< ၃ ဓမ္မရာဇဝင် 13 >

1 ထိုအခါ ယေရောဗောင်သည် နံ့သာပေါင်းကို မီးရှို့ခြင်းငှါ ယဇ်ပလ္လင်နားမှာရပ်နေစဉ်တွင်၊ ဘုရား သခင်၏ လူတယောက်သည် ထာဝရဘုရား၏ နှုတ်ကပတ်တော်အတိုင်း၊ ယုဒပြည်မှ ဗေသလမြို့သို့ ရောက် လာ၍၊
Voici qu'un homme de Dieu arriva, dans la parole de Yahweh, de Juda à Béthel, pendant que Jéroboam se tenait à l'autel pour mettre le feu aux victimes.
2 ထာဝရဘုရား၏ နှုတ်ကပတ်တော်အတိုင်း ယဇ်ပလ္လင်တဘက်၌ ကြွေးကြော်လျက်၊ အိုယဇ်ပလ္လင်၊ ယဇ်ပလ္လင်၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဒါဝိဒ်မင်း မျိုး၌ ယောရှိအမည်ရှိသော သူကို ဘွားမြင်လိမ့်မည်။ သင့်အပေါ်မှာ နံ့သာပေါင်းကို မီးရှို့၍၊ မြင့်သောအရပ်၌ ယဇ်ပုရောဟိတ်လုပ်သောသူတို့ကို ထိုသူသည် သင့် အပေါ်မှာပူဇော်၍၊ လူသေအရိုးတို့ကို မီးရှို့လိမ့်မည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆို၏။
Il cria contre l'autel, dans la parole de Yahweh, et il dit: « Autel! Autel! Ainsi parle Yahweh: Il naîtra un fils à la maison de David; son nom sera Josias; il immolera sur toi les prêtres des hauts lieux qui mettent sur toi le feu aux victimes, et l'on brûlera sur toi des ossements d'hommes! »
3 ထိုနေ့ခြင်းတွင် ပုပ္ပနိမိတ်ကိုလည်း ပေး၍ ထာဝရဘုရားမိန့်တော်မူသော ပုပ္ပနိမိတ်ဟူမူကား၊ ယဇ် ပလ္လင်သည် ကွဲ၍ပလ္လင်ပေါ်မှာရှိသော ပြာလည်း ယိုကျလိမ့်မည်ဟု ဟောလေ၏။
Et le même jour il donna un signe, en disant: « Tel est le signe que Yahweh a parlé: voici que l'autel se fendra, et la cendre qui est dessus sera répandue. »
4 ထိုသို့ ဘုရားသခင်၏ လူသည် ဗေသလမြို့ ယဇ်ပလ္လင်တဘက်၌ ကြွေးကြော်သော စကားကို ယေရောဗောင်မင်းကြီးသည် ကြားလျှင်၊ ယဇ်ပလ္လင်ပေါ်မှာရှိသော မိမိလက်ကိုဆန့်၍ ထိုသူကို ဘမ်းဆီးကြဟုဆို လျက်၊ ဆန့်သောလက်သည် သွေ့ခြောက်၍ နောက်တဖန် မရုပ်နိုင်။
Lorsque le roi Jéroboam entendit la parole que l'homme de Dieu avait criée contre l'autel de Béthel, il avança la main de dessus l'autel, en disant: « Saisissez-le! » Et la main qu'il avait étendue contre lui devint sèche, et il ne put la ramener à soi.
5 ဘုရားသခင်၏ လူသည်ထာဝရဘုရား၏ နှုတ်ကပတ်တော်အတိုင်း ပေးသောပုပ္ပနိမိတ်နှင့်အညီ ယဇ် ပလ္လင်ကွဲ၍၊ ပြာသည်လည်း ပလ္လင်ပေါ်က ယိုကျလေ၏။
L'autel se fendit, et la cendre se répandit de dessus l'autel, selon le signe qu'avait donné l'homme de Dieu, dans la parole de Yahweh.
