< ၁ ယောဟန် 5 >

1 ယေရှုသည် ခရစ်တော်ဖြစ်တော်မူသည်ကို ယုံကြည်သောသူမည်သည်ကား၊ ဘုရားသခင်ဖြစ်ဘွား စေတော်မူသောသူဖြစ်၏။ အဘကိုချစ်သောသူသည် သားကိုလည်းချစ်တတ်သည်နှင့်အညီ၊
Kila mundu mwaisadika kuvya Yesu ndi Kilisitu Msangula mundu mwenuyo ndi mwana wa Chapanga. Na kila mweakumugana dadi mewawa akumgana na mwana waki.
2 ငါတို့သည် ဘုရားသခင်ကိုချစ်၍၊ ပညတ်တော်တို့ကို စောင့်ကြည့်လျှင်၊ ဘုရားသခင်၏သားတို့ကို ချစ်ကြသည်ကို ငါတို့သိရကြ၏။
Lijambu lenili ndi likutikita timanyayi kuvya tivaganili vana va Chapanga, ndi patikumugana Chapanga na kuyidakila mihilu yaki.
3 ပညတ်တော်တို့ကို စောင့်ခြင်းအရာသည် ဘုရားသခင်ကိုချစ်ရာရောက်၏။ ပညတ်တော်တို့ကို စောင့်ခဲ သည်မဟုတ်။
Ndava kumugana Chapanga ndi kuyidakila mihilu yaki. Na mihilu yaki yitopa lepi,
4 ဘုရားသခင်၏သားဖြစ်သောသူ မည်သည်ကား၊ လောကကို အောင်တတ်၏။ လောကကို အောင်ခြင်း အကြောင်းမူကား၊ ငါတို့၏ ယုံကြည်ခြင်းပေတည်း။
ndava kila mundu mweavi mwana wa Chapanga ihotola kugahotola mambu ga mulima uwu. Na tete tikuuhotola mulima kwa sadika yitu.
5 ယေရှုသည် ဘုရားသခင်၏ သားတော်ဖြစ်သည်ကို ယုံကြည်သောသူမှတပါး၊ အဘယ်သူသည် လောကကို အောင်နိုင်သနည်း။
Yani ihotola kugahotola mambu ga mulima? Ndi yula mweisadika kuvya Yesu ndi Mwana wa Chapanga.
6 ထိုသခင်ကား၊ ရေအားဖြင့်၎င်း၊ အသွေးအားဖြင့်၎င်း ကြွလာသောသူတည်းဟူသော ယေရှုခရစ် ပေတည်း။ ရေအားဖြင့်သာမဟုတ်၊ ရေအားဖြင့်၎င်း၊ အသွေးအားဖြင့်၎င်း ကြွလာတော်မူ၏။ သက်သေခံ ဟူမူကား၊ ဝိညာဉ်တော်သည် သမ္မာတရားဖြစ်၍ သက်သေခံတော်မူ၏။
Yesu Kilisitu ndi mweabwelili kwa njila ya manji lukumbi lwa ubatizu na kwa ngasi peafwili. Abwelili lepi kwa njila ya manji ndu, nambu kwa manji na ngasi. Na Mpungu Msopi ijova aga ndi chakaka ndava ya Yesu muni Mpungu Msopi ndi mchakaka.
7 သို့ဖြစ်လျှင်၊ ကောင်းကင်ဘုံ၌ ခမည်းတော်တပါး နှုတ်ကပတ်တော်တပါး၊ သန့်ရှင်းသော ဝိညာဉ်တော်တပါး၊ သက်သေခံသုံးပါးရှိ၍ ထိုသုံးပါတို့သည် တလုံးတဝတည်း ဖြစ်တော်မူ၏။
Hinu vavi vadatu vevijova uchakaka.
8 မြေကြီးပေါ်၌လည်း ဝိညာဉ်တော်တပါး၊ ရေတပါး၊ အသွေးတပါး၊ သက်သေခံသုံးပါးရှိ၍ ထိုသုံးပါး တို့သည် တညီတညွတ်တည်းဖြစ်၏။
Mpungu Msopi, manji na ngasi, na voha viyidakilana chindu chimonga.
