< ၁ ဓမ္မရာဇဝင် 20 >

1 ဒါဝိဒ်သည် ရာမမြို့၊ နာယုတ်ရွာမှပြေး၍ ယောနသန်ထံသို့ ရောက်ပြီးလျှင်၊ ကျွန်ုပ်သည် အဘယ်သို့ ပြုဘိသနည်း။ အဘယ်အပြစ် ရှိသနည်း။ ခမည်းတော်သည် ကျွန်ုပ်အသက်ကို ရှာမည်အကြောင်း၊ ကျွန်ုပ်သည် အဘယ်ဒုစရိုက်ကို ပြုဘိသနည်းဟု မေးသော်၊
Kisha Daudi akakimbia kutoka Nayothi huko Rama akaenda na kumwambia Yonathani, “Nimefanya nini? Uovu wangu ni upi? Dhambi yangu ni ipi kwa baba yako, inayofanya atafute kuutoa uhai wangu.”
2 ယောနသန်က၊ ဤအမှုဝေးပါစေသော။ သင်သည် မသေရ။ ကျွန်ုပ်အဘသည် ကျွန်ုပ်အား မပြောဘဲ အမှုအကြီးအငယ် တစုံတခုကိုမျှ မပြုတတ်။ ဤအမှုမှန်လျှင် ကျွန်ုပ်မသိစေခြင်းငှါ အဘယ်ကြောင့် ဝှက်ထားမည်နည်း။ ဤအမှုမမှန်ဘူးဟု ပြန်ပြော၏။
Yonathani akamwambia Daudi, “La hasha; hautakufa. Baba yangu hafanyi jambo kubwa wala dogo bila kunijulisha. Kwa nini inamlazimu baba yangu anifiche jambo hili? La, siyo hivyo?”
3 ဒါဝိဒ်ကလည်း၊ ကျွန်ုပ်သည် သင်၏ မိတ်ဆွေဖြစ်ကြောင်းကို သင်၏ အဘသည် အမှန်သိသဖြင့်၊ ယောနသန်စိတ်မသာ ရှိမည်စိုးရိမ်၍ သူသည် ဤအမှုကို မသိစေနှင့်ဟု ပြောဆိုပါပြီ။ အကယ်စင်စစ် ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း၊ သင့်အသက်လည်း ရှင်သည်အတိုင်း၊ ကျွန်ုပ်နှင့် သေဘေးစပ်ကြားမှာ အသွားတလှမ်းသာ ရှိပါသည်ဟု အကျိန်နှင့် ဆို၏။
Bado Daudi aliapa tena na akasema, “Baba yako anajua wazi kwamba nimepata kibali machoni pako. Pengine anasema, 'Asije Yonathani akajua jambo hili, labda atahuzunika.' Lakini kweli kama BWANA aishivyo, kama wewe uishivyo, kuna hatua moja tu kati yangu na mauti.”
4 ယောနသန်ကလည်း၊ သင့်စိတ်နှလုံး အလိုရှိသည်အတိုင်း ကျွန်ုပ်ပြုပါမည်ဟု ဒါဝိဒ်အားဆိုလျှင်၊
Kisha Yonathani akamwambia Daudi, “Lolote utakalosema, nitakufanyia.”
5 ဒါဝိဒ်က၊ နက်ဖြန်နေ့သည် လဆန်းနေ့ဖြစ်၍၊ ကျွန်ုပ်သည် ရှင်ဘုရင်နှင့်အတူ စားတော်ပွဲနားမှာ မထိုင်ဘဲ မနေသင့်။ သို့သော်လည်း ကျွန်ုပ်သွား၍ သုံးရက်နေ့ ညဦးတိုင်အောင် တော၌ ပုန်းရှောင်လျက် နေပါရစေ။
Daudi akamwambia Yonathani, “Kesho ni siku ya mwezi mpya, na inanibidi kukaa na kula pamoja na mfalme. Lakini acha niende, ili niweze kujificha katika shamba hadi siku ya tatu jioni.
