< ၃ ဓမ္မရာဇဝင် 4 >

1 ရှောလမုန်မင်းကြီးသည် ဣသရေလနိုင်ငံလုံးကို စိုးစံလျက် နေတော်မူ၏။
Süleyman bütün İsrail'in kralıydı.
2 မှူးတော်မတ်တော်ဟူမူကား၊ ယဇ်ပုရောဟိတ် ဇာဒုတ်သားအာဇရိ၊
Görevlileri ise şunlardı: Kâhin: Sadok oğlu Azarya.
3 ရှိရှသားဧလိဟောရပ်နှင့် အဟိယတို့သည် စာရေးတော်ကြီးဖြစ်၏။ အဟိလုပ်သား ယောရှဖတ်သည် အတွင်းဝန်ဖြစ်၏။
Yazmanlar: Şişa'nın oğulları Elihoref ve Ahiya. Devlet tarihçisi: Ahilut oğlu Yehoşafat.
4 ယောယဒသား ဗေနာယသည် ဗိုလ်ချုပ်မင်း ဖြစ်၏။ ဇာဒုတ်နှင့် အဗျာသာတို့သည် ယဇ်ပုရောဟိတ် ဖြစ်၏။
Ordu komutanı: Yehoyada oğlu Benaya. Kâhinler: Sadok ve Aviyatar.
5 နာသန်သားအာဇရိသည် ဝန်စာရေးအုပ်ဖြစ် ၏။ နာသန်သားဇာဗုဒ်သည် မင်းသားအရာနှင့် တိုင်ပင် မတ်ဖြစ်၏။
Baş vali: Natan oğlu Azarya. Kralın özel danışmanı: Natan oğlu Kâhin Zavut.
6 အဟိရှာသည် နန်းတော်အုပ်ဖြစ်၏။ အာဗဿားအဒေါနိရံသည် အခွန်တော်ဝန်ဖြစ်၏။
Saray sorumlusu: Ahişar. Angaryacıların başı: Avda oğlu Adoniram.
7 ရှောလမုန်သည် ဣသရေလနိုင်ငံအရပ်ရပ်၌ ခန့်ထားသော ဝန်စာရေးတကျိပ်နှစ်ယောက်တို့သည် တယောက်တလစီ ရှင်ဘုရင်နှင့်နန်းတော်သားတို့ အဘို့ စားစရာကို ပြင်ဆင်ရကြ၏။
Süleyman'ın İsrail'de on iki bölge valisi vardı. Bunlar kralın ve sarayın yiyecek içecek gereksinimini karşılardı. Her vali yılda bir ay bu gereksinimleri karşılamakla yükümlüydü.
8 သူတို့အမည်ဟူမူကား၊ ဧဖရိမ်တောင်ရပ်မှာ ဟုရ၏သား၊
Bu valiler şunlardı: Efrayim'in dağlık bölgesinde Ben-Hur;
9 မာကတ်မြို့၊ ရှာလဗိမ်မြို့၊ ဗက်ရှေမက်မြို့၊ ဧလုမ္ဘေသနန်မြို့မှာ ဒေကာ၏သား၊
Makaz, Şaalvim, Beytşemeş ve Elon-Beythanan bölgelerinde Ben-Deker;
10 ၁၀ စောခေါမြို့၊ ဟေဖာပြည်လုံးနှင့်တကွ အရုဗုတ် မြို့မှာ ဟေသက်၏သား၊
Arubbot, Soko ve bütün Hefer bölgesinde Ben-Heset;
11 ၁၁ ဒေါရပြည်လုံးကိုစီရင်သောသူ ရှောလမုန်၏ သမီးတော်တာဖတ် နှင့်စုံဘက်သော အဘိနဒပ်၏သား၊
Nafat-Dor bölgesinde Süleyman'ın kızı Tafat'la evli olan Ben-Avinadav;
12 ၁၂ တာနက်မြို့၊ မေဂိဒ္ဒေါမြို့နှင့် တကွဗက်ရှန်မြို့မှ အာဗေလမဟောလမြို့တိုင်အောင်မက၊ ယုတ်နန်မြို့ အလွန်၊ ယေဇရေလမြို့ အောက်ဇာတနမြို့နှင့်နီးစပ် သော ဗက်ရှန်မြို့နယ်လုံးကို စီရင်သော အဟိလုပ်၏သား ဗာန၊
Taanak, Megiddo, Yizreel'in altında Saretan'ın yanındaki bütün Beytşean ve Beytşean'dan Avel-Mehola ve Yokmoam'ın ötelerine kadar uzanan bölgede Ahilut oğlu Baana;
13 ၁၃ ဂိလဒ်ပြည်၌ မနာရှေ၏သားယာ ဣရပိုင်သော မြို့များ၊ ဗာရှန်ပြည်၊ အာဂေါဘအရပ်၌မြို့ရိုး၊ ကြေးဝါ တံခါးကျင်နှင့်ပြည့်စုံသော မြို့ကြီးခြောက်ဆယ်ကို စီရင် သော ဂိလဒ်ပြည်ရာမုတ်မြို့မှ ဂေဗာ၏သား၊
