< ၂ ရာဇဝင်ချုပ် 36 >

1 ပြည်သူပြည်သားတို့သည် ယောရှိသား ယော ခတ်ကို ယူ၍၊ ယေရုရှလင်မြို့မှာ ခမည်းတော်အရာ၌ နန်းတင်ကြ၏။
А наро́д кра́ю взяв Йоаха́за, сина Йосії, і настанови́в його царем в Єрусалимі замість ба́тька його.
2 ယောခတ်သည် အသက်နှစ်ဆယ်သုံးနှစ်ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ သုံးလစိုးစံလေ၏။
Йоаха́з був віку двадцяти й трьох літ, коли він зацарював, і царював в Єрусалимі три місяці.
3 ထိုမင်းကို အဲဂုတ္တုရှင်ဘုရင်သည် ယေရုရှလင် မြို့မှာ နန်းချ၍၊ ယုဒပြည်၌ ငွေအခွက်တထောင်နှင့် ရွှေအခွက်တဆယ်ကို အခွန်တောင်းလေ၏။
I скинув його єгипетський цар в Єрусалимі, і наклав ка́ру на цей край, — сто талантів срібла та талант золота.
4 အဲဂုတ္တုရှင်ဘုရင် နေခေါသည်လည်း၊ ယောခတ် ၏ နောင်တော်ဧလျာကိမ်ကို ယုဒပြည်ယေရုရှလင်မြို့ နန်းတော်ပေါ်မှာ တင်၍။ ယောယကိမ်အမည်သစ်ကို ပေးပြီးလျှင်၊ ညီတော်ယောခတ်ကို အဲဂုတ္တုပြည်သို့ ယူသွား၏။
І єгипетський цар настанови́в царем над Юдеєю та Єрусалимом брата його Ел'якима, і змінив ім'я́ йому на Єгояким. А брата його Йоахаза узяв Нехо й відвів його до Єгипту.
5 ယောယကိမ်သည် အသက်နှစ်ဆယ်ငါးနှစ် ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ တဆယ်တနှစ်စိုးစံ လေ၏။ ထိုမင်းသည် မိမိဘုရားသခင် ထာဝရဘုရား ရှေ့တော်၌ ဒုစရိုက်ကိုပြု၏။
Єгояки́м був віку двадцяти й п'яти літ, коли він зацарював, і одина́дцять років царював в Єрусалимі. І робив він зло в оча́х Господа, Бога свого.
6 ထိုကြောင့်၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာ သည် ချီလာ၍၊ ဗာဗုလုန်မြို့သို့ယူသွားခြင်းငှါ၊ သံကြိုးဖြင့် ချည်နှောင်လေ၏။
На нього пішов Навуходоно́сор, цар вавилонський, і він закував його в мідяні кайда́ни, щоб відве́сти його до Вавило́ну.
7 ဗိမာန်တော်တန်ဆာ အချို့တို့ကိုလည်း ယူသွား ၍၊ ဗာဗုလုန်မြို့ ဗိမာန်၌ ထားလေ၏။
А дещо з по́суду Господнього дому Навуходоно́сор відправив до Вавилону, і дав його до храму свого в Вавилоні.
8 ယောယကိမ်ပြုမူသော အမှုအရာ ကြွင်းလေ သမျှတို့နှင့် ပြုမိသော ရွံရှာဘွယ်အမှု၊ ထင်ရှာသော စိတ်သဘောသည်၊ ဣသရေလရာဇဝင်နှင့် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။ သားတော်ယေခေါနိသည် ခမည်းတော်အရာ၌ နန်းထိုင်၏။
А решта Єгоякимових діл та гидо́ти його, які він робив, і що зна́йдено проти нього, — ото вони описані в Книзі Царів Ізраїлевих та Юдиних. А замість нього зацарював син його Єгояхі́н.
9 ယေခေါနိသည် အသက်တဆယ်ရှစ်နှစ်ရှိသော် နန်းထိုင်၍ ယေရုရှလင်မြို့၌ သုံးလနှင့် ဆယ်ရက်စိုးစံ လေ၏။ ထိုမင်းသည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက် ကိုပြု၏။
Єгояхі́н був віку восьми літ, коли він зацарював, і царював в Єрусалимі три місяці й десять день. І робив він лихе́ в Господніх оча́х.
