< ရောမ 5 >

1 ထိုကြောင့် ၊ ငါတို့သည် ယုံကြည် ခြင်းရှိ၍ ဖြောင့်မတ် ရာသို့ရောက်လျှင်၊ ငါ တို့သခင် ယေရှု ခရစ် အားဖြင့် ဘုရားသခင့် ရှေ့ တော်၌ ငြိမ်သက် ခြင်းကို ခံစား ကြ၏။ 2 ထို ကျေးဇူး တော်ကို ခံစား ရသည်အကြောင်း မှာ ယုံကြည် ခြင်းရှိ၍၊ ထိုသခင် အားဖြင့် သာခံစားသော အခွင့် ကို ရ ကြ၏။ သို့ဖြစ်၍ ဘုရားသခင် ၏ဘုန်း တော်ကို မြော်လင့် ၍ ဝါကြွား ဝမ်းမြောက်ခြင်းရှိကြ၏။ 3 ထိုမျှမက ၊ ဒုက္ခဆင်းရဲ ခြင်းကိုခံ၍ ဝါကြွား ဝမ်းမြောက်ခြင်းရှိကြ၏။ အကြောင်းမူကား ၊ ဒုက္ခ ဆင်းရဲ ခြင်းသည် သည်းခံ ခြင်းကို ပြုစု တတ်၏။ 4 သည်းခံ ခြင်းသည်လည်း သက်သေ ထင်ရှားခြင်းကို ပြုစုတတ်၏။ သက်သေ ထင်ရှားခြင်းသည်လည်း မြော်လင့် ခြင်းကို ပြုစုတတ်၏။ 5 ထို မြော်လင့် ခြင်းသည် ရှက်ကြောက် စရာ အကြောင်းနှင့် ကင်းလွတ် ၏။ အဘယ်ကြောင့် နည်းဟူမူကား၊ ငါ တို့အားပေး တော်မူသောသန့်ရှင်း သော ဝိညာဉ် တော်သည် ဘုရားသခင် ၏မေတ္တာ တော်ကို ငါ တို့ စိတ် နှလုံးထဲသို့ ညွှန်းလောင်း တော်မူ၏။ 6 ငါ တို့သည် အကျိုးနည်း ရှိ စဉ် တွင်အချိန်တန် မှ ခရစ်တော် သည် မတရား သောသူတို့အတွက် ကြောင့် အသေခံ တော်မူ၏။ 7 ဖြောင့်မတ် သောသူအတွက် ကြောင့် အသေခံ မည့်သူ ရှိခဲ ၏။ သူတော်ကောင်း အတွက် ကြောင့် အသေခံ ဝံ့ သောသူ ရှိ ကောင်းရှိလိမ့်မည်မှန်စေတော့။ 8 ငါ တို့သည် အပြစ် ရှိ စဉ် ပင်၊ ခရစ်တော် သည် ငါ တို့အတွက် ကြောင့် အသေခံ တော်မူသည်ဖြစ်၍၊ ဘုရားသခင် သည် ငါတို့ကို အဘယ်မျှလောက်ချစ် တော်မူသည်ကို ငါ တို့အား ထင်ရှားစွာပြ တော်မူ၏။ 9 သို့ဖြစ်၍ ယခု တွင် အသွေး တော်အားဖြင့် ဖြောင့်မတ် ရာသို့ ရောက်ပြီးမှ၊ ထိုသခင် အားဖြင့် အပြစ် ငရဲမှ ကယ်ချွတ်တော်မူခြင်းသို့ ရောက် မည်ဟုသာ၍ မြော်လင့်စရာရှိ၏။ 10 ၁၀ အကြောင်းမူကား ၊ ရန်သူ ဖြစ် လျက်ပင်ဘုရားသခင် ၏ သား တော်အသေခံ တော်မူခြင်းအားဖြင့် ၊ ငါတို့သည် ဘုရားသခင်နှင့် မိသ္သဟာယဖွဲ့ခြင်း ကျေးဇူးတော်ကိုခံရသည်မှန်လျှင် ၊ မိသ္သဟာယဖွဲ့ ပြီးမှ၊ အသက် တော် အားဖြင့် ကယ်တင်တော်မူခြင်းသို့ ရောက် မည်ဟုသာ၍ မြော်လင့်စရာရှိ၏။ 11 ၁၁ ထိုမျှမက ၊ ငါ တို့သခင် ယေရှု ခရစ် အားဖြင့် မိဿဟာယ ဖွဲ့ရာကျေးဇူးကိုယခု ခံ ပြီးလျှင်၊ ထို သခင်အားဖြင့် ဘုရားသခင် ၌ ဝါကြွား ဝမ်းမြောက်ခြင်းရှိကြ၏။ 12 ၁၂ ဤ အကြောင်း အရာဟူမူကား၊ အပြစ် တရားသည် တစ် ယောက်သောသူ အားဖြင့် ဤ လောက သို့ ဝင် ၍ ၊ အပြစ် တရားအားဖြင့် သေ ခြင်း တရားဝင်သည်နှင့်အညီ ၊ လူ အပေါင်း