6 ရှင်ဘုရင်ကလည်း၊ ငါ့လက်၌ ရောက်သောရောဂါကို ပျောက်စေမည်အကြောင်း၊ ငါ့အတွက် ပဌနာ ပြု၍ သင်၏ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ တောင်းပန်ပါလော့ဟုဘုရားသခင်၏ လူကိုပြောဆို၏။ ဘုရားသခင်၏လူသည် ထာဝရဘုရားကို တောင်းပန်သဖြင့်၊ ရှင်ဘုရင်လက်သည် ရောဂါပျောက်၍ ပကတိ အတိုင်း ဖြစ်လေ၏။
Le roi prit la parole et dit à l'homme de Dieu: « Apaise Yahweh, ton Dieu, et prie pour moi, afin que ma main revienne à moi. » L'homme de Dieu apaisa Yahweh, et le roi put ramener à lui sa main, qui devint comme auparavant.
7 ရှင်ဘုရင်ကလည်း၊ ငါနှင့်အတူ လိုက်၍ အားဖြည့်လော့။ လက်ဆောင်ပေးမည်ဟု ဘုရားသခင်၏ လူအား ဆိုလျှင်၊
Le roi dit à l'homme de Dieu: « Entre avec moi dans la maison et ranime-toi, et je te donnerai un présent. »
8 ဘုရားသခင်၏လူက၊ နန်းတော်တဝက်ကို ပေးသော်လည်း သင်နှင့်အတူ ငါမလိုက်။ ဤအရပ်၌ မုန့်ကိုမစား၊ ရေကိုလည်းမသောက်ရ။
L'homme de Dieu répondit au roi: « Quand tu me donnerais la moitié de ta maison, je n'entrerais pas avec toi, et je ne mangerais pas de pain ni ne boirais d'eau dans ce lieu;
9 ထာဝရဘုရား၏ နှုတ်ကပတ်တော်က၊ မုန့်ကို မစားနှင့်။ ရေကို မသောက်နှင့်။ လာသောလမ်းဖြင့် မပြန်နှင့်ဟု ငါ့အား ပညတ်တော်မူပြီဟု ရှင်ဘုရင်အား ပြောဆို၏။
car cet ordre m'a été donné dans la parole de Yahweh: Tu ne mangeras pas de pain et tu ne boiras pas d'eau, et tu ne reviendras pas par le chemin par lequel tu seras allé. »
10 ၁၀ ထိုနောက် ဗေသလမြို့သို့ လာသောလမ်းကို ရှောင်၍ အခြားသောလမ်းဖြင့် ပြန်သွား၏။
Il s'en alla donc par un autre chemin, et il ne s'en retourna pas par le chemin par lequel il était venu à Béthel.
11 ၁၁ ထိုကာလ၌ ဗေသလမြို့တွင် အသက်ကြီးသော ပရောဖက် တယောက်ရှိ၏။ သူ၏သားတို့သည်လာ၍ ဘုရားသခင်၏လူသည် ထိုနေ့၌ ဗေသလမြို့မှာ ပြုသောအမှုရှိသမျှနှင့် ရှင်ဘုရင်အားပြောသော စကားများကို အဘအား ပြန်ကြားလျှင်၊
Or il y avait un vieux prophète qui demeurait à Béthel; ses fils vinrent lui raconter toutes les choses que l'homme de Dieu avait faites ce jour-là à Béthel; ils rapportèrent aussi à leur père les paroles qu'il avait dites au roi.
12 ၁၂ ယုဒပြည်မှ လာသောဘုရားသခင်၏ လူသည် အဘယ်လမ်းဖြင့် ပြန်သွားသည်ကို မြင်ကြသောကြောင့်၊ အဘက ထိုသူသည် အဘယ်လမ်း ဖြင့်ပြန်သွားသနည်းဟု မေးပြီးလျှင်၊
Et leur père leur dit: « Par quel chemin s'en est-il allé? » Car ses fils avaient vu par quel chemin s'en était allé l'homme de Dieu qui était venu de Juda.
13 ၁၃ မြည်းကို ကုန်းနှီးတင်ကြလော့ဟု ဆိုသည် အတိုင်း၊ သားတို့သည် မြည်းကိုကုန်းနှီးတင်၍ အဘသည် စီးသွားလျက်၊
Et il dit à ses fils: « Sellez-moi l'âne. » Ils lui sellèrent l'âne, et il monta dessus.
