< ၃ ဓမ္မရာဇဝင် 1 >

1 ဒါဝိဒ်မင်းကြီးသည် အသက်ကြီးရင့်၍ အိုသောအခါ အဝတ်ခြုံ၍ မနွေးနိုင်။
Yıllar geçmiş, Kral Davut yaşlanmıştı. Üstünü örtülerle örtmelerine karşın ısınamıyordu.
2 သို့ဖြစ်၍ ကျွန်တို့က၊ အသက်ပျိုသော ကညာကို အရှင်မင်းကြီးအဘို့ ရှာပါရစေ။ သူသည်မင်းကြီးကို ခစား၍ ပြုစုပါစေ။ အရှင်မင်းကြီးကို နွေးစေခြင်းငှါ ရင်ခွင်တော်၌ အိပ်ပါစေဟုလျှောက်ကြ၏။
Görevlileri, “Efendimiz kral!” dediler, “Yanında kalıp sana bakacak, koynunda yatıp seni ısıtacak genç bir kız arayalım.”
3 ထိုသို့နှင့်အညီအဆင်းလှသောအပျိုမကို ဣသ ရေလပြည် တရှောက်လုံးတွင်ရှာ၍၊ ရှုနင်မြို့သူ အဘိရှက် ကို တွေ့သဖြင့် အထံတော်သို့ ဆောင်ခဲ့ကြ၏။
Görevliler bütün İsrail'i aradılar; sonunda Şunemli Avişak adında genç ve güzel bir kız bulup krala getirdiler.
4 ထိုမိန်းမသည် အလွန်အဆင်းလှ၏။ ရှင်ဘုရင် ကိုလည်း လုပ်ကျွေးပြုစုလေ၏။ သို့ရာတွင် ရှင်ဘုရင် သိမ်းတော်မမူ။
Çok güzel olan genç kız, krala bakıp hizmet etti. Ama kral ona hiç dokunmadı.
5 ထိုနောက် ဟဂ္ဂိတ်သားအဒေါနိယသည် ရှင် ဘုရင်လုပ်မည်ဟု အကြံရှိလျက်၊ ကိုယ်ကိုချီးမြှောက်၍ ရထားများနှင့် မြင်းများကို၎င်း၊ မိမိရှေ့၌ပြေးရသော လူငါးဆယ်ကို၎င်း၊ ပြင်ဆင်လေ၏။
Hagit'in oğlu Adoniya kral olmayı düşünüyordu. Bu amaçla ortaya çıkıp kendine savaş arabaları, atlılar ve önünde koşacak elli muhafız buldu.
6 ခမည်းတော်က၊ သင်သည် အဘယ်ကြောင့် ဤသို့ပြုသနည်းဟု သူ့စိတ်နာအောင် တခါမျှမပြောစဖူး။ ထိုသူသည် အဆင်းလည်း အလွန်လှ၏။
Babası Davut hiçbir zaman, “Neden şöyle ya da böyle davranıyorsun?” diye ona karşı çıkmamıştı. Avşalom'dan sonra dünyaya gelen Adoniya çok yakışıklıydı.
7 အဗရှလုံညီ လည်း ဖြစ်၏။ သူသည်ဇေရုယာသား ယွာဘ၊ ယဇ်ပုရောဟိတ် အဗျာသာနှင့် တိုင်ပင်၍ သူတို့သည် အဒေါနိယဘက်မှာ နေကြ၏။
Adoniya, Seruya oğlu Yoav ve Kâhin Aviyatar'la görüşüp onların desteğini sağladı.
8 ယဇ်ပုရောဟိတ်ဇာဒုတ်၊ ယောယဒသားဗေနာ ယ၊ ပရောဖက်နာသန်၊ ရှိမိ၊ ရေဣအစရှိသော ဒါဝိဒ်၏ မှူးကြီးမတ်ကြီးများမူကား၊ အဒေါနိယဘက်သို့ မဝင်ကြ။
Ama Kâhin Sadok, Yehoyada oğlu Benaya, Peygamber Natan, Şimi, Rei ve Davut'un muhafızları ona katılmadılar.
