< ဆာလံ 66 >

1 မြေကြီး သားအပေါင်း တို့၊ ဘုရား သခင့်ရှေ့ တော်၌ ကျူးဧ သောအသံကို ပြု၍၊
Make a joyful noise unto God, all you lands:
2 နာမ တော်၏ဂုဏ် ကို သီချင်း ဆိုကြလော့။ ချီးမွမ်း ခြင်း၏ ဂုဏ် အသရေကို ပြ ကြလော့။
Sing forth the honour of his name: make his praise glorious.
3 ကိုယ်တော် စီရင်သောအမှု တို့သည် အလွန်အံ့ဩ ဘွယ် ဖြစ်ကြပါ၏။ တန်ခိုး တော်ကြီး သောကြောင့် ၊ ရန်သူ တို့သည် ကိုယ်တော် ကို တောင်းပန် ကြပါလိမ့်မည်။
Say unto God, How terrible are you in your works! through the greatness of your power shall your enemies submit themselves unto you.
4 မြေကြီး သားအပေါင်း တို့သည် ကိုယ်တော် ကို ကိုးကွယ် ၍ ၊ သီချင်း ဆိုကြပါစေသော။ နာမ တော်အား သီချင်း ဆိုကြပါစေသောဟု ဘုရား သခင်အား လျှောက် ထားကြလော့။
All the earth shall worship you, and shall sing unto you; they shall sing to your name. (Selah)
5 ဘုရား သခင်စီရင် တော်မူသောအမှုတော်ကို လာ ၍ ကြည့် ကြလော့။ လူ သား တို့တွင်စီရင်တော်မူသောအမှု တို့သည် အံ့ဩ ဘွယ် ဖြစ်ကြ၏။
Come and see the works of God: he is terrible in his doing toward the children of men.
6 ပင်လယ် ကို ကုန်း ဖြစ် စေတော်မူ၏။ သူတို့သည် ရေစီး ရာအရပ်ကို ခြေ ဖြင့် ရှောက် သွားကြသည်ဖြစ်၍ ၊ ငါတို့သည် ဘုရား သခင်၌ ဝမ်းမြောက် ကြ၏။
He turned the sea into dry land: they went through the flood on foot: there did we rejoice in him.
7 တန်ခိုး တော်အားဖြင့် အစဉ် အမြဲအုပ်စိုး တော်မူ၏။ မျက်စိ တော်သည် လူ အမျိုးမျိုးတို့ကို ကြည့်ရှု သည် ဖြစ်၍ ၊ ငြင်းဆန် သောသူတို့သည် မ ဝါကြွား ကြစေနှင့်။
He rules by his power for ever; his eyes behold the nations: let not the rebellious exalt themselves. (Selah)
8 အချင်းလူစု တို့၊ ငါ တို့ ဘုရား သခင်ကို ကောင်းကြီး ပေးကြလော့။ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်း သော စကား သံနှင့် ကြွေးကြော် ကြလော့။
O bless our God, all of you people, and make the voice of his praise to be heard:
9 ငါ တို့အသက် ကို မ သေ စေမည်အကြောင်းနှင့် ၊ ခြေ ကိုလည်း မချော် စေမည်အကြောင်း စောင့်မ တော်မူ၏။
Which holds our soul in life, and suffers not our feet to be moved.
10 ၁၀ အိုဘုရား သခင်၊ ကိုယ်တော်သည် အကျွန်ုပ် တို့ကို စုံစမ်း တော်မူပြီ။ ငွေ ကို စစ်ဆေး သကဲ့သို့ အကျွန်ုပ် တို့ကို စစ်ဆေး တော်မူပြီ။
For you, O God, have proved us: you have tried us, as silver is tried.
11 ၁၁ ကျော့ကွင်း ထဲမှာ ကျော့မိ စေ၍၊ ကျောက် ကုန်းပေါ် မှာ လေးသော ဝန် ကို တင် တော်မူပြီ။
You brought us into the net; you laid affliction upon our loins.
12 ၁၂ အကျွန်ုပ် တို့ ခေါင်း ပေါ် မှာ သူတပါး ကို စီး စေတော်မူပြီ။ မီး ၌ ၎င်း ၊ ရေ ၌ ၎င်း သွား ရသော်လည်း၊ ကျေးဇူးတော်ကြောင့် ကြွယ်ဝ ခြင်းသို့ ရောက် ကြပါ၏။
You have caused men to ride over our heads; we went through fire and through water: but you brought us out into a wealthy place.
13 ၁၃ မီးရှို့ ရသောယဇ်ပါ လျက် အိမ် တော်သို့ အကျွန်ုပ်သွား ပါမည်။
I will go into your house with burnt offerings: I will pay you my vows,
14 ၁၄ ဆင်းရဲ ခံရစဉ်အခါ ၊ အကျွန်ုပ် သည် နှုတ် ကို ဖွင့် ၍ မြွက်ဆို သည်အတိုင်း ၊ သစ္စာ ဝတ်ကို ဖြေ ပါမည်။
Which my lips have uttered, and my mouth has spoken, when I was in trouble.
15 ၁၅ ဆူဖြိုး သော သိုး တို့ကို နံ့သာ ပေါင်းနှင့်တကွ မီးရှို့ ရာယဇ် ပြု၍ ပူဇော် ပါမည်။ နွား နှင့် ဆိတ် တို့ကိုလည်း စီရင် ပါမည်။
I will offer unto you burnt sacrifices of fatlings, with the incense of rams; I will offer bullocks with goats. (Selah)
16 ၁၆ ဘုရား သခင်ကို ကြောက်ရွံ့ သော သူအပေါင်း တို့၊ လာ ၍ နားထောင် ကြလော့။ ငါ့ ဝိညာဉ် အဘို့ အဘယ်သို့ ကျေးဇူးပြု တော်မူသည်ကို ငါကြားပြော မည်။
Come and hear, all you that fear God, and I will declare what he has done for my soul.
17 ၁၇ ငါ သည် ဘုရား သခင်ကို နှုတ် နှင့် အော်ဟစ် ၍ ၊ ဂုဏ်တော်ကိုလည်း လျှာ နှင့် ချီးမွမ်း ရပြီ။
I cried unto him with my mouth, and he was extolled with my tongue.
18 ၁၈ ငါ သည် စိတ် နှလုံးထဲမှာ ဒုစရိုက် ကို ငဲ့ကွက် လျှင် ၊ ဘုရား ရှင်သည် နားထောင် တော်မ မူ။
If I regard iniquity in my heart, the Lord will not hear me:
19 ၁၉ ယခု မူကား၊ ဘုရား သခင်သည် နားထောင် ၍၊ ငါ မြွက်ဆိုသော ပဌနာ စကား သံကို မှတ် တော်မူပြီ။
But verily God has heard me; he has attended to the voice of my prayer.
20 ၂၀ ငါ မြွက်ဆိုသော ပဌနာ ကို ပယ် တော်မ မူ။ ကျေးဇူး တော်ကို ငါ မှ ရုပ်သိမ်းတော်မမူသော ဘုရား သခင်သည် မင်္ဂလာ ရှိတော်မူစေသတည်း။
Blessed be God, which has not turned away my prayer, nor his mercy from me.

< ဆာလံ 66 >