< ၃ ဓမ္မရာဇဝင် 8 >

1 ထိုအခါ ထာဝရဘုရား၏ ပဋိညာဉ်သည် သေတ္တာတော်ကို ဇိအုန်မည်သော ဒါဝိဒ်မြို့မှ ဆောင်ခဲ့ လိုသောငှါ၊ ရှောလမုန်သည် ဣသရေလအမျိုးအသက် ကြီးသူအပေါင်းတို့နှင့် ဣသရေလအဆွေအမျိုးအသီး အသီးကို အုပ်သော ခေါင်းမင်းအပေါင်းတို့ကို ယေရု ရှလင်မြို့၊ ရှင်ဘုရင်ထံသို့ ခေါ်တော်မူသည်အတိုင်း၊
אז יקהל שלמה את זקני ישראל את כל ראשי המטות נשיאי האבות לבני ישראל אל המלך שלמה ירושלם להעלות את ארון ברית יהוה מעיר דוד היא ציון׃
2 ဣသရေလလူအပေါင်းတို့သည် ဧသနိမ်အမည် ရှိသော သတ္တမလ၌လုပ်သောပွဲအတွင်းတွင် ရှောလမုန် မင်းကြီးထံသို့ စုဝေးရောက်လာကြ၏။
ויקהלו אל המלך שלמה כל איש ישראל בירח האתנים בחג הוא החדש השביעי׃
3 ဣသရေလအမျိုးတွင် အသက်ကြီးသူအပေါင်း တို့သည်လာ၍၊ ယဇ်ပုရောဟိတ်တို့သည်လည်း ထာဝရ ဘုရား၏ သေတ္တာတော်ကို ထမ်းလျက်၊
ויבאו כל זקני ישראל וישאו הכהנים את הארון׃
4 ပရိသတ်စည်းဝေးရာ တဲတော်၊ တဲတော်နှင့် ဆိုင်၍ သန့်ရှင်းသော တန်ဆာအလုံးစုံတို့ကို ယဇ်ပုရော ဟိတ်များနှင့် လေဝိသားများတို့သည် ဆောင်ခဲ့ကြ၏။
ויעלו את ארון יהוה ואת אהל מועד ואת כל כלי הקדש אשר באהל ויעלו אתם הכהנים והלוים׃
5 ရှောလမုန်မင်းကြီးမှစ၍ စည်းဝေးသော ဣသရေလပရိသတ်အပေါင်းတို့သည် မရေတွက်နိုင်။ အတိုင်းမသိများစွာသော သိုးနွားတို့ကို သေတ္တာတော်ရှေ့ မှာ ယဇ်ပူဇော်ကြ၏။
והמלך שלמה וכל עדת ישראל הנועדים עליו אתו לפני הארון מזבחים צאן ובקר אשר לא יספרו ולא ימנו מרב׃
6 ယဇ်ပုရောဟိတ်တို့သည်လည်း ထာဝရဘုရား၏ ပဋိညာဉ် သေတ္တာတော်ကို အိမ်တော်အတွင်းသို့သွင်း၍၊ အလွန်သန့်ရှင်းရာဌာနတည်းဟူသော ဗျာဒိတ်ဌာနတော် ထဲမှာ ခေရုဗိမ်အတောင်တို့အောက်၊ သူ့နေရာ၌ ထားကြ ၏။
ויבאו הכהנים את ארון ברית יהוה אל מקומו אל דביר הבית אל קדש הקדשים אל תחת כנפי הכרובים׃
7 ခေရုဗိမ်တို့သည် မိမိအတောင် နှစ်ဘက်ကို သေတ္တာတော်နေရာအပေါ်မှာဖြန့်၍၊ သေတ္တာတော်နှင့် ထမ်းဘိုးတို့ကို လွှမ်းမိုးလျက် ရှိကြ၏။
כי הכרובים פרשים כנפים אל מקום הארון ויסכו הכרבים על הארון ועל בדיו מלמעלה׃
8 ထမ်းဘိုးတို့ကို ဆွဲထားသဖြင့် ထမ်းဘိုးဖျားတို့ သည် ပြင်ခန်း၌ မထင်။ သန့်ရှင်းရာဌာန၊ ဗျာဒိတ်ဌာန တော်၌သာထင်၍ ယနေ့တိုင်အောင် ရှိကြ၏။
ויארכו הבדים ויראו ראשי הבדים מן הקדש על פני הדביר ולא יראו החוצה ויהיו שם עד היום הזה׃
9 ဣသရေလအမျိုးသားတို့သည် အဲဂုတ္တုပြည်မှ ထွက်၍၊ ထာဝရဘုရားသည် သူတို့နှင့် ပဋိညာဉ်ဖွဲ့တော်မူ သောအခါ၊ မောရှေသည် ဟောရပ်အရပ်၌ရှိစဉ် သွင်း ထားသော ကျောက်ပြားနှစ်ပြားမှတပါး သေတ္တာတော်ထဲ ၌ အဘယ်အရာမျှမရှိ။
אין בארון רק שני לחות האבנים אשר הנח שם משה בחרב אשר כרת יהוה עם בני ישראל בצאתם מארץ מצרים׃