9 အဒေါနိယသည် အင်္ရောဂေလမြို့နယ်အတွင်း၊ ဇောဟေလက်ကျောက်နားမှာ သိုး၊ နွားမှစ၍ ဆူဖြိုးသော အကောင်တို့ကို သတ်ပြီးလျှင်၊ ရှင်ဘုရင်သား မိမိညီ များနှင့်ရှင်ဘုရင်၏ ကျွန်ယုဒလူများအပေါင်းတို့ကို ခေါ်ဘိတ်လေ၏။
Adoniya, Eyn-Rogel yakınlarında Sohelet Kayası denilen yerde davar, sığır ve besili buzağılar kurban edip bütün kardeşlerini, yani kralın oğullarını ve krala hizmet eden bütün Yahudalılar'ı çağırdı. Ama Peygamber Natan'ı, Benaya'yı, muhafızları ve kardeşi Süleyman'ı çağırmadı.
10 ၁၀ ပရောဖက်နာသန်၊ ဗေနာယ၊ မှူးကြီးမတ်ကြီးမှ စသော ညီရှောလမုန်ကိုကား မခေါ်မဘိတ်။
11 ၁၁ ထိုအခါနာသန်သည် ရှောလမုန် အမိဗာသရှေဘထံသို့သွား၍၊ ဟဂ္ဂိတ်၏သား အဒေါနိယသည် ရှင်ဘုရင်လုပ်ကြောင်းကို ကြားပြီလော။ တို့အရှင်ဒါဝိဒ် သည် မသိပါတကား။
Bunun üzerine Natan, Süleyman'ın annesi Bat-Şeva'ya, “Hagit oğlu Adoniya efendimiz Davut'un haberi olmadan kendini kral ilan etmiş, duymadın mı?” dedi,
12 ၁၂ ယခုမှာသင်၏ အသက်နှင့် ရှောလမုန်၏ အသက်ကို ချမ်းသာစေခြင်းငှါ ကျွန်ုပ်သည် အကြံပေးပါ ရစေ။
“Şimdi izin ver de sana kendi canınla oğlun Süleyman'ın canını nasıl kurtaracağına ilişkin öğüt vereyim.
13 ၁၃ ဒါဝိဒ်မင်းကြီးထံတော်သို့ဝင်၍၊ အိုအရှင် မင်းကြီး၊ ကိုယ်တော်က သင်၏သားရှောလမုန်သည် ငါ့အရာ၌ စိုးစံ၍ နန်းထိုင်ရမည်ဟု ကိုယ်တော် ကျွန်မ အား ကျိန်ဆိုတော်မူပြီမဟုတ်လော။ သို့ဖြစ်လျှင် အဒေါ နိယသည် အဘယ်ကြောင့် စိုးစံရပါသနည်းဟု လျှောက် လော့။
Git Kral Davut'a söyle, ‘Efendim kral, benden sonra oğlun Süleyman kral olacak ve tahtıma o oturacak diye bana ant içmedin mi? O halde neden Adoniya kral oldu?’
14 ၁၄ ထိုသို့အထံတော်၌ လျှောက်စဉ်တွင်၊ ကျွန်ုပ် ဝင်၍ သင်၏စကားကို ထောက်မမည်ဟု အကြံပေးသည် အတိုင်း၊
Sen kralla konuşmanı bitirmeden ben içeri girip sözlerini doğrulayacağım.”
15 ၁၅ ဗာသရှေဘသည်ရှင်ဘုရင်ရှိရာ အခန်းထဲသို့ ဝင်လေ၏။ ရှင်ဘုရင်သည်အလွန်အို၍ ရှုနင်မြို့သူ အဘိရှက်သည် လုပ်ကျွေးလျက်နေ၏။
Bat-Şeva yaşı çok ilerlemiş olan kralın odasına girdiğinde Şunemli Avişak ona hizmet ediyordu.
16 ၁၆ ဗာသရှေဘသည်ဦးချ၍ ရှင်ဘုရင်အား ရှိခိုးလျှင်။ ရှင်ဘုရင်က အဘယ်အလိုရှိသနည်းဟု မေးတော် မူ၏။
Bat-Şeva, kralın önünde diz çöküp yere kapandı. Kral, “Ne istiyorsun?” diye sordu.