10 ၁၀ နှစ်လည်သောအခါ၊ နေဗုခဒ်နေဇာမင်းကြီး သည် စစ်ချီစေ၍၊ ထိုမင်းနှင့်တကွ ကောင်းမွန်သော ဗိမာန်တော်တန်ဆာတို့ကို ဗာဗုလုန်မြို့သို့ ယူသွား၍၊ ဘထွေးတော် ဇေဒကိကို၊ ယုဒပြည် ယေရုရှလင်မြို့ နန်းတော်ပေါ်မှာ တင်လေ၏။
А по році послав цар Навуходоно́сор, і привів його до Вавилону з дорогим по́судом Господнього дому, а царем над Юдеєю та Єрусалимом настановив брата його Седекі́ю.
11 ၁၁ ဇေဒကိသည် အသက်နှစ်ဆယ်တနှစ်ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ တဆယ်တနှစ်စိုးစံလေ၏။
Седекі́я був віку двадцяти й одно́го року, коли він зацарював, і він царював в Єрусалимі одина́дцять років.
12 ၁၂ ထိုမင်းသည်လည်း၊ မိမိဘုရားသခင် ထာဝရ ဘုရားရှေ့တော်၌ ဒုစရိုက်ပြု၏။ ထာဝရဘုရား၏ အမိန့် တော်ကို ဆင့်ဆိုသော ပရောဖက်ယေရမိရှေ့မှာ ကိုယ်ကို မနှိမ့်ချ။
І робив він зло в оча́х Господа, Бога свого, — не впокори́вся перед пророком Єремією, що говорив із нака́зу Господнього.
13 ၁၃ ဘုရားသခင် အကျိန်တိုက်ပြီးသော နေဗုခဒ် နေဇာမင်းကြီးကို ပုန်ကန်လေ၏။ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားထံတော်သို့ မပြန်မည် အကြောင်း၊ မိမိလည်ပင်းကို၎င်း၊ မိမိနှလုံးကို၎င်း ခိုင်မာစေ၏။
І він також відкинувся від царя Навуходоно́сора, що був заприсягнув його Господом, — і вчинив твердо́ю свою шию, і став запе́клим, щоб не наверта́тися до Господа, Бога Ізраїлевого.
14 ၁၄ ထိုမှတပါး၊ ယဇ်ပုရောဟိတ်အကြီးများနှင့် ပြည်သူပြည်သား ရှိသမျှတို့သည်၊ တပါးအမျိုးသား ရွံရှာဘွယ်ပြုသည်အတိုင်း၊ အလွန်ပြစ်မှားကြ၏။ ယေရုရှလင်မြို့၌ ထာဝရဘုရား သန့်ရှင်းစေတော်မူသော ဗိမာန်တော်ကို ညစ်ညူးစေကြ၏။
Також усі зве́рхники священиків та наро́ду ще більше грішили, шануючи гидо́ти поган, і вони занечи́стили Господній дім, якого Він освятив в Єрусалимі.
15 ၁၅ ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရား သည်၊ မိမိလူမျိုးနှင့် မိမိနေတော်မူရာ အရပ်ကိုသနား သောကြောင့်၊ စောစောထ၍ အထပ်ထပ် စေလွှတ်သော တမန်တို့အားဖြင့် မှာလိုက်တော်မူသော်လည်း၊
А Господь, Бог їхніх батьків, усе посилав до них через Своїх послів слова остороги, бо Він змилосе́рдився над народом Своїм та над осе́лею Своєю.
16 ၁၆ ဘုရားသခင်၏ တမန်တို့ကို ပြက်ယယ်ပြု၍ အမိန့်တော်ကို နားမထောင်၊ ပရောဖက်တို့ကို ညှဉ်းဆဲ သောကြောင့်၊ ထာဝရဘုရား၏အမျက်တော် မငြိမ်း နိုင်အောင်၊ မိမိလူမျိုးကို တွက်သဖြင့်၊
Та вони соро́мили Божих послів, і пого́рджували їхніми слова́ми, і насміха́лися з Його пророків, аж поки не піднісся гнів Господа на народ Його так, що не було вже ліку.