10 ၁၀ ယဇ်ပုရောဟိတ်တို့သည် သန့်ရှင်းရာ ဌာနထဲက ထွက်ကြသောအခါ၊ ထာဝရဘုရား၏ အိမ်တော်သည် မိုဃ်းတိမ်နှင့်ပြည့်၏။
ויהי בצאת הכהנים מן הקדש והענן מלא את בית יהוה׃
11 ၁၁ ထိုသို့ ထာဝရဘုရား၏ အိမ်တော်သည် ဘုန်းတော်နှင့်ပြည့်လျက်၊ မိုဃ်းတိမ်တော်ကြောင့် ယဇ် ပုရောဟိတ်တို့သည် အမှုတော်ကို ဆောင်ရွက်လျက် ရပ်၍ မနေနိုင်ကြ။
ולא יכלו הכהנים לעמד לשרת מפני הענן כי מלא כבוד יהוה את בית יהוה׃
12 ၁၂ ရှောလမုန်ကလည်း၊ ထာဝရဘုရားသည် ထူထပ်သော မှောင်မိုက်ထဲမှာနေတော်မူသည်ဟု စကား တော်ရှိ၏။
אז אמר שלמה יהוה אמר לשכן בערפל׃
13 ၁၃ အကယ်စင်စစ် ကိုယ်တော်ကျိန်းဝပ်တော်မူရာ အိမ်၊ အစဉ်အမြဲနေတော်မူရာ ဌာနတော်ကို အကျွန်ုပ် တည်ဆောက်ပါပြီဟု မြွက်ဆို၏။
בנה בניתי בית זבל לך מכון לשבתך עולמים׃
14 ၁၄ တဖန်ရှင်ဘုရင်သည် လှည့်ကြည့်၍ ဣသရေလ အမျိုး ပရိသတ်အပေါင်းကို ကောင်းကြီးပေးတော်မူ၏။ ဣသရေလအမျိုးပရိသတ်အပေါင်းတို့သည် မတ်တပ် နေကြ၏။
ויסב המלך את פניו ויברך את כל קהל ישראל וכל קהל ישראל עמד׃
15 ၁၅ ရှင်ဘုရင်ကလည်း၊ ထာဝရဘုရား၏ ဗျာဒိတ် တော်စကားဟူမူကား၊
ויאמר ברוך יהוה אלהי ישראל אשר דבר בפיו את דוד אבי ובידו מלא לאמר׃
16 ၁၆ ငါ၏ ဣသရေလအမျိုးသားတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်သော နေ့ကစ၍ ငါ့နာမတည်ရာအိမ်ကို ဆောက်စေခြင်းငှါ၊ ဣသရေလခရိုင်များတို့တွင် မြို့တစုံ တမြို့ကို ငါမရွေးသေးသော်လည်း၊ ငါ၏လူ ဣသရေလ အမျိုးသားတို့ကို အုပ်စိုးစေခြင်းငှါ၊ ဒါဝိဒ်ကို ငါရွေးပြီဟု ငါ့ခမည်းတော်ဒါဝိဒ်အား ဗျာဒိတ်တော်ရှိသည်အတိုင်း ပြုတော်မူသော ဣသရေလအမျိုး ၏ဘုရားသခင်ထာဝရ ဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။
מן היום אשר הוצאתי את עמי את ישראל ממצרים לא בחרתי בעיר מכל שבטי ישראל לבנות בית להיות שמי שם ואבחר בדוד להיות על עמי ישראל׃
17 ၁၇ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား ၏နာမတော်အဘို့ အိမ်တော်ကို တည်ဆောက်ခြင်းငှါ၊ ငါ့ခမည်းတော်ဒါဝိဒ်သည် အကြံရှိသောအခါ၊
ויהי עם לבב דוד אבי לבנות בית לשם יהוה אלהי ישראל׃
18 ၁၈ ထာဝရဘုရားက၊ သင်သည် ငါ့နာမအဘို့ အိမ်တော်တည်ဆောက်ခြင်းငှါ အကြံရှိသောကြောင့် ကောင်းသောအမှုကို ပြုပြီ။
ויאמר יהוה אל דוד אבי יען אשר היה עם לבבך לבנות בית לשמי הטיבת כי היה עם לבבך׃
19 ၁၉ သို့သော်လည်းသင်သည် အိမ်တော်ကို မဆောက်ရ။ သင်၏သားရင်းသည် ငါ့နာမအဘို့ အိမ်တော်ကို ဆောက်ရမည်ဟု ငါ့ခမည်းတော် ဒါဝိဒ်အား မိန့်တော်မူ၏။
רק אתה לא תבנה הבית כי אם בנך היצא מחלציך הוא יבנה הבית לשמי׃
