< ဆာလံ 119 >

1 ထာဝရဘုရား ၏ တရား လမ်း ၌ မ လွဲမတိမ်း၊ လိုက်သွား သောသူတို့ သည် မင်္ဂလာ ရှိကြ၏။
αλληλουια α# αλφ μακάριοι οἱ ἄμωμοι ἐν ὁδῷ οἱ πορευόμενοι ἐν νόμῳ κυρίου
2 သက်သေခံ တော်မူချက်တို့ကို စောင့် ၍၊ ကိုယ်တော် ကို စိတ် နှလုံးအကြွင်းမဲ့ ရှာ သောသူတို့ သည် မင်္ဂလာ ရှိကြ၏။
μακάριοι οἱ ἐξερευνῶντες τὰ μαρτύρια αὐτοῦ ἐν ὅλῃ καρδίᾳ ἐκζητήσουσιν αὐτόν
3 ထိုသူတို့သည် ဒုစရိုက် ကိုမ ပြု ၊ လမ်းခရီး တော်၌ လိုက်သွား တတ်ကြ၏။
οὐ γὰρ οἱ ἐργαζόμενοι τὴν ἀνομίαν ἐν ταῖς ὁδοῖς αὐτοῦ ἐπορεύθησαν
4 အကျွန်ုပ်တို့သည် ကြိုးစား၍ ကျင့် ဘို့ရာ ၊ ကိုယ်တော် သည် ဩဝါဒ ပေး တော်မူပြီ။
σὺ ἐνετείλω τὰς ἐντολάς σου φυλάξασθαι σφόδρα
5 ကိုယ်တော် ၏ အထုံးအဖွဲ့ များကို စောင့် နိုင်မည် အကြောင်း ၊ အကျွန်ုပ် သည် လမ်း ဖြောင့် ပါစေသော။
ὄφελον κατευθυνθείησαν αἱ ὁδοί μου τοῦ φυλάξασθαι τὰ δικαιώματά σου
6 အကျွန်ုပ် သည် ပညတ် တော် အလုံးစုံ တို့ကို ထောက်ထား သောအခါ ၊ ရှက်ကြောက် ခြင်းနှင့် ကင်းလွတ် ရပါ၏။
τότε οὐ μὴ ἐπαισχυνθῶ ἐν τῷ με ἐπιβλέπειν ἐπὶ πάσας τὰς ἐντολάς σου
7 ဖြောင့်မတ် စွာ စီရင် တော်မူချက်များကို အကျွန်ုပ် လေ့ကျက် ပြီးမှ ၊ ဂုဏ်တော်ကို ဖြောင့် သော သဘော နှင့် ချီးမွမ်း ပါမည်။
ἐξομολογήσομαί σοι κύριε ἐν εὐθύτητι καρδίας ἐν τῷ μεμαθηκέναι με τὰ κρίματα τῆς δικαιοσύνης σου
8 ကိုယ်တော် ၏ အထုံးအဖွဲ့ များကို စောင့် ပါမည်။ အကျွန်ုပ် ကို ရှင်းရှင်း စွန့်ပစ် တော် မ မူပါနှင့်။
τὰ δικαιώματά σου φυλάξω μή με ἐγκαταλίπῃς ἕως σφόδρα
9 လူပျို သည် မိမိ သွားသောလမ်း ကို အဘယ်သို့ သန့်ရှင်း စေနိုင်ပါမည်နည်းဟူမူကား၊ နှုတ်ကပတ် တော် အတိုင်း သတိ ပြုရမည်။
β# βηθ ἐν τίνι κατορθώσει ὁ νεώτερος τὴν ὁδὸν αὐτοῦ ἐν τῷ φυλάσσεσθαι τοὺς λόγους σου
10 ၁၀ အကျွန်ုပ် သည် ကိုယ်တော် ကို စိတ် နှလုံးအကြွင်းမဲ့ ရှာ ပါ၏။ ပညတ် တော်လမ်း မှ လွဲစေတော်မ မူပါနှင့်။
ἐν ὅλῃ καρδίᾳ μου ἐξεζήτησά σε μὴ ἀπώσῃ με ἀπὸ τῶν ἐντολῶν σου
11 ၁၁ ကိုယ်တော် ကို မ ပြစ်မှား ဘဲ နေနိုင်မည် အကြောင်း ၊ ဗျာဒိတ် တော်ကို နှလုံး ထဲ မှာ သိုထား ပါပြီ။
ἐν τῇ καρδίᾳ μου ἔκρυψα τὰ λόγιά σου ὅπως ἂν μὴ ἁμάρτω σοι
12 ၁၂ အို ထာဝရဘုရား ၊ ကိုယ်တော် သည် မင်္ဂလာ ရှိတော်မူ ၏။ အထုံးအဖွဲ့ တော်တို့ကို အကျွန်ုပ် ၌ သွန်သင် တော်မူပါ။
εὐλογητὸς εἶ κύριε δίδαξόν με τὰ δικαιώματά σου
13 ၁၃ စီရင် တော်မူရာ နှုတ် တော်ထွက် အလုံးစုံ တို့ကို အကျွန်ုပ် သည် ကိုယ်နှုတ် နှင့် ဟောပြော ပါ၏။
ἐν τοῖς χείλεσίν μου ἐξήγγειλα πάντα τὰ κρίματα τοῦ στόματός σου
14 ၁၄ ခပ်သိမ်း သော စည်းစိမ် ဥစ္စာကို ရဘိသကဲ့သို့ ၊ သက်သေခံ တော်မူရာလမ်း ၌ ဝမ်းမြောက် ပါ၏။
ἐν τῇ ὁδῷ τῶν μαρτυρίων σου ἐτέρφθην ὡς ἐπὶ παντὶ πλούτῳ
15 ၁၅ ပေးတော်မူသောဩဝါဒ ကို ဆင်ခြင် ၍ လမ်း ခရီး တော်တို့ကို ကြည့်ရှု ပါ၏။
ἐν ταῖς ἐντολαῖς σου ἀδολεσχήσω καὶ κατανοήσω τὰς ὁδούς σου
16 ၁၆ အထုံးအဖွဲ့ တော်တို့၌ မွေ့လျော် ပါ၏။ နှုတ် ကပတ် တော်ကို မ မှတ်ဘဲမ နေပါ။
ἐν τοῖς δικαιώμασίν σου μελετήσω οὐκ ἐπιλήσομαι τῶν λόγων σου
17 ၁၇ ကိုယ်တော် ၏ ကျွန် သည် အသက်ရှင် ၍ ၊ နှုတ်ကပတ် တော်ကို စောင့် နိုင်ပါမည်အကြောင်း ၊ ကျေးဇူး ပြုတော်မူပါ။
γ# γιμαλ ἀνταπόδος τῷ δούλῳ σου ζήσομαι καὶ φυλάξω τοὺς λόγους σου
18 ၁၈ တရား တော်၌ အံ့ဘွယ် သောအရာတို့ကို မြင် နိုင် ပါမည်အကြောင်း ၊ အကျွန်ုပ် ၏မျက်စိ တို့ကို ဖွင့် တော်မူပါ။
ἀποκάλυψον τοὺς ὀφθαλμούς μου καὶ κατανοήσω τὰ θαυμάσιά σου ἐκ τοῦ νόμου σου
19 ၁၉ အကျွန်ုပ် သည် မြေကြီး ပေါ် မှာ ဧည့်သည် ဖြစ်ပါ ၏။ ပညတ် တော်တို့ကို ဝှက်ထား တော်မ မူပါနှင့်။
πάροικος ἐγώ εἰμι ἐν τῇ γῇ μὴ ἀποκρύψῃς ἀπ’ ἐμοῦ τὰς ἐντολάς σου
20 ၂၀ စီရင် တော်မူချက်တို့ကို အစဉ် မပြတ်တောင့်တ သောအားဖြင့် ၊ အကျွန်ုပ် ၏ စိတ် နှလုံးကြေကွဲ လျက် ရှိပါ၏။
ἐπεπόθησεν ἡ ψυχή μου τοῦ ἐπιθυμῆσαι τὰ κρίματά σου ἐν παντὶ καιρῷ
21 ၂၁ မာနကြီး သောသူနှင့် ပညတ် တော်တို့ကို လွန်ကျူး ၍၊ အကျိန် ခံရသောသူတို့ ကို ကိုယ်တော်ဆုံးမ တော်မူ၏။
ἐπετίμησας ὑπερηφάνοις ἐπικατάρατοι οἱ ἐκκλίνοντες ἀπὸ τῶν ἐντολῶν σου
22 ၂၂ အကျွန်ုပ်သည် သက်သေခံ တော်မူချက်တို့ကို စောင့် ပါသည် ဖြစ်၍ ၊ ကဲ့ရဲ့ ခြင်း၊ မထီမဲ့မြင် ပြုခြင်းနှင့် ကင်းလွတ် စေတော်မူပါ။
περίελε ἀπ’ ἐμοῦ ὄνειδος καὶ ἐξουδένωσιν ὅτι τὰ μαρτύριά σου ἐξεζήτησα
23 ၂၃ မင်း တို့သည် အကျွန်ုပ် တဘက် ၌ ထိုင် ၍ ပြော ကြ ပါ၏။ ကိုယ်တော် ၏ ကျွန် မူကား၊ အထုံးအဖွဲ့ တော်တို့ကို ဆင်ခြင် လျက်နေပါ၏။
καὶ γὰρ ἐκάθισαν ἄρχοντες καὶ κατ’ ἐμοῦ κατελάλουν ὁ δὲ δοῦλός σου ἠδολέσχει ἐν τοῖς δικαιώμασίν σου
24 ၂၄ သက်သေခံ တော်မူချက်တို့သည် အကျွန်ုပ် မွေ့လျော် ရာ၊ အကျွန်ုပ် တိုင်ပင် ရာ ဖြစ်ကြပါ၏။