6 သင်၏ အဘသည် ကျွန်ုပ်မရှိသည်ကို မှတ်မိလျှင်၊ ဒါဝိဒ်၏ အဆွေအမျိုးအပေါင်းတို့သည် နှစ်စဉ်ပွဲ ခံချိန်ရှိသောကြောင့်၊ မိမိနေရာ ဗက်လင်မြို့သို့ သွားရမည်အကြောင်း၊ ကျပ်ကျပ်အခွင့်ပန်ပါ၏ဟု လျှောက်ပါ။
Baba yako akinikosa kabisa, ndipo utasema, 'Daudi aliniomba kwa msisitizo ruhusa aondoke kwenda mjini kwake Bethlehemu; kwa sababu huko ni kipindi cha utoaji wa dhabihu ya mwaka kwa familia yao yote.'
7 အဘက ကောင်းပြီဟုဆိုလျှင်၊ ကိုယ်တော်ကျွန်သည် ချမ်းသာရပြီ။ သို့မဟုတ် အလွန်စိတ်ဆိုးလျှင်၊ ဘေးပြုမည် အကြံရှိသည်ကို သဘောကျပါ။
Kama atasema kuwa ni vyema, 'basi mtumishi wako atakuwa na amani. Lakini kama atakasirika sana, ndipo utajua kwamba ameamua kunitendea uovu.
8 ကိုယ်တော်ကျွန်၌ ကျေးဇူးပြုပါ။ ထာဝရဘုရား၏ ပဋိညာဉ်ကို ကိုယ်တော်ကျွန်နှင့် ဖွဲ့ပါပြီ။ သို့သော်လည်း ကျွန်ုပ်၌ အပြစ်ရှိလျှင် ကိုယ်တော်တိုင် သတ်ပါ။ အဘယ်ကြောင့် အဘထံသို့ ဆောင်သွားရပါမည်နည်းဟု ယောနသန်အားဆို၏။
Kwa hiyo, umtendee wema mtumishi wako. Kwa maana umemweka mtumishi katika agano la BWANA pamoja na wewe. Lakini kama kuna dhambi ndani yangu, wewe mwenyewe uniuwe; maana kwa nini basi unipeleke kwa baba yako?”
9 ယောနသန်က ထိုသို့သောအမှု ဝေးပါစေသော။ ကျွန်ုပ်အဘသည် သင်၌ ဘေးပြုမည်ဟု အကြံ ရှိသည်ကို ကျွန်ုပ်သည် အမှန်သိလျှင် သင့်အား မပြောဘဲနေလိမ့်မည်လောဟု ဆို၏။
Yonathani akasema, “La hasha! Ikiwa ninajua kwamba baba ameamua baya likupate, siwezi kukuambia?”
10 ၁၀ ဒါဝိဒ်ကလည်း၊ ခမည်းတော်သည် ကြမ်းတမ်းစွာ ပြန်ပြောလျှင်၊ ကျွန်ုပ်အား အဘယ်သူ ကြားပြောလိမ့်မည်နည်းဟု မေးသော်၊
Ndipo Daudi akamwambia Yonathani, “Ni nani ataniambia ikiwa imetokea, baba yako akakujibu kwa ukali?”
11 ၁၁ ယောနသန်က၊ ငါတို့သည် တောသို့ သွားကြကုန်အံ့ဟု ဒါဝိဒ်အား ဆိုလျက်၊ နှစ်ယောက်တို့သည် တောသို့ထွက်သွားကြ၏။
Yonathani akamwambia Daudi, “Njoo, hebu twende huko shambani.” Ndipo wote wakaondoka kwenda shambani.
12 ၁၂ ယောနသန်ကလည်း၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း၊ နက်ဖြန်နေ့၊ သဘက်နေ့၌ ကျွန်ုပ်အဘကို စုံစမ်းသောအခါ သူသည် ဒါဝိဒ်၌ ကောင်းသော အကြံရှိ၍ သင့်ကို ကျွန်ုပ်မကြားလိုက်ဘဲ နေသော်၎င်း၊
Yonathani akamwambia Daudi, “Na BWANA, Mungu wa Israeli, awe shahidi. Kesho muda kama huu, nitakuwa nimemuuliza baba yangu, au siku ya tatu, tazama, ikiwa kutakuwa na jambo zuri upande wa Daudi; je, nisikutumie taarifa na kulidhihirisha kwako?
