< ၂ ရာဇဝင်ချုပ် 23 >

1 ခုနစ်နှစ်မြောက်သောအခါ၊ ယောယဒသည် ကိုယ်ကိုခိုင်ခံ့စေ၍ တပ်မှူးများ၊ ယေရောဟံသား အာဇရိ၊ ယောဟနန်သား ဣရှမေလ၊ ဩဗက်သားအာဇရိ၊ အဒါ ယသား မာသေယ၊ ဇိခရိသား ဧလိရှဖတ်တို့နှင့် သင်းဖွဲ့ လေ၏။
Léta pak sedmého posilnil se Joiada, a pojal s sebou v smlouvu setníky, Azariáše syna Jerochamova, a Izmaele syna Jochananova, a Azariáše syna Obédova, a Maaseiáše syna Adaiášova, a Elizafata syna Zichri,
2 ထိုသူတို့သည် ယုဒပြည်၌ လှည့်လည်သဖြင့်၊ ယုဒမြို့အရပ်ရပ်ထဲက လေဝိသားများနှင့် ဣသရေလ အဆွေအမျိုး သူကြီးများကို စုဝေးစေ၍၊ ယေရုရှလင်မြို့ သို့ ပြန်လာကြ၏။
Kteříž obcházejíce zemi Judskou, shromáždili Levíty ze všech měst Judských, a přední z otcovských čeledí Izraelských, a přišli do Jeruzaléma.
3 စည်းဝေးသောသူ အပေါင်းတို့သည် ဗိမာန် တော်၌ ရှင်ဘုရင်နှင့် ပဋိညာဉ်ဖွဲ့ကြ၏။ ယောယဒ ကလည်း၊ ရှင်ဘုရင်သားတော်ကို ကြည့်ရှုကြလော့။ ထာဝရဘုရားသည် ဒါဝိဒ်အမျိုးကို မိန့်တော်မူသည် အတိုင်း၊ ရှင်ဘုရင်သားတော် စိုးစံရမည်။
I učinilo všecko to shromáždění smlouvu v domě Božím s králem. Byl pak jim řekl Joiada: Aj, syn králův kralovati bude, jakož mluvil Hospodin o synech Davidových.
4 သင်တို့ပြုရသော အမှုဟူမူကား၊ ဥပုသ်နေ့၌ ဝင်သောယဇ်ပုရောဟိတ် လေဝိသားသုံးစုတစုသည် တံခါးစောင့်လုပ်ရမည်။
Tatoť jest věc, kterouž učiníte: Třetí díl vás, kteříž přicházíte v sobotu z kněží a z Levítů, budou vrátnými.
5 တစုသည် နန်းတော်ကို စောင့်ရမည်။ တစု သည် သုရတံခါးကို စောင့်ရမည်။ လူအပေါင်းတို့သည် ဗိမာန်တော်တန်တိုင်းတို့အတွင်း၌ နေရကြမည်။
Třetí pak díl bude při domě královu, a třetí díl u brány přední, ale všecken lid bude v síních domu Hospodinova.
6 ယဇ်ပုရောဟိတ်များနှင့် အမှုတော်စောင့် လေဝိသားများမှတပါး၊ အဘယ်သူမျှ ဗိမာန်တော်ထဲသို့ မဝင်စေနှင့်။ သူတို့သည်သန့်ရှင်းသောကြောင့် ဝင်ရကြ မည်။ အခြားသောသူအပေါင်းတို့သည် ထာဝရဘုရား ဘက်၌စောင့်နေရကြမည်။
Aniž kdo vcházej do domu Hospodinova kromě kněží a těch Levítů, kteříž konají služby. Ti ať vcházejí, nebo svatí jsou, všecken pak lid ať drží stráž Hospodinovu.
7 လေဝိသားတိုင်း မိမိလက်နက်ကိုကိုင်လျက်၊ ကိုယ် တော်မြတ်ကို ဝိုင်း၍ အိမ်တော်ထဲသို့ ဝင်သမျှသော သူတို့ကို သတ်ရမည်။ ရှင်ဘုရင်ထွက်ဝင်တော်မူသော အခါ၊ နောက်တော်သို့လိုက်ရမည်ဟု မှာထားလေ၏။
I obstoupí Levítové krále vůkol, jeden každý maje braň svou v rukou svých, a kdož by koli všel do domu, ať umře. A buďte při králi, když bude vcházeti, i když bude vycházeti.