20 ၂၀ ထာဝရဘုရားသည် အမိန့်တော်ရှိသည်အတိုင်း ပြုတော်မူသဖြင့်၊ ငါသည် ငါ့ခမည်းတော်ဒါဝိဒ်၏ အရိပ် အရာကိုခံရ၍၊ ထာဝရဘုရားဂတိတော်ရှိသည်အတိုင်း ဣသရေလနိုင်ငံ၏ ရာဇပလ္လင်ပေါ်မှာ ထိုင်လျက်၊ ဣသ ရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား၏ နာမတော် အဘို့အိမ်တော်ကို တည်ဆောက်လေပြီ။
ויקם יהוה את דברו אשר דבר ואקם תחת דוד אבי ואשב על כסא ישראל כאשר דבר יהוה ואבנה הבית לשם יהוה אלהי ישראל׃
21 ၂၁ ငါတို့ ဘိုးဘေးများကို အဲဂုတ္တုပြည်မှ၊ ထာဝရ ဘုရားနှုတ်ဆောင်သောအခါ၊ သူတို့နှင့် ဖွဲ့တော်မူသော ပဋိညာဉ်ကျောက်စာပါသော သေတ္တာတော်ထားရာ အရပ်ကို ထိုအိမ်တော်၌ လုပ်လေပြီဟု မြွက်ဆို၏။
ואשם שם מקום לארון אשר שם ברית יהוה אשר כרת עם אבתינו בהוציאו אתם מארץ מצרים׃
22 ၂၂ တဖန်ရှောလမုန်သည် ထာဝရဘုရား၏ ယဇ် ပလ္လင်ရှေ့၊ ဣသရေလအမျိုး ပရိသတ်အပေါင်းတို့ အလယ်မှာ နေ၍၊ လက်ဝါးတို့ကို ကောင်းကင်သို့ ဖြန့်လျက်၊
ויעמד שלמה לפני מזבח יהוה נגד כל קהל ישראל ויפרש כפיו השמים׃
23 ၂၃ အို ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရ ဘုရား၊ အထက်ကောင်းကင်ဘုံနှင့်အောက်အရပ်မြေကြီး ပေါ်မှာ ကိုယ်တော်နှင့်တူသော ဘုရားတဆူမျှမရှိပါ။ ရှေ့တော်၌ စိတ်နှလုံးအကြွင်းမဲ့ကျင့်သော ကိုယ်တော်၏ ကျွန်တို့အဘို့ ပဋိညာဉ်တရားနှင့် ကရုဏာတရားကို စောင့်ရှောက်တော်မူပြီ။
ויאמר יהוה אלהי ישראל אין כמוך אלהים בשמים ממעל ועל הארץ מתחת שמר הברית והחסד לעבדיך ההלכים לפניך בכל לבם׃
24 ၂၄ အကျွန်ုပ်အဘဒါဝိဒ်၌ ထားတော်မူသော ဂတိ တော်ကိုမဖျက်၊ မိန့်တော်မူသည်အတိုင်း ယနေ့ပြုတော် မူပြီ။
אשר שמרת לעבדך דוד אבי את אשר דברת לו ותדבר בפיך ובידך מלאת כיום הזה׃
25 ၂၅ အို ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရ ဘုရား၊ ကိုယ်တော်က၊ သင်သည် ငါ့ရှေ့မှာကျင့်သကဲ့သို့ သင်၏သားမြေးတို့သည် ငါ့ရှေ့မှာ ကျင့်လိုသောငှါ၊ မိမိတို့ သွားရာလမ်းကို သတိပြုလျှင်၊ ငါ့မျက်မှောက်၌ ဣသ ရေလနိုင်ငံ၏ ရာဇပလ္လင်ပေါ်မှာ ထိုင်ရသော သင်၏ အမျိုးမင်းရိုးမပြတ်ရဟု ကိုယ်တော်ကျွန် အကျွန်ုပ်အဘ ဒါဝိဒ်၌ ထားတော်မူသော ဂတိတော်ကို ယခုစောင့်တော် မူပါ။
ועתה יהוה אלהי ישראל שמר לעבדך דוד אבי את אשר דברת לו לאמר לא יכרת לך איש מלפני ישב על כסא ישראל רק אם ישמרו בניך את דרכם ללכת לפני כאשר הלכת לפני׃
26 ၂၆ အို ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရ ဘုရား၊ ကိုယ်တော်ကျွန် အကျွန်ုပ်အဘဒါဝိဒ်အား မိန့်တော်မူသော စကားတော်ကို ယခုပြည့်စုံစေတော်မူပါ။
ועתה אלהי ישראל יאמן נא דבריך אשר דברת לעבדך דוד אבי׃
27 ၂၇ သို့ရာတွင် ဘုရားသခင်သည် မြေကြီးပေါ်မှာ ဧကန်အမှန် ကျိန်းဝပ်တော်မူမည်လော။ ကောင်းကင်နှင့် ကောင်းကင်တကာတို့၏ အထွဋ်အမြင့်ဆုံးသော ကောင်း ကင်သည် ကိုယ်တော်ကို မဆံ့မခံနိုင်သည် ဖြစ်၍၊ အကျွန်ုပ်တည်ဆောက်သော ဤအိမ်ကို အဘယ်ဆိုဘွယ် ရာရှိပါသနည်း။
