< ၁ ရာဇဝင်ချုပ် 12 >

1 ဒါဝိဒ်သည် ကိရှ၏သားရှောလုကို ရှောင်၍ ဇိကလတ်မြို့၌ နေစဉ်၊ သူ့ဘက်သို့ဝင်စားသောသူ၊
ואלה הבאים אל דויד לציקלג עוד עצור מפני שאול בן קיש והמה בגבורים עזרי המלחמה׃
2 လေး လက်နက်ကို ဆောင်၍လက်ျာဘက်လက်ဝဲလက်မရွေး၊ ကျောက်နှင့်မြှားကို ပစ်တတ်သော စစ်သူရဲကြီး၊ ရှောလု ပေါက်ဘော် ဗင်္ယာမိန်အမျိုးသားဟူမူကား၊
נשקי קשת מימינים ומשמאלים באבנים ובחצים בקשת מאחי שאול מבנימן׃
3 အကြီးအကဲ အဟေဇာ၊ သူ့နောက်ယောရှ၊ ဂိဗာမြို့သားရှေမာ၊ အာဇမာဝက်သား ယေဇေလနှင့် ပေလက်၊ ဗေရာခ၊ အန္တောသိအမျိုး ယေဟု၊
הראש אחיעזר ויואש בני השמעה הגבעתי ויזואל ופלט בני עזמות וברכה ויהוא הענתתי׃
4 ဗိုလ်စုတွင် ထူးဆန်း၍အကြီးအကဲလုပ်သော ဂိဗောင်မြို့သား ဣရှမာယ၊ ယေရမိ၊ ယဟာဇေလ၊ ယောဟနန်၊ ဂေဒရသိအမျိုးယောဇဗဒ်၊
וישמעיה הגבעוני גבור בשלשים ועל השלשים וירמיה ויחזיאל ויוחנן ויוזבד הגדרתי׃
5 ဧလုဇဲ၊ ယေရိမုတ်၊ ဗာလျာ၊ ရှေမရိ၊ ဟရုဖိ အမျိုးရှေဖတိ၊
אלעוזי וירימות ובעליה ושמריהו ושפטיהו החריפי׃
6 ဧလကာန၊ ယေရှာ၊ အာဇရေလ၊ ယောဇာ၊ ကောရသိအမျိုး ယာရှောဗ၊
אלקנה וישיהו ועזראל ויועזר וישבעם הקרחים׃
7 ဂေဒေါ်မြို့နေ၊ ယေရောဟံသား ယောလာနှင့် ဇေဗဒိတည်း။
ויועאלה וזבדיה בני ירחם מן הגדור׃
8 ထိုမှတပါး၊ ဒါဝိဒ်ရှိရာ တောရဲတိုက်သို့ ထွက် သွားသောသူ၊ ခွန်အားကြီး၍ ဒိုင်းလွှားဆောင်လျက် စစ်တိုက်ခြင်းငှါ တတ်စွမ်းနိုင်သောသူ၊ ခြင်္သေ့ကဲ့သို့ မျက်နှာရဲ၍ တောင်ပေါ်မှာ ဒရယ်ကဲ့သို့ လျင်မြန်သော သူဂဒ်အမျိုးသားဟူမူကား၊
ומן הגדי נבדלו אל דויד למצד מדברה גברי החיל אנשי צבא למלחמה ערכי צנה ורמח ופני אריה פניהם וכצבאים על ההרים למהר׃
9 ဧဇာတပါး၊ ဩဗဒိတပါး၊ ဧလျာဘတပါး၊
עזר הראש עבדיה השני אליאב השלשי׃
10 ၁၀ မိရှမန္နတပါး၊ ယေရမိတပါး၊
משמנה הרביעי ירמיה החמשי׃
11 ၁၁ အတ္တဲတပါး၊ ဧလျေလတပါး၊
עתי הששי אליאל השבעי׃
12 ၁၂ ယောဟနန်တပါး၊ ဧလဇာဗဒ်တပါး၊
יוחנן השמיני אלזבד התשיעי׃
13 ၁၃ ယေရမိတပါး၊ မာခဗာနဲတပါး၊ ပေါင်းတကျိပ် တပါးတည်း။
ירמיהו העשירי מכבני עשתי עשר׃
14 ၁၄ ဤသူတို့သည် ဂဒ်အမျိုးသားတွင် ဗိုလ်လုပ်၍၊ အငယ်ကား လူတရာ၊ အကြီးကားလူတထောင်ကို အုပ်သောသူဖြစ်ကြ၏။
אלה מבני גד ראשי הצבא אחד למאה הקטן והגדול לאלף׃