13 ၁၃ သို့မဟုတ် ကျွန်ုပ်အဘသည် ဘေးပြုခြင်းငှါ အလိုရှိ၍ သင်သည် ငြိမ်ဝပ်စွာ သွားရမည်အကြောင်း၊ ကျွန်ုပ် သတိမပေး မလွှတ်လိုက်ဘဲ နေသော်၎င်း၊ ထာဝရဘုရားသည် ထိုမျှမက ယောနသန်ကို ပြုတော်မူစေသတည်း။ ထာဝရဘုရားသည် ကျွန်ုပ်အဘနှင့် အတူရှိခဲ့ပြီးသကဲ့သို့ သင်နှင့်အတူ ရှိပါစေသော။
Na kama ikimpendeza baba yangu akufanyie madhara, Basi BWANA ayafanye hayo kwa Yonathani na kuzidi ikiwa sitakujulisha jambo na kukupeleka mbali, ili kwamba uende kwa amani. Na BWANA awe pamoja nawe, kama alivyokuwa na baba yangu.
14 ၁၄ သင်သည် ကျွန်ုပ်အသက်ရှင်စဉ် အခါ၌သာ အသက်ချမ်းသာစေခြင်းငှါ ထာဝရဘုရား အလိုတော် အတိုင်း ကျေးဇူးပြုရမည်မက၊
Kama bado nikiwa hai, hautanionesha uaminifu wa agano la BWANA, kwamba siwezi kufa?
15 ၁၅ ထာဝရဘုရားသည် ဒါဝိဒ်၏ ရန်သူအပေါင်းတို့ကို မြေကြီးပေါ်က ပယ်ရှင်းတော်မူသော နောက်မှာလည်း၊ ကျွန်ုပ်အမျိုးအနွယ်၌ အစဉ်အမြဲ ကျေးဇူးပြုရမည်ဟု ဒါဝိဒ်အားဆိုသဖြင့်၎င်း၊
Na usivunje kabisa uaminifu wako wa agano kati yako na nyumba yangu, hata wakati BWANA atakapowaodoa kila mmoja wa adui za Daudi kutoka uso wa dunia.”
16 ၁၆ သစ္စာပျက်လျှင် ဒါဝိဒ်၏ ရန်သူတို့အားဖြင့် ထာဝရဘုရား အပြစ်ပေးတော်မူစေသတည်းဟု ဒါဝိဒ်၏ အမျိုးအနွယ်နှင့် ပဋိညာဉ်ဖွဲ့သဖြင့်၎င်း၊
Basi Yonathani akafanya agano na nyumba ya Daudi na kusema, “Naye BWANA atawaondoa maadui wa Daudi.”
17 ၁၇ ကိုယ်ဝိညာဉ်ကို ချစ်သကဲ့သို့ ဒါဝိဒ်ကို ချစ်သောကြောင့်၊ ချစ်သောစိတ်အားကြီး၍ ဒါဝိဒ်အား အထပ်ထပ်ကျိန်ဆို၏။
Yonathani akamtaka Daudi aape tena kwa sababu ya upendo aliokuwa nao juu yake, kwa sababu alimpenda kama alivyopenda roho yake mwenyewe.
18 ၁၈ တဖန် ယောနသန်က၊ နက်ဖြန်နေ့သည် လဆန်းနေ့ဖြစ်၍၊ သင်ထိုင်ရာအရပ် လပ်လျှင် သင်မရှိကြောင်း ထင်ရှားလိမ့်မည်။
Kisha Yonathani akamwambia Daudi, “Kesho ni siku ya mwezi mpya. Hautakuwapo, kwa sababu kiti chako kitakuwa wazi.
19 ၁၉ သင်သည် သုံးရက်နေပြီးမှ အလျင်အမြန် ဆင်းလာသဖြင့်၊ အရင်အမှုရှိစဉ် ပုန်းရှောင်၍ နေရာအရပ်သို့ ရောက်လျှင်၊ ဧဇေလ ကျောက်နားမှာ နေရမည်။
Utakapokuwa umekaa huko siku tatu, uende upesi hadi mahala ulipojificha mara ya kwanza, wakati shughuli ikifanyika, na ukaye karibu jiwe Ezeli.
20 ၂၀ ကျွန်ုပ်သည်လည်း၊ စက်ကို ပစ်ဟန်ပြု၍၊ ထိုကျောက်နားသို့ မြှားသုံးစင်းပစ်မည်။
Nitatupa mishale mitatu pembeni mwa jiwe, kama vile ninalenga kitu fulani.