כי האמנם ישב אלהים על הארץ הנה השמים ושמי השמים לא יכלכלוך אף כי הבית הזה אשר בניתי׃
28 ၂၈ သို့သော်လည်း အိုအကျွန်ုပ် ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်ကျွန်သည် ရှေ့တော်၌ ယနေ့ ကြွေးကြော်လျက် ပဌနာပြု၍ တောင်းလျှောက်သော စကားကို နားခံနာယူတော်မူပါ။
ופנית אל תפלת עבדך ואל תחנתו יהוה אלהי לשמע אל הרנה ואל התפלה אשר עבדך מתפלל לפניך היום׃
29 ၂၉ ဤမည်သော အရပ်၌ ငါ့နာမတည်ရမည်ဟု မိန့်တော်မူသည်အတိုင်း၊ ဤအရပ်ဌာနနှင့် ဤအိမ် တော်ကို နေ့ညဉ့်မပြတ်ကြည့်ရှု၍၊ ကိုယ်တော်ကျွန်သည် ဤအရပ်ဌာန၌ ဆုတောင်းသောစကားကို နားထောင် တော်မူပါ။
להיות עינך פתחות אל הבית הזה לילה ויום אל המקום אשר אמרת יהיה שמי שם לשמע אל התפלה אשר יתפלל עבדך אל המקום הזה׃
30 ၃၀ ကိုယ်တော်ကျွန်မှစ၍ ကိုယ်တော်၏လူ ဣသ ရေလအမျိုးသားတို့သည် ဤအရပ်ဌာန၌ ဆုတောင်း ပဌနာပြုကြသောအခါ၊ ကျိန်းဝပ်တော်မူရာ ကောင်းကင် ဘုံ၌နားထောင်၍ အပြစ်မှလွှတ်တော်မူပါ။
ושמעת אל תחנת עבדך ועמך ישראל אשר יתפללו אל המקום הזה ואתה תשמע אל מקום שבתך אל השמים ושמעת וסלחת׃
31 ၃၁ လူသည် မိမိအိမ်နီးချင်းကိုပြစ်မှားသောကြောင့်၊ အကျိန်ခံရမည်ဟု အိမ်နီးချင်းဆိုလျက်၊ ဤအိမ်တော်၌ ကိုယ်တော်၏ယဇ်ပလ္လင်ရှေ့မှာ အကျိန်တိုက်လျှင်၊
את אשר יחטא איש לרעהו ונשא בו אלה להאלתו ובא אלה לפני מזבחך בבית הזה׃
32 ၃၂ ကောင်းကင်ဘုံ၌ နားထောင်တော်မူပါ။ မတရားသောသူသည် မိမိအပြစ်နှင့်အလျောက် ရှုံးစေ ခြင်းငှါ၎င်း၊ ဖြောင့်မတ်သောသူသည် မိမိဖြောင့်မတ်ခြင်း နှင့်အလျောက် အကျိုးကိုခံရ၍ အပြစ်မှလွတ်စေခြင်းငှါ ၎င်း၊ ကိုယ်တော်ကျွန်တို့ကို တရားစီရင်တော်မူပါ။
ואתה תשמע השמים ועשית ושפטת את עבדיך להרשיע רשע לתת דרכו בראשו ולהצדיק צדיק לתת לו כצדקתו׃
33 ၃၃ ကိုယ်တော်၏လူ ဣသရေလအမျိုးသားတို့သည် ကိုယ်တော်ကို ပြစ်မှားသောအပြစ်ကြောင့် ရန်သူရှေ့မှာ ရှုံးရသောအခါ၊ ကိုယ်တော်ထံသို့ ပြန်လာ၍၊ နာမတော် ကိုဝန်ခံလျက်၊ ဤအိမ်တော်ကို မှီခိုလျက် ဆုတောင်း ပဌနာပြုလျှင်၊
בהנגף עמך ישראל לפני אויב אשר יחטאו לך ושבו אליך והודו את שמך והתפללו והתחננו אליך בבית הזה׃
34 ၃၄ ကောင်းကင်ဘုံ၌ နားထောင်၍၊ ကိုယ်တော်၏ လူ ဣသရေလအမျိုးသားတို့ကို အပြစ်မှလွှတ်တော်မူပါ။ ဘိုးဘေးတို့အား ပေးသနားတော်မူသောပြည်သို့ တဖန် ပို့ဆောင်တော်မူပါ။
ואתה תשמע השמים וסלחת לחטאת עמך ישראל והשבתם אל האדמה אשר נתת לאבותם׃
35 ၃၅ ကိုယ်တော်ကို ပြစ်မှားသော အပြစ်ကြောင့် မိုဃ်းမရွာ၊ မိုဃ်းခေါင်သဖြင့် ကိုယ်တော်သည် ဆုံးမတော် မူသောအခါ၊ သူတို့သည် ဤအရပ်ဌာနတော်ကို မှီခိုလျက် ဆုတောင်း၍၊ နာမတော်ကိုဝန်ခံလျက် မိမိဒုစရိုက်ကို စွန့်ပယ်လျှင်၊
