< သုတ္တံကျမ်း 30 >

1 ယာကေ သား အာဂုရ သည် ဣသေလ နှင့် ဥကလ ကို ဆုံးမသောတရားစကား ဟူမူကား၊
ယာကေသားအာဂုရသည် ဣသေလနှင့် ဥကလ ကို ဆုံးမသောတရားစကား ဟူမူကား၊
2 အကယ် စင်စစ်ငါ သည် လူ မဟုတ်၊ တိရစ္ဆာန် ဖြစ်၏။ လူ ဉာဏ် နှင့် မ ပြည့်စုံ။
အကယ်စင်စစ် ငါသည် လူမဟုတ်၊ တိရစ္ဆာန် ဖြစ်၏။ လူဥာဏ်နှင့် မပြည့်စုံ။
3 ပညာ တရားကို မ သင် ၊ သန့်ရှင်း သော အရာတို့ ကို မလေ့ကျက်။
ပညာတရားကို မသင်၊ သန့်ရှင်းသော အရာ တို့ကို မလေ့ကျက်။
4 ကောင်းကင် ဘုံသို့ အဘယ်သူ တက် သနည်း။ အဘယ်သူ ဆင်း လာသနည်း။ အဘယ်သူ သည် လေ ကို မိမိ လက် နှင့် ဆုပ်ယူ သနည်း။ အဘယ်သူ သည် ရေ ကို အဝတ် နှင့် ထုပ် ထားသနည်း။ မြေကြီး စွန်း ရှိသမျှ တို့ကို အဘယ်သူ တည် စေသနည်း။ ထိုသို့ပြုသောသူ ၏ အမည် နှင့် သူ ၏သား အမည် ကား အဘယ်သို့ နည်း။ သင်ပြော နိုင်သလော။
ကောင်းကင်ဘုံသို့ အဘယ်သူတက်သနည်း။ အဘယ်သူဆင်းလာသနည်း။ အဘယ်သူသည် လေကို မိမိလက်နှင့် ဆုပ်ထားသနည်း။ အဘယ်သူသည် ရေကို အဝတ်နှင့် ထုပ်ထားသနည်း။ မြေကြီးစွန်းရှိသမျှတို့ကို အဘယ်သူတည်စေသနည်း။ ထိုသို့ပြုသောသူ၏ အမည် နှင့်သူ၏သားအမည်ကား အဘယ်သို့နည်း။ သင်ပြော နိုင်သလော။
5 ဘုရား သခင်၏ စကား တော်ရှိသမျှ သည် စင်ကြယ် ၏။ ခိုလှုံ သောသူအပေါင်းတို့၌ ဘုရား သခင်သည် အကွယ် အကာဖြစ်တော်မူ၏။
ဘုရားသခင်၏ စကားတော်ရှိသမျှသည် စင်ကြယ်၏။ ခိုလှုံသောသူအပေါင်းတို့၌ ဘုရားသခင် သည် အကွယ်အကာဖြစ်တော်မူ၏။
6 စကား တော်၌ ထပ်၍ မ သွင်းနှင့်။ သို့ပြုလျှင် အပြစ်တင် တော်မူ၍ ၊ သင်သည် မုသာသုံးသောသူဖြစ် လိမ့်မည်။
စကားတော်၌ ထပ်၍မသွင်းနှင့်။ သို့ပြုလျှင် အပြစ်တင်တော်မူ၍၊ သင်သည် မုသာသုံးသောသူ ဖြစ်လိမ့်မည်။
7 ကိုယ်တော် ထံမှာ ဆုနှစ်ပါး ကို အကျွန်ုပ်တောင်း ပါ၏။ အကျွန်ုပ်မ သေ မှီတိုင်အောင်ငြင်း တော်မ မူပါနှင့်။
ကိုယ်တော်ထံမှာ ဆုနှစ်ပါးကို အကျွန်ုပ်တောင်း ပါ၏။ အကျွန်ုပ်မသေမှီတိုင်အောင် ငြင်းတော်မမူပါနှင့်။
8 အကျွန်ုပ် မှ အနတ္တ နှင့် မုသာ ကိုပယ် တော်မူပါ။ ဆင်းရဲ ခြင်း နှင့် ငွေ ရတတ်ခြင်းကိုပေး တော်မ မူပါနှင့်။ အသက်မွေးလောက်သောအစာ ကိုသာ ပေး တော်မူပါ။