15 ၁၅ ယော်ဒန်မြစ်ရေသည် ကမ်းတရှောက်လုံးကို လွှမ်းမိုးသော ကာလပဌမလတွင်၊ သူတို့သည် ကူး၍ မြေညီရာအရပ်အရှေ့အနောက်၌ နေသောသူအပေါင်း တို့ကို ပြေးစေကြ၏။
אלה הם אשר עברו את הירדן בחדש הראשון והוא ממלא על כל גדיתיו ויבריחו את כל העמקים למזרח ולמערב׃
16 ၁၆ ဗင်္ယာမိန်အမျိုးသားနှင့် ယုဒအမျိုးသားအချို့တို့ သည် ဒါဝိဒ်ရှိရာ ရဲတိုက်သို့လာသောအခါ၊
ויבאו מן בני בנימן ויהודה עד למצד לדויד׃
17 ၁၇ ဒါဝိဒ်သည် ကြိုဆိုခြင်းငှါ ထွက်သွား၍၊ ငါ့ကို မစခြင်းငှါ မေတ္တာစိတ်နှင့်လာလျှင် ငါသဘောတူ၏။ သို့မဟုတ် ငါ့ကိုရန်သူလက်သို့ အပ်ခြင်းငှါ လာလျှင် ငါ၌ အပြစ်မရှိသောကြောင့်၊ ဘိုးဘေးတို့၏ ဘုရားသခင်သည် ကြည့်ရှု၍ ဆုံးမတော်မူပါစေသောဟုဆိုသော်၊
ויצא דויד לפניהם ויען ויאמר להם אם לשלום באתם אלי לעזרני יהיה לי עליכם לבב ליחד ואם לרמותני לצרי בלא חמס בכפי ירא אלהי אבותינו ויוכח׃
18 ၁၈ ဝိညာဉ်တော်သည် ဗိုလ်ချုပ်အာမသဲအပေါ်မှာ သက်ရောက်၍၊ အိုဒါဝိဒ်၊ ကျွန်တော်တို့သည် ကိုယ်တော် ၏လူ၊ အိုယေရှဲ၏သားတော်၊ ကိုယ်တော်ဘက်သို့ ဝင်စား သောသူဖြစ်ပါ၏။ ကိုယ်တော်၌ မင်္ဂလာရှိပါစေသော။ မင်္ဂလာရှိပါစေသော။ ကိုယ်တော်ကိုမစသောသူ၌ မင်္ဂလာ ရှိပါစေသော။ ကိုယ်တော်၏ဘုရားသခင်သည် ကိုယ် တော်ကို မစတော်မူပါစေသောဟု ပြန်ပြောလေသော်၊ ဒါဝိဒ်သည် သူတို့ကို လက်ခံ၍ ဗိုလ်အရာ၌ ခန့်ထား လေ၏။
ורוח לבשה את עמשי ראש השלושים לך דויד ועמך בן ישי שלום שלום לך ושלום לעזרך כי עזרך אלהיך ויקבלם דויד ויתנם בראשי הגדוד׃
19 ၁၉ ထိုမှတပါး၊ ဒါဝိဒ်သည် ရှောလုကို စစ်တိုက်သွား သော ဖိလိတ္တိလူတို့နှင့် လိုက်သောအခါ၊ ဖိလိတ္တိမင်းတို့က၊ ဤသူသည် ငါတို့ကိုအပ်၍ မိမိသခင်ရှောလုဘက်သို့ ဝင်စားမည်ဟု တိုင်ပင်ပြီးမှ ပြန်စေသောကြောင့်၊ ဒါဝိဒ် သည် စစ်မကူဘဲ ဇိကလတ်မြို့သို့ သွားသောကာလ၊ သူ့ဘက်သို့ ဝင်စားသော မနာရှေအမျိုးသားဟူမူကား၊
וממנשה נפלו על דויד בבאו עם פלשתים על שאול למלחמה ולא עזרם כי בעצה שלחהו סרני פלשתים לאמר בראשינו יפול אל אדניו שאול׃
20 ၂၀ မိမိအမျိုးသားတို့တွင် လူတထောင်ကို အုပ် သော ဗိုလ်၊ အာဒန၊ ယောဇဗဒ်၊ ယေဒယေလ၊ မိက္ခေလ၊ ယောဇဗဒ်၊ ဧလိဟု၊ ဇိလသဲတည်း။
בלכתו אל ציקלג נפלו עליו ממנשה עדנח ויוזבד וידיעאל ומיכאל ויוזבד ואליהוא וצלתי ראשי האלפים אשר למנשה׃