בהעצר שמים ולא יהיה מטר כי יחטאו לך והתפללו אל המקום הזה והודו את שמך ומחטאתם ישובון כי תענם׃
36 ၃၆ ကောင်းကင်ဘုံ၌နားထောင်၍၊ ကိုယ်တော်၏ ကျွန်၊ ကိုယ်တော်၏လူ ဣသရေလအမျိုးတို့ကို အပြစ်မှ လွှတ်တော်မူပါ။ သူတို့လိုက်ရသော လမ်းကောင်းကို ပြညွှန်၍၊ ကိုယ်တော်၏လူတို့အား အမွေပေးသော မြေပေါ်မှာ မိုဃ်းရွာစေတော်မူပါ။
ואתה תשמע השמים וסלחת לחטאת עבדיך ועמך ישראל כי תורם את הדרך הטובה אשר ילכו בה ונתתה מטר על ארצך אשר נתתה לעמך לנחלה׃
37 ၃၇ ပြည်တော်၌ အစာအာဟာရခေါင်းပါးသော်၎င်း၊ လေထိ၍ အပင်သေသော်၎င်း၊ အရည်ယို၍ သေသော်၎င်း၊ အရာဘကျိုင်း၊ ခါသိလ ကျိုင်း ကိုက်စားသော်၎င်း၊ ရန်သူတိုက်လာ၍ မြို့ကို ဝိုင်းထားသော်၎င်း၊ ဘေးဥပဒ်၊ အနာရောဂါတစုံတခု ရောက်သောအခါ၊
רעב כי יהיה בארץ דבר כי יהיה שדפון ירקון ארבה חסיל כי יהיה כי יצר לו איבו בארץ שעריו כל נגע כל מחלה׃
38 ၃၈ ကိုယ်တော်၏လူ ဣသရေလအမျိုးသားအချို့တို့သည် အသီးအသီးခံရသောဘေးဒဏ်ကိုသိလျက်၊ ဤအိမ် တော်သို့ မိမိတို့လက်ဝါးကို ဖြန့်၍၊ တစုံတခုသော ပဌနာ စကားအားဖြင့် ဆုတောင်းလျှင်၊
כל תפלה כל תחנה אשר תהיה לכל האדם לכל עמך ישראל אשר ידעון איש נגע לבבו ופרש כפיו אל הבית הזה׃
39 ၃၉ ကျိန်းဝပ်တော်မူရာ ကောင်းကင်ဘုံ၌ နား ထောင်တော်မူပါ။
ואתה תשמע השמים מכון שבתך וסלחת ועשית ונתת לאיש ככל דרכיו אשר תדע את לבבו כי אתה ידעת לבדך את לבב כל בני האדם׃
40 ၄၀ ဘိုးဘေးတို့အား ပေးသနားတော်မူသော ပြည်၌ သူတို့သည် အသက်ရှင်သော ကာလပတ်လုံးကိုယ်တော် ကို ကြောက်ရွံပါမည်အကြောင်း၊ ကိုယ်တော်သာလျှင် လူသတ္တဝါအပေါင်းတို့၏ စိတ်နှလုံးသဘောကို သိတော် မူသည်ဖြစ်၍၊ ဆုတောင်းသော သူတို့၏ စိတ်နှလုံး သဘောကိုသိလျက်၊ သူတို့အပြစ်ကိုလွှတ်တော်မူပါ။ အသီးအသီးပြုကြသည်အတိုင်း စီရင်တော်မူပါ။
למען יראוך כל הימים אשר הם חיים על פני האדמה אשר נתתה לאבתינו׃
41 ၄၁ ကိုယ်တော်၏လူ ဣသရေလအမျိုးမဟုတ်၊ တပါးအမျိုးသားတို့သည် ကြီးမြတ်သော နာမတော်၏ သိတင်းနှင့်တန်ခိုးကြီး၍၊ ဆန့်တော်မူသော လက်ရုံးတော် ၏သိတင်းကိုကြားသောကြောင့်၊ နာမတော်ကို ထောက် သဖြင့် ဝေးသောပြည်မှ ရောက်လာ၍၊ ဤအိမ်တော်ကို မှီခိုလျက် ဆုတောင်းလျှင်၊
וגם אל הנכרי אשר לא מעמך ישראל הוא ובא מארץ רחוקה למען שמך׃
42 ၄၂
כי ישמעון את שמך הגדול ואת ידך החזקה וזרעך הנטויה ובא והתפלל אל הבית הזה׃
43 ၄၃ ကျိန်းဝပ်တော်မူရာ ကောင်းကင်ဘုံ၌ နား ထောင်တော်မူပါ။ ကိုယ်တော်၏လူဣသရေလ အမျိုးသားတို့သည် ကိုယ်တော်ကို ကြောက်ရွံ့သကဲ့သို့ မြေကြီးသားအပေါင်းတို့သည် ကြောက်ရွံ့လျက်၊ နာမ တော်ကို သိစေခြင်းငှါ၎င်း၊ အကျွန်ုပ်တည်ဆောက်သော ဤအိမ်တော်ကို နာမတော်ဖြင့် သမုတ်ကြောင်းကို သိစေ ခြင်းငှါ၎င်း၊ ထိုတပါးအမျိုးသားတို့သည် ဆုတောင်းသမျှအတိုင်း ကျေးဇူးပြုတော်မူပါ။