καὶ γὰρ τὰ μαρτύριά σου μελέτη μού ἐστιν καὶ αἱ συμβουλίαι μου τὰ δικαιώματά σου
25 ၂၅ အကျွန်ုပ် ၏ အသက် သည် မြေမှုန့် ၌ မှီဝဲ လျက် ရှိပါ၏။ နှုတ်ကပတ် တော်အတိုင်း အသက်ရှင် စေတော်မူပါ။
δ# δελθ ἐκολλήθη τῷ ἐδάφει ἡ ψυχή μου ζῆσόν με κατὰ τὸν λόγον σου
26 ၂၆ အကျွန်ုပ်သည် ကိုယ် အကျင့် တို့ကိုဘော်ပြ ၍ ၊ ကိုယ်တော်သည် နားထောင် တော်မူပြီ။ အထုံးအဖွဲ့ တော် တို့ကို အကျွန်ုပ် ၌ သွန်သင် တော်မူပါ။
τὰς ὁδούς μου ἐξήγγειλα καὶ ἐπήκουσάς μου δίδαξόν με τὰ δικαιώματά σου
27 ၂၇ ပေးတော်မူသောဩဝါဒ လမ်း ကို အကျွန်ုပ် နားလည် စေတော်မူပါ။ သို့ပြုလျှင် အံ့ဘွယ် သော အမှုတော် တို့ကို ဆင်ခြင် အောက်မေ့ပါမည်။
ὁδὸν δικαιωμάτων σου συνέτισόν με καὶ ἀδολεσχήσω ἐν τοῖς θαυμασίοις σου
28 ၂၈ အကျွန်ုပ် ဝမ်းနည်း ခြင်းအားဖြင့် စိတ် နှလုံးအရည် ယိုလျက် ရှိပါ၏။ နှုတ်ကပတ် တော်အတိုင်း တည်ကြည် စေတော်မူပါ။
ἔσταξεν ἡ ψυχή μου ἀπὸ ἀκηδίας βεβαίωσόν με ἐν τοῖς λόγοις σου
29 ၂၉ မုသာ လမ်း ကို အကျွန်ုပ် ရှောင် ပါမည် အကြောင်း ၊ ကယ်မ ၍တရား တော်ကိုပေး သနားတော်မူ ပါ။
ὁδὸν ἀδικίας ἀπόστησον ἀπ’ ἐμοῦ καὶ τῷ νόμῳ σου ἐλέησόν με
30 ၃၀ သစ္စာ လမ်း ကို အကျွန်ုပ်ရွေး ပါပြီ။ စီရင် တော်မူချက်တို့ကို အကျွန်ုပ်ရှေ့မှာထား ပါပြီ။
ὁδὸν ἀληθείας ᾑρετισάμην τὰ κρίματά σου οὐκ ἐπελαθόμην
31 ၃၁ သက်သေခံ တော်မူချက်တို့၌ မှီဝဲ ပါပြီ။ အို ထာဝရဘုရား ၊ အရှက်ကွဲ စေတော်မ မူပါနှင့်။
ἐκολλήθην τοῖς μαρτυρίοις σου κύριε μή με καταισχύνῃς
32 ၃၂ အကျွန်ုပ် ဉာဏ် ကို ပွင့် စေတော်မူသည်ဖြစ်၍ ၊ ပညတ် တော်လမ်း သို့ အလျင် အမြန်လိုက်ပါမည်။
ὁδὸν ἐντολῶν σου ἔδραμον ὅταν ἐπλάτυνας τὴν καρδίαν μου
33 ၃၃ အို ထာဝရဘုရား ၊ အထုံးအဖွဲ့ တော်လမ်း ကို အကျွန်ုပ် အား သွန်သင် တော်မူပါ။ အဆုံး တိုင်အောင်လိုက် သွားပါမည်။
ε# η νομοθέτησόν με κύριε τὴν ὁδὸν τῶν δικαιωμάτων σου καὶ ἐκζητήσω αὐτὴν διὰ παντός
34 ၃၄ ဉာဏ် ကိုပေး တော်မူပါ။ တရား တော်ကို စောင့် ပါမည်။ စိတ် နှလုံးအကြွင်းမဲ့ စောင့် ပါမည်။
συνέτισόν με καὶ ἐξερευνήσω τὸν νόμον σου καὶ φυλάξω αὐτὸν ἐν ὅλῃ καρδίᾳ μου
35 ၃၅ ပညတ် တော်လမ်း ၌ အကျွန်ုပ် ကို ပို့ဆောင် တော်မူ ပါ။ ထို လမ်း ကို နှစ်သက် ပါ၏။
ὁδήγησόν με ἐν τρίβῳ τῶν ἐντολῶν σου ὅτι αὐτὴν ἠθέλησα
36 ၃၆ အကျွန်ုပ် စိတ် နှလုံးကို လောဘ ဘက် သို့မဟုတ် ၊ သက်သေခံ တော်မူချက်တို့ ဘက်သို့ ဆွဲ တော်မူပါ။
κλῖνον τὴν καρδίαν μου εἰς τὰ μαρτύριά σου καὶ μὴ εἰς πλεονεξίαν
37 ၃၇ အနတ္တ ကို ပမာဏ မပြုစေခြင်းငှါ အကျွန်ုပ် မျက်စိ ကို အခြားသို့ လွှဲ တော်မူပါ။ လမ်းခရီး တော်၌ အကျွန်ုပ် အသက်ရှင် စေတော်မူပါ။
ἀπόστρεψον τοὺς ὀφθαλμούς μου τοῦ μὴ ἰδεῖν ματαιότητα ἐν τῇ ὁδῷ σου ζῆσόν με
38 ၃၈ ကိုယ်တော် ကို ကြောက်ရွံ့ သော ကိုယ်တော် ၏ ကျွန် ၌ ဗျာဒိတ် တော်ကို တည် စေတော်မူပါ။
στῆσον τῷ δούλῳ σου τὸ λόγιόν σου εἰς τὸν φόβον σου
39 ၃၉ အကျွန်ုပ် ကြောက် သော ကဲ့ရဲ့ ခြင်းကို ပယ် ပျောက်စေတော်မူပါ။ စီရင် တော်မူချက်တို့သည် ကောင်းမွန် ကြပါ၏။
περίελε τὸν ὀνειδισμόν μου ὃν ὑπώπτευσα τὰ γὰρ κρίματά σου χρηστά
40 ၄၀ ပေးတော်မူသောဩဝါဒ များကို တောင့်တ ပါ၏။ ဖြောင့်မတ် ခြင်းတရားတော်အားဖြင့် အကျွန်ုပ် ကို အသက်ရှင် စေတော်မူပါ။
ἰδοὺ ἐπεθύμησα τὰς ἐντολάς σου ἐν τῇ δικαιοσύνῃ σου ζῆσόν με
41 ၄၁ အို ထာဝရဘုရား ၊ ဗျာဒိတ် တော်အတိုင်း ကရုဏာ တော်တည်းဟူသောကယ်တင် တော်မူခြင်း ကျေးဇူးတော်သည် အကျွန်ုပ် ၌ ရောက် ပါစေသော။
V# ουαυ καὶ ἔλθοι ἐπ’ ἐμὲ τὸ ἔλεός σου κύριε τὸ σωτήριόν σου κατὰ τὸ λόγιόν σου
42 ၄၂ ထိုသို့ အကျွန်ုပ်သည် နှုတ်ကပတ် တော်ကို ကိုးစား သည်ဖြစ်၍ ၊ ကဲ့ရဲ့ သောသူ ၏စကား ကို ချေ စရာ အကြောင်းရှိရပါလိမ့်မည်။
καὶ ἀποκριθήσομαι τοῖς ὀνειδίζουσί με λόγον ὅτι ἤλπισα ἐπὶ τοὺς λόγους σου
43 ၄၃ စီရင် တော်မူချက်တို့ကို အကျွန်ုပ် မြော်လင့် သည် ဖြစ်၍ ၊ အကျွန်ုပ် ၏ နှုတ် ထဲက သစ္စာ စကား ကို အလျှင်း ရုပ်သိမ်း တော်မ မူပါနှင့်။
καὶ μὴ περιέλῃς ἐκ τοῦ στόματός μου λόγον ἀληθείας ἕως σφόδρα ὅτι ἐπὶ τὰ κρίματά σου ἐπήλπισα
44 ၄၄ ကိုယ်တော် ၏တရား ကို မ ခြားမလပ် အစဉ်အမြဲ ကျင့်စောင့် ပါမည်။
καὶ φυλάξω τὸν νόμον σου διὰ παντός εἰς τὸν αἰῶνα καὶ εἰς τὸν αἰῶνα τοῦ αἰῶνος
45 ၄၅ ပေးတော်မူသောဩဝါဒ များကို အကျွန်ုပ်ရှာဖွေ မေးမြန်းသည်ဖြစ်၍ ၊ အဆီးအတား မရှိဘဲ သွား လာရ ပါ၏။
καὶ ἐπορευόμην ἐν πλατυσμῷ ὅτι τὰς ἐντολάς σου ἐξεζήτησα
46 ၄၆ သက်သေခံ တော်မူချက်တို့ကို မင်း များထံမှာ ပြန်ပြော ၍ ၊ ရှက်ကြောက် ခြင်းနှင့်ကင်းလွတ် ပါလိမ့်မည်။
καὶ ἐλάλουν ἐν τοῖς μαρτυρίοις σου ἐναντίον βασιλέων καὶ οὐκ ᾐσχυνόμην
47 ၄၇ အကျွန်ုပ်သည် နှစ်သက် သော ပညတ် တော်တို့၌ မွေ့လျော် ပါမည်။
καὶ ἐμελέτων ἐν ταῖς ἐντολαῖς σου αἷς ἠγάπησα σφόδρα