17 ၁၇ ဗာသရှေဘကလည်း၊ ကျွန်မသခင်၊ ကိုယ်တော် က သင်၏သား ရှောလမုန်သည်ငါ့အရာ၌ စိုးစံ၍နန်းထိုင် ရမည်ဟု ကိုယ်တော်၏ ဘုရားသခင် ထာဝရဘုရားကို တိုင်တည်၍ ကိုယ်တော်ကျွန်မအား ကျိန်ဆိုတော်မူပြီ။
Bat-Şeva şöyle karşılık verdi: “Efendim, ‘Benden sonra oğlun Süleyman kral olacak ve tahtıma oturacak’ diye bana Tanrın RAB adıyla ant içtin.
18 ၁၈ ယခုမှာ အဒေါနိယသည်စိုးစံပါ၏။ ကိုယ်တော် အရှင်မင်းကြီးလည်း သိတော်မမူ။
Efendim kral, şu anda senin haberin olmadan Adoniya krallığını ilan etti.
19 ၁၉ အဒေါနိယသည် သိုးနွားမှစ၍ ဆူဖြိုးသော အကောင်များတို့ကို သတ်ပြီးလျှင်၊ မင်းကြီး၏ သားတော် အပေါင်းတို့နှင့်တကွ ယဇ်ပုရောဟိတ်အဗျာသာ၊ ဗိုလ်ချုပ် မင်းယွာဘတို့ကို ခေါ်ဘိတ်ပါ၏။ ကိုယ်တော် ကျွန် ရှောလမုန်ကိုကား မခေါ်မဘိတ်ပါ။
Sayısız sığır, davar ve besili buzağı kurban edip kralın bütün oğullarını, Kâhin Aviyatar'ı ve ordu komutanı Yoav'ı çağırdı, ama kulun Süleyman'ı çağırmadı.
20 ၂၀ အိုအရှင်မင်းကြီး၊ ကျွန်မအရှင်မင်းကြီး၏ အရာ၌စိုးစံ၍ အဘယ်သူသည် နန်းထိုင်ရမည်ကို မိန့် တော်မူမည်ဟု ဣသရေလအမျိုးသားအပေါင်းတို့သည် ကိုယ်တော်ကို မြော်ကြည့်လျက်နေကြပါ၏။
Efendim kral, bütün İsrail'in gözü sende. Senden sonra tahtına kimin geçeceğini öğrenmek istiyorlar.
21 ၂၁ သို့မဟုတ်ကျွန်မအရှင်မင်းကြီးသည် ဘိုးတော် ဘေးတော်တို့နှင့်အတူ ကျိန်းစက်တော်မူသောအခါ၊ ကျွန်တော်မနှင့် သားရှောလမုန်သည် ရာဇဝတ်ခံရသော သူဖြစ်ပါလိမ့်မည်ဟု လျှောက်လေ၏။
Yoksa sen ölüp atalarına kavuşunca, ben ve oğlum Süleyman suçlu sayılacağız.”
22 ၂၂ ထိုသို့အထံတော်၌ လျှောက်စဉ်တွင်၊ ပရောဖက် နာသန်သည် ဝင်လျှင် ပရောဖက်နာသန်လာပါသည်ဟု လျှောက်ကြ၏။
Bat-Şeva daha kralla konuşurken Peygamber Natan geldi.
23 ၂၃ နာသန်သည်လည်း ရှေ့တော်သို့ ရောက်သော အခါ ဦးချပြပ်ဝပ်လျက်၊
Krala, “Peygamber Natan geldi” dediler. Natan kralın huzuruna çıkıp yüzüstü yere kapandı.
24 ၂၄ အိုအရှင်မင်းကြီး၊ ကိုယ်တော်က ငါ့အရာ၌ အဒေါနိယစိုးစံ၍ နန်းထိုင်ရမည်ဟု မိန့်တော်မူသလော။
Sonra, “Efendim kral, senden sonra Adoniya'nın kral olup tahtına geçeceğini söyledin mi?” dedi,
25 ၂၅ သူသည် ယနေ့ဆင်းသွား၍၊ ဆူဖြိုးသော သိုးနွား များတို့ကို သတ်ပြီးလျှင် မင်းကြီး၏သားတော်အပေါင်း တို့ကို၎င်း၊ ဗိုလ်များနှင့် ယဇ်ပုရောဟိတ်အဗျာသာကို၎င်း ခေါ်ဘိတ်ပါပြီ။ သူတို့သည် အဒေါနိယရှေ့မှာ စား သောက်လျက်၊ အဒေါနိယမင်းကြီးသည် အသက်ရှင်စေ သတည်းဟု ကြွေးကြော်လျက်ယခုရှိကြပါ၏။
“Adoniya bugün gidip sayısız sığır, davar ve besili buzağı kurban etmiş; kralın bütün oğullarını, ordu komutanlarını ve Kâhin Aviyatar'ı çağırmış. Şu anda hepsi onun önünde yiyip içiyor ve, ‘Yaşasın Kral Adoniya!’ diye bağırıyor.