אתה תשמע השמים מכון שבתך ועשית ככל אשר יקרא אליך הנכרי למען ידעון כל עמי הארץ את שמך ליראה אתך כעמך ישראל ולדעת כי שמך נקרא על הבית הזה אשר בניתי׃
44 ၄၄ ကိုယ်တော်စေခိုင်းတော်မူသည်အတိုင်း၊ ကိုယ်တော်၏ လူတို့သည် ရန်သူတို့ရှိရာသို့ စစ်ချီသောအခါ၊ ရွေးတော်မူသောမြို့၊ နာမတော်အဘို့ အကျွန်ုပ် တည်ဆောက်သော အိမ်တော်ကို မှီခိုလျက်၊ ထာဝရဘုရားအား ဆုတောင်းကြလျှင်၊
כי יצא עמך למלחמה על איבו בדרך אשר תשלחם והתפללו אל יהוה דרך העיר אשר בחרת בה והבית אשר בנתי לשמך׃
45 ၄၅ သူတို့ ဆုတောင်းပဌနာပြုသော စကားကို ကောင်းကင်ဘုံ၌ နားထောင်၍ သူတို့အမှုကို စောင့်တော် မူပါ။
ושמעת השמים את תפלתם ואת תחנתם ועשית משפטם׃
46 ၄၆ မပြစ်မှားတတ်သော လူတယောက်မျှမရှိသည် ဖြစ်၍၊ ကိုယ်တော်၏လူတို့သည် ကိုယ်တော်ကို ပြစ်မှား သောကြောင့်၊ အမျက်တော်ထွက်၍ ရန်သူလက်သို့ အပ်တော်မူသဖြင့်၊ ရန်သူတို့သည် ဝေးသောပြည်၊ နီးသောပြည်၊ အခြားတပါးသောပြည်သို့ သိမ်းသွားလျှင်၎င်း၊
כי יחטאו לך כי אין אדם אשר לא יחטא ואנפת בם ונתתם לפני אויב ושבום שביהם אל ארץ האויב רחוקה או קרובה׃
47 ၄၇ ထိုပြည်၌ အချုပ်ခံစဉ်၊ သူတို့သည် သတိရ၍၊ အကျွန်ုပ်တို့သည် ပြစ်မှားပါပြီ။ မဖြောင့်သောအမှု၊ ဆိုး ညစ်သောအမှုကို ပြုမိပါပြီဟု စိတ်ပြောင်းလဲ၍ တောင်းပန်သဖြင့်၊
והשיבו אל לבם בארץ אשר נשבו שם ושבו והתחננו אליך בארץ שביהם לאמר חטאנו והעוינו רשענו׃
48 ၄၈ သိမ်းသွားသော ရန်သူတို့၏ ပြည်၌နေစဉ်၊ စိတ်နှလုံးအကြွင်းမဲ့ အထံတော်သို့ ပြန်လာ၍၊ ဘိုးဘေးတို့ အား ပေးတော်မူသောပြည်၊ ရွေးတော်မူသောမြို့၊ နာမတော်အဘို့ အကျွန်ုပ်တည်ဆောက်သော အိမ်တော်ကို မှီခိုလျက် ဆိုတောင်းလျှင်၎င်း၊
ושבו אליך בכל לבבם ובכל נפשם בארץ איביהם אשר שבו אתם והתפללו אליך דרך ארצם אשר נתתה לאבותם העיר אשר בחרת והבית אשר בנית לשמך׃
49 ၄၉ သူတို့ဆုတောင်းပဌနာပြုသော စကားကို ကျိန်းဝပ်တော်မူရာ ကောင်းကင်ဘုံ၌နားထောင်၍ သူတို့ အမှုကို စောင့်တော်မူပါ။
ושמעת השמים מכון שבתך את תפלתם ואת תחנתם ועשית משפטם׃
50 ၅၀ ကိုယ်တော်၏လူတို့သည် ကိုယ်တော်ကိုပြစ်မှား သော်လည်း၊ ကိုယ်တော်ကို ပြစ်မှားလွန်ကျူးခြင်းအပြစ် အလုံးစုံတို့ကို ဖြေရှင်းတော်မူပါ။ သိမ်းသွားသော သူတို့သည် ကိုယ်တော်၏လူတို့ကို သနားစေခြင်းငှါ၊ ကရုဏာ စိတ်သဘောကို ပေးတော်မူပါ။
וסלחת לעמך אשר חטאו לך ולכל פשעיהם אשר פשעו בך ונתתם לרחמים לפני שביהם ורחמום׃
51 ၅၁ အကြောင်းမူကား၊ သူတို့သည် အဲဂုတ္တုပြည်၏ သံမီးဖိုထဲကနှုတ်ယူတော်မူသော ကိုယ်တော်၏လူ၊ အမွေခံရတော်မူသော အမျိုးဖြစ်ပါ၏။