48 ၄၈ နှစ်သက် သော ပညတ် တော် တို့အား လက် တို့ကို ချီ ၍ ၊ အထုံးအဖွဲ့ တော်တို့ကို ဆင်ခြင် အောက်မေ့ပါမည်။
καὶ ἦρα τὰς χεῖράς μου πρὸς τὰς ἐντολάς σου ἃς ἠγάπησα καὶ ἠδολέσχουν ἐν τοῖς δικαιώμασίν σου
49 ၄၉ အကျွန်ုပ် မြော်လင့် စရာအကြောင်း ၊ ကိုယ်တော် ၏ကျွန် ၌ ထားတော်မူသောနှုတ်ကပတ် တော်ကို အောက်မေ့ တော်မူပါ။
ζ# ζαι μνήσθητι τὸν λόγον σου τῷ δούλῳ σου ᾧ ἐπήλπισάς με
50 ၅၀ ဗျာဒိတ် တော်အားဖြင့် အကျွန်ုပ် အသက်ရှင် သည် ဖြစ်၍၊ ဆင်းရဲ ကိုခံရစဉ်တွင် ၊ ထို နှုတ်ကပတ်တော်သည် အကျွန်ုပ် သက်သာ စရာအကြောင်းဖြစ်ပါ၏။
αὕτη με παρεκάλεσεν ἐν τῇ ταπεινώσει μου ὅτι τὸ λόγιόν σου ἔζησέν με
51 ၅၁ မာနကြီး သောသူတို့သည် အကျွန်ုပ် ကို အလွန် ကဲ့ရဲ့ သော်လည်း၊ ကိုယ်တော် ၏ တရား လမ်းကို အကျွန်ုပ် မ ရှောင် ပါ။
ὑπερήφανοι παρηνόμουν ἕως σφόδρα ἀπὸ δὲ τοῦ νόμου σου οὐκ ἐξέκλινα
52 ၅၂ အို ထာဝရဘုရား ၊ ရှေး ကာလ၌ စီရင် တော်မူချက်တို့ကို အကျွန်ုပ် အောက်မေ့ ၍ ၊ ကိုယ်ကိုကိုယ်နှစ်သိမ့် စေပါ၏။
ἐμνήσθην τῶν κριμάτων σου ἀπ’ αἰῶνος κύριε καὶ παρεκλήθην
53 ၅၃ တရား တော်ကို စွန့်ပယ် သော အဓမ္မ လူတို့ ကြောင့် ၊ အကျွန်ုပ် ၌ ပူလောင် သောစိတ် စွဲလန်း လျက် ရှိပါ၏။
ἀθυμία κατέσχεν με ἀπὸ ἁμαρτωλῶν τῶν ἐγκαταλιμπανόντων τὸν νόμον σου
54 ၅၄ အကျွန်ုပ် ဧည့်သည် နေရာအိမ် တွင် အထုံးအဖွဲ့ တော်တို့သည် အကျွန်ုပ် သီချင်း ဆိုရာအကြောင်း ဖြစ် ကြပါ၏။
ψαλτὰ ἦσάν μοι τὰ δικαιώματά σου ἐν τόπῳ παροικίας μου
55 ၅၅ အို ထာဝရဘုရား ၊ ညဉ့် အချိန်၌ နာမတော် ကို အကျွန်ုပ် အောက်မေ့ ၍ တရား တော်ကို စောင့် ပါ၏။
ἐμνήσθην ἐν νυκτὶ τοῦ ὀνόματός σου κύριε καὶ ἐφύλαξα τὸν νόμον σου
56 ၅၆ ပေးတော်မူသောဩဝါဒ များကို နားထောင် သောအားဖြင့် အား ရပါ၏။
αὕτη ἐγενήθη μοι ὅτι τὰ δικαιώματά σου ἐξεζήτησα
57 ၅၇ အို ထာဝရဘုရား ၊ ကိုယ်တော်သည် အကျွန်ုပ် ၏ အဘို့ ဖြစ်တော်မူ၏။ နှုတ်ကပတ် စကားတော်တို့ကို နားထောင် ပါမည်ဟု အကျွန်ုပ်ပြော ထားပါပြီ။
η# ηθ μερίς μου κύριε εἶπα φυλάξασθαι τὸν νόμον σου
58 ၅၈ ကျေးဇူးတော်ကိုခံရပါမည်အကြောင်း၊ ကိုယ်တော်ကို စိတ် နှလုံးအကြွင်းမဲ့ တောင်းပန် ပါ၏။ ဗျာဒိတ် တော်အတိုင်း အကျွန်ုပ် ကို သနား တော်မူပါ။
ἐδεήθην τοῦ προσώπου σου ἐν ὅλῃ καρδίᾳ μου ἐλέησόν με κατὰ τὸ λόγιόν σου
59 ၅၉ ကိုယ် လိုက်ရာလမ်း ကို ဆင်ခြင် သောအခါ ၊ သက်သေခံ တော်မူချက်တို့သို့ လှည့် ၍လိုက် ပါ၏။
διελογισάμην τὰς ὁδούς σου καὶ ἐπέστρεψα τοὺς πόδας μου εἰς τὰ μαρτύριά σου
60 ၆၀ ပညတ် တော်တို့ကို စောင့် ခြင်းငှါ မ ဖင့် မနွှဲ အလျင် အမြန်ပြုပါ၏။
ἡτοιμάσθην καὶ οὐκ ἐταράχθην τοῦ φυλάξασθαι τὰς ἐντολάς σου
61 ၆၁ မ တရားသောသူ အစည်း အဝေးတို့သည် အကျွန်ုပ် ကိုဝိုင်း ကြသော်လည်း၊ အကျွန်ုပ်သည် တရား တော်ကို မ မေ့ မလျော့ပါ။
σχοινία ἁμαρτωλῶν περιεπλάκησάν μοι καὶ τοῦ νόμου σου οὐκ ἐπελαθόμην
62 ၆၂ တရား သဖြင့် စီရင် တော်မူချက်တို့ကိုထောက် ၍ ၊ ဂုဏ်တော်ကို ချီးမွမ်း ခြင်းငှါ ၊ သန်းခေါင် အချိန်၌ အကျွန်ုပ် ထ တတ်ပါ၏။
μεσονύκτιον ἐξηγειρόμην τοῦ ἐξομολογεῖσθαί σοι ἐπὶ τὰ κρίματα τῆς δικαιοσύνης σου
63 ၆၃ ကိုယ်တော် ကို ကြောက်ရွံ့ သောသူ၊ ပေးတော်မူသော ဩဝါဒ ကို နားထောင် သောသူရှိသမျှ တို့နှင့် အကျွန်ုပ် ပေါင်းဘော် တတ်ပါ၏။
μέτοχος ἐγώ εἰμι πάντων τῶν φοβουμένων σε καὶ τῶν φυλασσόντων τὰς ἐντολάς σου
64 ၆၄ အိုထာဝရဘုရား ၊ မြေကြီး သည် ကရုဏာ တော် နှင့်ပြည့်ဝ ပါ၏။ အထုံးအဖွဲ့ တော်တို့ကို အကျွန်ုပ် ၌ သွန်သင် တော်မူပါ။
τοῦ ἐλέους σου κύριε πλήρης ἡ γῆ τὰ δικαιώματά σου δίδαξόν με
65 ၆၅ အိုထာဝရဘုရား ၊ နှုတ်ကပတ် တော်အတိုင်း ကိုယ်တော် ၏ကျွန် ၌ ကျေးဇူး ပြု တော်မူ၏။
θ# τηθ χρηστότητα ἐποίησας μετὰ τοῦ δούλου σου κύριε κατὰ τὸν λόγον σου
66 ၆၆ ပညတ် တော်တို့ကို အကျွန်ုပ် ယုံကြည် သည် ဖြစ်၍ ၊ ကောင်း သော ဉာဏ် နှင့် ပညာ တော်အတတ်ကို သွင်း ပေးတော်မူပါ။
χρηστότητα καὶ παιδείαν καὶ γνῶσιν δίδαξόν με ὅτι ταῖς ἐντολαῖς σου ἐπίστευσα
67 ၆၇ အကျွန်ုပ် သည် ဆင်းရဲ မ ခံမှီလမ်း လွဲပါ၏။ ယခု မူကား ၊ ဗျာဒိတ် တော်အတိုင်း ကျင့်စောင့် ပါ၏။
πρὸ τοῦ με ταπεινωθῆναι ἐγὼ ἐπλημμέλησα διὰ τοῦτο τὸ λόγιόν σου ἐφύλαξα
68 ၆၈ ကိုယ်တော် သည် ကောင်း သောသဘော၊ ကျေးဇူး ပြုတတ်သော သဘောရှိတော်မူ၏။ အထုံးအဖွဲ့ တော်တို့ကို အကျွန်ုပ် ၌ သွန်သင် တော်မူပါ။
χρηστὸς εἶ σύ κύριε καὶ ἐν τῇ χρηστότητί σου δίδαξόν με τὰ δικαιώματά σου
69 ၆၉ မာနကြီး သောသူတို့ သည် အကျွန်ုပ် တဘက် ၌ မုသာ စကားကို ကြံစည်သော်လည်း၊ ကိုယ်တော်၏ ဥပဒေသ များကို စိတ် နှလုံးအကြွင်းမဲ့ ကျင့် ပါ၏။
ἐπληθύνθη ἐπ’ ἐμὲ ἀδικία ὑπερηφάνων ἐγὼ δὲ ἐν ὅλῃ καρδίᾳ μου ἐξερευνήσω τὰς ἐντολάς σου