26 ၂၆ ကိုယ်တော်ကျွန်အကျွန်ုပ်၊ ယဇ်ပုရောဟိတ် ဇာဒုတ်၊ ယောယဒသား ဗေနာယ၊ ကိုယ်တော်ကျွန် ရှောလမုန်တို့ကိုကား မခေါ်မဘိတ်ပါ။
Ama Adoniya beni, Kâhin Sadok'u, Yehoyada oğlu Benaya'yı ve kulun Süleyman'ı çağırmadı.
27 ၂၇ အရှင်မင်းကြီး၏အရာ၌ အဘယ်သူနန်းထိုင် ရမည်ကို ကိုယ်တော် ကျွန်အားပြတော်မမူဘဲ ဤအမှုကို အရှင်မင်းကြီးစီရင်တော်မူပြီလောဟု လျှောက်၏။
Efendim ve kralım, gerçekten bütün bunlara sen mi karar verdin? Yoksa senden sonra tahtına kimin geçeceğini biz kullarına bildirmeden mi bunu yaptın?”
28 ၂၈ ထိုအခါဒါဝိဒ်မင်းကြီးက၊ ဗာသရှေဘကို ခေါ်ခဲ့ ပါဟု မိန့်တော်မူသည်အတိုင်း၊ ဗာသရှေဘသည်လာ၍ ရှေ့တော်၌ ရပ်နေ၏။
Kral Davut, “Bana Bat-Şeva'yı çağırın!” dedi. Bat-Şeva kralın huzuruna çıkıp önünde durdu.
29 ၂၉ ရှင်ဘုရင်ကလည်း၊ ငါ့အသက်ဝိညာဉ်ကို ခပ် သိမ်းသော ဒုက္ခထဲက ကယ်နှုတ်တော်မူသော ထာဝရ ဘုရား အသက်ရှင်တော်မူသည်အတိုင်း၊
Kral Bat-Şeva'ya, “Beni bütün sıkıntılardan kurtaran, yaşayan RAB'bin adıyla ant içiyorum” dedi,
30 ၃၀ သင်၏သားရှောလမုန်သည် ငါ့အရာ၌စိုးစံ၍ ငါ့ကိုယ်စားနန်းထိုင်ရမည်ဟု ဣသရေလအမျိုး၏ ဘုရား သခင်ထာဝရဘုရားကို ငါတိုင်တည်၍ သင့်အား ကျိန်ဆို သည်နှင့်အညီ ယနေ့ငါပြုမည်ဟု တဖန်ကျိန်ဆိုတော်မူ၏။
“‘Benden sonra oğlun Süleyman kral olacak ve tahtıma geçecek’ diye İsrail'in Tanrısı RAB'bin adıyla içtiğim andı bugün yerine getireceğim.”
31 ၃၁ ဗာသရှေဘသည် ဦးချပြပ်ဝပ်လျက်၊ ရှင်ဘုရင် အား ရှိခိုးလျက်၊ အရှင်ဒါဝိဒ်မင်းကြီးသည် အသက်တော် အစဉ်အမြဲရှင်စေသတည်းဟု မြွက်ဆို၏။
O zaman Bat-Şeva kralın önünde diz çöküp yüzüstü yere kapandı ve, “Efendim Kral Davut sonsuza dek yaşasın!” dedi.
32 ၃၂ ဒါဝိဒ်မင်းကြီးကလည်း၊ ယဇ်ပုရောဟိတ် ဇာဒုတ်၊ ပရောဖက် နာသန်၊ ယောယဒသား ဗေနာယ တို့ကို ခေါ်ခဲ့ပါဟု မိန့်တော်မူသည်အတိုင်း၊ သူတို့သည် ရှေ့တော်သို့ ဝင်လာကြ၏။
Kral Davut, “Kâhin Sadok'u, Peygamber Natan'ı ve Yehoyada oğlu Benaya'yı bana çağırın” dedi. Hepsi önüne gelince,
33 ၃၃ ရှင်ဘုရင်ကလည်း၊ သင်တို့အရှင်၏ ကျွန်များကို ခေါ်၍ ငါသားရှောလမုန်ကို ငါ၏မြင်းလားတော်ပေါ်မှာ စီးစေလျက်၊ ဂိဟုန်မြို့သို့ ဆောင်သွားကြလော့။
kral onlara şöyle dedi: “Efendinizin görevlilerini yanınıza alın ve oğlum Süleyman'ı benim katırıma bindirip Gihon'a götürün.