အကျွန်ုပ်မှ အနတ္တနှင့် မုသာကိုပယ်တော်မူပါ။ ဆင်း ရဲခြင်းနှင့် ငွေရတတ်ခြင်းကို ပေးတော်မမူပါနှင့်။ အသက်မွေးလောက်သောပညာကိုသာ ပေးတော်မူပါ။
9 သို့မဟုတ် ၊ အကျွန်ုပ်သည် ကြွယ်ဝ ၍ ၊ ထာဝရဘုရား ကား၊ အဘယ်သူ နည်းဟုဆိုလျက်၊ ကိုယ်တော်ကို ငြင်းပယ်မည်ဟု စိုးရိမ်စရာရှိပါ၏။ သို့မဟုတ် ၊ ဆင်းရဲ ၍ သူ့ဥစ္စာကိုခိုး သဖြင့် ၊ အကျွန်ုပ် ၏ ဘုရား သခင်နာမတော် ကို မုသာ နှင့်ဆိုင်၍ မြွက်ဆို မည်ဟု စိုးရိမ်စရာ ရှိပါ၏။
သို့မဟုတ်၊ အကျွန်ုပ်သည် ကြွယ်ဝ၍၊ ထာဝရ ဘုရားကား၊ အဘယ်သူနည်းဟုဆိုလျက်၊ ကိုယ်တော်ကို ငြင်းပယ်မည်ဟု ဆိုးရိမ်စရာရှိပါ၏။ သို့မဟုတ်၊ ဆင်းရဲ၍ သူ့ဥစ္စာကိုခိုးသဖြင့်၊ အကျွန်ုပ်၏ ဘုရားသခင် နာမ တော်ကို မုသာနှင့်ဆိုင်၍ မြွက်ဆိုမည်ဟု စိုးရိမ်စရာ ရှိပါ၏။
10 ၁၀ ကျွန် ၏ အကျိုး ကိုဖျက်ခြင်းငှါ သူ ၏သခင် ကို မ ပြောနှင့်။ ပြောလျှင် ကျွန်သည် သင့် ကိုကျိန်ဆဲ ၍၊ သင်၌ အပြစ် ရောက်မည်ဟု စိုးရိမ်စရာရှိ၏။
၁၀ကျွန်၏ အကျိုးကိုဖျက်ခြင်းငှါ သူ၏သခင်ကို မပြောနှင့်။ ပြောလျှင်ကျွန်သည် သင့်ကိုကျိန်ဆဲ၍၊ သင်၌ အပြစ်ရောက်မည်ဟု စိုးရိမ်စရာရှိ၏။
11 ၁၁ အဘ ကိုကျိန်ဆဲ ၍ အမိ ကိုလည်း ကောင်းကြီး မ ပေးတတ်သောလူတမျိုး၊
၁၁အဘကိုကျိန်ဆဲ၍ အမိကိုလည်း ကောင်းကြီး မပေးတတ်သောလူတမျိုး၊
12 ၁၂ ငါသည် စင်ကြယ် ၏ဟု မိမိ ကိုယ်ထင် သော်လည်း ၊ မိမိ အညစ် အကြေးမှ မ ဆေးကြော သေးသော လူတမျိုး၊
၁၂ငါသည် စင်ကြယ်၏ဟု မိမိကိုယ်ထင်သော် လည်း၊ မိမိအညစ်အကြေးမှ မဆေးကြောသေးသော လူတမျိုး၊
13 ၁၃ အလွန် စိတ် မြင့်၍ မော်ကြည့်တတ်သော လူ တမျိုး၊
၁၃အလွန်စိတ်မြင့်၍ မော်ကြည့်တတ်သော လူတမျိုး၊
14 ၁၄ ဆင်းရဲ သောသူတို့ကို မြေကြီး ပေါ်က ၎င်း၊ ငတ်မွတ် သောသူတို့ကို လူ စုထဲက ၎င်း၊ ကိုက်စား ပယ်ရှားစရာဘို့ သန်လျက် နှင့်တူသောသွား ၊ ထား နှင့်တူသော အံ နှင့် ပြည့်စုံသော လူတမျိုးရှိ၏။
၁၄ဆင်းရဲသောသူတို့ကို မြေကြီးပေါ်က၎င်း၊ ငတ်မွတ်သောသူတို့ကို လူစုထဲက၎င်း၊ ကိုက်စားပယ်ရှင်း စရာဘို့ သန်လျက်နှင့်တူသောသွား၊ ထားနှင့်တူသော အံနှင့် ပြည့်စုံသော လူတမျိုးရှိ၏။
