< ၂ ရာဇဝင်ချုပ် 24 >

1 ယောရှသည် အသက်ခုနစ်နှစ်ရှိသော်၊ နန်းထိုင် ၍ ယေရုရှလင်မြို့၌ အနှစ်လေးဆယ်စိုးစံ၏။ မယ်တော် ကား၊ ဗေရရှေဘမြို့သူ ဇိဗိအမည်ရှိ၏။
ὢν ἑπτὰ ἐτῶν Ιωας ἐν τῷ βασιλεῦσαι αὐτὸν καὶ τεσσαράκοντα ἔτη ἐβασίλευσεν ἐν Ιερουσαλημ καὶ ὄνομα τῇ μητρὶ αὐτοῦ Σαβια ἐκ Βηρσαβεε
2 ယဇ်ပုရောဟိတ်ယောယဒလက်ထက် ကာလပတ် လုံး၊ ယောရှသည် ထာဝရဘုရားရှေ့တော်၌ တရားသော အမှုကို ပြု၏။
καὶ ἐποίησεν Ιωας τὸ εὐθὲς ἐνώπιον κυρίου πάσας τὰς ἡμέρας Ιωδαε τοῦ ἱερέως
3 ယောယဒပေးစားသော မိန်းမနှစ်ယောက်နှင့် စုံဘက်၍ သားသမီးတို့ကို မြင်ရ၏။
καὶ ἔλαβεν αὐτῷ Ιωδαε γυναῖκας δύο καὶ ἐγέννησεν υἱοὺς καὶ θυγατέρας
4 ထိုနောက်မှ၊ ယောရှသည် ဗိမာန်တော်ကို ပြုပြင်မည် အကြံရှိလျက်၊
καὶ ἐγένετο μετὰ ταῦτα καὶ ἐγένετο ἐπὶ καρδίαν Ιωας ἐπισκευάσαι τὸν οἶκον κυρίου
5 ယဇ်ပုရောဟိတ် လေဝိသားတို့ကို စုဝေးစေ၍၊ သင်တို့ဘုရား သခင်၏အိမ်တော်ကို ပြုပြင်ခြင်းငှါ၊ ယုဒမြို့ တို့ကို လှည့်လည်သဖြင့်၊ နှစ်တိုင်းအစဉ် ဣသရေလ လူအပေါင်းတို့မှ ငွေကိုခံယူ၍၊ အမှုပြီးအောင် ကြိုးစား အားထုတ်ကြလော့ဟုမိန့်တော်မူ၏။ သို့သော်လည်း၊ လေဝိသားတို့သည် မကြိုးစားဘဲနေကြ၏။
καὶ συνήγαγεν τοὺς ἱερεῖς καὶ τοὺς Λευίτας καὶ εἶπεν αὐτοῖς ἐξέλθατε εἰς τὰς πόλεις Ιουδα καὶ συναγάγετε ἀπὸ παντὸς Ισραηλ ἀργύριον κατισχῦσαι τὸν οἶκον κυρίου ἐνιαυτὸν κατ’ ἐνιαυτὸν καὶ σπεύσατε λαλῆσαι καὶ οὐκ ἔσπευσαν οἱ Λευῖται
6 တဖန်ရင်သည် ယဇ်ပုရောဟိတ်အကြီး ယောဒ ကို ခေါ်၍၊ သက်သေခံတော်မူချက် တဲတော်အဘို့၊ ထာဝရဘုရား၏ကျွန် မောရှေနှင့် စည်းဝေးရာ ဣသ ရေလပရိတ်သတ်ပြုသည်နည်းတူ၊ လေဝိသားတို့သည် ယေရုရှလင်မြို့မှစ၍ ယုဒပြည်အရပ်ရပ်တို့မှ ငွေကို ခံယူ၍ဆောင်ခဲ့မည်အကြောင်း၊ အဘယ်ကြောင့် မမှာ ထားဘဲနေသနည်းဟု မေးတော်မူ၏။
καὶ ἐκάλεσεν ὁ βασιλεὺς Ιωας τὸν Ιωδαε τὸν ἄρχοντα καὶ εἶπεν αὐτῷ διὰ τί οὐκ ἐπεσκέψω περὶ τῶν Λευιτῶν τοῦ εἰσενέγκαι ἀπὸ Ιουδα καὶ Ιερουσαλημ τὸ κεκριμένον ὑπὸ Μωυσῆ ἀνθρώπου τοῦ θεοῦ ὅτε ἐξεκκλησίασεν τὸν Ισραηλ εἰς τὴν σκηνὴν τοῦ μαρτυρίου