14 ၁၄ ဘုရားသခင်၏ လူကိုလိုက်လေ၏။ သပိတ်ပင် အောက်မှာထိုင်လျက် ရှိသည်ကိုတွေ့လျင်၊ သင်သည် ယုဒပြည်မှလာသော ဘုရားသခင်၏ လူမှန်သလောဟု မေးသော်၊ ငါမှန်သည်ဟု ပြန်ဆို၏။
Il alla après l'homme de Dieu et, l'ayant trouvé assis sous le térébinthe, il lui dit: « Es-tu l'homme de Dieu qui est venu de Juda? » Il répondit: « Je le suis. »
15 ၁၅ ပရောဖက်ကလည်း၊ ငါနှင့်အတူ ငါ့အိမ်သို့ လိုက်၍ မုန့်ကို စားပါလော့ဟု ခေါ်ပင့်လျှင်၊
Le prophète lui dit: « Viens avec moi à la maison, et tu mangeras un peu de pain. »
16 ၁၆ ငါသည် သင်နှင့်အတူ မလိုက်ရ၊ သင့်အိမ်သို့မဝင်ရ။ ဤအရပ်၌ မုန့်ကိုမစား၊ ရေကိုလည်း မသောက်ရ။
Mais il répondit: « Je ne puis ni retourner avec toi, ni entrer avec toi; je ne mangerai point de pain, je ne boirai point d'eau avec toi dans ce lieu,
17 ၁၇ ထာဝရဘုရားက၊ ထိုအရပ်၌ မုန့်ကိုမစားနှင့်။ ရေကိုမသောက်နှင့်။ လာသောလမ်းဖြင့်မပြန်နှင့်ဟု ငါ့အား မိန့်တော်မူကြောင်းကို ပြောဆို၏။
car il m'a été dit dans la parole de Yahweh: Tu n'y mangeras pas de pain et tu n'y boiras pas d'eau, et tu ne reviendras pas par le chemin par lequel tu seras allé. »
18 ၁၈ ပရောဖက်ကလည်း၊ ငါသည် သင်ကဲ့သို့ ပရောဖက်ဖြစ်၏။ သင်သည်မုန့်ကိုစား၍ ရေကိုသောက်စေ ခြင်းငှါ သင့်ကိုငါ့အိမ်သို့ ခေါ်ရမည်အကြောင်း၊ ကောင်းကင်တမန်သည် ထာဝရဘုရား၏ နှုတ်ကပတ်တော် အားဖြင့် မှာထားပြီဟု မုသာသုံး၍ ပြောဆို၏။
Et il lui dit: « Moi aussi, je suis prophète comme toi, et un ange m'a parlé dans la parole de Yahweh en ces termes: Ramène-le avec toi dans ta maison, pour qu'il mange du pain et boive de l'eau. » Il lui mentait.
19 ၁၉ ထိုကြောင့် ဘုရားသခင်၏လူသည် ပရောဖက် နှင့်အတူ ပြန်လာ၍၊ သူ၏အိမ်မှာ မုန့်ကိုစား၏။ ရေကို လည်း သောက်၏။
L'homme de Dieu retourna avec lui, et il mangea du pain et but de l'eau dans sa maison.
