< ဆာလံ 81 >

1 ငါ တို့ အစွမ်း သတ္တိတည်းဟူသော ဘုရား သခင်အား ရွှင်လန်းစွာ သီချင်း ဆိုကြလော့။ ယာကုပ် အမျိုး၏ ဘုရား သခင်အား ကျူးဧ သောအသံကို ပြုကြလော့။
Sing aloud unto God our strength: make a joyful noise unto the God of Jacob.
2 တုရိယာ မျိုးကိုဆောင် ကြ။ ပတ်သာ ကို၎င်း၊ သာယာ သော စောင်း နှင့် တယော ကို၎င်း ယူ ခဲ့ကြ။
Take a psalm, and bring here the timbrel, the pleasant harp with the psaltery.
3 လဆန်း နေ့၊ လပြည့် နေ့၊ ပွဲသဘင် နေ့ ၌ တံပိုး မှုတ်ကြ။
Blow up the trumpet in the new moon, in the time appointed, on our solemn feast day.
4 ထိုသို့ ဣသရေလ အမျိုး၌ ထုံးဖွဲ့ ၍၊ ယာကုပ် အမျိုး၏ ဘုရား သခင်သည် ဆုံးဖြတ် တော်မူ၏။
For this was a statute for Israel, and a law of the God of Jacob.
5 နား မ လည်သော စကား ကိုကြား ရာအရပ်၊ အဲဂုတ္တု ပြည် တဘက် ၌ ကြွသွား တော်မူသောအခါ ၊ ယောသပ် အမျိုး၌ ထိုသို့ သော သက်သေခံ ချက်ကို စီရင် တော်မူ၏။
This he ordained in Joseph for a testimony, when he went out through the land of Egypt: where I heard a language that I understood not.
6 ငါသည်သူ ၏ ပခုံး ကိုဝန် နှင့် လွတ် စေ၏။ သူ ၏ လက် ကိုလည်း ကယ်တင်ခြင်းတို့ အထဲ က နှုတ် ယူ၏။
I removed his shoulder from the burden: his hands were delivered from the pots.
7 သင်သည်ဒုက္ခ ကိုခံရသောအခါ ၊ ငါ့ကိုခေါ် ၍ ငါသည်ချမ်းသာ ပေး၏။ မ ထင်ရှားသော မိုဃ်းကြိုး နေရာ ၌ ငါပြန် ပြော၏။ မေရိဘ ရေ နား မှာ သင့် ကို ငါစုံစမ်း ၏။
You called in trouble, and I delivered you; I answered you in the secret place of thunder: I proved you at the waters of Meribah. (Selah)
8 ငါ ၏လူစု ၊ နားထောင် လော့။ ငါမှာ ထားမည်။ အိုဣသရေလ အမျိုး၊ သင်သည် ငါ့ စကားကို နားထောင် ပါစေသော။
Hear, O my people, and I will testify unto you: O Israel, if you will hearken unto me;
9 သင် ၌ တပါး အမျိုး၏ ဘုရား မ ရှိ ရ။ တကျွန်း တနိုင်ငံဘုရား ကို မ ကိုးကွယ် ရ။
There shall no strange god be in you; neither shall you worship any strange god.
10 ၁၀ ငါ သည်သင့် ကို အဲဂုတ္တု ပြည် မှ ကယ်နှုတ်ဆောင် ယူခဲ့ပြီးသောသင် ၏ဘုရား သခင်ထာဝရဘုရား ဖြစ်၏။ သင် ၏နှုတ် ကို ကျယ်ကျယ်ဖွင့် လော့။ ဝပြော စွာ ကျွေး မည်။
I am the LORD your God, which brought you out of the land of Egypt: open your mouth wide, and I will fill it.
11 ၁၁ ငါ ၏လူ များမူကား ၊ ငါ့ စကား ကို နား မ ထောင်ကြ။ ဣသရေလ အမျိုးသည် ငါ့ ကို အလို မ ရှိကြပါတကား။
But my people would not hearken to my voice; and Israel refused me.
12 ၁၂ ငါသည်လည်း ထိုသူ တို့ကို သူ တို့ နှလုံး ခိုင်မာ ခြင်း၌ အပ် ၍၊ သူတို့သည် မိမိ တို့အလို သို့ လိုက် ကြ၏။
So I gave them up unto their own hearts' lust: and they walked in their own counsels.
13 ၁၃ ငါ ၏လူစု သည် ငါ့ စကားကို နားထောင် ၍၊ ဣသရေလ အမျိုးသည် ငါ့ လမ်း ၌ လိုက် ပါစေသော။
Oh that my people had hearkened unto me, and Israel had walked in my ways!
14 ၁၄ လိုက်လျှင် ငါသည်သူ တို့ရန်သူ များကို အလျင် အမြန် နှိပ်စက် ၍ ၊ ရန်ဘက် ပြုသောသူတို့ကို ဒဏ်ခတ် မည်။
I should soon have subdued their enemies, and turned my hand against their adversaries.
15 ၁၅ ထာဝရဘုရား ကို မုန်း သောသူတို့သည် တောင်းပန် ခြင်းကို ပြု၍၊ ငါ၏ လူတို့သည်လည်း၊ အစဉ် အမြဲတည် ရသောအခွင့်ရှိ ကြလိမ့်မည်။
The haters of the LORD should have submitted themselves unto him: but their time should have endured for ever.
16 ၁၆ အကောင်း ဆုံးသော ဆန် စပါးနှင့် ငါကျွေး မည်။ ကျောက် ထဲ က ထွက်သောပျားရည် နှင့် လည်း ဝပြော စေမည်။
He should have fed them also with the finest of the wheat: and with honey out of the rock should I have satisfied you.

< ဆာလံ 81 >