70 ၇၀ သူ တို့နှလုံး သည် ဆီဥ ကဲ့သို့ ခဲ လျက်ရှိ၏။ အကျွန်ုပ် မူကား၊ ကိုယ်တော် ၏တရား ၌ မွေ့လျော် ပါ၏။
ἐτυρώθη ὡς γάλα ἡ καρδία αὐτῶν ἐγὼ δὲ τὸν νόμον σου ἐμελέτησα
71 ၇၁ အထုံးအဖွဲ့ တော်တို့ကို သွန်သင် စေခြင်းငှါ ၊ အကျွန်ုပ် ဆင်းရဲ ခံရသော ကျေးဇူး သည် ကြီးပါ၏။
ἀγαθόν μοι ὅτι ἐταπείνωσάς με ὅπως ἂν μάθω τὰ δικαιώματά σου
72 ၇၂ နှုတ် တော်ထွက် တရား တော်သည် ရွှေ ငွေ အထောင် အသောင်းထက်မက ၊ အကျွန်ုပ် ၌ သာ၍ကောင်း ပါ၏။
ἀγαθόν μοι ὁ νόμος τοῦ στόματός σου ὑπὲρ χιλιάδας χρυσίου καὶ ἀργυρίου
73 ၇၃ ကိုယ်တော် ၏ လက် တို့သည် အကျွန်ုပ် ကို ဖန်ဆင်း ၍ ၊ ပုံ သဏ္ဍာန်ကိုပေးတော်မူပြီ။ ပညတ် တော် တို့ကို အကျွန်ုပ်သင် နိုင်သော ဉာဏ် နှင့် ပြည့်စုံစေတော်မူပါ။
ι# ιωθ αἱ χεῖρές σου ἐποίησάν με καὶ ἔπλασάν με συνέτισόν με καὶ μαθήσομαι τὰς ἐντολάς σου
74 ၇၄ နှုတ်ကပတ် တော်ကို အကျွန်ုပ် မြော်လင့် သောကြောင့် ၊ ကိုယ်တော် ကို ကြောက်ရွံ့ သောသူတို့သည် အကျွန်ုပ် ကို မြင် ၍ ဝမ်းမြောက် ကြပါလိမ့်မည်။
οἱ φοβούμενοί σε ὄψονταί με καὶ εὐφρανθήσονται ὅτι εἰς τοὺς λόγους σου ἐπήλπισα
75 ၇၅ အို ထာဝရဘုရား ၊ စီရင် တော်မူချက်တို့သည် ဟုတ်မှန် ကြောင်း ကို၎င်း ၊ သစ္စာ တော်နှင့်အညီအကျွန်ုပ် ကို ဆင်းရဲ စေတော်မူကြောင်းကို၎င်းအကျွန်ုပ်သိ ပါ၏။
ἔγνων κύριε ὅτι δικαιοσύνη τὰ κρίματά σου καὶ ἀληθείᾳ ἐταπείνωσάς με
76 ၇၆ ကိုယ်တော် ၏ ကျွန် ၌ မိန့် တော်မူချက်အတိုင်း ၊ ကရုဏာ တော်သည် အကျွန်ုပ် ကို ချမ်းသာ ပေးပါ စေသော ဟု ဆုတောင်းပါ၏။
γενηθήτω δὴ τὸ ἔλεός σου τοῦ παρακαλέσαι με κατὰ τὸ λόγιόν σου τῷ δούλῳ σου
77 ၇၇ ကိုယ်တော် ၏ တရား သည် အကျွန်ုပ် မွေ့လျော် ရာဖြစ်ပါ၏။ ထိုကြောင့် အကျွန်ုပ်အသက်ရှင် မည် အကြောင်း ၊ သနား စုံမက်တော်မူခြင်းသည် သက်ရောက် ပါစေသော။
ἐλθέτωσάν μοι οἱ οἰκτιρμοί σου καὶ ζήσομαι ὅτι ὁ νόμος σου μελέτη μού ἐστιν
78 ၇၈ မာနကြီး သောသူတို့ သည် ရှက်ကြောက် ကြ ပါစေသော။ အကြောင်း မရှိဘဲ အကျွန်ုပ် ၌ မ တရားသဖြင့် ပြုကြပါပြီ။ အကျွန်ုပ် မူကား ကိုယ်တော် ၏ ဥပဒေသ များကို ဆင်ခြင် အောက်မေ့ပါမည်။
αἰσχυνθήτωσαν ὑπερήφανοι ὅτι ἀδίκως ἠνόμησαν εἰς ἐμέ ἐγὼ δὲ ἀδολεσχήσω ἐν ταῖς ἐντολαῖς σου
79 ၇၉ ကိုယ်တော် ကို ကြောက်ရွံ့ သောသူ၊ သက်သေ ခံ တော်မူချက်တို့ကို သိ သောသူတို့သည် အကျွန်ုပ် ထံသို့ လှည့် ကြပါစေသော။
ἐπιστρεψάτωσάν μοι οἱ φοβούμενοί σε καὶ οἱ γινώσκοντες τὰ μαρτύριά σου
80 ၈၀ ရှက်ကြောက် ခြင်းနှင့် ကင်းလွတ် မည် အကြောင်း ၊ အကျွန်ုပ် နှလုံး သည် အထုံးအဖွဲ့ တော်တို့၌ စုံလင် ပါစေသော။
γενηθήτω ἡ καρδία μου ἄμωμος ἐν τοῖς δικαιώμασίν σου ὅπως ἂν μὴ αἰσχυνθῶ
81 ၈၁ အကျွန်ုပ် ၏ ဝိညာဉ် သည် ကယ်တင် တော်မူခြင်း ကျေးဇူးကို တောင့်တလျက်နှင့် ခွန်အား လျော့ပါ၏။ သို့သော်လည်း၊ နှုတ်ကပတ် တော် ကိုမြော်လင့် ပါ၏။
ια# χαφ ἐκλείπει εἰς τὸ σωτήριόν σου ἡ ψυχή μου καὶ εἰς τὸν λόγον σου ἐπήλπισα
82 ၈၂ အကျွန်ုပ် ကို အဘယ် ကာလမှ ချမ်းသာ ပေး တော်မူပါမည်နည်းဟူ၍၊ အကျွန်ုပ် မျက်စိ တို့သည် ဗျာဒိတ် တော်ကို မြော်လင့်လျက်အား ကုန်ပါ၏။
ἐξέλιπον οἱ ὀφθαλμοί μου εἰς τὸ λόγιόν σου λέγοντες πότε παρακαλέσεις με
83 ၈၃ မီးခိုး ၌ ရှိသောသားရေ ဘူးကဲ့သို့ အကျွန်ုပ်ဖြစ် ပါ ၏။ သို့သော်လည်း၊ အထုံးအဖွဲ့ တော်တို့ကို မ မေ့ မလျော့ပါ။
ὅτι ἐγενήθην ὡς ἀσκὸς ἐν πάχνῃ τὰ δικαιώματά σου οὐκ ἐπελαθόμην
84 ၈၄ ကိုယ်တော် ၏ ကျွန် နေရသော နေ့ရက် ကာလ အဘယ် မျှလောက်ကြာရပါမည်နည်း။ အကျွန်ုပ် ကို ညှဉ်းဆဲ သောသူတို့အား ၊ အဘယ် ကာလမှ တရား ဆုံးဖြတ် တော်မူမည်နည်း။
πόσαι εἰσὶν αἱ ἡμέραι τοῦ δούλου σου πότε ποιήσεις μοι ἐκ τῶν καταδιωκόντων με κρίσιν
85 ၈၅ မာနကြီး သောသူ၊ ကိုယ်တော် ၏ တရား ကို လွန်ကျူးသောသူတို့ သည် အကျွန်ုပ် အဘို့ တွင်း များကို တူး ကြပါပြီ။
διηγήσαντό μοι παράνομοι ἀδολεσχίας ἀλλ’ οὐχ ὡς ὁ νόμος σου κύριε
86 ၈၆ အလုံးစုံ သော ပညတ် တော်တို့သည် သစ္စာ နှင့် ပြည့်စုံကြပါ၏။ သူတပါးတို့သည် အကြောင်း မရှိဘဲ အကျွန်ုပ် ကိုညှဉ်းဆဲ ကြသည် ဖြစ်၍၊ မစ တော်မူပါ။
πᾶσαι αἱ ἐντολαί σου ἀλήθεια ἀδίκως κατεδίωξάν με βοήθησόν μοι
87 ၈၇ သူတို့သည် အကျွန်ုပ် ကို မြေကြီး ပေါ် က သုတ်သင် ပယ်ရှင်းလု ပါပြီ။ သို့သော်လည်း ၊ ကိုယ်တော် ၏ ဥပဒေသ များကို အကျွန်ုပ် မ စွန့် ပါ။
παρὰ βραχὺ συνετέλεσάν με ἐν τῇ γῇ ἐγὼ δὲ οὐκ ἐγκατέλιπον τὰς ἐντολάς σου
88 ၈၈ ကရုဏာ တော်ရှိသည်အတိုင်း အကျွန်ုပ် ကို အသက်ရှင် စေတော်မူပါ။ နှုတ် တော်ထွက် ဗျာဒိတ် တော် ကို စောင့် ပါမည်။
κατὰ τὸ ἔλεός σου ζῆσόν με καὶ φυλάξω τὰ μαρτύρια τοῦ στόματός σου
89 ၈၉ အိုထာဝရဘုရား ၊ နှုတ်ကပတ် တော်သည် ကောင်းကင် ဘုံ၌ အစဉ် အမြဲတည် ပါ၏။
ιβ# λαβδ εἰς τὸν αἰῶνα κύριε ὁ λόγος σου διαμένει ἐν τῷ οὐρανῷ