9 လူ၏သက်သေကိုယုံရလျှင်၊ ဘုရားသခင်၏ သက်သေတော်ကိုသာ၍ ယုံဘွယ်ရာအကြောင်းရှိ၏။ ယခုဆိုခဲ့ပြီးသော သက်သေကား၊ ဘုရားသခင်သည် မိမိသားတော်၏အကြောင်းကို သက်သေခံတော်မူချက် ဖြစ်သတည်း။
Tete tisadika lukumbi vandu vakutijovela gavagaweni ndi gala geijova Chapanga gitopa neju na Chapanga ijova chakaka kumvala Mwana waki.
10 ၁၀ ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူသည်၊ မိမိအထဲ၌ ထိုသက်သေကိုရ၏။ ဘုရားသခင်ကို မယုံကြည်သောသူမူကား၊ ဘုရားသခင်ကို မုသာအပြစ်တင်၏။ အဘယ်သို့နည်းဟူမူကား၊ ဘုရားသခင်သည် မိမိသားတော်၏အကြောင်းမှာ သက်သေခံတော်မူသောစကားတော်ကို ထိုသူသည် မယုံဘဲနေ၏။
Ndi kila mundu mweakumusadika mwana wa Chapanga avinawu wenuwo uchakaka mumtima waki. Nambu mweangamsadika Chapanga akumukita Chapanga kuvya mdese, ndava asadiki lepi mambu geajovili Chapanga kumvala Mwana waki.
11 ၁၁ သက်သေခံတော်မူချက်ဟူမူကား၊ ဘုရားသခင်သည် ငါတို့အား ထာဝရအသက်ကိုပေးတော်မူ၍၊ ထိုအသက်သည်လည်း သားတော်၌ပါ၏။ (aiōnios g166)
Na uchakaka wene ndi uwu: Chapanga atipelili wumi wa magono goha gangali mwishu, na wumi wenuwo upatikana kwa Mwana waki. (aiōnios g166)
12 ၁၂ သားတော်ကိုရသောသူသည် အသက်ကိုရ၏။ ဘုရားသခင်၏သားတော်ကို မရသောသူမူကား အသက်ကိုမရ။
Mundu yoyoha mweavili na Mwana wa Chapanga avi na wumi wenuwo, na mundu mweavi lepi na Mwana wa Chapanga avi lepi na wumi wenuwo.
13 ၁၃ ဘုရားသခင်၏သားတော်ကို ယုံကြည်သောသင်တို့သည် ထာဝရအသက်ကိုကိုယ်တိုင်ရသည်ဟု သိစေခြင်းငှါ၊ ဤအရာများကို သင်တို့အား ငါရေး၍ပေးလိုက်၏။ (aiōnios g166)
Nivayandikili nambu mumanyayi kuvya muvinau wumi wa magono goha gangali mwishu, nyenye mwamukumsadiki Mwana wa Chapanga. (aiōnios g166)
14 ၁၄ ငါတို့သည် ဘုရားသခင့်အထံတော်၌ ရဲရင့်ခြင်း အကြောင်းဟူမူကား၊ ငါတို့သည်အလိုတော်နှင့်အညီ တစုံတခုသောဆုကို တောင်းလျှင်၊ ဘုရားသခင်သည် နားထောင်တော်မူ၏။
Lijambu lenili ndi likutikita timanya changali kuyogopa kuvya Chapanga akutiyuwanila, na tikamyupa chindu chochoha ngati cheigana akutiyuwana.
15 ၁၅ ဆုတောင်းသမျှသောစကားတို့ကို နားထောင်တော်မူသည်ကို ငါတို့သိလျှင်၊ အထံတော်၌ တောင်းသောဆုတို့ကို ရမည်ဟုသိရကြ၏။
Na tete tikamanyayi kuvya kila petiyupa akutiyuwana, ndi timanyi kuvya tipokela chochoha chatiyupa kwaki.