כי עמך ונחלתך הם אשר הוצאת ממצרים מתוך כור הברזל׃
52 ၅၂ ကိုယ်တော်၏ ကျွန်မှစ၍ ကိုယ်တော်၏လူ ဣသရေလအမျိုးသား ဆုတောင်းပဌနာပြုသော စကား အလုံးစုံတို့ကို နားထောင်ခြင်းငှါ ကြည့်ရှုမှတ်ယူ တော်မူပါ။
להיות עיניך פתחות אל תחנת עבדך ואל תחנת עמך ישראל לשמע אליהם בכל קראם אליך׃
53 ၅၃ အကြောင်းမူကား၊ အကျွန်ုပ်တို့ ဘိုးဘေးများကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်တော်မူသောအခါ၊ ကိုယ်တော်၏ ကျွန်မောရှေအားဖြင့် မိန့်တော်မူသည်အတိုင်း၊ ဣသရေလအမျိုးကို ကိုယ်တော်အမွေခံရာဖြစ်စေ ခြင်းငှါ၊ မြေကြီးသားအမျိုးမျိုးထဲက ရွေးနှုတ်ခွဲထားတော်မူ ပြီအရှင် ထာဝရဘုရားဟု ပဌနာပြုလေ၏။
כי אתה הבדלתם לך לנחלה מכל עמי הארץ כאשר דברת ביד משה עבדך בהוציאך את אבתינו ממצרים אדני יהוה׃
54 ၅၄ ထိုသို့ရှောလမုန်သည် ထာဝရဘုရား ရှေ့တော်၌ ဆုတောင်းပဌနာပြု၍ ပြီးသောအခါ၊ ထာဝရဘုရား၏ ယဇ်ပလ္လင်ရှေ့မှာ ဒူးထောက်လျက်၊ လက်ဝါးတို့ကို ကောင်းကင်သို့ဖြန့်လျက်နေရာမှထ၍၊
ויהי ככלות שלמה להתפלל אל יהוה את כל התפלה והתחנה הזאת קם מלפני מזבח יהוה מכרע על ברכיו וכפיו פרשות השמים׃
55 ၅၅ မတ်တတ်နေပြီးလျှင်၊ ဣသရေလအမျိုး ပရိသတ်အပေါင်းတို့ကို ကျယ်သောအသံနှင့် ကောင်းကြီးပေးသော စကားဟူမူကား၊
ויעמד ויברך את כל קהל ישראל קול גדול לאמר׃
56 ၅၆ ဂတိတော်ရှိသမျှအတိုင်း မိမိလူ ဣသရေလအမျိုးကို ငြိမ်ဝပ်စေခြင်းငှါ စီရင်တော်မူသော ထာဝရ ဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။ မိမိကျွန် မောရှေအားဖြင့် ထားတော်မူသော ဂတိတော်ကောင်း တခွန်းမျှမပျက်၊
ברוך יהוה אשר נתן מנוחה לעמו ישראל ככל אשר דבר לא נפל דבר אחד מכל דברו הטוב אשר דבר ביד משה עבדו׃
57 ၅၇ ငါတို့ဘုရားသခင် ထာဝရဘုရားသည် ငါတို့ ဘိုးဘေးများနှင့်အတူ ရှိတော်မူသည်နည်းတူ ငါတို့နှင့် အတူ ရှိတော်မူပါစေသော။ ငါတို့ကို အလျှင်းစွန့်ပစ်တော် မမူပါစေနှင့်။
יהי יהוה אלהינו עמנו כאשר היה עם אבתינו אל יעזבנו ואל יטשנו׃
58 ၅၈ လမ်းတော်တို့သို့ လိုက်စေခြင်းငှါ၎င်း၊ ဘိုးဘေးတို့အား မှာထားတော်မူသော စီရင်ထုံးဖွဲ့ချက်ပညတ် တရားတို့ကို စောင့်ရှောက်စေခြင်းငှါ၎င်း၊ ငါတို့စိတ်နှလုံးကို အထံတော်သို့ သွေးဆောင်တော်မူပါစေသော။
להטות לבבנו אליו ללכת בכל דרכיו ולשמר מצותיו וחקיו ומשפטיו אשר צוה את אבתינו׃
59 ၅၉ ထာဝရဘုရားသည် ဘုရားသခင်ဖြစ်တော်မူကြောင်းကို၎င်း၊ အခြားတပါးသော ဘုရားသခင်မရှိ ကြောင်းကို၎င်း၊ မြေကြီးသားအပေါင်းတို့သည် သိကြမည်အကြောင်း ငါတို့ဘုရားသခင် ထာဝရဘုရားသည် မိမိ ကျွန်နှင့် မိမိလူဣသရေလအမျိုးသားတို့၏အမှုကို စောင့်စရာအကြောင်း ရှိသည်အတိုင်း၊ အစဉ်စောင့်တော် မူစေခြင်းငှါ ထာဝရဘုရားရှေ့တော်၌ ငါဆုတောင်းသော ဤပဌနာစကားသည် နေ့ညဉ့်မပြတ် အနီးတော်၌ ရှိပါ စေသော။
