< ၁ ဓမ္မရာဇဝင် 18 >

1 ထိုသို့ လျှောက်ပြီးသည်နောက်၊ ရှောလု၏ သားယောနသန် စိတ်နှလုံးသည် ဒါဝိဒ်စိတ်နှလုံးနှင့် စွဲကပ်လျက် ရှိ၍ ဒါဝိဒ်ကို ကိုယ်နှင့်အမျှချစ်လေ၏။
Daudi alipokuwa amemaliza kuongea na Sauli, roho ya Yonathani ilishikana na roho ya Daudi, na Yonathani akampenda kama roho yake mwenyewe.
2 ထိုနေ့၌ ရှောလုသည် ဒါဝိဒ်ကို သိမ်းဆည်း၍ သူ့အဘ၏အိမ်သို့ နောက်တဖန် သွားနေရသော အခွင့်ကို ပေးတော်မမူ။
Sauli akamweka kazini Daudi siku hiyo, hakumwacha arudi nyumbani kwa baba yake.
3 ယောနသန်သည်လည်း၊ ဒါဝိဒ်ကို ကိုယ်နှင့်အမျှ ချစ်သောကြောင့် သူနှင့်အတူ မိဿဟာယ ဖွဲ့ပြီးလျှင်၊-
Kisha Yonathani na Daudi wakafanya makubaliano ya urafiki kwa sababu Yonathani alimenda kama roho yake mwenyewe.
4 မိမိဝတ်သော ဝတ်လုံကို ချွတ်၍ မိမိအဝတ်တန်ဆာများနှင့် ထား၊ လေး၊ ခါးစည်းတို့ကိုပင် ဒါဝိဒ်အား ပေးလေ၏။
Yonathani akavua kanzu aliyokuwa amevaa na kumpa Daudi, akampa na vazi lake la kivita, pamoja na upanga, upinde, na mshipi.
5 ဒါဝိဒ်သည် ရှောလုစေခိုင်းသမျှကို သွား၍ သတိပညာနှင့်ပြုမှုသောကြောင့်၊ စစ်သူရဲအုပ်အရာ၌ ခန့်ထားတော်မူသဖြင့်၊ ဒါဝိဒ်သည် ကျွန်တော်မျိုးမှစ၍ လူအပေါင်းတို့တွင် မျက်နှာရ၏။
Daudi alikwenda popote ambapo Sauli alimtuma, naye alifanikiwa. Sauli akamteua Daudi awe mkuu wa wapiganaji. Jambo hili lilipendeza machoni pa watu na katika macho ya watumishi wa Sauli.
6 ဒါဝိဒ်သည် ဖိလိတ္တိလူကို သတ်ပြီးမှ ပြန်လာ၍၊ ရောက်လေရာရာ၌ မိန်းမများတို့သည် ရှောလုမင်း ကြီးကို ခရီးဦးကြိုပြုအံ့သောငှါ ရွှင်လန်းသောစိတ်နှင့် သီချင်းဆိုလျက်၊ ကလျက်၊ ပတ်သောအစရှိ သည်တို့ကို တီးလျက်၊ ဣသရေလမြို့ရွာများထဲက ထွက်လာသဖြင့်၊
Wakati wanarudi nyumbani kutoka kuwapiga Wafilisti, wanawake walitoka miji yote ya Israeli, wakiimba na kucheza, ili kukutana na mfalme Sauli, wakiwa na matowazi, wenye furaha, na wakiwa na ala za muziki.
7 ရှောလု အထောင်ထောင်၊ ဒါဝိဒ် အသောင်းသောင်း သတ်လေစွတကားဟု အလှည့်လှည့် သီချင်းဆိုကြ၏။
Hao wanawake waliimba kwa kupokezana huku wakicheza; Wakiimba: “Sauli ameua maelfu yake, Na Daudi ameua makumi elfu yake.”
8 ရှောလုက၊ သူတို့သည် ဒါဝိဒ်အား အသောင်းသောင်း၊ ငါ့အား အထောင်ထောင်သာ ပေးကြပြီ။ နိုင်ငံတော်မှတပါး အဘယ်အရာကို ပေးနိုင်သေးသနည်းဟု အလွန်အမျက်ထွက်၍ ထိုစကားကြောင့် စိတ်ပျက်လေ၏။
Sauli alikasirika sana, na wimbo huu haukumpendeza. Naye akasema, “Wamemsifia Daudi juu ya makumi elfu, lakini wamenisifia melfu tu mimi! Atapata kitu gani zaidi isipokuwa ufalme?