7 အဓမ္မမိန်းမအာသလိ၏သားတို့သည် ဗိမာန် တော်ကို ဖြိုဖျက်၍၊ ဗိမာန်တော်၌ ပူဇော်သော ဘဏ္ဍာ ရှိသမျှတို့ကိုလည်း ဗာလဘုရားတို့အား ပူဇော်ကြ၏။
ὅτι Γοθολια ἦν ἡ ἄνομος καὶ οἱ υἱοὶ αὐτῆς κατέσπασαν τὸν οἶκον τοῦ θεοῦ καὶ γὰρ τὰ ἅγια οἴκου κυρίου ἐποίησαν ταῖς Βααλιμ
8 ရှင်ဘုရင်အမိန့်တော်အတိုင်း သေတ္တာကိုလုပ်၍၊ ဗိမာန်တော်ပြင်၊ တံခါးနားမှာ ထားကြ၏။
καὶ εἶπεν ὁ βασιλεύς γενηθήτω γλωσσόκομον καὶ τεθήτω ἐν πύλῃ οἴκου κυρίου ἔξω
9 ဘုရားသခင်၏ကျွန် မောရှေသည်တောမှာ ဣသရေလအမျိုး၌ ငွေခွဲသည်အတိုင်း၊ ထာဝရဘုရား ထံတော်သို့ ဆောင်ခဲ့ရမည်ဟု ယေရုရှလင်မြို့မှစ၍ ယုဒပြည်အရပ်ရပ်၌ ကြော်ငြာကြ၏။
καὶ κηρυξάτωσαν ἐν Ιουδα καὶ ἐν Ιερουσαλημ εἰσενέγκαι κυρίῳ καθὼς εἶπεν Μωυσῆς παῖς τοῦ θεοῦ ἐπὶ τὸν Ισραηλ ἐν τῇ ἐρήμῳ
10 ၁၀ မင်းများနှင့်ပြည်သူပြည်သားများ အပေါင်းတို့ သည်၊ ဝမ်းမြောက်သောစိတ်နှင့် ဆောင်ခဲ့၍၊ လက် စသတ်သည်တိုင်အောင် သေတ္တာထဲသို့ သွင်းထားကြ၏။
καὶ ἔδωκαν πάντες ἄρχοντες καὶ πᾶς ὁ λαὸς καὶ εἰσέφερον καὶ ἐνέβαλλον εἰς τὸ γλωσσόκομον ἕως οὗ ἐπληρώθη
11 ၁၁ ထိုသေတ္တာကို လေဝိသားတို့သည် ဘဏ္ဍာတော် တိုက်ထဲသို့သွင်း၍၊ ငွေများသည်ကို သိမြင်လျှင်၊ ရှင်ဘုရင် ၏စာရေးတော်ကြီးနှင့် ယဇ်ပုရောဟိတ်မင်း၏စာရေး သည်လာ၍၊ ငွေကိုထုတ်ယူပြီးမှ၊ သေတ္တာကို သူ့နေရာ၌ ထားပြန်၏။ ထိုသို့နေ့တိုင်းပြု၍ များစွာသောငွေကို စုထားကြ၏။
καὶ ἐγένετο ὡς εἰσέφερον τὸ γλωσσόκομον πρὸς τοὺς προστάτας τοῦ βασιλέως διὰ χειρὸς τῶν Λευιτῶν καὶ ὡς εἶδον ὅτι ἐπλεόνασεν τὸ ἀργύριον καὶ ἦλθεν ὁ γραμματεὺς τοῦ βασιλέως καὶ ὁ προστάτης τοῦ ἱερέως τοῦ μεγάλου καὶ ἐξεκένωσαν τὸ γλωσσόκομον καὶ κατέστησαν εἰς τὸν τόπον αὐτοῦ οὕτως ἐποίουν ἡμέραν ἐξ ἡμέρας καὶ συνήγαγον ἀργύριον πολύ
12 ၁၂ ရှင်ဘုရင်နှင့်ယောယဒသည် ဗိမာန်တော်၏ အမှုတော်စောင့်တို့၌ ထိုငွေကိုအပ်၍ ဗိမာန်တော်ကို ပြုပြင်စေခြင်းငှါ၊ ပန်းရန်သမား၊ လက်သမား၊ ပန်းပဲသမား၊ ပန်းတဉ်းသမား တို့အား ပေးဝေကြ၏။
