသရေလအမျိုးသားအပေါင်းတို့နှင့်တကွ ခုနစ်ရက် ပတ်လုံး ပွဲခံတော်မူ၏။
Süleyman, Levo-Hamat'tan Mısır Vadisi'ne kadar her yerden gelen İsrailliler'in oluşturduğu çok büyük bir toplulukla birlikte bayramı yedi gün kutladı.
9 အဋ္ဌမ နေ့ရက်၌ ဓမ္မစည်းဝေးခြင်းကို ပြုကြ၏။ ခုနစ်ရက်ပတ်လုံး ယဇ်ပလ္လင်ကိုအနုမောဒနာပြုပြီးမှ၊ နောက်တဖန်ခုနစ်ရက်ပတ်လုံး ပွဲခံကြ၏။
Sekizinci gün kutsal bir toplantı yaptılar. Sunağı adamaya yedi gün, bayramı kutlamaya da yedi gün ayırdılar.
10 ၁၀ ထာဝရဘုရားသည် ဒါဝိဒ်နှင့် ရှောလမုန်မှ စသော မိမိလူဣသရေလအမျိုးသားတို့၌ ပြုတော်မူသမျှ သော ကျေးဇူးတော်ကြောင့် ဝမ်းမြောက်ရွှင်လန်းလျက်၊ လူများတို့သည် မိမိတို့နေရာသို့ ပြန်သွားကြမည် အကြောင်း၊ သတ္တမလ နှစ်ဆယ်သုံးရက်နေ့တွင် လွှတ် လိုက်တော်မူ၏။
Kral yedinci ayın yirmi üçüncü günü halkı evlerine gönderdi. RAB'bin, Davut, Süleyman ve halkı İsrail için yapmış olduğu iyilikten dolayı hepsi mutluydu, sevinçle coşuyordu.
11 ၁၁ ရှောလမုန်သည် ဗိမာန်တော်နှင့် နန်းတော်ကို လက်စသတ်၍၊ ဗိမာန်တော်နှင့်နန်းတော်၌ လုပ်ဆောင် မည်ဟု ကြံစည်လေသမျှသော အကြံသည် အထမြောက် သောအခါ၊
Süleyman RAB'bin Tapınağı'nı, sarayı ve RAB'bin Tapınağı'yla kendi sarayında yapmayı istediği bütün işleri başarıyla bitirince,
12 ၁၂ ထာဝရဘုရားသည် ညဉ့်အချိန်တွင် ထင်ရှား တော်မူလျက်၊ သင်ပြုသောပဌနာစကားကိုငါကြားပြီ။ ဤအရပ်ဌာနကို ယဇ်ပူဇော်ရာ အိမ်ဖြစ်စေခြင်းငှါ ကိုယ်အဘို့ငါရွေးယူပြီ။
RAB geceleyin ona görünerek şöyle dedi: “Duanı duydum. Burayı kendime kurban sunulan tapınak olarak seçtim.
13 ၁၃ မိုဃ်းမရွာစေခြင်းငှါ ငါသည် မိုဃ်းခေါင်စေ သော်၎င်း၊ ကျိုင်းတို့သည် မြေအသီးအနှံကို ကိုက်စားစေ ခြင်းငှါ ငါမှာထားသော်၎င်း၊ ငါ့လူတို့ ကာလနာကိုစေလွှတ်သော်၎င်း၊
“Yağmur yağmasın diye göğü kapadığımda, toprağın ürününü yiyip bitirmesi için çekirgelere buyruk verdiğimde ya da halkımın arasına salgın hastalık gönderdiğimde,
14 ၁၄ ငါ့နာမဖြင့်သမုတ်သော ငါ့လူတို့သည် ကိုယ်ကို နှိမ့်ချသဖြင့်၊ ငါ့မျက်နှာကိုရှာလျက် ဆုတောင်းပဌနာပြု၍ အဓမ္မလမ်းကို လွှဲရှောင်လျှင် ငါသည် ကောင်းကင်ဘုံ၌ နားထောင်မည်။ သူတို့အပြစ်ကို ဖြေ၍ သူတို့ပြည်ကို ချမ်းသာပေးမည်။
adımla çağrılan halkım alçakgönüllülüğü takınır, bana yönelip dua eder, kötü yollarından dönerse, gökten onları duyacağım, günahlarını bağışlayıp ülkelerini sağlığa kavuşturacağım.
