< ၁ သက်သာလောနိတ် 5 >

1 ညီအစ်ကိုတို့၊ ကပ်ကာလအချိန်များကို သင်တို့အား ရေး၍ ပေးလိုက်စရာအကြောင်းမရှိ။
But concerning the times and the seasons, brothers, you have no need that anything be written to you.
2 အဘယ်ကြောင့်နည်းဟူမူကား၊ သူခိုးသည် ညဉ့်အခါလာသကဲ့သို့၊ သခင်ဘုရား၏ နေ့ရက်သည် လာလိမ့်မည်ကို သင်တို့သည် သေချာစွာသိကြ၏။
For you yourselves know well that the day of the Lord comes like a thief in the night.
3 ငြိမ်ဝပ်ခြင်းရှိ၏၊ ဘေးအန္တရာယ်နှင့် ကင်းလွတ်၏ဟု ဆိုစဉ်တွင်၊ ကိုယ်ဝန်ဆောင်သော မိန်းမ၌ သားဘွားခြင်းဝေဒနာ ရောက်သကဲ့သို့၊ သူတို့အပေါ်၌ လျင်မြန်စွာသော ပျက်စီးခြင်းရောက်၍ လွတ်ခြင်းအခွင့် မရှိရကြ။
Now when they are saying, "Peace and safety," then sudden destruction will come on them, like birth pains on a pregnant woman; and they will in no way escape.
4 သို့သော်လည်း၊ ညီအစ်ကိုတို့၊ ထိုနေ့ရက်သည် သူခိုးကဲ့သို့ သင်တို့အပေါ်သို့ ရောက်လာမည် အကြောင်း၊ သင်တို့သည် မှောင်မိုက်၌ နေကြသည်မဟုတ်။
But you, brothers, are not in darkness, that the day should overtake you like a thief.
5 သင်တို့အပေါင်းသည် အလင်း၏သား၊ နေ့၏သားဖြစ်ကြ၏။ ညဉ့်၏သား ၊ မှောင်မိုက်၏သားမဟုတ်။
You are all sons of light, and sons of the day. We do not belong to the night, nor to darkness,
6 သို့ဖြစ်၍ ၊ အခြားသော သူတို့သည် အိပ်ပျော်သကဲ့သို့၊ ငါတို့သည် အိပ်မပျော်ဘဲ သမ္မာသတိရှိ၍ စောင့်ကြကုန်အံ့။
so then let us not sleep, as the rest do, but let us watch and be sober.
7 အကြောင်းမူကား၊ အိပ်ပျော်သော သူတို့သည် ညဉ့်အခါ အိပ်ပျော်တတ်ကြ၏။ သေရည်သေရက်နှင့် ယစ်မူးသော သူတို့သည်လည်း ညဉ့်အခါ ယစ်မူးတတ်ကြ၏။
For those who sleep, sleep in the night, and those who are drunk are drunk in the night.
8 နေ့၏သားဖြစ်သော ငါတို့မူကား၊ သမ္မာသတိရှိကြကုန်အံ့။ ယုံကြည်ခြင်း၊ ချစ်ခြင်းတည်းဟူသော ရင်အုပ်တန်ဆာကို၎င်း၊ ကယ်တင်ခြင်းသို့ ရောက်မည်ဟု မြော်လင့်ခြင်းတည်းဟူသော သံခမောက်လုံးကို၎င်း၊ ဝတ်ဆောင်ကြကုန်အံ့။
But let us, since we belong to the day, be sober, putting on the breastplate of faith and love, and, for a helmet, the hope of salvation.
9 အမျက်တော်ကိုခံစေခြင်းငှါ ဘုရားသခင်သည် ငါတို့ကို ခန့်ထားတော်မူသည်မဟုတ်။ ငါတို့သခင်ယေရှုခရစ်အားဖြင့် ကယ်တင်ခြင်းကို ပိုင်ရစေခြင်းငှါ ခန့်ထားတော်မူ၏။
For God did not appoint us to wrath, but to the obtaining of salvation through our Lord Jesus Christ,
10 ၁၀ ငါတို့သည် နိုးလျက်ရှိသည်ဖြစ်စေ၊ အိပ်ပျော်သည်ဖြစ်စေ၊ ထိုသခင်နှင့်အတူ အသက်ရှင်မည် အကြောင်း၊ ငါတို့အဘို့ အသေခံတော်မူပြီ။
who died for us, that, whether we wake or sleep, we should live together with him.
11 ၁၁ ထိုကြောင့်၊ သင်တို့သည်ယခုပင်ပြုသည်နည်းတူ၊ အချင်းချင်း တိုက်တွန်း၍ တယောက်ကိုတယောက် တည်ဆောက်ကြလော့။
Therefore exhort one another, and build each other up, even as you also do.