16 ၁၆ ညီအစ်ကိုချင်းသည် သေပြစ်မသင့်သောဒုစရိုက်ကို ပြုမိသည်ကို တစုံတယောက်သောသူသည် မြင်လျှင်၊ ထိုသူသည် ဆုတောင်းရမည်။ သေပြစ်ကို မပြုသောသူတို့အဘို့အလိုငှါ၊ ဘုရားသခင်သည် ထိုသူအား အသက်ကိုပေးတော်မူမည်။ သေပြစ်သင့်သောဒုစရိုက်ရှိ၏။ ထိုဒုစရိုက်အပြစ်ကို လွှတ်စေခြင်းငှါ ဆုတောင်း ရမည်ဟုငါမဆို။
Ngati mundu yati akamlola mlongo waki ikita gakumbudila Chapanga gangamlongosa mulifwa, iganikiwa amyupilayi, na Chapanga yati akumupela wumi mundu mwenuyo, nilongela aga ndava ya vala vavihenga uhakau wangavalongosa mulifwa. Nambu kuvili kumbudila Chapanga kwekumlongosa mundu mulifwa nene nijova lepi myupa ndava ya kumbudila Chapanga kwenuko.
17 ၁၇ မတရားသောအမှုမည်သည်ကား ဒုစရိုက်ဖြစ်၏။ သို့သော်လည်း သေပြစ်မသင့်သောဒုစရိုက်ရှိ၏။
Lijambu loloha langamganisa Chapanga, lenilo ndi lijambu la kumbudila Chapanga, nambu kuvili kumbudila Chapanga kwanga mlongosa mundu mulifwa.
18 ၁၈ ဘုရားသခင်၏သားဖြစ်သမျှသောသူတို့သည် ဒုစရိုက်ကိုမပြုတတ်သည်ကို ငါတို့သိကြ၏။ ဘုရားသခင် ဖြစ်ဘွားစေတော်မူသောသူသည်၊ မိမိကိုမိမိ စောင့်ရှောက်သဖြင့်၊ မာရ်နတ်သည်ထိုသူကို မထိမခိုက်နိုင်ရာ။
Timanyili kuvya kila mundu mweavili Mwana wa Chapanga iyendelela lepi kumbudila Chapanga, ndava muni Mwana wa Chapanga akumyunga na Muhakau ihotola lepi kumkita Chindu chochoha.
19 ၁၉ ငါတို့သည် ဘုရားသခင်နှင့်စပ်ဆိုင်သည်ကို၎င်း၊ လောကီသားအပေါင်းတို့သည် မာရ်နတ်၏လက်၌ ရှိကြသည်ကို၎င်း ငါတို့သိကြ၏။
Timanyi kuvya tete ndi tavana va Chapanga, na mulima woha ulongoswa na Muhakau.
20 ၂၀ ဘုရားသခင်၏သားတော်သည်ကြွလာ၍၊ မှန်သောဘုရားသခင်ကို သိသောဥာဏ်ကို ငါတို့အား ပေးတော်မူသည်ကိုလည်း ငါတို့သိကြ၏။ မှန်သောဘုရားသခင်၌၎င်း၊ သားတော်ယေရှုခရစ်၌၎င်းငါတို့သည် တည်လျက်ရှိကြ၏။ ထိုသူသည်မှန်သော ဘုရားသခင်ဖြစ်တော်မူ၏။ ထာဝရအသက်လည်း ဖြစ်တော်မူ၏။ (aiōnios g166)
Tete timanyili kuvya Mwana wa Chapanga amali kubwela, na mwene ndi atikitili timmanya Chapanga wa chakaka. Na tete titama mukuwungana na Chapanga wa chakaka kwa njila ya kuwungana na Mwana waki Yesu Kilisitu. Mwenuyu ndi Chapanga wa chakaka, na ndi wumi wa magono goha gangali mwishu. (aiōnios g166)
21 ၂၁ ချစ်သားတို့၊ ရုပ်တုဆင်းတုကို ကြဉ်ရှောင်ကြလော့။
Vana vangu, mujiyangalila mkoto kugundamila chimong'omong'o.

< ၁ ယောဟန် 5 >