< ၂ ရာဇဝင်ချုပ် 17 >

1 အာသသားယောရှဖတ်သည် ခမည်းတော် အရာ၌ နန်းထိုင်၍၊ ဣသရေလနိုင်ငံတဘက် မိမိကို ခိုင်ခံ့စေ၏။
Josaphat, fils d'Asa, régna à sa place. Il se fortifia contre Israël:
2 ယုဒပြည်တွင်၊ ခိုင်ခံ့သောမြို့ရှိသမျှတို့၌၊ တပ် သားများကိုထား၏။ ယုဒပြည်အရပ်ရပ်တို့၌၎င်း၊ ဧဖရိမ် ပြည်မှာ ခမည်းတော် အာသတိုက်ယူ သော မြို့တို့၌၎င်း၊ မြို့စောင့်တပ်ကို အသီးအသီးခန့်ထား၏။
il mit des troupes dans toutes les villes fortes de Juda, et il mit des garnisons dans le pays de Juda et dans les villes d'Ephraïm dont Asa, son père, s'était emparé.
3 ခမည်းတော်သည် အရင်လိုက်သောလမ်းသို့၊ ယောရှဖတ်လိုက်လျက်၊
Yahweh fut avec Josaphat, parce qu'il marcha dans les premières voies de David, son père, et qu'il ne rechercha point les Baals;
4 ဗာလဘုရားတို့ကို မဆည်းကပ်၊ ခမည်းတော်၏ ဘုရားသခင်ကိုသာ ဆည်းကပ်သဖြင့်၊ ဣသရေလအမျိုး ၏ ထုံးစံကိုရှောင်၍၊ ပညတ်တရားတော်ကို ကျင့်သော ကြောင့်၊ ထာဝရဘုရားသည် စောင့်မ၍၊
mais il rechercha le Dieu de son père et suivit ses commandements, sans imiter les actions d'Israël.
5 နိုင်ငံတော်ကိုယောရှဖတ်လက်၌ တည်စေတော် မူသဖြင့်၊ ယုဒပြည်သားအပေါင်းတို့သည် လက်ဆောင် များကို ဆောင်ခဲ့ကြ၏။
Yahweh affermit le royaume entre ses mains; tout Juda apportait des présents à Josaphat, et il eut en abondance des richesses et de la gloire.
6 ဂုဏ်အသရေနှင့် စည်းစိမ်ဥစ္စာများသော်လည်း၊ ထာဝရဘုရား၏ တရားလမ်းတို့၌ စိတ်စွဲလမ်း၍၊ မြင့် သောအရပ်နှင့် အာရှရပင်တို့ကို ယုဒပြည်မှ ပယ်ရှား တော်မူ၏။
Son courage grandit dans les voies de Yahweh, et il fit encore disparaître de Juda les hauts lieux et les aschéras.
7 နန်းစံသုံးနှစ်တွင်၊ ယုဒမြို့ အရပ်ရပ်၌ သွန်သင် စေခြင်းငှါ၊ မှူးမတ် ဗင်ဟဲလ၊ ဩဗဒိ၊ ဇာခရိ၊ နာသနေလ၊ မိက္ခာယတို့ကို၎င်း၊
La troisième année de son règne, il envoya ses chefs, Ben-Haïl, Obdias, Zacharias, Nathanaël et Michéas, enseigner dans les villes de Juda,
8 လေဝိသားရှေမာယ၊ နေသနိ၊ ဇေဗဒိ၊ အာသ ဟေလ၊ ရှေမိရမုတ်၊ ယောနသန်၊ အဒေါနိယ၊ တောဘိယ၊ တောဘ၊ ဒေါနိယတို့ကို၎င်း၊ ယဇ်ပုရောဟိတ်ဧလိ ရှမာနှင့် ယောရံကို၎င်း၊ စေလွှတ်တော်မူ၏။
et avec eux les lévites Séméïas, Nathanias, Zabadias, Asaël, Sémiramoth, Jonathan, Adonias, Thobias, Thobadonias, et, avec ces lévites, les prêtres Elisama et Joram.
9 ထိုသူတို့သည် ယုဒပြည်၌ဩဝါဒပေး၍၊ ထာဝရ ဘုရား၏ ပညတ္တိကျမ်းပါလျက်၊ ယုဒမြို့အရပ်ရပ်တို့တွင်၊ လှည့်လည်သဖြင့်၊ ပြည်သားတို့ကို သွန်သင်ကြ၏။
Ils enseignèrent dans Juda, ayant avec eux le livre de la loi de Yahweh; ils parcoururent toutes les villes de Juda, et ils enseignèrent parmi le peuple.