34 ၃၄ ယဇ်ပုရောဟိတ် ဇာဒုတ်နှင့် ပရောဖက် နာသန် သည် ထိုမြို့မှာ ဘိသိက်ပေး၍ ဣသရေလရှင်ဘုရင် အရာ၌ ချီးမြှောက်ပြီးလျှင်၊ တံပိုးမှုတ်၍ ရှောလမုန် မင်းကြီးသည် အသက်တော်ရှင်စေသတည်းဟု ကြွေး ကြော်ကြလော့။
Orada Kâhin Sadok ve Peygamber Natan onu İsrail Kralı olarak meshetsinler. Boru çalıp, ‘Yaşasın Kral Süleyman!’ diye bağırın.
35 ၃၅ ထိုနောက်သင်တို့လိုက်လျက် ငါ့သားသည်လာ၍ နန်းထိုင် ရမည်။ ငါ့ကိုယ်စားရှင်ဘုရင်ဖြစ်ရမည်။ ထိုသူကို ဣသရေလမင်း၊ ယုဒမင်းအရာ၌ ငါခန့်ထားသည်ဟု မိန့် တော်မူ၏။
Onun ardından gidin; çünkü o gelip tahtıma oturacak ve yerime kral olacak. Onu İsrail ve Yahuda'ya yönetici atadım.”
36 ၃၆ ယောယဒသား ဗေနာယက အာမင်။ အရှင် မင်းကြီးကိုးကွယ်သော ဘုရားသခင်ထာဝရဘုရားသည် လည်း ထိုသို့မိန့်တော်မူပါစေသော။
Yehoyada oğlu Benaya, “Amin” diye karşılık verdi, “Efendim kralın Tanrısı RAB de bu kararı onaylasın.
37 ၃၇ ထာဝရဘုရားသည် အရှင်မင်းကြီးဘက်မှာ ရှိတော်မူသည်နည်းတူ ရှောလမုန်ဘက်မှာ ရှိတော်မူပါ စေသော။ အရှင်မင်းကြီးဒါဝိဒ်၏ ရာဇပလ္လင်ထက် သားတော်၏ ရာဇပလ္လင်သည်သာ၍ ဘုန်းကြီးမည် အကြောင်း စီရင်တော်မူပါစေသောဟု ရှင်ဘုရင်ကို ပြန်လျှောက်လေ၏။
RAB, efendim kralla birlikte olduğu gibi Süleyman'la da birlikte olsun ve onun krallığını Davut'un krallığından daha başarılı kılsın.”
38 ၃၈ ထိုအခါ ယဇ်ပုရောဟိတ်ဇာဒုတ်၊ ပရောဖက် နာသန်၊ ယောယံဒ သားဗေနာယ၊ ခေရသိလူ၊ ပေလသိ လူတို့သည် ထွက်၍ ရှောလမုန်ကို ဒါဝိဒ်မင်းကြီး၏ မြင်းလားပေါ်မှာ စီးစေလျက် ဂိဟုန်မြို့သို့ ဆောင်သွား ကြ၏။
Kâhin Sadok, Peygamber Natan, Yehoyada oğlu Benaya, Keretliler'le Peletliler gidip Süleyman'ı Kral Davut'un katırına bindirdiler ve Gihon'a kadar ona eşlik ettiler.
39 ၃၉ ယဇ်ပုရောဟိတ်ဇာဒုတ်သည် တဲတော်ထဲက ဆီဘူးကိုယူ၍ ရှောလမုန်ကိုဘိသိက်ပေးပြီးမှ၊ သူတို့သည် တံပိုးမှုတ်၍၊ ရှောလမုန်မင်းကြီးသည် အသက်တော်ရှင် စေသတည်းဟု လူအပေါင်းတို့သည် ဟစ်ကြော်ကြ၏။
Kâhin Sadok, Kutsal Çadır'dan yağ dolu boynuz kabı alıp Süleyman'ı meshetti. Boru çalınca bütün halk “Yaşasın Kral Süleyman!” diye bağırdı.