Ramot-Gilat, Gilat'ta Manaşşe oğlu Yair'in yerleşim birimleri ve Başan'daki Argov yöresinde surlar ve tunç sürgülerle güçlendirilmiş altmış büyük kentin başında Ben-Gever;
14 ၁၄ မဟာနိမ်မြို့မှာ ဣဒေါ၏သားအဟိနဒပ်၊
Mahanayim bölgesinde İddo oğlu Ahinadav;
15 ၁၅ နဿလိခရိုင်ကိုစီရင်သောသူ၊ ရှောလမုန်၏ သမီးတော် ဗာသမတ်နှင့်စုံဘက်သောအဟိမတ်၊
Naftali bölgesinde Süleyman'ın kızı Basemat'la evlenen Ahimaas;
16 ၁၆ အာရှာခရိုင်နှင့် အာလုပ်မြို့မှာ ဟုရှဲ၏သား ဗာနာ၊
Aşer ve Bealot bölgelerinde Huşay oğlu Baana;
17 ၁၇ ဣသခါခရိုင်မှာပါရွာ၏သားယောရှဖတ်၊
İssakar bölgesinde Paruah oğlu Yehoşafat;
18 ၁၈ ဗင်္ယာမိန်ခရိုင်မှာ ဧလာ၏သားရှိမိ၊
Benyamin bölgesinde Ela oğlu Şimi;
19 ၁၉ အာမောရိရှင်ဘုရင်ရှိဟုန်၏နိုင်ငံ၊ ဗာရှန် ရှင်ဘုရင်ဩဃ၏နိုင်ငံ၊ ဂိလဒ်ပြည်မှာအခြားသောမင်း မရှိ။ တပါးတည်းစီရင်သော ဥရိ၏သားဂေဗတည်း။
Gilat bölgesinde, yani Amorlular'ın Kralı Sihon'la Başan Kralı Og'un eski topraklarında Uri oğlu Gever. Ayrıca Yahuda bölgesinin tek valisi vardı.
20 ၂၀ ထိုကာလ၌၊ ယုဒအမျိုးနှင့် ဣသရေလ အမျိုးသားတို့သည် အရေအတွက်အားဖြင့် သမုဒ္ဒရာ သဲလုံးနှင့်အမျှများပြား၍ စားသောက်ပျော်မွေ့လျက် နေကြ၏။
Yahuda ve İsrail halkı kıyıların kumu kadar kalabalıktı. Herkes yiyip içip sevinç içinde yaşıyordu.
21 ၂၁ ရှောလမုန်သည်လည်း မြစ်ကြီးမှ စ၍ဖိလိတ္တိ ပြည်၊ အဲဂုတ္တုပြည်တိုင်အောင် တိုင်းနိုင်ငံလုံးကို အစိုးရ သဖြင့်၊ အရပ်ရပ်သားတို့သည် လက်ဆောင်ပဏ္ဏာတို့ကို ဆက်၍၊ ရှောလမုန်လက်ထက်ကာလပတ်လုံး မင်းမှုကို ဆောင်ရွက်ရကြ၏။
Süleyman, Fırat Irmağı'ndan Filist'e, oradan Mısır sınırına kadar bütün ülkelere egemendi. Bu ülkeler Süleyman'ın yaşamı boyunca ona haraç ödeyip hizmet ettiler.
22 ၂၂ တနေ့တနေ့လျှင် နန်းတော်၌ ကုန်သောရိက္ခာ ဟူမူကား၊ ဂျုံမုန့်ညက်ကောရသုံးဆယ်၊ မုယော မုန့်ညက်ကောရခြောက်ဆယ်၊
Süleyman'ın sarayının bir günlük yiyecek gereksinimi şunlardı: Otuz kor ince, altmış kor kepekli un;
23 ၂၃ ဆူဖြိုးအောင်ကျွေးသောနွားတဆယ်၊ ကျက်စား ရာထဲက နွားနှစ်ဆယ်၊ ဆတ်သမင်ဒရယ်အမျိုးမျိုးကို မဆိုဘဲသိုးတရာ၊ ဆူဖြိုးအောင် ကျွေးသောငှက်မျိုး တည်း။
onu ahırda, yirmisi çayırda yetiştirilmiş sığır ve yüz koyun; ayrıca geyikler, ceylanlar, karacalar ve semiz kuşlar.
24 ၂၄ ရှောလမုန်သည် မြစ်ကြီးအနောက်ဘက်၊ တိဖသမြို့မှအဇ္ဇာမြို့တိုင်အောင် ရှင်ဘုရင်အပေါင်းတို့ကို အစိုးရသဖြင့် ပတ်ဝန်းကျင်အရပ်တို့၌ စစ်မှုစစ်ရေးမရှိ။
Tifsah'tan Gazze'ye kadar, Fırat Irmağı'nın batısındaki bütün krallıkları Süleyman yönetiyordu. Her tarafta barış vardı.