9 ထိုနေ့မှစ၍ ဒါဝိဒ်ကို အစဉ်ချောင်းမြောင်းလျက် နေ၏။
Kuanzia siku hiyo na kuendelea, Sauli alimuangalia Daudi kwa mashaka.
10 ၁၀ နက်ဖြန်နေ့ထာဝရဘုရားထံတော်က၊ ဆိုးသောဝိညာဉ်သည် ရှောလုအပေါ်မှာရောက်သဖြင့်၊ ရှောလု သည် နန်းတော်အလယ်၌ ပရောဖက်ပြုသောကြောင့်၊ ဒါဝိဒ်သည် အရင်ကဲ့သို့ စောင်းတီးလေ၏။ ရှောလုသည် လှံတို့ကို ကိုင်လျက်ရှိ၍၊-
Kesho yake yule roho ya ubaya kutoka kwa Mungu ikamwingia Sauli kwa nguvu. Naye akawa anafanya kama mwendawazimu nyumbani mwake. Hivyo Daudi akapiga kifaa chake, kama alivyofanya kila siku. Sauli alikuwa na mkuki wake mkononi.
11 ၁၁ ဒါဝိဒ်ကို ထရံနားမှာထိုးမည်ဟု အကြံရှိသည်အတိုင်း လှံတို့ကို ထိုးပစ်သော်လည်း၊ ဒါဝိဒ်သည် အထံတော်မှ နှစ်ကြိမ်ရှောင်လွှဲလေ၏။
Sauli akatupa mkuki wake, kwani alifikiri, “Nitampigilia ukutani.” Lakini Daudi mara mbili aliepa uwepo wa Sauli.
12 ၁၂ ထိုသို့ ထာဝရဘုရားသည် ရှောလုထံမှထွက်၍ ဒါဝိဒ်နှင့်အတူ ရှိတော်မူသောကြောင့်၊ ရှောလုသည် ဒါဝိဒ်ကို ကြောက်ရွံ့သဖြင့်၊-
Sauli alimwogopa Daudi, kwa sababu BWANA alikuwa pamoja naye, lakini hakuwa na Sauli tena.
13 ၁၃ အထံတော်မှ ရွှေ့၍ လူတထောင်အုပ်အရာကို ပေး၏။ ဒါဝိဒ်သည် လူများရှေ့၌ ထွက်ဝင်ရ၏။
Hivyo Sauli alimuondoa Daudi mbele yake na akamteua kuwa kamanda wa kikosi cha askari elfu moja. Kwa namna hii David alitoka na kuingia mbele ya watu.
14 ၁၄ ဒါဝိဒ်သည် အရာရာ၌ သတိပညာနှင့်ပြုမူ၍ သူနှင့်အတူ ထာဝရဘုရားရှိတော်မူ၏
Daudi alikuwa akistawi kwa mambo yake yote, maana BWANA alikuwa pamoja naye.
15 ၁၅ ထိုသို့ အလွန်သတိပညာနှင့် ပြုမူသည်ကို ရှောလုသည် မြင်လျှင် သာ၍ ကြောက်ရွံ့လေ၏။
Sauli alipoona kwamba Daudi anastawi, alimwogopa.
16 ၁၆ ဣသရေလအမျိုး၊ ယုဒအမျိုးသားအပေါင်းတို့သည် ဒါဝိဒ်ကို ချစ်ကြ၏။ အကြောင်းမူကား၊ သူတို့ ရှေ့၌ ဒါဝိဒ်သည် ထွက်ဝင်တတ်၏။
Lakini Israeli yote na Yuda walimpenda Daudi, maana alitoka na kuingia mbele yao.