20 ၂၀ ထိုသူနှစ်ပါးတို့သည် စားပွဲနားမှာ ထိုင်စဉ်တွင်၊ ခေါ်ခဲ့သော ပရောဖက်သို့ ထာဝရဘုရား၏ နှုတ်ကပတ် တော်သည် ရောက်၍၊
Comme ils étaient assis à table, la parole de Yahweh fut adressée au prophète qui l'avait ramené;
21 ၂၁ ယုဒပြည်မှ လာသောဘုရားသခင်၏လူအား၊ သင်သည် ထာဝရဘုရား၏နှုတ်တော်ထွက်ကို နား မထောင်၊ သင်၏ဘုရားသခင် ထာဝရဘုရားထားတော်မူ သော ပညတ်တော်ကို မစောင့်၊
et il cria à l'homme qui était venu de Juda, en ces termes: « Ainsi parle Yahweh: Parce que tu as été rebelle à l'ordre de Yahweh, et que tu n'as pas observé le commandement que Yahweh, ton Dieu, t'avait prescrit;
22 ၂၂ ဤမည်သော အရပ်၌ မုန့်ကိုမစားနှင့်။ ရေကို မသောက်နှင့်ဟု ပညတ်တော်မူသော အရပ်သို့ပြန်လာ၍ မုန့်နှင့်ရေကိုစားသောက်သောကြောင့်၊ သင်၏အလောင်းသည် ဘိုးဘေးတို့၏ သင်္ချိုင်းသို့မရောက်ရဟု ထာဝရ ဘုရားမိန့်တော်မူကြောင်းကို အော်ဟစ်၍ ဆင့်ဆို၏။
parce que tu es retourné, et que tu as mangé du pain et bu de l'eau dans le lieu dont Yahweh t'avait dit: Tu n'y mangeras pas de pain et n'y boiras pas d'eau, — ton cadavre n'entrera point dans le sépulcre de tes pères. »
23 ၂၃ မုန့်နှင့်ရေကို စားသောက်ပြီးမှ၊ ထိုပရောဖက်သည် ပြန်လာသော ပရောဖက်အဘို့ မိမိမြည်းကို ကုန်းနှီး တင်၍ လွှတ်လိုက်လေ၏။
Après qu'il eut mangé du pain et qu'il eut bu, le vieux prophète sella l'âne pour lui, savoir, pour le prophète qu'il avait ramené.
24 ၂၄ လမ်းမှာခြင်္သေ့တွေ့၍ သတ်၏။ အသေကောင်သည် လမ်း၌ လဲ၍၊ မြည်းနှင့်ခြင်္သေ့သည် အနားမှာ ရပ်နေ၏။
L'homme de Dieu s'en étant allé, il fut rencontré sur le chemin par un lion, qui le mit à mort. Pendant que son cadavre était étendu sur le chemin, l'âne resta à côté de lui, et le lion resta à côté du cadavre.
25 ၂၅ အသေကောင်သည် လမ်း၌လဲ၍ မည်းနှင့်ခြင်္သေ့သည် အနားမှာ ရပ်နေသည်ကို ခရီးသွားသော သူတို့သည် မြင်လျှင်၊ အသက်ကြီးသော ပရောဖက်နေသော မြို့သို့လာ၍ သိတင်းပြောကြ၏။
Et voici, des gens qui passaient virent le cadavre étendu sur le chemin et le lion se tenant à côté du cadavre, et ils en parlèrent à leur arrivée dans la ville où demeurait le vieux prophète.
26 ၂၆ ခေါ်ခဲ့သောပရောဖက်သည် ထိုသိတင်းကိုကြားလျှင်၊ ထာဝရဘုရား၏ အမိန့်တော်ကို နားမထောင်သော ဘုရားသခင်၏ လူဖြစ်လိမ့်မည်။ ထာဝရဘုရားသည် ထိုသူအား မိန့်တော်မူသော စကားအတိုင်း၊ သူ့ကိုခြင်္သေ့၌ အပ်တော်မူသဖြင့်၊ ခြင်္သေ့သည် ကိုက်သတ်လေပြီတကား ဟု ဆိုလျက်၊
Lorsque le prophète qui avait ramené du chemin l'homme de Dieu, l'eut appris, il dit: « C'est l'homme de Dieu qui a été rebelle à l'ordre de Yahweh, et Yahweh l'a livré au lion qui l'a déchiré et l'a fait mourir, selon la parole que Yahweh lui avait dite. »
27 ၂၇ မြည်းပေါ်မှာ ကုန်းနှီးကို တင်ကြလော့ဟု သားတို့အား ဆိုသည်အတိုင်း သူတို့သည် ကုန်းနှီးတင်ကြ၏။
Il dit alors à ses fils: « Sellez-moi l'âne. » Lorsqu'ils l'eurent sellé,
28 ၂၈ ပရောဖက်သွား၍ အသေကောင်သည် လမ်း၌ လဲလျက်၊ မြည်းနှင့် ခြင်္သေ့သည် အနားမှာ ရပ်နေလျက် ရှိသည်ကိုတွေ့၏။ ခြင်္သေ့သည် အသေကောင်ကိုမစား၊ မြည်းကိုလည်း မကိုက်။
il partit et trouva le cadavre étendu sur le chemin, et l'âne et le lion qui se tenaient à côté du cadavre. Le lion n'avait pas dévoré le cadavre et n'avait pas déchiré l'âne.