25 ၂၅ လက်ထက်တော်ကာလပတ်လုံး၊ ယုဒအမျိုးနှင့် ဣသရေလအမျိုးသားတို့သည်ဒန်မြို့မှစ၍ ဗေရရှေဘမြို့ တိုင်အောင် အသီးအသီးမိမိစပျစ်ပင်၊ မိမိသင်္ဘောသဖန်း ပင်အောက်မှာ ငြိမ်ဝပ်စွာ နေရကြ၏။
Dan'dan Beer-Şeva'ya kadar Yahuda ve İsrail halkının her bireyi Süleyman'ın yaşamı boyunca kendi asması ve incir ağacı altında güvenlik içinde yaşadı.
26 ၂၆ ရှောလမုန်သည်လည်း၊ ရထားတော်များနှင့် ဆိုင်သော မြင်းတင်းကုပ်လေးထောင်၊ မြင်းစီးသူရဲ တသောင်းနှစ်ထောင်ရှိ၏။
Süleyman'ın savaş arabalarının atları için dört bin ahırı ve on iki bin atlısı vardı.
27 ၂၇ ဝန်စာရေးတို့သည်လည်း ရှောလမုန်မင်းကြီးနှင့် စားပွဲတော်သို့ ဝင်သောသူအပေါင်းတို့အဘို့ တယောက် တလစီစုံလင်စွာ ပြင်ဆင်ရကြ ၏။
Bölge valilerinin her biri kendine düşen bir ay boyunca, Kral Süleyman'a ve sofrasına oturan herkese yiyecek sağlar, hiçbir şeyi eksik etmezdi.
28 ၂၈ မုယောစပါးကို၎င်း၊ မြင်းတော်များ၊ လားတော် များဘို့ မြက်ခြောက်ကို၎င်း၊ အလှည့်သင့်သည်အတိုင်း နေရာအရပ်သို့ ဆောင်ခဲ့ရကြ၏။
Her vali kendisine verilen buyruk uyarınca, savaş arabalarının atlarıyla öbür atlar için belirli bir yere arpa ve saman getirirdi.
29 ၂၉ ဘုရားသခင်သည် များစွာသော ဥာဏ်ပညာကို ၎င်း၊ သမုဒ္ဒရာသဲလုံးနှင့်အမျှ ကျယ်ဝန်းသော နှလုံးကို၎င်း ပေးတော်မူသည်ဖြစ်၍၊
Tanrı, Süleyman'a bilgelik, derin bir sezgi, kıyılardaki kum kadar anlayış verdi.
30 ၃၀ ပညာတော်သည် အရှေ့ပြည်သားပညာနှင့် အဲဂုတ္တုပြည်သား ပညာကို လွန်ကဲ၏။
Süleyman'ın bilgeliği, bütün doğuluların ve Mısırlılar'ın bilgeliğinden daha üstündü.
31 ၃၁ ရှောလမုန်သည် ဧဇရဟိတ်အမျိုးဧသန်၊ မဟောလသားဟေမန်၊ ခါလကောလ၊ ဒါရဒအစရှိသော လူအပေါင်းတို့ထက်သာ၍ ပညာရှိသဖြင့်၊ ခပ်သိမ်းသော တိုင်းနိုင်ငံအရပ်ရပ်၌ ကျော်စောလေ၏။
O, Ezrahlı Etan, Mahol'un oğulları Heman, Kalkol ve Darda dahil herkesten daha bilgeydi. Ünü çevredeki bütün uluslara yayılmıştı.
32 ၃၂ စီရင်တော်မူသော သုတ္တံစကားသုံးထောင်နှင့် သီချင်းတထောင် ငါးခုရှိ၏။
Üç bin özdeyişi ve bin beş ezgisi vardı.
33 ၃၃ လေဗနုန်အာရဇ်ပင်မှစ၍ အုတ်ရိုးနားမှာ ပေါက်တတ်သောဟုဿုပ်ပင်တိုင်အောင် မြွက်ဆို၏။ သားမျိုး၊ ငှက်မျိုး၊ ပိုးကောင်မျိုး၊ ငါးမျိုးတို့၏ အကြောင်းကိုလည်း မြွက်ဆို၏။
Lübnan sedir ağacından duvarlarda biten mercanköşkotuna kadar bütün ağaçlardan söz ettiği gibi, hayvanlar, kuşlar, sürüngenler ve balıklardan da söz edebiliyordu.
34 ၃၄ ရှောလမုန်မင်း၏ ပညာသိတင်းကို ကြားသော ရှင်ဘုရင်အမျိုးမျိုးစေလွှတ်သော သူတို့သည် ပညာစကား တော်ကို နားထောင်ခြင်းငှါ လာကြ၏။
Süleyman'ın bilgeliğini duyan dünyanın bütün kralları ona adamlarını gönderirdi. Bütün uluslardan insanlar gelir, Süleyman'ın bilgece sözlerini dinlerdi.

< ၃ ဓမ္မရာဇဝင် 4 >