15 ၁၅ ငါကြည့်ရှုမည်။ ဤအရပ်ဌာန၌ ဆုတောင်း သော စကားကို ငါနားထောင်မည်။
Gözlerim burada edilen duaya açık, kulaklarım işitici olacak.
16 ၁၆ ငါ့နာမသည် အစဉ်တည်၍ ငါ့မျက်စိနှင့် ငါ့နှလုံးအစဉ် စွဲလမ်းစရာဘို့ ဤအိမ်ကို ငါရွေးချယ်၍ သန့်ရှင်းစေပြီ။
Adım sürekli orada bulunsun diye bu tapınağı seçip kutsal kıldım. Gözlerim onun üstünde, yüreğim her zaman orada olacaktır.
17 ၁၇ သင်သည် ငါမှာထားသမျှကို ပြု၍ ငါစီရင် ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက်ခြင်းငှါ သင့်အဘဒါဝိဒ် ကဲ့သို့ ငါ့ရှေ့မှာ ကျင့်နေလျှင်၊
Sana gelince, baban Davut'un yaptığı gibi yollarımı izler, buyurduğum her şeyi yapar, kurallarıma ve ilkelerime uyarsan,
18 ၁၈ ဣသရေလနိုင်ငံကို အုပ်စိုးရသောသင်၏အမျိုး မင်းရိုးမပြတ်ရဟု သင့်အဘဒါဝိဒ်နှင့် ငါပဋိညာဉ်ဖွဲ့သည် အတိုင်း၊ သင်ထိုင်ရသော ရာဇပလ္လင်ကို အစဉ်ငါတည် စေမည်။
baban Davut'la, ‘İsrail tahtından senin soyunun ardı arkası kesilmeyecektir’ diye yaptığım antlaşmaya bağlı kalıp krallığını pekiştireceğim.
19 ၁၉ သို့မဟုတ်သင်တို့သည် လမ်းလွဲ၍ ငါမှာထား သော စီရင်ထုံးဖွဲ့ချက်တို့ကို စွန့်ပယ်သဖြင့်၊ အခြား တပါးသော ဘုရားထံသို့သွား၍ ဝတ်ပြုကိုးကွယ်လျင်၊
“Ama siz yollarımdan sapar, kurallarımı, buyruklarımı bırakır, gidip başka ilahlara kulluk eder, taparsanız,
20 ၂၀ ငါပေးသောပြည်မှ သူတို့ကို အမြစ်နှင့်တကွ ငါနှုတ်ပစ်မည်။ ငါ့နာမအဘို့ ငါသန့်ရှင်းစေသော ဤအိမ် တော်ကို ငါ့မျက်မှောက်မှ ပယ်ရှားမည်။ တပါးအမျိုးသား တို့တွင် ပုံခိုင်းရာကဲ့ရဲ့ရာ ဖြစ်စေမည်။
size verdiğim ülkeden sizi söküp atacağım, adıma kutsal kıldığım bu tapınağı terk edeceğim; burayı bütün ulusların aşağılayıp alay ettiği bir yer durumuna getireceğim.
21 ၂၁ အရပ်မြင့်သော ဤအိမ်တော်ကိုလည်းလမ်း၌ ရှောက်သွားသော သူအပေါင်းတို့သည် အံ့ဩ၍၊ ထာဝရ ဘုရားသည် ဤပြည်နှင့် ဤအိမ်ကို အဘယ်ကြောင့် ဤသို့ပြုတော်မူသနည်းဟု တယောက်မေးမြန်းသော်၊
Bu gösterişli tapınağın önünden geçenler hayretle, ‘RAB bu ülkeyi ve tapınağı neden bu duruma getirdi?’ diye soracaklar.
22 ၂၂ တယောက်က၊ သူတို့၏ဘိုးဘေးများကို အဲဂုတ္တု ပြည်မှ နှုတ်ဆောင်သောဘုရားသခင်ထာဝရဘုရားကို သူတို့သည် စွန့်၍ အခြားတပါးသော ဘုရားကို မှီဝဲလျက် ဝတ်ပြုကိုးကွယ်ကြသောကြောင့် ဤအမှုအလုံးစုံကို ရောက်စေတော်မူကြောင်းကို ပြန်ပြောလိမ့်မည်ဟု မိန့်တော်မူ၏။
Ve diyecekler ki, ‘İsrail halkı, atalarını Mısır'dan çıkaran Tanrıları RAB'bi terk etti; başka ilahların ardından gitti, onlara tapıp kulluk etti. RAB bu yüzden bu kötülükleri başlarına getirdi.’”

< ၂ ရာဇဝင်ချုပ် 7 >