21 ၂၁ ထိုသူအပေါင်းတို့သည် ခွန်အားကြီးသော စစ်သူရဲဗိုလ်ကြီးဖြစ်၍၊ ထားပြလုပ်သော သူတို့တဘက်၌ ဒါဝိဒ်ကို မစကြ၏။
והמה עזרו עם דויד על הגדוד כי גבורי חיל כלם ויהיו שרים בצבא׃
22 ၂၂ ထိုကာလ၌ဘုရားသခင်၏ ဗိုလ်ခြေကဲ့သို့ ကြီးစွာသော ဗိုလ်ခြေဖြစ်သည်တိုင်အောင် တနေ့ထက် တနေ့ ဒါဝိဒ်ကို ကူညီ၍ဝင်စားကြ၏။
כי לעת יום ביום יבאו על דויד לעזרו עד למחנה גדול כמחנה אלהים׃
23 ၂၃ ထာဝရဘုရား၏ အမိန့်တော်အတိုင်း၊ ရှောလု၏ နိုင်ငံကို ဒါဝိဒ်လက်သို့လွှဲခြင်းငှါ ဒါဝိဒ်ရှိရာ ဟေဗြုန်မြို့သို့ လာသောသူ၊ စစ်တိုက်လက်နက်စုံနှင့်ပြည့်စုံသော တပ်သားစာရင်းဟူမူကား၊
ואלה מספרי ראשי החלוץ לצבא באו על דויד חברונה להסב מלכות שאול אליו כפי יהוה׃
24 ၂၄ ဒိုင်းနှင့်လှံကိုဆောင်၍ စစ်တိုက်လက်နက်စုံ နှင့်ပြည့်စုံသော ယုဒအမျိုးသား ခြောက်ထောင်ရှစ်ရာ၊
בני יהודה נשאי צנה ורמח ששת אלפים ושמונה מאות חלוצי צבא׃
25 ၂၅ ခွန်အားကြီးသော စစ်သူရဲ၊ ရှိမောင်အမျိုးသား ခုနစ်ထောင်တရာ၊
מן בני שמעון גבורי חיל לצבא שבעת אלפים ומאה׃
26 ၂၆ လေဝိအမျိုးသားလေးထောင်ခြောက်ရာ၊
מן בני הלוי ארבעת אלפים ושש מאות׃
27 ၂၇ အာရုန်အမျိုးအုပ်၊ ယောယဒနှင့်အတူပါသော အာရုန်အမျိုးသား သုံးထောင်ခုနစ်ရာ၊
ויהוידע הנגיד לאהרן ועמו שלשת אלפים ושבע מאות׃
28 ၂၈ ခွန်အားကြီးသောသူရဲ၊ လူပျိုဇာဒုတ်နှင့် သူ၏ အဆွေအမျိုးတပ်မှူးနှစ်ကျိပ်နှစ်ပါး၊
וצדוק נער גבור חיל ובית אביו שרים עשרים ושנים׃
29 ၂၉ ရှောလုပေါက်ဘော်ဖြစ်သော ဗင်္ယာမိန်အမျိုး သားသုံးထောင်၊ ထိုအမျိုးသားအများတို့သည် ရှောလု ဘက်မှာစောင့်နေကြ၏။
ומן בני בנימן אחי שאול שלשת אלפים ועד הנה מרביתם שמרים משמרת בית שאול׃
30 ၃၀ ခွန်အားကြီး၍ အဆွေအမျိုးတို့တွင် ထင်ရှား သော ဧဖရိမ်အမျိုးသား နှစ်သောင်းရှစ်ရာ၊
ומן בני אפרים עשרים אלף ושמונה מאות גבורי חיל אנשי שמות לבית אבותם׃
31 ၃၁ ဒါဝိဒ်ကို ရှင်ဘုရင်အရာ၌ချီးမြှောက်ခြင်းငှါ စာရင်းဝင်သော မနာရှေအမျိုးဝက်ထဲက လူတသောင်း ရှစ်ထောင်၊
ומחצי מטה מנשה שמונה עשר אלף אשר נקבו בשמות לבוא להמליך את דויד׃
32 ၃၂ ကာလအချိန်တို့ကို နားလည်၍ ဣသရေလ အမျိုးသည် အဘယ်သို့ပြုသင့်သည်ကို သိတတ်သော ဣသခါအမျိုးသားသူကြီးနှစ်ရာ၊ သူတို့အမျိုးသားချင်း အပေါင်းတို့သည် အသင့်ရှိကြ၏။
ומבני יששכר יודעי בינה לעתים לדעת מה יעשה ישראל ראשיהם מאתים וכל אחיהם על פיהם׃