17 ၁၇ တဖန်ရှောလုသည် ဒါဝိဒ်ကိုခေါ်၍ ငါ့သမီးကြီး မေရပ်ကို သင့်အား ငါပေးစားမည်။ သင်သည် ငါ့အဘို့ ရဲရင့်၍ ထာဝရဘုရားအဘို့ စစ်တိုက်ခြင်းကိုသာ ပြုလော့ဟု မိန့်တော်မူ၏။ အကြောင်းမူကား၊ ငါ့လက်သည် သူ့အပေါ်သို့ မရောက်စေနှင့်။ ဖိလိတ္တိလူတို့ လက်သည် ရောက်ပါစေသောဟု ရှောလု အကြံရှိ၏။
Kisha Sauli akamwambia Daudi, “Huyu hapa ni binti yangu mkubwa Merabu. Nitakupatia awe mke wako. Ila tu uwe jasiri kwa ajili yangu na upigane vita vya BWANA.” Maana Sauli alifikiri, “Usije mkono wangu ukawa juu yake, ila acha mkono wa Wafilisti uwe juu yake.”
18 ၁၈ ဒါဝိဒ်ကလည်း၊ ကျွန်တော်သည် ရှင်ဘုရင်၏ သမက်တော်ဖြစ်ရပါမည်အကြောင်း အဘယ်သို့သော သူဖြစ်ပါသနည်း။ ကျွန်တော်အသက်နှင့် ကျွန်တော် အဆွေအမျိုးသည်၊ ဣသရေလနိုင်ငံ၌ အဘယ်သို့ မြတ်ပါသနည်းဟု ရှောလုအား လျှောက်၏။
Daudi akamwambia Sauli, “Mimi ni nani, na maisha yangu yana nini, au hata maisha ya familia ya baba yangu katika Israeli, kiasi cha kuwa mkwe wa mfalme?” 1 Samweli 18-19-19
19 ၁၉ သို့ရာတွင်၊ ရှောလု၏သမီး မေရပ်ကို ဒါဝိဒ်အား ပေးစားရသော အချိန်ရောက်သောအခါ၊ မေဟော လသိအမျိုး အဒြေလအား ပေးစားလေ၏။
Lakini wakati ambao Merabu, binti Sauli, ilipasa kuwa ameolewa na Daudi, aliozwa kwa Adrieli Mmeholathi.
20 ၂၀ တဖန် ရှောလုသမီး မိခါလသည် ဒါဝိဒ်ကို ချစ်၏။ ထိုအကြောင်းကို လျှောက်သောအခါ၊ ရှောလု သည် အားရလျက်၊-
Lakini Mikali, binti Sauli, alimpenda Daudi. Na watu walimwambia Sauli, na jambo hilo likampendeza.
21 ၂၁ ငါ့သမီးသည် ဒါဝိဒ်ကိုကျော့မိ၍ ဖိလိတ္တိလူတို့ လက်သို့ ရောက်စေခြင်းငှါ ပေးစားမည်ဟု အကြံရှိ၏။
Ndipo Sauli akafikiri, “Nitampatia huyu awe mke wake, ili uwe mtego kwake, na hivyo mkono wa Wafilisti pengine uwe juu yake.” Kwa hiyo Sauli akamwambia Daudi mara ya pili, “Wewe utakuwa mkwe wangu.”
22 ၂၂ နန်းတော်သားအချို့ကို ခေါ်၍၊ သင်တို့သည် ဒါဝိဒ်နှင့် တိတ်ဆိတ်စွာ စကားပြောရမည်မှာ၊ ရှင်ဘုရင် သည် သင့်ကို စုံမက်၍၊ ရှင်ဘုရင်၏ ကျွန်အပေါင်းတို့သည်လည်း ချစ်ကြ၏။ သို့ဖြစ်၍ ရှင်ဘုရင်၏ သမက်တော်ဖြစ်ကောင်းပါ၏ဟု မှာထားသည်အတိုင်း၊-
Sauli akawaamuru watumishi wake, “Ongeeni na Daudi kwa njia ya siri, na mseme, 'Tazama, mfalme anakufurahia, na watumishi wake wote wanakupenda. Sasa basi, uwe mkwe wa mfalme.'”
23 ၂၃ ရှောလု၏ ကျွန်တို့သည် ဒါဝိဒ်အား ပြောကြ၏။ ဒါဝိဒ်ကလည်း၊ ကျွန်ုပ်သည် အသရေမရှိသော ဆင်းရဲသားဖြစ်လျက်နှင့် ရှင်ဘုရင်၏ သမက်တော်လုပ်ရသောအမှုသည် သာမညအမှု ထင် သလောဟု ပြောဆို၏။
Hivyo watumishi wa Sauli wakayasema maneno haya kwa Daudi. Na Daudi akasema, “Kwenu ninyi mnaona ni jambo dogo kuwa mkwe wa mfalme, mimi ni maskini, na heshima yangu ni ndogo.”