21 ၂၁ မြှားတို့ကို သွား၍ ရှာချေဟု လူကလေးကို စေခိုင်းသောအခါ၊ မြှားတို့သည် နင့်အနားမှာရှိ၏။ ကောက်တော့ဟု သေချာစွာ ပြောလျှင်လာခဲ့ပါ။ ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း ဘေးမရှိ၊ ချမ်းသာရပြီ။
Kisha nitamtuma kijana wangu na kumwambia, 'Nenda utafute hiyo mishale.' Kama nitamwambia kijana hivi, 'Tazama, mishale iko upande huu wa kwako; kaichukue,” ndipo uje; maana hapo kutakuwa na usalama kwako na siyo madhara, kama BWANA aishivyo.
22 ၂၂ သို့မဟုတ်၊ မြှားတို့သည် နင့်ကို လွန်ပြီဟု လုလင်အား ဆိုလျှင် သွားလော့။ ထာဝရဘုရားသည် သင့်ကို လွှတ်လိုက်တော်မူ၏။
“Lakini kama nikimwambia kijana hivi, 'Tazama, mishale iko mbele yako,' ndipo utakapokwenda zako, maana BWANA ametaka uende zako.
23 ၂၃ ယခု ငါတို့နှစ်ယောက် ပြောသော အမှုသည်ကား၊ ထာဝရဘုရားသည် သင်နှင့် ကျွန်ုပ်စပ်ကြားမှာ အစဉ်ရှိတော်မူစေသတည်းဟု ဒါဝိဒ်အား ပြောဆိုလေ၏။
Kulingana na makubaliano ambayo mimi na wewe tumeongea, angalia, BWANA yupo kati yangu na wewe milele.'”
24 ၂၄ ဒါဝိဒ်သည် တော၌ ပုန်းရှောင်၍ နေ၏။ လဆန်းနေ့ရောက်မှ ရှင်ဘုရင်သည် စားတော်ခေါ်ခြင်းငှါ ထိုင်၏။
Kwa hiyo Daudi akajificha mle shambani. Pindi mwezi ulipoandama, mfalme aliketi chini ale chakula.
25 ၂၅ ထုံးစံအတိုင်းထရံနားမှာ ရှင်ဘုရင်ထိုင်လျှင်၊ ယောနသန်ထ၍ အာဗနာသည် ရှောလုအနားမှာ ထိုင်၏။ ဒါဝိဒ်၏ နေရာ ထိုင်ရာသည် လပ်၏။
Mfalme alikaa juu ya kiti chake, kama kawaida kwenye kiti karibu na ukuta. Yonathani alisimama wima, na Abneri alikaa ubavuni mwa Sauli. Lakini nafasi ya Daudi ilikuwa wazi.
26 ၂၆ သို့ရာတွင် ရှောလုက အကြောင်းတစုံတခုရှိလိမ့်မည်။ သူသည် မစင်ကြယ်။ အကယ်၍ သူသည် မစင်ကြယ်ဟု ထင်မှတ်၍ ထိုနေ့၌ တိတ်ဆိတ်စွာနေ၏။
Hata hivyo Sauli hakusema kitu siku hiyo, kwa sababu alifikiri, “Kuna jambo limempata Daudi. Hayuko safi; hakika hayuko safi.”
27 ၂၇ နက်ဖြန်နေ့ လဆန်းနှစ်ရက်နေ့၌ ဒါဝိဒ်၏ နေရာထိုင်ရာသည် လပ်သောကြောင့် ရှောလုက၊ ယေရှဲသားသည် စားပွဲတော်သို့ မနေ့ကမလာ၊ ယနေ့လည်း မလာဘဲ အဘယ်ကြောင့်နေသနည်းဟု သားတော် ယောနသန်အား မေးလျှင်၊
Lakini siku ya pili, siku moja baada ya mwandamo wa mwezi, bado nafasi ya Daudi ilikuwa tupu. Ndipo Sauli akamuuliza Yonathani mwanaye, “Kwa nini mwana wa Yese hakuja kwenye chakula, jana na hata leo?”
28 ၂၈ ယောနသန်က၊ ဒါဝိဒ်သည် ဗက်လင်မြို့သို့ သွားရမည်အကြောင်း ကျပ်ကျပ်အခွင့်ပန်လျက်၊
Yonathani akamjibu Sauli, “Daudi aliomba kwangu ruhusa kwa dhati ili aende Bethlehemu.
