< သုတ္တံကျမ်း 9 >

1 ဉာဏ်ပညာ သည်အိမ်တိုင် ခုနစ် တိုင်ကိုခုတ် ၍၊ မိမိ နေရာအိမ် ကို ဆောက် လေပြီ။ 2 သူ ၏အကောင် များကိုသတ် ၍၊ စပျစ်ရည် ကို ဘော် ပြီးမှစားပွဲ ကို ခင်း လေပြီ။ 3 ကျွန် မတို့ကိုစေလွှတ် ၍၊ မြို့ တွင် အမြင့်ဆုံး သော အရပ်တို့၌ ကြွေးကြော် လေသည်ကား၊ 4 ဉာဏ် တိမ်သောသူ သည် ဤ အရပ်သို့ဝင် စေ။ အိုပညာ မ ရှိသောသူ၊ 5 လာ လော့။ ငါ့ မုန့် ကို စား လော့။ ငါဘော် သော စပျစ်ရည် ကို သောက် လော့။ 6 မိုက် သောသူကို ရှောင် ၍ အသက် ချမ်းသာရ လော့။ ပညာ လမ်း သို့ လိုက် လော့ဟုဆိုသတည်း။ 7 မထီမဲ့မြင် ပြုသောသူကို ဆုံးမ သောသူသည် အရှက်ကွဲ ခြင်းကို၎င်း ၊ လူဆိုး ကို အပြစ် ပြသောသူသည် ကဲ့ရဲ့ ခြင်းကို၎င်းခံရ လိမ့်မည်။ 8 မထီမဲ့မြင် ပြုသောသူကိုမ ဆုံးမ နှင့်။ သင့် ကို မုန်း လိမ့်မည်။ ပညာ ရှိကို အပြစ် ပြလော့။ သူသည် သင့် ကို ချစ် လိမ့်မည်။ 9 ပညာ ရှိသော သူကို ဆုံးမ လျှင် ၊ သူသည် သာ၍ပညာ ရှိလိမ့်မည်။ ဖြောင့်မတ် သောသူကို သွန်သင် လျှင် ၊ သူသည် သိပ္ပံ အတတ်တိုးပွါး လိမ့်မည်။ 10 ၁၀ ထာဝရဘုရား ကို ကြောက်ရွံ့ သော သဘောသည် ပညာ ၏မူလ အမြစ် ဖြစ်၏။ သန့်ရှင်း တော်မူသောဘုရားကိုသိကျွမ်း သော သဘောသည် ဉာဏ် ဖြစ်၏။ 11 ၁၁ အကြောင်း မူကား၊ ငါ့ ကိုအမှီပြု ၍၊ သင် ၏ နေ့ရက် ကာလနှင့် အသက် အပိုင်းအခြား နှစ် ပေါင်း ကာလ တိုးပွါး လိမ့်မည်။ 12 ၁၂ သင်သည်ပညာ ရှိလျှင် ၊ ကိုယ်တိုင် အကျိုးကို ခံရလိမ့်မည်။ မထီမဲ့မြင် ပြုလျှင် ကိုယ်တိုင် သာအပြစ် ကိုခံရလိမ့်မည်။ 13 ၁၃ မိုက် သောမိန်းမ သည် စကား သံကျယ်၍ ဉာဏ် တိမ်သဖြင့် အလျှင်း မ သိ တတ်။ 14 ၁၄ မိမိ အိမ် တံခါး နားတွင် မြို့ မြင့် ရာအရပ် အနေအထိုင်ပေါ် မှာ ထိုင် လျက်၊ 15 ၁၅ လမ်း ၌ တည့်တည့် ခရီး သွားသောသူတို့ ကို ခေါ် ၍၊ 16 ၁၆ ဉာဏ် တိမ်သောသူ သည် ဤ အရပ်သို့ဝင် စေ။ အိုပညာ မ ရှိသောသူ၊ 17 ၁၇ ခိုး သောရေ သည် ချို ၏။ တိတ်ဆိတ် စွာစား သောမုန့် လည်း မြိန် သည်ဟု ဆို တတ်၏။ 18 ၁၈ ထို အရပ်၌ သင်္ချိုင်း သားရှိ ကြောင်း၊ ထိုမိန်းမ ၏ ဧည့်သည်တို့သည် မရဏာ နိုင်ငံအနက်ဆုံး ၌ နေ ကြောင်း ကို ထိုယောက်ျားသည်မ သိ မမှတ်။ (Sheol h7585)

< သုတ္တံကျမ်း 9 >