8 ထိုသို့ယဇ်ပုရောဟိတ်ယောယဒမှာ ထားသမျှ အတိုင်း၊ လေဝိသားများနှင့် ယုဒအမျိုးသားအပေါင်းတို့ သည်ပြု၍၊ ယဇ်ပုရောဟိတ်ယောဒသည် ဖွဲ့မြဲဖွဲ့သော အသင်းတို့ကို မဖျက်သောကြောင့်၊ ဥပုသ်နေ့၌ ထွက်ရ သောသူနှင့် ဝင်ရသော သူအသီးအသီးတို့ကို ခေါ်ထား ကြ၏။
Tedy učinili Levítové a všecken Juda všecko, cožkoli přikázal Joiada kněz, a vzali jeden každý muže své, kteříž přicházeli v sobotu, a kteříž odcházeli v sobotu; nebo byl nepropustil Joiada kněz žádné střídy.
9 ဗိမာန်တော်၌ရှိသောဒါဝိဒ်မင်းကြီး၏ လှံများနှင့် ဒိုင်းလွှားများကို၊ ယဇ်ပုရောဟိတ်ယောယဒသည် ထုတ်၍၊ လူတရာအုပ်တို့အား အပ်လေ၏။
I dal Joiada kněz setníkům kopí a pavézy i štíty, kteříž byli krále Davida, jenž byli v domě Božím.
10 ၁၀ အသီးအသီးလက်နက်ကိုင်သော သူအပေါင်းတို့ကို ရှင်ဘုရင်ပတ်လည်၊ ယဇ်ပလ္လင်အနားနှင့် ဗိမာန်တော် အနား၌၊ လက်ျာထောင့်မှစ၍ လက်ဝဲထောင့်တိုင်အောင် နေရာချထားလေ၏။
A postavil všecken lid, (a jeden každý měl braň v ruce své), od pravé strany domu až do levé strany domu, proti oltáři a proti domu, při králi všudy vůkol.
11 ၁၁ ထိုအခါ ရှင်ဘုရင်သားတော်ကို ပြင်သို့ထုတ်၍၊ ရာဇသရဖူနှင့် ပညတ္တိကျမ်းစာကိုတင်လျက်၊ ရှင်ဘုရင် အရာ၌ ချီးမြှောက်ကြ၏။ ယောယဒနှင့် သူ၏သားတို့ သည် ဘိသိက်ပေး၍၊ ရှင်ဘုရင်အသက်တော်ရှင်စေသ တည်းဟု ကြွေးကြော်ကြ၏။
A tak vyvedli syna králova, a vstavili na něj korunu královskou a ozdobu. I ustanovili jej králem, a pomazali ho Joiada a synové jeho, a říkali: Živ buď král!
12 ၁၂ အာသလိသည် လူများပြေး၍၊ ရှင်ဘုရင်ထံ၌ ချီးမွမ်းသံကိုကြားလျှင်၊ လူများရှိရာ ဗိမာန်တော်သို့ သွား၍၊
V tom uslyševši Atalia hřmot sbíhajícího se lidu, a chválícího krále, vešla k lidu do domu Hospodinova.
13 ၁၃ ရှင်ဘုရင်သည် ဗိမာန်တော်ဝင်ဝ၊ တိုင်နားမှာ ရပ်လျက်၊ မှူးတော်မတ်တော်များနှင့် တံပိုးမှုတ်သော သူများတို့သည် ရှင်ဘုရင်အနားတော်၌ ရပ်လျက်၊ ပြည်သူပြည်သားများတို့သည် ဝမ်းမြောက်၍၊ တံပိုးမှုတ် လျက် သီချင်းသည်တို့သည် တုရိယာအမျိုးမျိုးကိုကိုင်၍၊ ထောမနာသီချင်းကို ဆိုလျက်ရှိကြသည်ကိုမြင်လျှင်၊ မိမိအဝတ်ကိုဆုတ်၍ ပုန်ကုန်မှုပါတကား၊ ပုန်ကန်မှုပါ တကားဟု အော်ဟစ်လေ၏။
A když pohleděla, a aj, král stál na místě vyšším, kudyž se vchází, a knížata i trubači podlé krále, a všecken lid země veselící se, a zvučící na trouby, a zpěváci s nástroji hudebnými, a ti, kteříž předčili v zpívání. Tedy roztrhla Atalia roucho své, a řekla: Spiknutí, spiknutí!