29 ၂၉ အသက်ကြီးသော ပရောဖက်သည် ဘုရားသခင်၏လူအလောင်းကောင်ကို မြည်းပေါ်သို့ ချီ၍ တင်ပြီးလျှင် ငိုကြွေးမြည်တမ်းခြင်းကို ပြု၍၊ သင်္ဂြိုဟ်ခြင်း ငှါ မိမိမြို့သို့ ဆောင်သွား၏။
Le prophète releva le cadavre de l'homme de Dieu et, l'ayant mis sur l'âne, il le ramena, et le vieux prophète rentra dans la ville pour le pleurer et pour l'enterrer.
30 ၃၀ အလောင်းကောင်ကို မိမိသင်္ချိုင်းတွင်း၌ ထားလျက်၊ အိုငါ့ညီဟူ၍ ငိုကြွေးမြည်တမ်းခြင်းကို ပြု၏။
Il mit le cadavre dans son sépulcre, et ils pleurèrent sur lui, en disant: « Hélas! Mon frère! »
31 ၃၁ သင်္ဂြိုဟ်ပြီးမှ သားတို့ကိုခေါ်၍၊ ငါသေသောအခါ ဘုရားသခင်၏ လူသင်္ချိုင်းတွင်း၌ သင်္ဂြိုဟ်ကြလော့။ ငါ့အရိုးတို့ကို သူ့အရိုးတို့အနားမှာ ထားကြလော့။
Lorsqu'il l'eut enterré, il dit à ses fils: « Quand je serai mort, vous m'enterrerez dans le sépulcre où est enterré l'homme de Dieu; vous déposerez mes os à côté de ses os.
32 ၃၂ ဗေသလမြို့ယဇ်ပလ္လင်တဘက်ရှမာရိမြို့ရွာတွင်၊ မြင့်သောအရပ်ပေါ်မှာ ဆောက်သောအိမ်များ တဘက်၊ ထာဝရဘုရား၏နှုတ်ကပတ်တော်အတိုင်း ကြွေးကြော်သောစကားသည် စင်စစ်ပြည့်စုံလိမ့်မည်ဟု မှာထားလေ၏။
Car elle s'accomplira la parole qu'il a criée, dans la parole de Yahweh, contre l'autel qui est à Béthel, et contre toutes les maisons de hauts lieux qui sont dans les villes de Samarie. »
33 ၃၃ ထိုနောက်မှ ယေရောဗောင်သည် မိမိအဓမ္မလမ်းကို မရှောင်။ သာမညလူတို့ကို မြင့်သောအရပ်တွင် ယဇ်ပုရောဟိတ်အရာ၌ ထပ်၍ ခန့်ထား၏။ ယဇ်ပုရောဟိတ်လုပ်ချင်သောသူ ရှိသမျှကို ချီးမြှောက်သဖြင့်၊ သူတို့သည် မြင့်သောအရပ်တွင် ယဇ်ပုရောဟိတ် ဖြစ်ကြ၏။
Après cet événement, Jéroboam ne se détourna pas de sa voie mauvaise; de nouveau il créa des prêtres des hauts lieux pris parmi le peuple; quiconque le désirait, il le consacrait et celui-ci devenait prêtre des hauts lieux.
34 ၃၄ ထိုသို့ပြုသောကြောင့် ယေရောဗောင်အမျိုးကို မြေကြီးပြင်မှ သုတ်သင်ပယ်ရှင်းစေသော အပြစ်ရောက် သတည်း။
En cela il y eut péché pour la maison de Jéroboam, et c'est pourquoi elle fut détruite et exterminée de la face de la terre.

< ၃ ဓမ္မရာဇဝင် 13 >