တို့သည် အပြစ် ရှိသောကြောင့် သေ ခြင်းသို့ ရောက် ရကြ၏။ 13 ၁၃ ပညတ် တရားကို မထားမှီတိုင်အောင် ဤလောက ၌ အပြစ် ရှိ ၏။ အဘယ်ပညတ် တရားကိုမျှ မ ရှိ လျှင် ၊ အပြစ် ရှိသည်ဟု မှတ် စရာမ ရှိ၊ 14 ၁၄ သို့သော်လည်း အာဒံ လက်ထက်မှစ၍ မောရှေ လက်ထက်တိုင်အောင် သေ ခြင်းတရားသည် အစိုးရ ၏။ အာဒံ ပြစ်မှား သည်နည်းတူ မ ပြစ်မှား သောသူ တို့ကို ပင်အစိုးရ ၏။ ထို အာဒံသည် နောက်လာ လတံ့သောသူ ၏ ပုံပမာ ဖြစ် သတည်း။ 15 ၁၅ သို့သော်လည်း ၊ ပြစ်မှား ခြင်းသဘောနှင့် ကျေးဇူးတော် သဘောမ တူ ၊ အကြောင်းမူကား ၊ လူ တစ် ယောက်သည် ပြစ်မှား သောအားဖြင့်၊ လူ များတို့သည် သေ ခြင်းသို့ ရောက်ကြ၏။ တစ် ယောက်သောသူ တည်းဟူသောယေရှု ခရစ် အားဖြင့် ဘုရားသခင် ၏ ကျေးဇူး တော်နှင့် ကျေးဇူး တော်၏ အကျိုး သည်လူများ တို့၌ သာ၍ ကြွယ်ဝ ပြည့်စုံ၏။ 16 ၁၆ ထိုမှတစ်ပါး၊ လူ တစ်ယောက်ပြစ်မှား သောအရာနှင့် ကျေးဇူးတော် အရာမ တူ ။ အကြောင်းမူကား ၊ တရား စီရင် သောအရာမှာ၊ အပြစ်တစ်ခု ကြောင့် ဒဏ်ခံစေဟု စီရင် ၏။ ကျေးဇူးတော်အရာမှာ၊ အပြစ် များ လျက်ပင် လွှတ်စေဟုစီရင် ၏။ 17 ၁၇ ထိုမှတစ်ပါး၊ လူတစ်ယောက် သည် ပြစ်မှား သောကြောင့် ၊ ထိုတစ်ယောက် သောသူ အားဖြင့် သေ ခြင်းတရား သည် အစိုးရ ၏။ ကျေးဇူး တော်၏ကြွယ်ဝ ခြင်းကို၎င်း၊ ဖြောင့်မတ် ရာသို့သွင်းပေး တော်မူခြင်းကို၎င်း ခံရသော သူတို့သည် တစ်ယောက် သောသူ တည်းဟူသောယေရှု ခရစ် အားဖြင့် အသက် ရှင်လျက် သာ၍ စိုးစံ ရကြလတံ့။ 18 ၁၈ ထိုကြောင့် ၊ တစ် ယောက်သောသူ၏ပြစ်မှား ခြင်းအားဖြင့် ၊ လူ အပေါင်း တို့သည် အပြစ်စီရင် ခြင်းနှင့် တွေ့ကြုံရကြသည်နည်းတူ ၊ တစ် ယောက်သောသူ၏ ဖြောင့်မတ် ခြင်းအားဖြင့် ၊ လူ အပေါင်း တို့သည် အသက် နှင့် ယှဉ်သော ဖြောင့်မတ် ရာသို့ ရောက်ခြင်းအခွင့်ကို ရကြ၏။ 19 ၁၉ အကြောင်းမူကား ၊ တစ် ယောက်သောသူ သည် နား မထောင်သောအားဖြင့် ၊ လူ များတို့သည် အပြစ် ရောက် သည်နည်းတူ ၊ တစ်ယောက်သောသူသည် နားထောင် သောအားဖြင့် ၊ လူ များတို့သည် ဖြောင့်မတ် ရာသို့ ရောက် ရကြ၏။ 20 ၂၀ ထိုမှတပါး ၊ ပညတ် တရားသည် တစ်ဖန်ဝင် သဖြင့် ပြစ်မှား သောအပြစ်ပွားများ ၏။ သို့သော်လည်း အပြစ် ပွားများ သည် အရာမှာ ကျေးဇူး တော်သာ၍ ကြွယ်ဝ၏။ 21 ၂၁ ထိုသို့ဖြစ်လျှင်၊ အပြစ် တရားသည်သေ ခြင်းအားဖြင့် အစိုးရ သည်နည်းတူ ၊ ငါ တို့သခင် ယေရှု ခရစ် ပြုစုတော်မူ၍ ကျေးဇူး တရားသည် ထာဝရ အသက် နှင့် ယှဉ်သော ဖြောင့်မတ် ရာသို့ သွင်းခြင်းအားဖြင့် အစိုးရ လေအံ့သတည်း။ (aiōnios g166)

< ရောမ 5 >