καὶ ἔδωκεν αὐτὸ ὁ βασιλεὺς καὶ Ιωδαε ὁ ἱερεὺς τοῖς ποιοῦσιν τὰ ἔργα εἰς τὴν ἐργασίαν οἴκου κυρίου καὶ ἐμισθοῦντο λατόμους καὶ τέκτονας ἐπισκευάσαι τὸν οἶκον κυρίου καὶ χαλκεῖς σιδήρου καὶ χαλκοῦ ἐπισκευάσαι τὸν οἶκον κυρίου
13 ၁၃ အလုပ်လုပ်သော သူတို့သည် ကြိုးစား၍ ပြုပြင် သဖြင့်၊ ဗိမာန်တော်ကို ပကတိအဖြစ်၌ ခိုင်ခံ့စေကြ၏။
καὶ ἐποίουν οἱ ποιοῦντες τὰ ἔργα καὶ ἀνέβη μῆκος τῶν ἔργων ἐν χερσὶν αὐτῶν καὶ ἀνέστησαν τὸν οἶκον κυρίου ἐπὶ τὴν στάσιν αὐτοῦ καὶ ἐνίσχυσαν
14 ၁၄ လက်စသတ်သောအခါ၊ ကျန်ကြွင်းသောငွေကို ရှင်ဘုရင်နှင့် ယောယဒထံသို့ ယူခဲ့၍၊ ထိုငွေနှင့် ဗိမာန် တော်၌ အမှုတော်ကို ဆောင်ရွက်ပူဇော်ရန် တန်ဆာ၊ ရွှေဖလား၊ ငွေဖလား၊ ဇွန်းများကိုလုပ်ကြ၏။ ယောယဒ လက်ထက်ကာလပတ်လုံး၊ ဗိမာန်တော်၌ မီးရှို့ရာယဇ်ကို အစဉ်ပူဇော်ကြ၏။
καὶ ὡς συνετέλεσαν ἤνεγκαν πρὸς τὸν βασιλέα καὶ πρὸς Ιωδαε τὸ κατάλοιπον τοῦ ἀργυρίου καὶ ἐποίησαν σκεύη εἰς οἶκον κυρίου σκεύη λειτουργικὰ ὁλοκαυτωμάτων καὶ θυίσκας χρυσᾶς καὶ ἀργυρᾶς καὶ ἀνήνεγκαν ὁλοκαυτώσεις ἐν οἴκῳ κυρίου διὰ παντὸς πάσας τὰς ἡμέρας Ιωδαε
15 ၁၅ ယောယဒသည် အို၍ကာလပြည့်စုံရာရောက် လျက်၊ အသက်တရာသုံးဆယ်ရှိသော်သေ၍၊
καὶ ἐγήρασεν Ιωδαε πλήρης ἡμερῶν καὶ ἐτελεύτησεν ὢν ἑκατὸν καὶ τριάκοντα ἐτῶν ἐν τῷ τελευτᾶν αὐτόν
16 ၁၆ ဒါဝိဒ်မြို့မှာ ရှင်ဘုရင်တို့တွင် သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ အကြောင်းမူကား၊ ဣသရေလအမျိုးတွင် ဘုရားသခင်၌၎င်း၊ အိမ်တော်၌၎င်း၊ ကျေးဇူးပြုသောသူ ဖြစ်သတည်း။
καὶ ἔθαψαν αὐτὸν ἐν πόλει Δαυιδ μετὰ τῶν βασιλέων ὅτι ἐποίησεν ἀγαθωσύνην μετὰ Ισραηλ καὶ μετὰ τοῦ θεοῦ καὶ τοῦ οἴκου αὐτοῦ
17 ၁၇ ယောယဒသေသောနောက်၊ ယုဒမင်းတို့သည် ရှင်ဘုရင်ထံတော်သို့ လာ၍ရှိခိုးကြ၏။ သူတို့စကားကို ရှင်ဘုရင်နားထောင်သဖြင့်၊
καὶ ἐγένετο μετὰ τὴν τελευτὴν Ιωδαε εἰσῆλθον οἱ ἄρχοντες Ιουδα καὶ προσεκύνησαν τὸν βασιλέα τότε ἐπήκουσεν αὐτοῖς ὁ βασιλεύς
18 ၁၈ သူတို့သည် ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရား၏ အိမ်တော်ကိုစွန့်၍၊ အာရှရပင်နှင့် ရုပ်တုတို့ကို ဝတ်ပြုကြ၏။ ထိုအပြစ်ကြောင့် အမျက်တော် သည် ယုဒပြည်နှင့် ယေရုရှလင်မြို့အပေါ်မှာ သက်ရောက် လေ၏။
