< ၁ ကောရိန္သု 13 >

1 ငါသည် လူဘာသာစကားကို၎င်း၊ ကောင်းကင်တမန်ဘာသာစကားကို၎င်း ပြောနိုင်သော်လည်း မေတ္တာ မရှိလျှင် အသံမြည်သော တံပိုးခရာကဲ့သို့၎င်း၊ တီးသံကိုသာ ပေးတတ်သော လင်းကွင်းကဲ့သို့၎င်း ဖြစ်၏။
If I speak with the tongues of humans and of angels, but do not have love, I have become sounding bronze, or a clanging cymbal.
2 ပရောဖက်ဥာဏ်ကို ငါရ၍၊ နက်နဲသော အရာရှိ သမျှတို့နှင့် သိပ္ပံအတတ်အမျိုးမျိုးကို တတ်သော်၎င်း၊ တောင်များကိုရွှေ့နိုင်သော ယုံကြည်ခြင်းအမျိုးမျိုးနှင့် ပြည့်စုံသော်၎င်း၊ မေတ္တာမရှိလျှင် အချည်းနှီးသက်သက် ဖြစ်၏။
If I have the gift of prophecy, and know all mysteries and all knowledge; and if I have all faith, so as to remove mountains, but do not have love, I am nothing.
3 သူတပါးကို ငါကျွေးမွေး၍ ဥစ္စာရှိသမျှကို စွန့်ကြဲသည်သာမက၊ ကိုယ်ခန္ဓာကို မီးရှို့စေခြင်းငှါ အပ်သော်လည်း၊ မေတ္တာမရှိလျှင်၊ ငါ၌အကျိုးမရှိ။
If I dole out all my goods to feed the poor, and if I surrender my body so that I may boast, but do not have love, it profits me nothing.
4 မေတ္တာသည် စိတ်ရှည်တတ်၏။ ကျေးဇူးပြုတတ်၏။ မေတ္တာသည် ဂုဏ်ပြိုင်ခြင်းမရှိ၊ ဝါကြွားခြင်းမရှိ၊ မာန်မာနမရှိ။
Love is patient and is kind; love does not envy. Love does not brag, is not proud,
5 မလျောက်ပတ်စွာမကျင့်တတ်၊ ကိုယ်အကျိုးကို မရှာတတ်၊ ဒေါသအမျက်မထွက်တတ်၊ အပြစ်ရှိသည်ဟု မထင်တတ်၊
does not behave itself inappropriately, does not seek its own way, is not irritable, does not keep a record of wrongs;
6 မတရားသော အမှု၌ ဝမ်းမြောက်ခြင်းမရှိတတ်၊ သမ္မာတရား၌ ဝမ်းမြောက်တတ်၏။
does not rejoice in unrighteousness, but rejoices with the truth;
7 ခပ်သိမ်းသောအရာကို ဖုံးအုပ်တတ်၏။ ခပ်သိမ်းသောအရာကို ယုံတတ်၏။ ခပ်သိမ်းသောအရာကို မြော်လင့်တတ်၏။ ခပ်သိမ်းသောအရာကို သည်းခံတတ်၏။
bears all things, believes all things, hopes all things, endures all things.
8 မေတ္တာသည် ဖေါက်ပြန်ခြင်းသဘောနှင့် အစဉ်ကင်းလွတ်၏။ ပရောဖက်ဥာဏ်သော်၎င်း၊ အမျိုးမျိုးသော ဘာသာစကားကို ပြောနိုင်သောအခွင့်သော်၎င်း၊ သိပ္ပံအတတ်သော်၎င်း၊ ကွယ်ပျောက်လိမ့်မည်။
Love never fails. But where there are prophecies, they will be done away with. Where there are tongues, they will cease. Where there is knowledge, it will be done away with.
9 ယခုမူကား၊ ငါတို့သည် မစုံမလင် သိတတ်ကြ၏။ ပရောဖက်ဥာဏ်နှင့် မစုံမလင် ဟောတတ်ကြ၏။
For we know in part, and we prophesy in part;
10 ၁၀ စုံလင်ခြင်းသို့ ရောက်သောအခါမူကား၊ မစုံလင်သမျှတို့သည် ကွယ်ပျောက်ကြလိမ့်မည်။
but when that which is complete has come, that which is partial will be done away with.
11 ၁၁ ငါသည် သူငယ်ဖြစ်စဉ်အခါ၊ သူငယ်လိုစကားပြော၏။ သူငယ်လိုစိတ်ထင်၏။ သူငယ်လိုကြံစည်၏။ အသက်ကြီးသောအခါမူကား၊ သူငယ်၏ အရာများကို ငါပယ်ရှား၏။
When I was a child, I spoke as a child, I felt as a child, I thought as a child. Now that I have become an adult, I have put away childish things.
12 ၁၂ ယခုတွင် ငါတို့သည် မှန်အားဖြင့် ရိပ်မိလျက်သာ နေကြ၏။ ထိုအခါမူကား၊ မျက်မှောက်ထင်ထင်မြင် ရကြလိမ့်မည်။ ယခုတွင် ငါအသိအမြင်မစုံလင်ဖြစ်၏။ ထိုအခါမူကား၊ သူတပါးသည် ငါ့ကို သိသကဲ့သို့ ငါသိ ရလိမ့်မည်။
For now we see in a mirror, dimly, but then face to face. Now I know in part, but then I will know fully, even as I was also fully known.
13 ၁၃ ယခုတွင်ယုံကြည်ခြင်း၊ မြော်လင့်ခြင်း၊ ချစ်ခြင်း၊ ဤသုံးပါးတည်လျက် ရှိ၏။ ဤသုံးပါးတို့တွင် ချစ်ခြင်း၊ မေတ္တာသည် အမြတ်ဆုံးဖြစ်သတည်း။
But now faith, hope, and love remain—these three. The greatest of these is love.

< ၁ ကောရိန္သု 13 >