90 ၉၀ သစ္စာ တော်သည် လူမျိုး အဆက်ဆက်မြဲမြံပါ၏။ မြေကြီး ကို တည် စေတော်မူသဖြင့် ၊ သူသည်အမြဲ နေပါ၏။
εἰς γενεὰν καὶ γενεὰν ἡ ἀλήθειά σου ἐθεμελίωσας τὴν γῆν καὶ διαμένει
91 ၉၁ ခပ်သိမ်း သောအရာတို့သည် ကိုယ်တော် ၏ ကျွန် ဖြစ်၍ စီရင် တော်မူသည်နှင့်အညီ ၊ ယနေ့ တိုင်အောင်အမြဲ နေကြပါ၏။
τῇ διατάξει σου διαμένει ἡ ἡμέρα ὅτι τὰ σύμπαντα δοῦλα σά
92 ၉၂ အကျွန်ုပ် သည် ကိုယ်တော် ၏ တရား ၌မွေ့လျော် ခြင်းမ ရှိလျှင်၊ အထက်က ဆင်းရဲ ခံစဉ် ပျက်စီး ပါပြီ။
εἰ μὴ ὅτι ὁ νόμος σου μελέτη μού ἐστιν τότε ἂν ἀπωλόμην ἐν τῇ ταπεινώσει μου
93 ၉၃ ကိုယ်တော် ၏ ဥပဒေ များကို အစဉ် မ မေ့ မလျော့နိုင်ပါ။ အကြောင်း မူကား၊ ထို ဥပဒေသများအားဖြင့် ၊ အကျွန်ုပ် ကို အသက်ရှင် စေ တော်မူ၏။
εἰς τὸν αἰῶνα οὐ μὴ ἐπιλάθωμαι τῶν δικαιωμάτων σου ὅτι ἐν αὐτοῖς ἔζησάς με κύριε
94 ၉၄ အကျွန်ုပ် သည် ကိုယ်တော် ၏ ကျွန်ဖြစ်ပါ၏။ ကိုယ်တော် ၏ ဥပဒေသ များကို ရှာဖွေ လိုက်စစ်သောကြောင့် အကျွန်ုပ် ကို ကယ်တင် တော်မူပါ။
σός εἰμι ἐγώ σῶσόν με ὅτι τὰ δικαιώματά σου ἐξεζήτησα
95 ၉၅ အကျွန်ုပ် ကို ဖျက်ဆီး ခြင်းငှါ ၊ မ တရားသောသူတို့ သည် စောင့် လျက်နေကြပါ၏။ သို့သော်လည်း ၊ သက်သေခံ တော်မူချက်တို့ကို အကျွန်ုပ်ဆင်ခြင် အောက်မေ့ ပါမည်။
ἐμὲ ὑπέμειναν ἁμαρτωλοὶ τοῦ ἀπολέσαι με τὰ μαρτύριά σου συνῆκα
96 ၉၆ ခပ်သိမ်း သော စုံလင် ခြင်း၏ အဆုံး ကို အကျွန်ုပ် မြင် ပါပြီ။ ပညတ် တရားတော်မူကား၊ အလွန် ကျယ်ဝန်း ပါ၏။
πάσης συντελείας εἶδον πέρας πλατεῖα ἡ ἐντολή σου σφόδρα
97 ၉၇ ကိုယ်တော် ၏တရား ကို အကျွန်ုပ်သည် အလွန် နှစ်သက် ပါ၏။ တနေ့လုံး ဆင်ခြင် အောက်မေ့လျက် နေပါ၏။
ιγ# μημ ὡς ἠγάπησα τὸν νόμον σου κύριε ὅλην τὴν ἡμέραν μελέτη μού ἐστιν
98 ၉၈ ပညတ် တရားတော်သည် အကျွန်ုပ် ၏ ရန်သူ တို့ ထက် ၊ အကျွန်ုပ် ကိုသာ၍ ပညာရှိစေပါ၏။ ပညတ် တရား တော်သည် အကျွန်ုပ် ၌ အစဉ် တည်ပါ၏။
ὑπὲρ τοὺς ἐχθρούς μου ἐσόφισάς με τὴν ἐντολήν σου ὅτι εἰς τὸν αἰῶνά μοί ἐστιν
99 ၉၉ သက်သေခံ တော်မူချက်တို့ကို အကျွန်ုပ် သည် ဆင်ခြင် အောက်မေ့သောကြောင့် ၊ အကျွန်ုပ် ၏ ဆရာ အပေါင်း တို့ထက် သာ၍နားလည် ပါ၏။
ὑπὲρ πάντας τοὺς διδάσκοντάς με συνῆκα ὅτι τὰ μαρτύριά σου μελέτη μού ἐστιν
100 ၁၀၀ ကိုယ်တော် ၏ ဥပဒေသ များကို စောင့် သောကြောင့် ၊ အသက်ကြီး သူတို့ထက် သာ၍ဉာဏ် ကောင်း ပါ၏။
ὑπὲρ πρεσβυτέρους συνῆκα ὅτι τὰς ἐντολάς σου ἐξεζήτησα
101 ၁၀၁ နှုတ်ကပတ် တော်ကို စောင့် လိုသောငှါ ၊ မကောင်း သောလမ်း ရှိသမျှ တို့ကို လွှဲ ရှောင်ပါ၏။
ἐκ πάσης ὁδοῦ πονηρᾶς ἐκώλυσα τοὺς πόδας μου ὅπως ἂν φυλάξω τοὺς λόγους σου
102 ၁၀၂ ကိုယ်တော် သည် သွန်သင် တော်မူသောကြောင့် ၊ စီရင် တော်မူချက်တို့မှ အကျွန်ုပ်လွှဲ ၍ မ သွားပါ။
ἀπὸ τῶν κριμάτων σου οὐκ ἐξέκλινα ὅτι σὺ ἐνομοθέτησάς μοι
103 ၁၀၃ မိန့် တော်မူချက်တို့သည် အကျွန်ုပ် အာခေါင် ၌ အလွန် ချိုကြပါ၏။ ခံတွင်း ထဲမှာ ပျားရည် ထက် သာ၍ချိုကြပါ၏။
ὡς γλυκέα τῷ λάρυγγί μου τὰ λόγιά σου ὑπὲρ μέλι καὶ κηρίον τῷ στόματί μου
104 ၁၀၄ ကိုယ်တော် ၏ ဥပဒေသ များအားဖြင့် ၊ အကျွန်ုပ် သည် ဉာဏ် တိုးပွား ၍ ၊ မိစ္ဆာ လမ်း ရှိသမျှ တို့ကို မုန်း ပါ၏။
ἀπὸ τῶν ἐντολῶν σου συνῆκα διὰ τοῦτο ἐμίσησα πᾶσαν ὁδὸν ἀδικίας ὅτι σὺ ἐνομοθέτησάς μοι
105 ၁၀၅ နှုတ်ကပတ် တော်သည် အကျွန်ုပ် ခြေ ရှေ့ မှာ မီးခွက် ဖြစ်၍ ၊ အကျွန်ုပ် လမ်း ခရီးကို လင်း စေပါ၏။
ιδ# νουν λύχνος τοῖς ποσίν μου ὁ λόγος σου καὶ φῶς ταῖς τρίβοις μου
106 ၁၀၆ ဖြောင့်မတ် စွာ စီရင်တော်မူချက်တို့ကို စောင့် ပါမည် ဟု အကျွန်ုပ်ကျိန်ဆို သည် အတိုင်း ပြု ပါမည်။
ὀμώμοκα καὶ ἔστησα τοῦ φυλάξασθαι τὰ κρίματα τῆς δικαιοσύνης σου
107 ၁၀၇ အို ထာဝရဘုရား ၊ အကျွန်ုပ် သည် အလွန် ဆင်းရဲ ခြင်းကို ခံရပါ၏။ နှုတ်ကပတ် တော်အတိုင်း အသက်ရှင် စေတော်မူပါ။
ἐταπεινώθην ἕως σφόδρα κύριε ζῆσόν με κατὰ τὸν λόγον σου
108 ၁၀၈ အိုထာဝရဘုရား ၊ အကျွန်ုပ်သည် စေတနာ စိတ် ရှိ၍၊ ကိုယ် နှုတ် နှင့်ဆက်သော ပူဇော်သက္ကာတို့ကို နှစ်သက် တော်မူပါ၏။ စီရင် တော်မူချက်တို့ကိုလည်း ၊ အကျွန်ုပ် ၌ သွန်သင် တော်မူပါဟု တောင်းပန်ပါ၏။
τὰ ἑκούσια τοῦ στόματός μου εὐδόκησον δή κύριε καὶ τὰ κρίματά σου δίδαξόν με
109 ၁၀၉ အကျွန်ုပ် အသက် သည် ကိုယ် လက် ၌ အစဉ် ရှိပါ ၏။ သို့သော်လည်း ၊ တရား တော်ကို မ မေ့ မလျော့ပါ။
ἡ ψυχή μου ἐν ταῖς χερσίν μου διὰ παντός καὶ τοῦ νόμου σου οὐκ ἐπελαθόμην
110 ၁၁၀ မ တရားသောသူတို့ သည် အကျွန်ုပ် ဘို့ ကျော့ကွင်း ကို ထောင် ထားကြပါ၏။ သို့သော်လည်း ၊ ကိုယ်တော် ၏ ဥပဒေသ များမှ လွှဲ ၍ မ သွားပါ။
ἔθεντο ἁμαρτωλοὶ παγίδα μοι καὶ ἐκ τῶν ἐντολῶν σου οὐκ ἐπλανήθην
111 ၁၁၁ သက်သေခံ တော်မူချက်တို့သည် အကျွန်ုပ် နှလုံး ရွှင်လန်း ရာ ဖြစ်၍ ၊ ကိုယ်အမွေ ဥစ္စာဘို့ အစဉ် အမြဲခံယူပါ၏။
ἐκληρονόμησα τὰ μαρτύριά σου εἰς τὸν αἰῶνα ὅτι ἀγαλλίαμα τῆς καρδίας μού εἰσιν