29 ၂၉ အကျွန်ုပ် သွားရသော အခွင့်ကို ပေးပါလော့။ အကျွန်ုပ် အဆွေအမျိုးတို့သည် ထိုမြို့၌ ယဇ်ပွဲကို ဆောင်ကြပါ၏။ အကျွန်ုပ် အစ်ကိုလည်းမှာလိုက်ပါပြီ။ စိတ်တော်နှင့် တွေ့သည်မှန်လျှင် အကျွန်ုပ်သွား၍ အစ်ကိုတို့ကို မြင်ရမည်အကြောင်း အခွင့်ပေးပါလော့ဟု တောင်းပန်ပါ၏။ ထို့ကြောင့် စားပွဲတော်သို့ မလာပါဟု ရှောလုအား လျှောက်လေ၏။
Alisema, 'Tafadhali niruhusu niende. Maana familia yetu wanayo dhabihu huko mjini, na kaka yangu ameniagiza niwe huko. Basi kama nimepata kibali machoni pako, tafadhali niruhusu niende nikawaone kaka zangu.' Hakuja kwenye meza ya mfalme kwa sababu hii.”
30 ၃၀ ထိုအခါရှောလုသည် ယောနသန်ကို အမျက်ထွက်၍၊ မြောက်မထားသော မိန်းမ၏သား၊ သင်သည် ကိုယ်တိုင် အရှက်ကွဲသည်တိုင်အောင်၎င်း၊ သင့်အမိအဝတ်ကျွတ်၍ အရှက်ကွဲသည့်တိုင်အောင်၎င်း၊ ယေရှဲ၏သား ဘက်၌ နေသည်ကို ငါမသိသလော။
Ndipo hasira ya Sauli iliwaka juu ya Yonathani, na akamwambia, “Wee mwana wa mwanamke mkaidi na muasi! Wadhani kwamba sijui kuwa umemchagua Mwana wa Yese kwa ajili ya aibu yako, na kwa aibu ya uchi wa mama yako?
31 ၃၁ ယေရှဲ၏သားသည် မြေကြီးပေါ်မှာ အသက်ရှင်သည်ကာလပတ်လုံး သင်နှင့် သင်၏နိုင်ငံ မတည်ရ။ ယခုစေလွှတ်၍ သူကိုခေါ်ခဲ့။ သူသည် အသေခံရမည်ဟုဆိုလျှင်၊
Kwa kuwa mwana wa Yese anaishi duniani, siyo wewe wala ufalme wako utakaoimarika. Sasa basi, tuma watu wamlete kwangu, kwa sababu inampasa kufa.”
32 ၃၂ ယောနသန်က၊ ဒါဝိဒ်သည် အဘယ်ကြောင့် အသေခံရမည်နည်း။ အဘယ်သို့ပြုဘိသနည်းဟု အဘရှောလုအား မေးလေသော်၊
Yonathani akamjibu Sauli baba yake, “Kwa sababu gani inampasa kuuwawa? Amefanya nini?”
33 ၃၃ ရှောလုသည် ယောနသန်ကို မှန်စေခြင်းငှါ လှံတို့ကို လက်လွှတ်၍ ထိုးလေ၏။ သို့ဖြစ်၍ အဘသည် ဒါဝိဒ်ကို သတ်မည်အကြံရှိသည်ကို ယောနသန်သည် သိသဖြင့်၊
Ndipo Sauli akamtupia mkuki apate kumuua. Kwa hiyo Yonatani akatambua kwamba baba yake alinuia kumuua Daudi.
34 ၃၄ အမျက်ထွက်၍၊ ထိုလဆန်းနှစ်ရက်နေ့၌ အစာမစားဘဲ ထသွား၏။ မိမိအဘသည် ဒါဝိဒ်ကို အရှက်ခွဲသောကြောင့် ဒါဝိဒ်အတွက် ညှိုးငယ်သောစိတ် ရှိ၏။
Yonathani alitoka mezani akiwa na hasira kali bila kula chakula siku ya pili ya mwezi, kwa sababu alimhuzunikia Daudi, na kwa sababu baba yake amemwaibisha.
35 ၃၅ နံနက်ရောက်မှ ဒါဝိဒ်နှင့် ချိန်းချက်သော အချိန်၌၊ ယောနသန်သည် လူကလေးကို ခေါ်၍ တောသို့ သွား၏။
Ikawa asubuhi, Yonathani akaenda huko shambani kama walivyoahidiana na Daudi, akiwa pamoja na kijana wake.