καὶ ἐγκατέλιπον τὸν κύριον θεὸν τῶν πατέρων αὐτῶν καὶ ἐδούλευον ταῖς Ἀστάρταις καὶ τοῖς εἰδώλοις καὶ ἐγένετο ὀργὴ ἐπὶ Ιουδαν καὶ ἐπὶ Ιερουσαλημ ἐν τῇ ἡμέρᾳ ταύτῃ
19 ၁၉ သူတို့ကို ထာဝရဘုရားထံတော်သို့ သွေးဆောင် စေခြင်းငှါ၊ ပရောဖက်တို့ကို စေလွှတ်တော်မူ၍၊ ပရော ဖက်တို့သည် သက်သေခံသော်လည်း၊ သူတို့သည် နားမထောင်ကြ။
καὶ ἀπέστειλεν πρὸς αὐτοὺς προφήτας ἐπιστρέψαι πρὸς κύριον καὶ οὐκ ἤκουσαν καὶ διεμαρτύραντο αὐτοῖς καὶ οὐκ ἤκουσαν
20 ၂၀ တဖန်ဘုရားသခင်၏ ဝိညာဉ်တော်သည် ယဇ် ပုရောဟိတ်ယောယဒသား ဇာခရိအပေါ်မှာ သက် ရောက်၍၊ သူသည် ပရိသတ်အလယ်၊ မြင့်သောအရပ်၌ ရပ်လျက်၊ ဘုရားသခင်မိန့်တော်မူသည်ကား၊ သင်တို့ သည် ကိုယ်အကျိုးကို ပျက်ဆီးစေခြင်းငှါ၊ ထာဝရ ဘုရား၏ပညတ်တော်တို့ကို အဘယ်ကြောင့် လွန်ကျုးကြ သနည်း။ သင်တို့သည် ထာဝရဘုရားကို စွန့်သောကြောင့်၊ သင်တို့ကိုလည်း စွန့်တော်မူပြီဟု မြွက်ဆို၏။
καὶ πνεῦμα θεοῦ ἐνέδυσεν τὸν Αζαριαν τὸν τοῦ Ιωδαε τὸν ἱερέα καὶ ἀνέστη ἐπάνω τοῦ λαοῦ καὶ εἶπεν τάδε λέγει κύριος τί παραπορεύεσθε τὰς ἐντολὰς κυρίου καὶ οὐκ εὐοδωθήσεσθε ὅτι ἐγκατελίπετε τὸν κύριον καὶ ἐγκαταλείψει ὑμᾶς
21 ၂၁ လူများတို့သည် သူ့ကိုမကောင်းသော အကြံနှင့် တိုင်ပင်၍၊ ရှင်ဘုရင်အမိန့်တော်နှင့် ဗိမာန်တော်အတွင်း ၌ ကျောက်ခဲနှင့်ပစ်၍ သတ်ကြ၏။
καὶ ἐπέθεντο αὐτῷ καὶ ἐλιθοβόλησαν αὐτὸν δῑ ἐντολῆς Ιωας τοῦ βασιλέως ἐν αὐλῇ οἴκου κυρίου
22 ၂၂ ထိုသို့သောရှမင်းကြီးသည် ဇာခရိအဘ ယော ယဒပြုသော ကျေးဇူးကို မအောက်မေ့၊ သားကို သတ်လေ သည်တကား။ ဖာခရိသေသောအခါ၊ ဤအမှုကို ထာဝရ ဘုရားသည် ကြည့်ရှုစစ်ကြောတော်မူမည်ဟုဆို၏။
καὶ οὐκ ἐμνήσθη Ιωας τοῦ ἐλέους οὗ ἐποίησεν μετ’ αὐτοῦ Ιωδαε ὁ πατὴρ αὐτοῦ καὶ ἐθανάτωσεν τὸν υἱὸν αὐτοῦ καὶ ὡς ἀπέθνῃσκεν εἶπεν ἴδοι κύριος καὶ κρινάτω
23 ၂၃ ထိုနှစ်အဆုံး၌၊ ရှုရိတပ်သားတို့သည် စစ်ချီ၍ လာကြသဖြင့်၊ ယုဒပြည် ယေရုရှလင်မြို့သို့ရောက်မှ၊ မှူးမတ်အရာရှိအပေါင်းတို့ကို သုတ်သင် ပယ်ရှင်း၍၊ လက်ရဥစ္စာရှိသမျှတို့ကို ဒမာသက်ရှင်ဘုရင်ထံသို့ ပေးလိုက်ကြ၏။