14 ၁၄ ယဇ်ပုရောဟိတ်ယောယဒကလည်း။ ဗိမာန်တော် ထဲမှာ မသေစေနှင့်။ တပ်ပြင်သို့ ထုတ်ကြ။ သူ့ဘက်မှာ နေသောသူကိုထားနှင့် သတ်ကြ ဟုလူတရာအုပ်တပ်မှူး တို့ကို မှာထားနှင့်သည်အတိုင်း၊
Ale Joiada kněz rozkázal vyjíti setníkům, hejtmanům vojska, řka jim: Vyveďte ji prostředkem řadů, a kdož by za ní šel, ať jest zabit mečem. Nebo byl řekl kněz: Nezabijejte jí v domě Hospodinově.
15 ၁၅ အာသလိကို ဘမ်းဆီးလျက်၊ နန်းတော်သို့ သွားသော မြင်းလမ်းဝသို့ ရောက်သောအခါ သတ်ကြ၏။
A když se jí rozstoupili s obou stran, šla, kudy se chodí k bráně koňské k domu královskému, a tu ji zabili.
16 ၁၆ ရှင်ဘုရင်နှင့် လူအပေါင်းတို့သည် ထာဝရ ဘုရား၏လူဖြစ်ရမည်အကြောင်း၊ ယောယဒသည် မိမိထံ၌ ပဋိညာဉ်ဖွဲ့စေ၏။
Tedy Joiada učinil smlouvu mezi Hospodinem a mezi vším lidem, i mezi králem, aby byli lid Hospodinův.
17 ၁၇ လူအပေါင်းတို့သည် ဗာလကျောင်းသို့သွား၍ ဖြိုဖျက်ကြ၏။ ယဇ်ပလ္လင်များနှင့် ရုပ်တုများကိုချိုးဖဲ့၍၊ ယဇ်ပလ္လင်တို့ရှေ့မှာ ဗာလယဇ်ပုရော ဟိတ်မဿန်ကို သတ်ကြ၏။
Potom šel všecken lid do domu Bálova a zbořili jej i oltáře jeho, a obrazy stroskotali. Matana pak kněze Bálova zabili před oltáři.
18 ၁၈ မောရှေပညတ္တိကျမ်း၌ ပါသည်အတိုင်း၊ ထာဝရ ဘုရားအား မီးရှို့ရာယဇ်တို့ကို ပူဇော်ခြင်း၊ ဒါဝိဒ်စီရင် သည်အတိုင်း၊ ရွှင်လန်းစွာသီချင်းဆိုခြင်းအမှုကို ပြုစေ ခြင်းငှါ၊ ဗိမာန်တော်၌ ဒါဝိဒ်ခွဲထားသော ယဇ်ပုရောဟိတ် လေဝိသားတို့သည် ဗိမာန်တော်မှုများကို ဆောင်ရွက်မည် အကြောင်း၊ ယောယဒစီရင်လေ၏။
I uvedl zase Joiada úředníky domu Hospodinova pod moc kněží a Levítů, kteréž byl rozdělil David v domě Hospodinově, aby obětovali zápaly Hospodinu, (jakož psáno jest v zákoně Mojžíšově), s veselím a zpíváním podlé nařízení Davidova.
19 ၁၉ မသန့်ရှင်းသော လက္ခဏာတစုံတခုရှိသော သူကို မဝင်စေခြင်းငှါ။ ဗိမာန်တော်တံခါးစောင့်တို့ကိုလည်း ခန့်ထားလေ၏။
Postavil také vrátné u vrat domu Hospodinova, aby tam nevcházel poškvrněný jakoužkoli věcí.
20 ၂၀ လူတရာအုပ်၊ မှူးမတ်၊ အကြီးအကဲ၊ ပြည်သူ ပြည်သားအပေါင်းတို့ကို ခေါ်လျက်၊ မြင့်သော တံခါးလမ်း ဖြင့်၊ ရှင်ဘုရင်ကို ဗိမာန်တော်မှ နန်းတော်သို့ပို့ဆောင်၍၊ ရာဇပလ္လင်တော်ပေါ်မှာ တင်ကြ၏။
A pojav setníky a znamenitější, a ty, kteříž správu drželi nad lidem, i všecken lid země, provázel krále z domu Hospodinova. I šli branou hořejší do domu královského, a posadili krále na stolici královské.
21 ၂၁ နန်းတော်နားမှာ အာသလိကို သတ်ပြီးမှ၊ ပြည်သူပြည်သားအပေါင်းတို့သည် ဝမ်းမြောက်၍၊ တမြို့လုံး၌လည်း ငြိမ်ဝပ်ခြင်းရှိ၏။
I veselil se všecken lid země, a město se upokojilo, jakž Atalii zabili mečem.

< ၂ ရာဇဝင်ချုပ် 23 >