10 ၁၀ ယုဒပြည် ပတ်ဝန်းကျင်တိုင်းနိုင်ငံရှိသမျှတို့ သည်၊ ထာဝရဘုရားကို ကြောက်ရွံ့၍၊ ယောရှဖတ်ကို စစ်မတိုက်ဝံ့ဘဲ နေကြ၏။
La terreur de Yahweh s'empara de tous les royaumes des pays qui environnaient Juda, et ils ne firent pas la guerre à Josaphat.
11 ၁၁ ဖိလိတ္တိလူတို့သည် လက်ဆောင်နှင့် အခွန်ငွေကို၎င်း၊ အာရပ်လူတို့သည် သိုးခုနစ်ထောင်ခုနစ်ရာနှင့် ဆိတ်ခုနစ်ထောင်ခုနစ်ရာကို၎င်း ဆောင်ခဲ့ကြ၏။
Des philistins apportèrent à Josaphat des présents et un tribut en argent; les Arabes aussi lui amenèrent du bétail, sept mille sept cents béliers et sept mille sept cents boucs.
12 ၁၂ ယောရှဖတ်သည် အလွန်ခွန်အားတိုးပွား၍၊ ယုဒပြည်၌ရဲတိုက်နှင့် ဘဏ္ဍာတော်မြို့တို့ကို တည်တော် မူ၏။
Josaphat était en voie de s'élever au plus haut degré de grandeur. Il bâtit en Juda des forteresses et des villes pour servir de magasins;
13 ၁၃ ယုဒမြို့တို့၌ အမှုအရေးတော်များ၏။ ခွန်အား ကြီးသော စစ်သူရဲတို့သည် ယေရုရှလင်မြို့၌ ရှိကြ၏။
et il avait beaucoup de provisions dans les villes de Juda, et des guerriers, hommes vaillants, dans Jérusalem.
14 ၁၄ စစ်သူရဲအဆွေအမျိုး အလိုက်ယူသော စာရင်း ဟူမူကား၊ ယုဒအမျိုး ဗိုလ်ချုပ်မင်းအာဒနနှင့် ခွန်အား ကြီးသော စစ်သူရဲသုံးသိန်း၊
Voici leur dénombrement, selon leurs familles. De Juda, chefs de milliers: Adna, le chef, et avec lui, trois cent mille vaillants hommes;
15 ၁၅ စစ်ကဲယောဟနန်နှင့်ခွန်အားကြီးသော စစ်သူရဲ နှစ်သိန်းရှစ်သောင်း၊
à ses côtés, Johanan, le chef, et avec lui, deux cent quatre-vingt mille hommes;
16 ၁၆ စေတနာစိတ်နှင့်ကိုယ်ကို ထာဝရဘုရားအား ပူဇော်သော ဇိခရိသားအာမသိနှင့် ခွန်အားကြီးသော စစ်သူရဲနှစ်သိန်း၊
et à ses côtés, Amasias, fils de Zéchri, qui s'était volontairement consacré à Yahweh, et avec lui, deux cent mille vaillants hommes. —
17 ၁၇ ဗင်္ယာမိန်အမျိုး ခွန်အားကြီးသော ဧလျာဒနှင့် လေး၊ ဒိုင်းလွှားကို ကိုင်သောသူနှစ်သိန်း၊
De Benjamin: Eliada, homme vaillant, et avec lui, deux cent mille hommes armés de l'arc et du bouclier;
18 ၁၈ သူ့နောက်ယောဇဗဒ်နှင့် စစ်တိုက်ခြင်းငှါ၊ အသင့် ရှိသောသူ တသိန်းရှစ်သောင်းတည်း။
et à ses côtés, Jozabad, et avec lui, cent quatre-vingt mille hommes armés pour la guerre. —
19 ၁၉ ယုဒပြည်အရပ်ရပ်၊ ခိုင်ခံ့သောမြို့တို့၌ ရှင်ဘုရင် ထားသောသူရဲမှတပါး၊ အထက်ဆိုခဲ့ပြီးသော သူတို့သည် အမှုတော်ကို ထမ်းလျက်နေကြ၏။
Tels sont ceux qui étaient au service du roi, outre ceux que le roi avait placés dans les villes fortes, dans tout le territoire de Juda.

< ၂ ရာဇဝင်ချုပ် 17 >