καὶ ἐγένετο μετὰ τὴν συντέλειαν τοῦ ἐνιαυτοῦ ἀνέβη ἐπ’ αὐτὸν δύναμις Συρίας καὶ ἦλθεν ἐπὶ Ιουδαν καὶ ἐπὶ Ιερουσαλημ καὶ κατέφθειραν πάντας τοὺς ἄρχοντας τοῦ λαοῦ ἐν τῷ λαῷ καὶ πάντα τὰ σκῦλα αὐτῶν ἀπέστειλαν τῷ βασιλεῖ Δαμασκοῦ
24 ၂၄ ယုဒလူတို့သည် ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရားကို စွန့်သောကြောင့်၊ များပြားသော အလုံး အရင်းဖြစ်သော်လည်း၊ နည်းသောရှုရိတပ် အလုံးအရင်လက်သို့ ထာဝရဘုရား အပ်တော်မူ၍၊ ရှုရိလူတို့သည် ယောရှကို တရားစီရင်ကြ၏။
ὅτι ἐν ὀλίγοις ἀνδράσιν παρεγένετο δύναμις Συρίας καὶ ὁ θεὸς παρέδωκεν εἰς τὰς χεῖρας αὐτῶν δύναμιν πολλὴν σφόδρα ὅτι ἐγκατέλιπον κύριον θεὸν τῶν πατέρων αὐτῶν καὶ μετὰ Ιωας ἐποίησεν κρίματα
25 ၂၅ ရန်သူထွက်သွားသောအခါ၊ ယောရှသည် ကြီး စွာသော ဒုက္ခကို ခံရလျက်နေရစ်သည်ဖြစ်၍၊ ယဇ်ပုရော ဟိတ်ယောယဒသားတို့ကို သတ်သောအပြစ်ကြောင့်၊ မိမိကျွန်တို့သည် သင်းဖွဲ့၍၊ သာလွန်ပေါ်မှာ သေအောင် လုပ်ကြံကြ၏။ ထိုမင်းကို ဒါဝိဒ်မြို့၌ သင်္ဂြိုဟ်သော်လည်း၊ ရှင်ဘုရင်တို့တွင် မသင်္ဂြိုဟ်။
καὶ μετὰ τὸ ἀπελθεῖν αὐτοὺς ἀπ’ αὐτοῦ ἐν τῷ ἐγκαταλιπεῖν αὐτὸν ἐν μαλακίαις μεγάλαις καὶ ἐπέθεντο αὐτῷ οἱ παῖδες αὐτοῦ ἐν αἵμασιν υἱοῦ Ιωδαε τοῦ ἱερέως καὶ ἐθανάτωσαν αὐτὸν ἐπὶ τῆς κλίνης αὐτοῦ καὶ ἀπέθανεν καὶ ἔθαψαν αὐτὸν ἐν πόλει Δαυιδ καὶ οὐκ ἔθαψαν αὐτὸν ἐν τῷ τάφῳ τῶν βασιλέων
26 ၂၆ လုပ်ကြံသောသူကား၊ အမ္မုန်အမျိုးသမီး ရှိမတ်သား ယောဇဗဒ်နှင့် မောဘအမျိုးသမီးရှိမရိတ်သား ယဟောဇဗဒ်တည်း။
καὶ οἱ ἐπιθέμενοι ἐπ’ αὐτὸν Ζαβεδ ὁ τοῦ Σαμαθ ὁ Αμμανίτης καὶ Ιωζαβεδ ὁ τοῦ Σομαρωθ ὁ Μωαβίτης
27 ၂၇ ယောရှသည် သားရိခြင်းအရာ လေးသောအမှု ကို ထမ်းခြင်းအရာ၊ ဗိမာန်တော်ကို ပြုပြင်ခြင်း အရာတို့ သည် ရာဇဝင်နှင့်ဆက်သောစာ၌ ရေးထားလျက်ရှိ၏။ သားတော်အာမဇိသည် ခမည်းတော်အရာ၌ နန်းထိုင်၏။
καὶ οἱ υἱοὶ αὐτοῦ πάντες καὶ προσῆλθον αὐτῷ οἱ πέντε καὶ τὰ λοιπὰ ἰδοὺ γεγραμμένα ἐπὶ τὴν γραφὴν τῶν βασιλέων καὶ ἐβασίλευσεν Αμασιας υἱὸς αὐτοῦ ἀντ’ αὐτοῦ

< ၂ ရာဇဝင်ချုပ် 24 >