112 ၁၁၂ အထုံးအဖွဲ့ တော်တို့ကို အဆုံး တိုင်အောင် အစဉ် လိုက် ခြင်းအလိုငှါ ၊ ကိုယ် စိတ်နှလုံး ကို တိုက်တွန်း ပါ၏။
ἔκλινα τὴν καρδίαν μου τοῦ ποιῆσαι τὰ δικαιώματά σου εἰς τὸν αἰῶνα δῑ ἀντάμειψιν
113 ၁၁၃ အကျွန်ုပ်သည် အဓမ္မ လူတို့ကို မုန်း ၍ ၊ ကိုယ်တော် ၏တရား ကို နှစ်သက် ပါ၏။
ιε# σαμχ παρανόμους ἐμίσησα καὶ τὸν νόμον σου ἠγάπησα
114 ၁၁၄ ကိုယ်တော် သည် အကျွန်ုပ် ၏ အကွယ် အကာ၊ အကျွန်ုပ် ၏ ဒိုင်း လွှားဖြစ်တော်မူ၏။ နှုတ်ကပတ် တော်ကို မြော်လင့် လျက်နေပါ၏။
βοηθός μου καὶ ἀντιλήμπτωρ μου εἶ σύ εἰς τὸν λόγον σου ἐπήλπισα
115 ၁၁၅ ဒုစရိုက် ကို ပြုသောသူတို့၊ ငါ့ ထံ မှ ဖယ်သွား ကြ။ ငါ သည် ဘုရား သခင်၏ ပညတ် တော်တို့ကို ကျင့် စောင် မည်။
ἐκκλίνατε ἀπ’ ἐμοῦ πονηρευόμενοι καὶ ἐξερευνήσω τὰς ἐντολὰς τοῦ θεοῦ μου
116 ၁၁၆ အကျွန်ုပ်သည် အသက်ရှင် ပါမည် အကြောင်း ၊ မိန့် တော်မူချက်အတိုင်း ထောက်မ တော်မူပါ။ အကျွန်ုပ် မြော်လင့် ခြင်းအကြောင်းမှ မ ရှက် မကြောက်ပါစေနှင့်။
ἀντιλαβοῦ μου κατὰ τὸ λόγιόν σου καὶ ζήσομαι καὶ μὴ καταισχύνῃς με ἀπὸ τῆς προσδοκίας μου
117 ၁၁၇ အကျွန်ုပ်သည် ချမ်းသာ ရပါမည်အကြောင်းမစ တော်မူပါ။ အထုံးအဖွဲ့ တော်တို့ကို အစဉ် အမြဲထောက်ရှု ပါမည်။
βοήθησόν μοι καὶ σωθήσομαι καὶ μελετήσω ἐν τοῖς δικαιώμασίν σου διὰ παντός
118 ၁၁၈ အထုံးအဖွဲ့ တော်တို့မှ လွှဲ သွားသမျှ သောသူတို့ ကို ပယ် တော်မူ၏။ သူ တို့ပရိယာယ် သည် မုသာ ဖြစ်ပါ၏။
ἐξουδένωσας πάντας τοὺς ἀποστατοῦντας ἀπὸ τῶν δικαιωμάτων σου ὅτι ἄδικον τὸ ἐνθύμημα αὐτῶν
119 ၁၁၉ မ တရားသော မြေသားအပေါင်း တို့ကို ချော် ကဲ့သို့ မှတ်တော်မူ၏။ ထိုကြောင့် သက်သေ ခံတော်မူချက် တို့ကို အကျွန်ုပ်နှစ်သက် ပါ၏။
παραβαίνοντας ἐλογισάμην πάντας τοὺς ἁμαρτωλοὺς τῆς γῆς διὰ τοῦτο ἠγάπησα τὰ μαρτύριά σου διὰ παντός
120 ၁၂၀ ကိုယ်တော် ကို ထိတ်လန့် သဖြင့် ၊ အကျွန်ုပ် သည် ကြက်သီး မွေးညှင်းထ၍ ၊ စီရင် တော်မူချက်တို့မှ ကြောက် ပါ၏။
καθήλωσον ἐκ τοῦ φόβου σου τὰς σάρκας μου ἀπὸ γὰρ τῶν κριμάτων σου ἐφοβήθην
121 ၁၂၁ အကျွန်ုပ်သည် တရား ဆုံးဖြတ်ခြင်း၊ ဖြောင့်မတ် စွာ စီရင်ခြင်းကို ပြု ပါပြီ။ ညှဉ်းဆဲ သောသူတို့ လက်၌ အကျွန်ုပ် ကို ပစ် ထားတော်မ မူပါနှင့်။
ιV# αιν ἐποίησα κρίμα καὶ δικαιοσύνην μὴ παραδῷς με τοῖς ἀδικοῦσίν με
122 ၁၂၂ ကိုယ်တော် ၏ ကျွန် အဘို့ အလိုငှါ အာမခံ တော်မူပါ။ မာနကြီး သောသူတို့သည် အကျွန်ုပ် ကို မ နှိပ်စက် ကြ ပါစေနှင့်။
ἔκδεξαι τὸν δοῦλόν σου εἰς ἀγαθόν μὴ συκοφαντησάτωσάν με ὑπερήφανοι
123 ၁၂၃ ကယ်တင် တော်မူခြင်းကျေးဇူးကို၎င်း ၊ ဖြောင့်မတ် ခြင်းတရားတော်နှင့်ယှဉ်သော ဗျာဒိတ် တော်ကို၎င်း၊ အကျွန်ုပ် မျက်စိ သည် မျှော်၍ အား ကုန်ပါပြီ။
οἱ ὀφθαλμοί μου ἐξέλιπον εἰς τὸ σωτήριόν σου καὶ εἰς τὸ λόγιον τῆς δικαιοσύνης σου
124 ၁၂၄ ကရုဏာ တော်ရှိသည်အတိုင်း ၊ ကိုယ်တော် ၏ ကျွန် ၌ ပြု ၍ ၊ အထုံးအဖွဲ့ တော်တို့ကို သွန်သင် တော်မူပါ။
ποίησον μετὰ τοῦ δούλου σου κατὰ τὸ ἔλεός σου καὶ τὰ δικαιώματά σου δίδαξόν με
125 ၁၂၅ အကျွန်ုပ် သည် ကိုယ်တော် ၏ ကျွန် ဖြစ်ပါ၏။ သက်သေခံ တော်မူချက်တို့ကိုနားလည် နိုင်သော ဉာဏ် ကိုပေး သနားတော်မူပါ။
δοῦλός σού εἰμι ἐγώ συνέτισόν με καὶ γνώσομαι τὰ μαρτύριά σου
126 ၁၂၆ အို ထာဝရ ဘုရား၊ စီရင် တော်မူချိန်ရောက်ပါပြီ။ သူတပါးများတို့သည် တရား တော်ကို ပယ် ကြပါ၏။
καιρὸς τοῦ ποιῆσαι τῷ κυρίῳ διεσκέδασαν τὸν νόμον σου
127 ၁၂၇ အကျွန်ုပ်မူကား၊ ပညတ် တော်တို့ကို ရွှေ ထက်မက ၊ ရွှေစင် ထက် သာ၍နှစ်သက် ပါ၏။
διὰ τοῦτο ἠγάπησα τὰς ἐντολάς σου ὑπὲρ χρυσίον καὶ τοπάζιον
128 ၁၂၈ သို့ဖြစ်လျှင် ၊ ကိုယ်တော်၏ ဥပဒေသ အလုံးစုံ တို့ သည် ဖြောင့် ကြသည်ဟုထင်မှတ်လျက်၊ မိစ္ဆာ လမ်း ရှိသမျှ တို့ ကို မုန်း ပါ၏။
διὰ τοῦτο πρὸς πάσας τὰς ἐντολάς σου κατωρθούμην πᾶσαν ὁδὸν ἄδικον ἐμίσησα
129 ၁၂၉ သက်သေခံ တော်မူချက်တို့သည် အံ့ဩ ဘွယ် ဖြစ်၍ ၊ အကျွန်ုပ် ဝိညာဉ် သည် စောင့်ရှောက် တတ်ပါ၏။
ιζ# φη θαυμαστὰ τὰ μαρτύριά σου διὰ τοῦτο ἐξηρεύνησεν αὐτὰ ἡ ψυχή μου
130 ၁၃၀ နှုတ်ကပတ် တော်ကို ဖွင့် ပြခြင်းသည် အလင်း ကိုပေး ၍၊ မ လိမ္မာသောသူတို့ကို လိမ္မာ စေတတ်ပါ၏။
ἡ δήλωσις τῶν λόγων σου φωτιεῖ καὶ συνετιεῖ νηπίους
131 ၁၃၁ ပညတ် တော်တို့ကို အကျွန်ုပ် တောင့်တ အားကြီးသဖြင့် ၊ နှုတ် ကို ဖွင့် ၍ ပန်း တိုက်ပါ၏။
τὸ στόμα μου ἤνοιξα καὶ εἵλκυσα πνεῦμα ὅτι τὰς ἐντολάς σου ἐπεπόθουν
132 ၁၃၂ နာမတော် ကို ချစ် သောသူတို့ ၌ ပြု တော်မူတတ် သည်အတိုင်း ၊ အကျွန်ုပ် ကို ကြည့်ရှု ၍ ကယ် မသနား တော်မူပါ။
ἐπίβλεψον ἐπ’ ἐμὲ καὶ ἐλέησόν με κατὰ τὸ κρίμα τῶν ἀγαπώντων τὸ ὄνομά σου