17 ၁၇ ခါလဒဲရှင်ဘုရင်ကို စစ်ချီစေတော်မူ၏။ ထိုရှင်ဘုရင်သည် သန့်ရှင်းရာဌာန အိမ်တော်၌ လူပျိုတို့ ကို ထားနှင့်သတ်၏။ ယောက်ျားပျို၊ မိန်းမပျို၊ လူအို၊ အသက်ကြီး၍ ကျောကုန်းသော သူတို့ကိုပင် မသနား၊ ရှိသမျှတို့ကို ထိုရှင်ဘုရင် လက်သို့အပ်တော်မူ၏။
І Він навів на них халдейського царя, і той позабива́в мече́м їхніх ви́браних у домі їхньої святині, і не змилосе́рдився ані над юнако́м, ані над ді́вчиною, ані над стари́м, ані над старе́зним, — усе дав в його руку...
18 ၁၈ ဗိမာန်တော်တန်ဆာ အကြီးအငယ်ရှိသမျှတို့ကို၎င်း၊ ဗိမာန်တော်ဘဏ္ဍာ၊ နန်းတော်ဘဏ္ဍာ၊ မှူးမတ် ဘဏ္ဍာရှိသမျှတို့ကို၎င်း၊ ဗာဗုလုန်မြို့သို့ ယူသွား၏။
І всі речі Божого дому, вели́кі та малі́, і ска́рби дому Господнього та дому царя й його зверхників, — усе переніс до Вавилону.
19 ၁၉ ဗိမာန်တော်ကိုလည်း မီးရှို့၍ ယေရုရှလင်မြို့ရိုး ကို ဖြိုဖျက်ကြ၏။ မင်းအိမ်ရှိသမျှတို့ကိုလည်း မီးရှို့၍ မြို့တန်ဆာအကောင်းအမြတ်ရှိသမျှတို့ကို ဖျက်ဆီးကြ၏။
І спали́ли вони Божий дім, і порозбива́ли мур Єрусалиму, і всі пала́ти його попали́ли огнем, а всі дорогі́ речі його пони́щили...
20 ၂၀ ထားဘေးနှင့် လွတ်သောသူတို့ကို၊ ဗာဗုလုန်မြို့ သို့ သိမ်းသွား၍၊ သူတို့သည် ပေရသိနိုင်ငံ မတည်မှီ တိုင်အောင် ရှင်ဘုရင်ထံ၊ သားတော် မြေးတော်ထံ၌ ကျွန်ခံလျက်နေရကြ၏။
І пішло́ на вигна́ння до Вавилону позоста́ле від меча́, і стали йому та синам його за рабів аж до зацарювання перського царства,
21 ၂၁ ထိုသို့ ဣသရေလမြေသည် ဥပုသ်နေ့တို့ကို မွေ့လျော်စေခြင်းငှါ၊ ယေရမိဆင့်ဆိုသော ထားဝရ ဘုရား၏ အမိန့်တော်သည် ပြည့်စုံရ၏။ ထိုပြည်သည် လူဆိတ်ညံလျက်နေသော ကာလ၊ အနှစ်ခုနစ်ဆယ် စေ့အောင် ဥပုသ်နေ့တို့ကို စောင့်သောအခွင့်ရှိသတည်း။
щоб ви́повнилося Господнє слово, проре́чене Єреміїними устами, аж поки вподо́бає собі земля свої суботи, — по всі дні її спусто́шення святкува́ла вона суботи, щоб спо́внилися сімдеся́т літ.
22 ၂၂
А першого року Кіра, царя перського, коли спо́внилось слово Господнє, проре́чене устами Єреміїними, збудив Господь духа Кі́ра, царя перського, і він оголосив по всьому царству своє́му, а також на письмі, говорячи:
23 ၂၃
„Так говорить Кір, цар перський: Усі зе́мні царства дав мені Госпо́дь, Бог Небесний, і Він наклав на мене збудувати Йому храма в Єрусалимі, що в Юдеї. Хто між вами з усьо́го Його наро́ду, — нехай буде Госпо́дь, Бог його, з ним, і нехай він іде до Єрусалиму!“

< ၂ ရာဇဝင်ချုပ် 36 >