< ဆာလံ 136 >

1 ထာဝရဘုရား သည် ကောင်းမြတ် တော်မူ၍ ၊ ကရုဏာ တော် အစဉ် အမြဲတည်သောကြောင့် ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်း ကြလော့။ 2 ဘုရား တို့၏အရှင် ၊ ဘုရား သခင်၏ ကရုဏာ တော် အစဉ် အမြဲတည်သောကြောင့် ၊ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်း ကြလော့။ 3 အရှင် တို့၏သခင် ၊ ဘုရား ရှင်၏ ကရုဏာ တော် အစဉ် အမြဲတည် သောကြောင့် ၊ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်း ကြလော့။ 4 ကရုဏာ တော် အစဉ် အမြဲတည်သည်ဖြစ်၍ ၊ အံ့ဘွယ် သောအမှုတို့ကို တပါး တည်းသာ ပြု တော်မူထသော၊ 5 ကရုဏာ တော်အစဉ် အမြဲတည် သည်ဖြစ်၍ ၊ ပညာ တရားအတိုင်း ကောင်းကင် ကို ဖန်ဆင်း တော်မူထသော၊ 6 ကရုဏာ တော်အစဉ် အမြဲတည်သည်ဖြစ်၍ ၊ ရေ ပေါ် မှာ မြေကြီး ကို ဖြန့် တော်မူထသော၊ 7 ကရုဏာ တော်အစဉ် အမြဲတည်သည်ဖြစ်၍ ၊ အလင်း အိမ်ကြီး တို့ကို ဖန်ဆင်း တော်မူထသော၊ 8 ကရုဏာ တော်အစဉ် အမြဲတည်သည်ဖြစ်၍ ၊ နေ့ ကိုအုပ်စိုး ရသောနေ ကို၎င်း ၊ 9 ကရုဏာ တော်အစဉ် အမြဲတည်သည်ဖြစ်၍ ၊ ညဉ့် ကို အုပ်စိုး ရသောလ နှင့် ကြယ် များကို၎င်းဖန်ဆင်းတော်မူထသော၊ 10 ၁၀ ကရုဏာ တော်အစဉ် အမြဲတည်သည်ဖြစ်၍ ၊ အဲဂုတ္တု ပြည်မှာ သားဦး များကို ဒဏ်ခတ် တော်မူထသော၊ 11 ၁၁ ကရုဏာ တော်အစဉ် အမြဲတည်သည်ဖြစ်၍ ၊ အားကြီးသော လက်၊ ဆန့်သော လက်ရုံးတော်ကို လက်နက်ပြုတော်မူထသော၊ 12 ၁၂ ကရုဏာ တော်အစဉ် အမြဲတည်သည်ဖြစ်၍ ၊ ဣသရေလ အမျိုးကို အဲဂုတ္တု ပြည်သားတို့ အထဲ က ထုတ် ဆောင်တော်မူထသော၊ 13 ၁၃ ကရုဏာ တော်အစဉ် အမြဲတည်သည်ဖြစ်၍ ၊ ဧဒုံ ပင်လယ် ကို အပိုင်းပိုင်း ခွဲ တော်မူထသော၊ 14 ၁၄ ကရုဏာ တော်အစဉ် အမြဲတည်သည်ဖြစ်၍ ၊ ပင်လယ်အလယ် ၌ ဣသရေလ အမျိုးကို ရှောက်သွား စေတော်မူထသော၊ 15 ၁၅ ကရုဏာ တော်အစဉ် အမြဲတည်သည်ဖြစ်၍ ၊ ဖာရော မင်းနှင့် ဗိုလ်ခြေ များကို ဧဒုံ ပင်လယ် ထဲ၌ လှဲချ တော်မူထသော၊ 16 ၁၆ ကရုဏာ တော် အစဉ် အမြဲတည် သည်ဖြစ်၍ ၊ မိမိ လူစု ကိုတော ၌ ပို့ဆောင် တော်မူထသော၊ 17 ၁၇ ကရုဏာ တော် အစဉ် အမြဲတည် သည်ဖြစ်၍ ၊ ကြီး သောဘုရင် တို့ကို ဒဏ်ခတ် တော်မူထသော၊ 18 ၁၈ 19 ၁၉ 20 ၂၀ ကရုဏာ တော်အစဉ် အမြဲတည်သည်ဖြစ်၍ ၊ အာမောရိ ပြည်ကို အစိုးရ သောရှိဟုန် မင်းကို ၎င်း၊ ကရုဏာ တော်အစဉ် အမြဲတည် သည်ဖြစ်၍ ၊ ဗာရှန် ပြည် ကိုအစိုးရ သောဩဃ မင်းကို ၎င်း၊ ကရုဏာ တော် အစဉ် အမြဲတည်သည်ဖြစ်၍ ၊ ဘုန်းကြီး သော ဘုရင် များကို၎င်း၊ လုပ်ကြံ တော်မူထသော၊ 21 ၂၁ ကရုဏာ တော် အစဉ် အမြဲတည်သည်ဖြစ်၍ ၊ သူ တို့နေရာမြေ ကို လွှဲ တော်မူထသော၊ 22 ၂၂ ကရုဏာ တော်အစဉ် အမြဲတည်သည်ဖြစ်၍ ၊ မိမိ ကျွန် ဣသရေလ အမျိုးအား အမွေ ကို ပေးချတော်မူထသော၊ 23 ၂၃ ကရုဏာ တော်အစဉ် အမြဲတည်သည်ဖြစ်၍ ၊ နှိမ့်ချ လျက်နေသောငါ တို့ကိုအောက်မေ့ တော်မူထသော၊ 24 ၂၄ ကရုဏာ တော်အစဉ် အမြဲတည်သည်ဖြစ်၍ ၊ ငါ တို့ကိုရန်သူ တို့ အထဲ က ရွေးနှုတ် တော်မူထသော၊ 25 ၂၅ ကရုဏာ တော်အစဉ် အမြဲတည်သည်ဖြစ်၍ ၊ ခပ်သိမ်း သောသတ္တဝါ တို့ကို ကျွေးမွေး တော်မူသော၊ 26 ၂၆ ကောင်းကင် ဘုံ၏ အရှင်ဘုရား သခင်၏ ကရုဏာ တော်သည် အစဉ် အမြဲတည်သောကြောင့် ၊ ဂုဏ် ကျေးဇူးတော်ကို ချီးမွမ်း ကြလော့။

< ဆာလံ 136 >