133 ၁၃၃ မိန့် တော်မူချက် အစဉ်အတိုင်း ၊ အကျွန်ုပ် ခြေ လှမ်းတို့ကို ဖြောင့် စေတော်မူပါ။ အကျွန်ုပ် ကို အဘယ် မည် သော ဒုစရိုက် မျှအစိုး မ ရပါစေနှင့်။
τὰ διαβήματά μου κατεύθυνον κατὰ τὸ λόγιόν σου καὶ μὴ κατακυριευσάτω μου πᾶσα ἀνομία
134 ၁၃၄ လူ တို့၏ ညှဉ်းဆဲ ခြင်းထဲက အကျွန်ုပ် ကို ရွေးနှုတ် တော်မူပါ။ ကိုယ်တော် ၏ဥပဒေသ များကို စောင့် ပါမည်။
λύτρωσαί με ἀπὸ συκοφαντίας ἀνθρώπων καὶ φυλάξω τὰς ἐντολάς σου
135 ၁၃၅ မျက်နှာ တော်၏အလင်းကို ကိုယ်တော် ၏ ကျွန် အပေါ် မှာ ထွန်းလင်း စေ၍ ၊ အထုံးအဖွဲ့ တော်တို့ကို သွန်သင် တော်မူပါ။
τὸ πρόσωπόν σου ἐπίφανον ἐπὶ τὸν δοῦλόν σου καὶ δίδαξόν με τὰ δικαιώματά σου
136 ၁၃၆ သူတပါးများတို့သည် တရား တော်ကို မ စောင့် သောကြောင့် ၊ အကျွန်ုပ် မျက်စိ တို့မှ မျက်ရည် သည် မြစ် ရေ ကဲ့သို့စီး ပါ၏။
διεξόδους ὑδάτων κατέβησαν οἱ ὀφθαλμοί μου ἐπεὶ οὐκ ἐφύλαξαν τὸν νόμον σου
137 ၁၃၇ အို ထာဝရဘုရား ၊ ကိုယ်တော် သည် ဖြောင့်မတ် တော်မူ၏။ စီရင် တော်မူချက်တို့သည် ဖြောင့်မတ် ကြပါ ၏။
ιη# σαδη δίκαιος εἶ κύριε καὶ εὐθὴς ἡ κρίσις σου
138 ၁၃၈ ထား တော်မူသောသက်သေခံ တော်မူချက်တို့ သည်လည်း တရား နှင့်ညီ၍ သစ္စာ မြဲကြပါ၏။
ἐνετείλω δικαιοσύνην τὰ μαρτύριά σου καὶ ἀλήθειαν σφόδρα
139 ၁၃၉ ရန်သူ တို့သည် စကား တော်တို့ကို မေ့လျော့ သောကြောင့် ၊ စွဲလန်း ပူပန်ခြင်းစိတ်သည် အကျွန်ုပ် ကို ညှဉ်းဆဲ ပါ၏။
ἐξέτηξέν με ὁ ζῆλος τοῦ οἴκου σου ὅτι ἐπελάθοντο τῶν λόγων σου οἱ ἐχθροί μου
140 ၁၄၀ နှုတ်ကပတ် တော်သည် အလွန် စင်ကြယ် သည် ဖြစ်၍ ၊ ကိုယ်တော် ၏ကျွန် သည် နှစ်သက် ပါ၏။
πεπυρωμένον τὸ λόγιόν σου σφόδρα καὶ ὁ δοῦλός σου ἠγάπησεν αὐτό
141 ၁၄၁ အကျွန်ုပ် သည် ငယ် သောသူ၊ မထီမဲ့မြင် ပြုခြင်း ကို ခံရသောသူဖြစ် ပါ၏။ သို့သော်လည်း ၊ ကိုယ်တော် ၏ ဥပဒေသ များကို မ မေ့ မလျော့ပါ။
νεώτερός εἰμι ἐγὼ καὶ ἐξουδενωμένος τὰ δικαιώματά σου οὐκ ἐπελαθόμην
142 ၁၄၂ ဖြောင့်မတ် တော်မူခြင်းသည် နိစ္စ ထာဝရ ဖြောင့်မတ် ခြင်းဖြစ်ပါ၏။ ကိုယ်တော် ၏တရား သည် သစ္စာ တရားဖြစ်ပါ၏။
ἡ δικαιοσύνη σου δικαιοσύνη εἰς τὸν αἰῶνα καὶ ὁ νόμος σου ἀλήθεια
143 ၁၄၃ ဆင်းရဲ ညှိုးငယ် ခြင်းသို့ရောက် သော်လည်း ၊ ပညတ် တော်တို့သည် အကျွန်ုပ် မွေ့လျော် ရာဖြစ်ပါ၏။
θλῖψις καὶ ἀνάγκη εὕροσάν με αἱ ἐντολαί σου μελέτη μου
144 ၁၄၄ သက်သေခံ တော်မူချက်တို့သည် အစဉ် အမြဲဖြောင့် ကြပါ၏။ အကျွန်ုပ်သည် အသက်ရှင် ပါမည် အကြောင်း ၊ ဉာဏ် ကိုပေးသနားတော်မူပါ။
δικαιοσύνη τὰ μαρτύριά σου εἰς τὸν αἰῶνα συνέτισόν με καὶ ζήσομαι
145 ၁၄၅ အကျွန်ုပ်သည် စိတ် နှလုံးအကြွင်းမဲ့ အော်ဟစ် ပါ၏။ အိုထာဝရဘုရား နားထောင် တော်မူပါ။ အထုံးအဖွဲ့ တော်တို့ကို စောင့် ပါမည်။
ιθ# κωφ ἐκέκραξα ἐν ὅλῃ καρδίᾳ μου ἐπάκουσόν μου κύριε τὰ δικαιώματά σου ἐκζητήσω
146 ၁၄၆ ကိုယ်တော် ကို အော်ဟစ် ပါ၏။ ကယ်တင် တော်မူ ပါ။ သက်သေခံ တော်မူချက်တို့ကို စောင့် ပါမည်။
ἐκέκραξά σε σῶσόν με καὶ φυλάξω τὰ μαρτύριά σου
147 ၁၄၇ မိုဃ်း မလင်းမှီ အကျွန်ုပ် အော်ဟစ် တတ်ပါ၏။ နှုတ်ကပတ် တော်ကို မြော်လင့် လျက်နေပါ၏။
προέφθασα ἐν ἀωρίᾳ καὶ ἐκέκραξα εἰς τοὺς λόγους σου ἐπήλπισα
148 ၁၄၈ ဗျာဒိတ် တော်တို့ကို ဆင်ခြင် အောက်မေ့လိုသောငှါ ၊ ညဉ့်ယံ မလွန်မှီ အကျွန်ုပ် နိုး တတ်ပါ၏။
προέφθασαν οἱ ὀφθαλμοί μου πρὸς ὄρθρον τοῦ μελετᾶν τὰ λόγιά σου
149 ၁၄၉ အို ထာဝရဘုရား ၊ ကရုဏာ တော်ရှိသည် အတိုင်း အကျွန်ုပ် စကား ကို နားထောင် တော်မူပါ။ စီရင် တော်မူချက်နှင့်အညီ အကျွန်ုပ် ကို အသက်ရှင် စေတော်မူပါ။
τῆς φωνῆς μου ἄκουσον κύριε κατὰ τὸ ἔλεός σου κατὰ τὸ κρίμα σου ζῆσόν με
150 ၁၅၀ မ ကောင်းသောအကြံအစည်၌ ကျင်လည် သောသူတို့ သည် အနီးသို့ချဉ်း ကြပါ၏။ သူတို့သည် ကိုယ်တော် ၏တရား နှင့် ဝေး ကြပါ၏။
προσήγγισαν οἱ καταδιώκοντές με ἀνομίᾳ ἀπὸ δὲ τοῦ νόμου σου ἐμακρύνθησαν
151 ၁၅၁ အို ထာဝရဘုရား ၊ ကိုယ်တော် သည် နီး တော်မူ၏။ အလုံးစုံ သော ပညတ် တော်တို့သည် သစ္စာ ဖြစ်ကြပါ ၏။
ἐγγὺς εἶ σύ κύριε καὶ πᾶσαι αἱ ἐντολαί σου ἀλήθεια
152 ၁၅၂ သက်သေခံ တော်မူချက်တို့ကို အစဉ် အမြဲထား တော်မူကြောင်း ကို၊ ရှေ့ဦးစွာ မှစ၍ အကျွန်ုပ်သိ ပါ၏။
κατ’ ἀρχὰς ἔγνων ἐκ τῶν μαρτυρίων σου ὅτι εἰς τὸν αἰῶνα ἐθεμελίωσας αὐτά
153 ၁၅၃ အကျွန်ုပ် ခံရ သောဆင်းရဲခြင်းကို ကြည့်ရှု ၍ ၊ ကယ်နှုတ် တော်မူပါ။ ကိုယ်တော် ၏တရား ကို မ မေ့ မလျော့ပါ။
κ# ρης ἰδὲ τὴν ταπείνωσίν μου καὶ ἐξελοῦ με ὅτι τὸν νόμον σου οὐκ ἐπελαθόμην
154 ၁၅၄ အကျွန်ုပ် အမှု ကို စောင့် ၍ အကျွန်ုပ် ကိုရွေးနှုတ် တော်မူပါ။ ဗျာဒိတ် တော်အားဖြင့် အသက်ရှင် စေတော်မူပါ။
κρῖνον τὴν κρίσιν μου καὶ λύτρωσαί με διὰ τὸν λόγον σου ζῆσόν με
155 ၁၅၅ မ တရားသောသူတို့သည် အထုံးအဖွဲ့ တော်တို့ကို မ ရှာ သောကြောင့် ၊ ကယ်တင် ခြင်းနှင့် ဝေး ကြပါ၏။
μακρὰν ἀπὸ ἁμαρτωλῶν σωτηρία ὅτι τὰ δικαιώματά σου οὐκ ἐξεζήτησαν