24 ၂၄ ရှောလုကျွန်တို့ကလည်း၊ ဒါဝိဒ်သည် ဤသို့ပြောဆိုပါသည်ဟု လျှောက်လျှင်၊-
Watumishi wa Sauli wakarudisha kwake taarifa ya maneno ambayo Daudi aliyasema.
25 ၂၅ သင်တို့သည် တဖန်ပြောရမည်မှာ၊ ရှင်ဘုရင်သည် ရန်သူတို့၌ စိတ်တော်ပြေမည်အကြောင်း၊ ဖိလိတ္တိ လူတို့၏ အရေဖျားတရာမှ တပါးအခြားသော လက်ဖွဲ့ရာကို အလိုတော်မရှိဟု မှာထား၏။ သို့ရာတွင် ဒါဝိဒ်ကို ဖိလိတ္တိလူတို့လက်ဖြင့် ဆုံးစေမည်ဟု ရှောလုအကြံရှိ၏။
Na Sauli akasema, “Hivi ndivyo mtakavyo mwambia Daudi, 'Mfalme haitaji mahari yoyote, isipokuwa govi mia moja za Wafilisti, ili ajilipize kisasi kwa adui wa mfalme.”' Basi Sauli alifikiri atamwangusha Daudi kwa mkono wa Wafilisti.
26 ၂၆ ရှောလု ကျွန်တို့သည် ထိုစကားကို ဒါဝိဒ်အား ပြန်ပြောသောအခါ၊ ဒါဝိဒ်သည် ရှင်ဘုရင်၏ သမက် တော်ဖြစ်ခြင်းငှါ အလိုရှိ၏။ ထို့ကြောင့် ချိန်းချက်သော အချိန်မစေ့မှီထ၍၊-
Watumishi wake walipomwambia maneno haya, yakamvutia Daudi awe mkwe wa mfalme.
27 ၂၇ မိမိလူတို့နှင့်အတူသွားသဖြင့်၊ ဖိလိတ္တိ လူနှစ်ရာတို့ကို သတ်ပြီးမှ၊ ရှင်ဘုရင်၏ သမက်တော် ဖြစ်လို သောငှါ၊ သူတို့အရေဖျားများကို ယူခဲ့၍၊ စုံလင်သော အရေအတွက်အားဖြင့် ရှင်ဘုရင်အား ဆက် လေ၏။ ရှောလုသည်လည်း သမီးတော်မိခါလကို ပေးစားရ၏။
Kabla siku hizo hazijapita, Daudi aliondoka na watu wake na kuwaua Wafilisti mia mbili. Daudi akazileta govi zao, na kumkadhi mfalme kulingana na idadi yake, ili aweze kufanyika mkwe wa mfalme. Kwa hiyo Sauli akamwoza Mikali, binti yake, awe mkewe.
28 ၂၈ ထာဝရဘုရားသည် ဒါဝိဒ်နှင့်အတူ ရှိတော်မူကြောင်းကို၎င်း၊ မိမိသမီးသည် ချစ်ကြောင်းကို၎င်း၊ ရှောလုသည် မြင်၍၊-
Basi Sauli aliona na kufahamu kwamba BWANA alikuwa pamoja na Daudi. Mikali, binti Sauli, akampenda Daudi.
29 ၂၉ ကြောက်ရွံ့သော စိတ်စွဲလမ်းလျက် အစဉ်အမြဲ ရန်ငြိုးဖွဲ့လေ၏။
Sauli akazidi kumwogopa Daudi. Sauli akawa adui wa Daudi daima.
30 ၃၀ တဖန် ဖိလိတ္တိမင်းတို့သည် ချီသွားကြ၏။ ချီသွားကြသည်နောက် ဒါဝိဒ်သည် ရှောလု၏ ကျွန်အပေါင်း တို့ထက်သာ၍ သတိပညာနှင့် ပြုမှုသဖြင့် အလွန်ဂုဏ်အသရေနှင့် ပြည့်စုံ၏။
Ndipo wakuu wa Wafilisti wakajitokeza kwa ajili ya vita, na mara zote walipojitokeza Daudi alifanikiwa zaidi kuliko watumishi wote wa Sauli, hivyo jina lake likapata heshima kubwa.

< ၁ ဓမ္မရာဇဝင် 18 >