< ၁ ဓမ္မရာဇဝင် 31 >

1 ဖိလိတ္တိလူတို့သည် ဣသရေလလူတို့ကို စစ်တိုက်၍၊ ဣသရေလလူတို့သည် ရန်သူရှေ့မှာ ပြေးသဖြင့်၊ ဂိလဗောတောင်ပေါ်မှာ အထိအခိုက်နှင့် လဲ၍သေကြ၏။
Na kua whawhai nga Pirihitini ki a Iharaira, a ka whati nga tangata o Iharaira i te aroaro o nga Pirihitini, a hinga ana, mate rawa, i Maunga Kiripoa.
2 ဖိလိတ္တိလူတို့သည် ရှောလုမင်းနှင့် သူ၏သားတို့ကို ပြင်းထန်စွာ လိုက်၍၊ ရှောလု၏သား ယုနသန်၊ အဘိနဒပ်၊ မေလခိရွှ တို့ကို သတ်ကြ၏။
Na ka whaia e nga Pirihitini a Haora ratou ko ana tama, a patua iho e nga Pirihitini a Honatana ratou ko Apinarapa, ko Marikihua, nga tama a Haora.
3 စစ်တိုက်ရာတွင် ရှောလုသည် အလွန်ခံရ၏။ လေးသမားတို့ ပစ်သော မြှားမှန်၍ အလွန်နာသောကြောင့်၊
Na ka nui haere te whawhai ki a Haora, a ka mau ia i nga kaikopere; nui rawa tona tunga i nga kaikopere.
4 လက်နက်ဆောင်လုလင်ကို ခေါ်ပြီးလျှင် သင့်ထားကို ထုတ်၍ ငါ့ကို ထိုးလော့။ သို့မဟုတ် အရေဖျားလှီးခြင်းကို မခံသောလူတို့သည်လာ၍ ငါ့ကိုထိုးပြီးမှ မရိုမသေ ညှဉ်းဆဲကြလိမ့်မည်ဟု ဆိုသော်လည်း၊ လက်နက်ဆောင်လုလင်သည် အလွန်ကြောက်၍ မပြုဘဲနေသောကြောင့်၊ ရှောလုသည် ထိုထားကို ယူ၍ ထောင်ပြီးလျှင်၊ ထားဖျားပေါ်မှာ လှဲ၍ သေလေ၏။
Katahi a Haora ka mea ki tana kaimau patu, Unuhia tau hoari, werohia hoki ahau; kei haere mai tenei hunga kokotikore, a ka wero i ahau, ka whakatupu kino i ahau. Otiia kihai i pai tana kaimau patu; he nui hoki no tona hopohopo. Na reira ka mau a Haora ki tana hoari, hinga iho ki runga.
5 ရှောလု သေသည်ကို လက်နက်ဆောင်လုလင် မြင်လျှင်၊ သူသည်လည်း ထိုထားကိုထောင်၍ ရှောလုနှင့်အတူ ထားဖျားပေါ်မှာ လှဲ၍ သေ၏။
A, no te kitenga o tana kaimau patu, kua mate a Haora, ka hinga hoki ia ki tana hoari, a mate tahi ana raua.
6 ထိုသို့ရှောလုမှစ၍ သူ၏ သားသုံးယောက်၊ သူ၏ လက်နက်ဆောင်လုလင်၊ သူ၏ လူအပေါင်းတို့သည် ထိုနေ့ခြင်းတွင် အတူသေကြ၏။
Heoi kotahi tonu te matenga o Haora ratou ko ana tama tokotoru, ko tana kaimau patu, me ana tangata katoa i taua ra ano.
7 ဣသရေလလူ ပြေးကြောင်း၊ ရှောလုနှင့် သူ၏သားသေကြောင်းကို ချိုင့်တဘက်၊ ယော်ဒန်မြစ်တဘက်၌ နေသော ဣသရေလလူတို့သည် သိမြင်လျှင်၊ မြို့ရွာတို့ကို စွန့်ပြေးသဖြင့်၊ ဖိလိတ္တိလူတို့သည် လာ၍ နေကြ၏။
A, no te kitenga o nga tangata o Iharaira i tera taha o te raorao, i tawhi ano o Horano, kua whati nga tangata o Iharaira, a kua mate a Haora ratou ko ana tama, whakarerea ake e ratou nga pa, a rere ana; na ka haere nga Pirihitini nohoia iho.
8 နက်ဖြန်နေ့၌ ဖိလိတ္တိလူတို့သည် အသေကောင်တို့၌ အဝတ်တန်ဆာကို ချွတ်ခြင်းငှါလာသောအခါ၊ ဂိလဗောတောင်ပေါ်မှာ၊ ရှောလုနှင့် သူ၏သားသုံးယောက်တို့သည် လဲသေလျက် ရှိသည်ကို တွေ့မြင်ကြ၏။
A, i te aonga ake, i te haerenga o nga Pirihitini ki te muru i te hunga i patua, na, ka kitea e ratou a Haora ratou ko ana tama tokotoru e takoto ana i Maunga Kiripoa.
9 ရှောလု၏ ခေါင်းကို ဖြတ်၍ လက်နက်တော်ကို ချွတ်ပြီးမှ သူတို့ ရုပ်တုကျောင်းများ၌၎င်း၊ လူများတို့၌၎င်း၊ သိတင်းကျော်စောစေခြင်းငှါ ဖိလိတ္တိပြည် အရပ်ရပ်သို့ ပေးလိုက်ကြ၏။
Na tapahia ana e ratou tona upoko, murua ana ana patu, unga ana e ratou kia kawea puta noa i te whenua o nga Pirihitini a tawhio noa, kia kauwhautia i roto i te whare o a ratou whakapakoko, i roto hoki i te iwi.
10 ၁၀ လက်နက်တော်ကိုလည်း အာရှတရက်ကျောင်း၌ ထား၍ အလောင်းတော်ကို ဗက်ရှန်မြို့ရိုး၌ ဆွဲထားကြ၏။
A i whakatakotoria e ratou ana patu ki te whare o Ahataroto, ko tona tinana ia i titia e ratou ki te taiepa o Petehana.
11 ၁၁ ရှောလု၌ ဖိလိတ္တိလူတို့ ပြုသောအမှုကို ဂိလဒ်ပြည် ယာဗက်မြို့သားများကြားလျှင်၊
A, no ka rongo nga tangata o Iapehe Kireara ki ta nga Pirihitini i mea ai ki a Haora,
12 ၁၂ သူရဲအပေါင်းတို့သည် ညဉ့်အခါ ထသွား၍၊ ရှောလု၏အလောင်းနှင့် သူ၏သားအလောင်းတို့ကို ဗက်ရှန်မြို့ရိုးမှ ချပြီး လျှင်၊ ယာဗက်မြို့သို့ဆောင်ခဲ့၍ မီးရှို့ကြ၏။
Ka whakatika nga marohirohi katoa, a haere ana pau noa taua po katoa; na tangohia iho e ratou te tinana o Haora, me nga tinana o ana tama i te taiepa o Petehana, a haere ana ki Iapehe, tahuna ana ki reira.
13 ၁၃ အရိုးတို့ကို လည်းယူ၍ ယာဗက်မြို့မှာ သစ်ပင်အောက်၌ သင်္ဂြိုဟ်ပြီးမှ ခုနစ်ရက်ပတ်လုံး အစာရှောင်ကြသည်
I maua hoki o ratou whenua e ratou, a tanumia ana ki raro i tetahi rakau i Iapehe, a e whitu nga ra i nohopuku ai.

< ၁ ဓမ္မရာဇဝင် 31 >