36 ၃၆ လူကလေးအား လည်းပြေးတော့။ ငါပစ်သော မြှားတို့ကို ရှာတော့ဟုဆို၍ လူကလေးသည် ပြေးသောအခါ သူ့ကို လွန်အောင်မြှားတစင်းကို ပစ်လေ၏။
Akamwambia yule kijana wake, “Kimbia utafute ile mishale niliyoitupa.” Na kijana alikimbia, akatupa mshale mwingine mbele yake.
37 ၃၇ ယောနသန်ပစ်သော မြှားကျရာ အရပ်သို့ လူကလေးရောက်သောအခါ၊ ယောနသန်က၊ မြှားတစင်းသည် နင့်ကို လွန်ပြီမဟုတ်လော။
Kijana alipofika katika eneo ambapo mshale ulitua, ule alioutuma Yonathani, akamwita tena kijana, na kusema, “Huo mshale hauko mbele yako?”
38 ၃၈ ကြိုးစား၍ အလျင်အမြန်ပြေးတော့။ မနေနှင့်ဟု လူကလေးနောက်မှာ ဟစ်လေ၏။ လူကလေးသည်လည်း မြှားတို့ကို ကောက်၍ မိမိသခင့်ထံသို့ ပြန်လာ၏။
Kisha Yonathani akamwita yule kijana, “Upesi, harakisha, usikawie!” Hivyo kijana wa Yonathani akaikusanya mishale na kurudi kwa bwana wake.
39 ၃၉ သို့ရာတွင် လူကလေးသည် ထိုအမှုကို နားမလည်။ ယောနသန်နှင့် ဒါဝိဒ်သာ နားလည်ကြ၏။
Lakini huyo kijana hakujua lolote. Ni Yonathani na Daudi tu ndio walijua habari yenyewe.
40 ၄၀ ယောနသန်သည် မိမိလက်နက်တို့ကို လူကလေး၌ အပ်၍ မြို့ထဲသို့ယူသွားတော့ဟု ဆို၏။
Yonathani akampa kijana wake silaha na kumwambia, “Nenda, uzipeleke mjini.”
41 ၄၁ လူကလေးသွားသောနောက်၊ ဒါဝိဒ်သည် တောင်မျက်နှာ အရပ်က ထ၍ မြေပေါ်မှာ ပြပ်ဝပ်လျက် သုံးကြိမ်တိုင်အောင် ဦးညွှတ်ပြီးလျှင်၊ သူတို့သည် တယောက်ကို တယောက်နမ်းလျက် မျက်ရည် ကျလျက်၊ ဒါဝိဒ်သည်သာ၍ ပြုသည်တိုင်အောင် ပြုကြ၏။
Punde tu kijana alipoondoka, Daudi akasimama kutokea upande wa kusini, akiwa amelala kifudifudi, akainama mara tatu. Walibusiana wao kwa wao na wote wakalia kwa pamoja, Daudi akilia zaidi.
42 ၄၂ ယောနသန်ကလည်း၊ ထာဝရဘုရားသည် သင်နှင့် ကျွန်ုပ်စပ်ကြား၊ သင့်အမျိုးအနွယ်နှင့် ကျွန်ုပ် အမျိုးအနွယ်စပ်ကြားမှာ အစဉ်အမြဲ ရှိတော်မူစေသတည်းဟူ၍ ထာဝရဘုရား၏ နာမတော်ကို တိုင်တည်သဖြင့်၊ ငါတို့နှစ်ယောက်သည် ကျိန်ဆိုကြသည်ကို ထောက်၍၊ ငြိမ်ဝပ်စွာ သွားတော့ဟု ဒါဝိဒ်အား ဆိုလျှင်၊ ဒါဝိဒ်သည် ထသွား၍ ယောနသန်လည်း မြို့ထဲသို့ ဝင်လေ၏။
Yonathani akamwambia Daudi, “Nenda kwa amani, kwa sababu wote tumeapa kwa jina la BWANA na tulisema, 'BWANA awe kati yangu na wewe, na awe kati ya uzao wangu na uzao wako, milele.'” Kisha Daudi alisimama na akaondoka, na Yonathani akarudi mjini.

< ၁ ဓမ္မရာဇဝင် 20 >