ויהיו דברי אלה אשר התחננתי לפני יהוה קרבים אל יהוה אלהינו יומם ולילה לעשות משפט עבדו ומשפט עמו ישראל דבר יום ביומו׃
60 ၆၀
למען דעת כל עמי הארץ כי יהוה הוא האלהים אין עוד׃
61 ၆၁ သင်တို့သည် ယနေ့ကျင့်သကဲ့သို့၊ ငါတို့ဘုရားသခင် ထာဝရဘုရား စီရင်တော်မူသော လမ်းသို့လိုက်၍ ပညတ်တရားတော်ကို စောင့်ရှောက်ခြင်းငှါ၊ အထံတော်၌ စိတ်နှလုံးစုံလင်ပါစေသောဟု မြွက်ဆိုလေ၏။
והיה לבבכם שלם עם יהוה אלהינו ללכת בחקיו ולשמר מצותיו כיום הזה׃
62 ၆၂ ထိုအခါ ရှောလမုန်မင်းကြီးနှင့်တကွ ဣသ ရေလအမျိုးသားအပေါင်းတို့သည် ထာဝရဘုရား ရှေ့တော်၌ ယဇ်ပူဇော်ကြ၏။
והמלך וכל ישראל עמו זבחים זבח לפני יהוה׃
63 ၆၃ နွားနှစ်သောင်းနှစ်ထောင်၊ သိုးတသိန်း နှစ်သောင်းတို့ကို ထာဝရဘုရားအား မိဿဟာယ ယဇ် ပူဇော်သဖြင့်၊ ထာဝရဘုရား၏အိမ်တော်ကို အနု မောဒနာပြုကြ၏။
ויזבח שלמה את זבח השלמים אשר זבח ליהוה בקר עשרים ושנים אלף וצאן מאה ועשרים אלף ויחנכו את בית יהוה המלך וכל בני ישראל׃
64 ၆၄ ထိုနေ့၌လည်း၊ ရှင်ဘုရင်သည် ထာဝရဘုရား၏ အိမ်တော်ရှေ့မှာရှိသော တန်တိုင်းအတွင်း အရပ်ကို သန့်ရှင်းစေ၍၊ ထိုအရပ်၌ မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော် သက္ကာ၊ မိဿဟာယယဇ်ကောင်ဆီဥကို ပူဇော်၏။ အကြောင်းမူကား၊ ထာဝရဘုရားရှေ့တော်၌ရှိသော ကြေးဝါယဇ်ပလ္လင်သည် မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော် သက္ကာ၊ မိဿဟာယယဇ်ကောင်ဆီဥကို မခံလောက်။
ביום ההוא קדש המלך את תוך החצר אשר לפני בית יהוה כי עשה שם את העלה ואת המנחה ואת חלבי השלמים כי מזבח הנחשת אשר לפני יהוה קטן מהכיל את העלה ואת המנחה ואת חלבי השלמים׃
65 ၆၅ ထိုအခါ ရှောလမုန်သည် အလွန်များစွာသော ပရိသတ်တည်းဟူသော ဟာမတ်မြို့ဝင်ဝမှစ၍ အဲဂုတ္တု မြစ်တိုင်အောင် အနှံ့အပြား အရပ်ရပ်ကလာကြသော ဣသရေလအမျိုးသားအပေါင်းတို့နှင့်တကွ၊ ငါတို့ဘုရား သခင်ထာဝရဘုရားရှေ့တော်၌ ခုနစ်ရက်နှစ်လီ၊ တဆယ် လေးရက်ပတ်လုံး ပွဲခံတော်မူ၏။
ויעש שלמה בעת ההיא את החג וכל ישראל עמו קהל גדול מלבוא חמת עד נחל מצרים לפני יהוה אלהינו שבעת ימים ושבעת ימים ארבעה עשר יום׃
66 ၆၆ ရှစ်ရက်မြောက်သောနေ့၌ လူများတို့ကို လွှတ်လိုက်တော်မူ၏။ သူတို့သည် ရှင်ဘုရင်ကို ကောင်းကြီး ပေးလျက်၊ ထာဝရဘုရားသည် မိမိကျွန်ဒါဝိဒ်နှင့် မိမိလူ ဣသရေလအမျိုးသားတို့၌ ပြုတော်မူသမျှသော ကျေးဇူး တော်ကြောင့်၊ ဝမ်းမြောက်ရွှင်လန်းလျက် မိမိတို့နေရာသို့ ပြန်သွားကြ၏။
ביום השמיני שלח את העם ויברכו את המלך וילכו לאהליהם שמחים וטובי לב על כל הטובה אשר עשה יהוה לדוד עבדו ולישראל עמו׃

< ၃ ဓမ္မရာဇဝင် 8 >