40 ၄၀ လူအပေါင်းတို့သည် တီးမှုတ်လျက် နောက် တော်သို့လိုက်၍၊ မြေကြီးကွဲမတတ်ရှိသည်တိုင်အောင် အလွန်ဝမ်းမြောက်သောအသံကို ပြုကြ၏။
Herkes kaval çalarak Süleyman'ın ardından yürüdü. Öyle sevinçliydiler ki, seslerinden adeta yer sarsılıyordu.
41 ၄၁ အဒေါနိယနှင့် သူ၏အပေါင်းအဘော်တို့သည် စားသောက်ပွဲ ပြီးသောအခါ ထိုအသံကို ကြားကြ၏။ တံပိုးမှုတ်သံကိုယွာဘကြားလျှင်၊ တမြို့လုံး အုတ်အုတ် ကျက်ကျက်ပြုသံကား၊ အဘယ်သို့နည်းဟု မေးစဉ်ပင်၊
Adoniya ve yanındaki konuklar yemeklerini bitirirken kalabalığın gürültüsünü duydular. Boru sesini duyan Yoav, “Kentten gelen bu gürültü de ne?” diye sordu.
42 ၄၂ ယဇ်ပုရောဟိတ် အဗျာသာ၏သား ယောနသန် သည်လာလျှင်၊ အဒေါနိယကဝင်ပါ။ သင်သည် လူကောင်းဖြစ်၍၊ ကောင်းသောသိတင်းကို ကြားပြော လိမ့်မည်ဟု ဆိုလျှင်၊
Yoav daha sorusunu tamamlamadan, Kâhin Aviyatar oğlu Yonatan çıkageldi. Adoniya ona, “İçeri gir, sen yiğit bir adamsın. İyi haberler getirmiş olmalısın” dedi.
43 ၄၃ ယောနသန်က၊ အကယ်စင်စစ် ငါတို့အရှင် ဒါဝိဒ်မင်းကြီးသည် ရှောလမုန်ကို ရှင်ဘုရင်အရာ၌ ခန့်ထားတော်မူပြီ။
Yonatan, “Hayır, bu kez farklı” diye karşılık verdi, “Efendimiz Kral Davut, Süleyman'ı kral atadı.
44 ၄၄ ရှင်ဘုရင်သည်လည်း ယဇ်ပုရောဟိတ်ဇာဒုတ်၊ ပရောဖက်နာသန်၊ ယောယဒသားဗေနာယ၊ ခေရသိလူ၊ ပေလသိလူတို့ကို ရှောလမုန် နှင့်အတူ စေလွှတ်တော်မူ၍ မြင်းလားတော်ပေါ်မှာ စီးစေကြပါပြီ။
Kral, Kâhin Sadok, Peygamber Natan, Yehoyada oğlu Benaya ve Keretliler'le Peletliler'in Süleyman'ı kendi katırına bindirip götürmelerini istedi.
45 ၄၅ ယဇ်ပုရောဟိတ် ဇာဒုတ်နှင့် ပရောဖက်နာသန် တို့သည် ရှောလမုန်ကို ဂိဟုန်မြို့၌ ရာဇဘိသိက်ပေးပါပြီ။ ထိုမြို့မှ ဝမ်းမြောက်စွာ လာပြန်၍၊ တမြို့လုံးအုတ်အုတ် ကျက်ကျက်သောအသံကို ကိုယ်တော်ကြားရပါ၏။
Gihon'a götürülen Süleyman orada Kâhin Sadok'la Peygamber Natan tarafından kral olarak meshedildi. Oradan sevinçle döndüler ve sesleri kentte yankılanmaya başladı. Duyduğunuz sesler onların sesleridir.
46 ၄၆ ရှောလမုန်သည်လည်း ရာဇပလ္လင်တော်ပေါ်မှာ ထိုင်ပါ၏။
Üstelik Süleyman krallık tahtına oturdu bile.