33 ၃၃ စိတ်နှစ်ခွမရှိ၊ တပ်အခင်းအကျင်းမပျက်၊ စစ်တိုက်လက်နက်စုံနှင့် ပြည့်စုံလျက် စစ်ချီ၍ တိုက်တတ် သော ဇာဗုလုန်အမျိုးသား ငါးသောင်း၊
מזבלון יוצאי צבא ערכי מלחמה בכל כלי מלחמה חמשים אלף ולעדר בלא לב ולב׃
34 ၃၄ နဿလိအမျိုးသား ဗိုလ်တထောင်၊ ဒိုင်းနှင့်လှံ ကို ဆောင်သော သူသုံးသောင်းခုနစ်ထောင်၊
ומנפתלי שרים אלף ועמהם בצנה וחנית שלשים ושבעה אלף׃
35 ၃၅ ဒန်အမျိုးထဲက စစ်မှူးစစ်ရေး၌ လေ့ကျက်သော သူနှစ်သောင်းရှစ်ထောင်ခြောက်ရာ၊
ומן הדני ערכי מלחמה עשרים ושמונה אלף ושש מאות׃
36 ၃၆ အာရှာအမျိုးထဲက ထိုအတူ လေ့ကျက်၍ စစ်ချီ တတ်သော သူလေးသောင်း၊
ומאשר יוצאי צבא לערך מלחמה ארבעים אלף׃
37 ၃၇ ယော်ဒန်မြစ်တဘက်ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးတဝက်ထဲက စစ်တိုက်လက်နက်စုံ အမျိုးမျိုး နှင့်ပြည့်စုံသောသူ တသိန်းနှစ်သောင်းတည်း၊
ומעבר לירדן מן הראובני והגדי וחצי שבט מנשה בכל כלי צבא מלחמה מאה ועשרים אלף׃
38 ၃၈ စစ်အခင်းအကျင်းမပျက်၊ တိုက်တတ်သောသူ၊ အထက်ဆိုခဲ့ပြီး သောသူအပေါင်းတို့သည် ဒါဝိဒ်ကို ရှင်ဘုရင်အရာ၌ ချီးမြှောက်ခြင်းငှါ ကြည်ညိုသော စိတ်အားကြီး၍ ဟေဗြုန်မြို့သို့ လာကြ၏။ ကျန်ကြွင်း သော ဣသရေလအမျိုးသားအပေါင်းတို့သည်၊ ဒါဝိဒ်ကို ရှင်ဘုရင်အရာ၌ ချီးမြှောက်ချင်သော စိတ်သဘော တညီ တညွတ်တည်း ရှိကြ၏။
כל אלה אנשי מלחמה עדרי מערכה בלבב שלם באו חברונה להמליך את דויד על כל ישראל וגם כל שרית ישראל לב אחד להמליך את דויד׃
39 ၃၉ ထိုသူအပေါင်းတို့သည် သုံးရက်ပတ်လုံး အထံ တော်၌ စားသောက်လျက် နေကြ၏။ အမျိုးသားချင်းတို့ သည် ပြင်ဆင်နှင့်ကြပြီ။
ויהיו שם עם דויד ימים שלושה אכלים ושותים כי הכינו להם אחיהם׃
40 ၄၀ အနီးအပါး၌ နေသောသူတို့သည်လည်း၊ သိုးနွား နှင့်တကွ အမဲသား၊ မုန့်ညက်သင်္ဘောသဖန်းသီး၊ စပျစ် သီး၊ စပျစ်ရည်၊ ဆီတည်းဟူသော ရိက္ခာများကို မြည်း၊ ကုလားအုပ်၊ လား၊ နွားအပေါ်မှာတင်လျက် ဣသခါခရိုင်၊ ဇာဗုလုန်ခရိုင်၊ နဿလိခရိုင်မှ ပင့်ဆောင်ခဲ့၍ ဣသ ရေလအမျိုးသားတို့သည် ပျော်မွေ့ကြ၏။
וגם הקרובים אליהם עד יששכר וזבלון ונפתלי מביאים לחם בחמורים ובגמלים ובפרדים ובבקר מאכל קמח דבלים וצמוקים ויין ושמן ובקר וצאן לרב כי שמחה בישראל׃

< ၁ ရာဇဝင်ချုပ် 12 >