156 ၁၅၆ အိုထာဝရဘုရား ၊ သနား စုံမက်တော်မူခြင်း သဘောသည် ကြွယ်ဝ ပါ၏။ စီရင် တော်မူချက်နှင့်အညီ ၊ အကျွန်ုပ် ကို အသက်ရှင် စေတော်မူပါ။
οἱ οἰκτιρμοί σου πολλοί κύριε κατὰ τὸ κρίμα σου ζῆσόν με
157 ၁၅၇ အကျွန်ုပ် ကို ညှဉ်းဆဲ သောသူနှင့် ရန်ဘက် ပြု သောသူတို့ သည် များ ကြပါ၏။ သို့သော်လည်း၊ အကျွန်ုပ် သည် သက်သေခံ တော်မူချက်တို့မှ လွှဲ ၍မ သွားပါ။
πολλοὶ οἱ ἐκδιώκοντές με καὶ ἐκθλίβοντές με ἐκ τῶν μαρτυρίων σου οὐκ ἐξέκλινα
158 ၁၅၈ သစ္စာ မရှိသောသူတို့ကို အကျွန်ုပ်သည်မြင် ၍ စိတ်နာ ပါ၏။ အကြောင်း မူကား၊ သူတို့သည် ဗျာဒိတ် တော် စကားကို နား မ ထောင်ဘဲ နေကြပါ၏။
εἶδον ἀσυνθετοῦντας καὶ ἐξετηκόμην ὅτι τὰ λόγιά σου οὐκ ἐφυλάξαντο
159 ၁၅၉ ကိုယ်တော် ၏ ဥပဒသ များကို အကျွန်ုပ် နှစ်သက် ကြောင်း ကို မှတ် တော်မူပါ။ အိုထာဝရဘုရား ၊ ကရုဏာ တော်ရှိသည်အတိုင်း ၊ အကျွန်ုပ် ကို အသက်ရှင် စေတော်မူပါ။
ἰδὲ ὅτι τὰς ἐντολάς σου ἠγάπησα κύριε ἐν τῷ ἐλέει σου ζῆσόν με
160 ၁၆၀ နှုတ်ကပတ် တော်အလုံးစုံ တို့သည် ဟုတ်မှန် ပါ ၏။ တရား သဖြင့် စီရင် တော်မူချက်ရှိသမျှ တို့သည် အစဉ် အမြဲတည် ကြပါ၏။
ἀρχὴ τῶν λόγων σου ἀλήθεια καὶ εἰς τὸν αἰῶνα πάντα τὰ κρίματα τῆς δικαιοσύνης σου
161 ၁၆၁ အစိုး ရသောသူတို့ သည် အကြောင်း မရှိဘဲ အကျွန်ုပ် ကို ညှဉ်းဆဲ ကြသော်လည်း ၊ အကျွန်ုပ် စိတ် နှလုံးသည် စကား တော်ကို ကြောက်ရွံ့ ပါ၏။
κα# σεν ἄρχοντες κατεδίωξάν με δωρεάν καὶ ἀπὸ τῶν λόγων σου ἐδειλίασεν ἡ καρδία μου
162 ၁၆၂ လက် ရဥစ္စာများ ကို တွေ့ သကဲ့သို့ ဗျာဒိတ် တော် စကားကြောင့် အကျွန်ုပ် ဝမ်းမြောက် ပါ၏။
ἀγαλλιάσομαι ἐγὼ ἐπὶ τὰ λόγιά σου ὡς ὁ εὑρίσκων σκῦλα πολλά
163 ၁၆၃ မုသာ စကားကို ကြား ပျင်းရွံရှာ ပါ၏။ တရား တော်ကိုကား နှစ်သက် ပါ၏။
ἀδικίαν ἐμίσησα καὶ ἐβδελυξάμην τὸν δὲ νόμον σου ἠγάπησα
164 ၁၆၄ ဖြောင့်မတ် စွာ စီရင် တော်မူချက်များကြောင့် ကိုယ်တော် ကို တရက် လျှင် ခုနစ် ကြိမ် ချီးမွမ်း တတ်ပါ၏။
ἑπτάκις τῆς ἡμέρας ᾔνεσά σοι ἐπὶ τὰ κρίματα τῆς δικαιοσύνης σου
165 ၁၆၅ တရား တော်ကို နှစ်သက် သောသူတို့ ၌ ကြီးစွာ သော ငြိမ်ဝပ် ခြင်း ရှိပါ၏။ သူ တို့စိတ်ပျက် စရာအကြောင်းမ ရှိပါ။
εἰρήνη πολλὴ τοῖς ἀγαπῶσιν τὸν νόμον σου καὶ οὐκ ἔστιν αὐτοῖς σκάνδαλον
166 ၁၆၆ အိုထာဝရဘုရား ၊ ကယ်တင် တော်မူခြင်းကျေးဇူးကို အကျွန်ုပ်မြော်လင့် ၍ ၊ ပညတ် တော်တို့ကို ကျင့် ပါ၏။
προσεδόκων τὸ σωτήριόν σου κύριε καὶ τὰς ἐντολάς σου ἠγάπησα
167 ၁၆၇ သက်သေခံ တော်မူချက်တို့ကို အကျွန်ုပ် ဝိညာဉ် သည် စောင့် ပါ၏။ အလွန် နှစ်သက် ပါ၏။
ἐφύλαξεν ἡ ψυχή μου τὰ μαρτύριά σου καὶ ἠγάπησεν αὐτὰ σφόδρα
168 ၁၆၈ ကိုယ်တော် ၏ ဥပဒေသ တို့နှင့် သက်သေခံ တော်မူချက်တို့ကို စောင့် ပါ၏။ အကျွန်ုပ် အကျင့် ရှိသမျှ တို့သည် ရှေ့ တော်၌ရှိကြပါ၏။
ἐφύλαξα τὰς ἐντολάς σου καὶ τὰ μαρτύριά σου ὅτι πᾶσαι αἱ ὁδοί μου ἐναντίον σου κύριε
169 ၁၆၉ အို ထာဝရဘုရား ၊ အကျွန်ုပ် အော်ဟစ် သံသည် ရှေ့ တော်သို့ ရောက် ပါစေသော။ နှုတ်ကပတ် တော် အတိုင်း ဉာဏ် ကိုပေး သနားတော်မူပါ။
κβ# θαυ ἐγγισάτω ἡ δέησίς μου ἐνώπιόν σου κύριε κατὰ τὸ λόγιόν σου συνέτισόν με
170 ၁၇၀ အသနား ခံသောစကားသည် ရှေ့ တော်သို့ ရောက် ပါစေသော။ ဗျာဒိတ် တော်အတိုင်း အကျွန်ုပ် ကို ကယ်နှုတ် တော်မူပါ။
εἰσέλθοι τὸ ἀξίωμά μου ἐνώπιόν σου κατὰ τὸ λόγιόν σου ῥῦσαί με
171 ၁၇၁ အထုံးအဖွဲ့ တော်တို့ကို သွန်သင် တော်မူသောအခါ ၊ အကျွန်ုပ် ၏နှုတ် သည် ချီးမွမ်း ခြင်းကို မြွက်ဆို ပါမည်။
ἐξερεύξαιντο τὰ χείλη μου ὕμνον ὅταν διδάξῃς με τὰ δικαιώματά σου
172 ၁၇၂ အလုံးစုံ သော ပညတ် တော်တို့သည် ဖြောင့်မတ် ပါသည်ဖြစ်၍ ၊ အကျွန်ုပ် လျှာ သည် ဗျာဒိတ် တော်ကို သီချင်း ဆိုရပါမည်။
φθέγξαιτο ἡ γλῶσσά μου τὸ λόγιόν σου ὅτι πᾶσαι αἱ ἐντολαί σου δικαιοσύνη
173 ၁၇၃ ကိုယ်တော် ၏ ဥပဒေသ များကို နှစ်သက် ပါသည် ဖြစ်၍ ၊ လက် တော်သည် အကျွန်ုပ် ကို မစ ပါစေ သော။
γενέσθω ἡ χείρ σου τοῦ σῶσαί με ὅτι τὰς ἐντολάς σου ᾑρετισάμην
174 ၁၇၄ အို ထာဝရဘုရား ၊ ကယ်တင် တော်မူခြင်း ကျေးဇူးကို အကျွန်ုပ် တောင့်တ ပါ၏။ တရား တော်သည် လည်း အကျွန်ုပ် မွေ့လျော် ရာ ဖြစ်ပါ၏။
ἐπεπόθησα τὸ σωτήριόν σου κύριε καὶ ὁ νόμος σου μελέτη μού ἐστιν
175 ၁၇၅ အကျွန်ုပ် သည် အသက် ရှင် ၍ ၊ ကိုယ်တော် ကို ချီးမွမ်း ပါစေသော။ စီရင် တော်မူချက်တို့သည် အကျွန်ုပ် ကို မစ ကြပါစေသော။
ζήσεται ἡ ψυχή μου καὶ αἰνέσει σε καὶ τὰ κρίματά σου βοηθήσει μοι
176 ၁၇၆ ပျောက် သော သိုး ကဲ့သို့ အကျွန်ုပ်သည် လမ်းလွဲ ပါပြီ။ ကိုယ်တော် ၏ ကျွန် ကိုရှာ တော်မူပါ။ အကျွန်ုပ်သည် ပညတ် တော်တို့ကို မ မေ့ မလျော့ပါ။
ἐπλανήθην ὡς πρόβατον ἀπολωλός ζήτησον τὸν δοῦλόν σου ὅτι τὰς ἐντολάς σου οὐκ ἐπελαθόμην

< ဆာလံ 119 >