12 ၁၂ ထိုမှတပါး၊ ညီအစ်ကိုတို့၊ သင်တို့တွင် အမှုတော်ကိုဆောင်ရွက်ခြင်း၊ သခင်ဘုရား၊ အခွင့်နှင့် အုပ်စိုးခြင်း၊ သတိပေးခြင်း အမှုကိုပြုသောသူတို့ကို သိမှတ်၍၊
But we ask you, brothers, to recognize those who labor among you, and are over you in the Lord, and admonish you,
13 ၁၃ သူတို့ပြုသောအမှုကြောင့် မေတ္တာစိတ်နှင့် အလွန်ချစ်ခင်လေးမြတ်မည်အကြောင်း၊ ငါတို့သည် တောင်းပန်ကြ၏။ အချင်းချင်းအသင့်အတင့်နေကြလော့။
and to respect and honor them in love for their work's sake. Be at peace among yourselves.
14 ၁၄ တဖန်တုံ၊ ညီအစ်ကိုတို့၊ မတရားစွာပြုသောသူတို့ကို သတိပေးကြလော့။ စိတ်ငယ်သောသူတို့ကို အားပေးကြလော့။ အားနည်းသော သူတို့ကို ထောက်မကြလော့။ ခပ်သိမ်းသောသူတို့အား ရှည်သောစိတ်ရှိ စေကြလော့။
We exhort you, brothers, admonish the disorderly, encourage the fainthearted, support the weak, be patient toward all.
15 ၁၅ သူတပါး၌အဘယ်သူမျှ ရန်တုံ့မမူစေခြင်းငှါ သတိပြု၍၊ အချင်းချင်းတို့၌၎င်း၊ ခပ်သိမ်းသောသူတို့၌ ၎င်း၊ ကာလအစဉ်ကြိုးစား၍ ကျေးဇူးပြုကြလော့။
See that no one returns evil for evil to anyone, but always seek what is good both for each other and for all.
16 ၁၆ အစဉ်မပြတ်ဝမ်းမြောက်ခြင်းရှိကြလော့။
Rejoice always.
17 ၁၇ မခြားမလပ်ဆုတောင်းပဌာနပြုကြလော့။
Pray without ceasing.
18 ၁၈ အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ အကြောင်းမူကား၊ သင်တို့သည် ထိုသို့ကျင့်စေခြင်းငှါ၊ ယေရှုခရစ်၌ ဘုရားသခင်အလိုတော်ရှိ၏။
In everything give thanks, for this is the will of God in Christ Jesus toward you.
19 ၁၉ ဝိညာဉ်တော်၏အရှိန်ကို အငြိမ်းစေကြနှင့် ။
Do not quench the Spirit.
20 ၂၀ ပရောဖက်ပြုခြင်းကို မထီမဲ့မြင်မမှတ်ကြနှင့် ။
Do not treat prophecies with contempt,
21 ၂၁ ခပ်သိမ်းသော အရာကိုစုံစမ်း၍ ၊ ကောင်းသော အရာကို အမြဲကိုင်စွဲကြလော့ ။
but test all things; hold firmly that which is good.
22 ၂၂ မကောင်းသောအမှုအမျိုးမျိုးရှိသမျှကို ရှောင်ကြလော့။
Abstain from every form of evil.
23 ၂၃ ငြိမ်သက်ခြင်း၏အရှင်ဘုရားသခင် ကိုယ်တော်တိုင်လည်း၊ သင်တို့ကို အကုန်အစင် သန့်ရှင်းစေတော်မူ ပါစေသော။ ငါတို့ သခင်ယေရှု ခရစ်ကြွလာတော်မူသောအခါ၊ သင်တို့၏ ကိုယ်ခန္ဓာ၊ စိတ်၊ ဝိညာဉ်အပေါင်းကို အပြစ်တင်ခွင့်နှင့် ကင်းလွတ်စေခြင်းငှါ စောင့်မတော်မူပါစေသော။
May the God of peace himself sanctify you completely. May your whole spirit, soul, and body be preserved blameless at the coming of our Lord Jesus Christ.
24 ၂၄ သင်တို့ကိုခေါ်တော်မူသောသူသည် သစ္စာနှင့် ပြည့်စုံသည် ဖြစ်၍၊ ထိုသို့ပြုတော်မူလိမ့်မည်။
He who calls you is faithful, who will also do it.
25 ၂၅ ညီအစ်ကိုတို့၊ ငါတို့အဘို့ဆုတောင်းကြလော့။
Brothers, pray for us also.
26 ၂၆ ညီအစ်ကိုအပေါင်းတို့ကို သန့်ရှင်းသောနမ်းခြင်းနှင့် နှုတ်ဆက်ကြလော့။
Greet all the brothers with a holy kiss.
27 ၂၇ ဤစာကို သန့်ရှင်းသော ညီအစ်ကိုအပေါင်းတို့အား ဘတ်စေခြင်းငှာ၊ သခင်ဘုရားကို တိုင်တည်၍ ငါသည် သင်တို့ကို အဓိဋ္ဌာန်သစ္စာပေး၏။
I solemnly command you by the Lord that this letter be read to all the holy brothers.
28 ၂၈ ငါတို့သခင် ယေရှုခရစ်၏ ကျေးဇူးတော်သည် သင်တို့၌ ရှိစေသတည်း။ အာမင်။
The grace of our Lord Jesus Christ be with you.

< ၁ သက်သာလောနိတ် 5 >