47 ၄၇ ရှင်ဘုရင်၏ ကျွန်တို့သည်လည်း တို့အရှင် ဒါဝိဒ်မင်းကြီးကို ကောင်းကြီးပေးခြင်းငှါ သွား၍ဘုရား သခင်သည် ရှောလမုန်၏နာမကို ခမည်းတော်၏နာမ ထက်သာ၍ ချီးမြှောက်တော်မူပါစေသော။ သူ၏ရာဇ ပလ္လင်ကို ခမည်းတော်၏ ရာဇပလ္လင်ထက်သာ၍ ဘုန်းကြီးမည်အကြောင်း စီရင်တော်မူပါစေသောဟု လျှောက်လျှင်၊ ရှင်ဘုရင်သည် သာလွန်တော်ပေါ်မှာ ဦးချလျက်၊
Ayrıca efendimiz Kral Davut'u kutlamaya gelen görevlileri, ‘Tanrın, Süleyman'ın adını senin adından daha yüce, krallığını senin krallığından daha başarılı kılsın’ diyorlar. Kral yatağının üzerine kapanarak,
48 ၄၈ ငါသည် ကိုယ်မျက်စိနှင့်မြင်စေခြင်းငှါ၊ ငါ့နန်း ပေါ်မှာ ထိုင်ရသော သူကို ယနေ့ပေးသနားတော်မူသော ဣသရေလအမျိုး၏ရှင်ဘုရင် ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်းဟု မိန့်တော်မူကြောင်းကို အဒေါနိယအား ပြန်လျှောက်လေ၏။
‘Henüz gözlerim açıkken bugün tahtıma oturacak birini veren İsrail'in Tanrısı RAB'be övgüler olsun’ diyor.”
49 ၄၉ ထိုအခါ အဒေါနိယနှင့် ပေါင်းဘော်သော သူအပေါင်းတို့သည် ကြောက်ရွံ့သဖြင့် ထ၍ တယောက် တခြားစီ သွားကြ၏။
Bunun üzerine Adoniya'nın bütün konukları korkuya kapılıp kalktılar, her biri kendi yoluna gitti.
50 ၅၀ အဒေါနိယသည်လည်း ရှောလမုန်ကို ကြောက် သဖြင့် ထသွား၍ ယဇ်ပလ္လင်ဦးချိုတို့ကို ကိုင်လျက်နေ၏။
Adoniya ise, Süleyman'dan korktuğu için, gidip sunağın boynuzlarına sarıldı.
51 ၅၁ အဒေါနိယသည် ရှောလမုန်မင်းကြီးကို ကြောက်၍ ယဇ်ပလ္လင်ဦးချိုတို့ကို ကိုင်လျက်၊ ရှောလမုန် မင်းကြီးသည် ကျွန်တော်ကို မကွပ်မျက်မည်အကြောင်း ယနေ့ကျိန်ဆိုတော်မူပါစေဟုဆိုကြောင်းကို ရှောလမုန် အားလျှောက်လေသော်၊
Durumu Süleyman'a anlattılar. “Adoniya senden korkuyor” dediler, “Sunağın boynuzlarına sarılmış ve ‘İlk önce Kral Süleyman ben kulunu kılıçla öldürmeyeceğine dair ant içsin’ diyor.”
52 ၅၂ ရှောလမုန်က၊ သူသည်လူကောင်းဖြစ်လျှင်၊ ဆံခြည်တပင်မျှ မြေသို့မကျရ။ အပြစ်ရှိလျှင် အသေခံရ မည်ဟု အမိန့်တော်ရှိ၍၊
Süleyman, “Eğer bana bağlı kalırsa, saçının bir teline bile zarar gelmez” diye yanıtladı, “Ama içinde bir kötülük varsa öldürülür.”
53 ၅၃ လူကိုစေလွှတ်သဖြင့်၊ အဒေါနိယကို ယဇ်ပလ္လင် မှ ခေါ်ခဲ့သည်အတိုင်း၊ သူသည်လာ၍ ရှောလမုန်မင်းကြီး ရှေ့မှာ ဦးချလေ၏။ ရှောလမုန်ကလည်း၊ သင့်အိမ်သို့ သွားလော့ဟု မိန့်တော်မူ၏။
Sonra Kral Süleyman'ın gönderdiği adamlar Adoniya'yı sunaktan indirip getirdiler. Adoniya gelip önünde yere kapanınca, ona, “Evine dön!” dedi.

< ၃ ဓမ္မရာဇဝင် 1 >