15 ၁၅ မျှော့ ကောင်၌ ပေး ပါနှင့်ပေး ပါဟူသောသမီး နှစ် ကောင်ရှိ၏။ အလို ဆန္ဒမ ပြေနိုင်သော အရာသုံး ပါးမက၊ တန် တော့ဟု မ ဆို တတ်သော အရာလေး ပါးဟူမူကား၊
၁၅မျှော့ကောင်၌ပေးပါနှင့်ပေးပါဟူသော သမီးနှစ် ကောင်ရှိ၏။ အလိုဆန္ဒမပြေနိုင်သော အရာသုံးပါးမက၊ တန်တော့ဟု မဆိုတတ်သော အရာလေးပါးဟူမူကား၊
16 ၁၆ သင်္ချိုင်း တပါး၊ မြုံ သောမိန်းမဝမ်း တပါး၊ ရေ မ ဝ နိုင်သောမြေ တပါး၊ တန် တော့ဟု မ ဆို တတ်သော မီး တပါးတည်း။ (Sheol h7585)
၁၆သင်္ချိုင်းတပါး၊ မြုံသောမိန်းမဝမ်းတပါး၊ ရေမဝ နိုင်သောမြေတပါး၊ တန်တော့ဟု မဆိုတတ်သော မီးတပါးတည်း။ (Sheol h7585)
17 ၁၇ အဘ ကို ကျီစား သောသူ၊ အမိ စကားကိုနား မထောင်၊ မထီမဲ့မြင် ပြုသောသူ၏ မျက်စိ ကို ချိုင့် ၌ကျင်လည်သောကျီးအ တို့သည် နှိုက် ကြလိမ့်မည်။ ရွှေလင်းတ သငယ် တို့သည်လည်း စား ကြလိမ့်မည်။
၁၇အဘကိုကျီစားသောသူ၊ အမိ စကားကိုနားမထောင်၊ မထီမဲ့မြင်ပြုသောသူ၏ မျက်စိကို ချိုင့်၌ကျင်လည် သောကျီးအတို့သည် နှိုက်ကြလိမ့်မည်။ ရွှေလင်းတသငယ်တို့သည်လည်း စားကြလိမ့်မည်။
18 ၁၈ ငါ့ ဉာဏ် မမှီနိုင်သော အရာသုံး ပါးမက၊ ငါမသိ၊ နား မ လည်နိုင်သော အရာလေး ပါးဟူမူကား၊
၁၈ငါ့ဥာဏ်မမှီနိုင်သော အရာသုံးပါးမက၊ ငါမသိ၊ နားမလည်နိုင်သော အရာလေးပါးဟူမူကား၊
19 ၁၉ လေ ၌ ရွှေလင်းတ သွားရာလမ်း တပါး၊ ကျောက် ပေါ် မှာ မြွေ သွားရာလမ်း တပါး၊ ပင်လယ် အလယ် ၌ သင်္ဘော သွားရာလမ်း တပါး၊ အပျိုမ နှင့် ယောက်ျား သွား ရာလမ်း တပါးတည်း။
၁၉လေ၌ရွှေလင်းတသွားရာလမ်းတပါး၊ ကျောက် ပေါ်မှာ မြွေသွားရာလမ်းတပါး၊ ပင်လယ်အလယ်၌ သင်္ဘောသွားရာလမ်းတပါး၊ အပျိုမနှင့် ယောက်ျားသွား ရာလမ်းတပါးတည်း။
20 ၂၀ မျောက်မထား သော မိန်းမ လမ်း လည်း ထို အတူ ဖြစ်၏။ အစာစား ပြီးမှ မိမိ ပစပ် ကိုသုတ် ၍ ၊ ဒုစရိုက် ကို ငါမ ပြု မိဟုဆို တတ်၏။
၂၀မျောက်မထားသော မိန်းမလမ်းလည်း ထိုအတူ ဖြစ်၏။ အစာစားပြီးမှ မိမိပစပ်ကိုသတ်၍၊ ဒုစရိုက်ကို ငါမပြုမိဟုဆိုတတ်၏။
21 ၂၁ မြေကြီး ကို မွှေနှောက် သောအရာသုံး ပါးမက၊ မြေကြီးမ ခံ နိုင် သော အရာလေး ပါးဟူမူကား၊
၂၁မြေကြီးကို မွှေနှောက်သောအရာသုံးပါးမက၊ မြေကြီးမခံနိုင်သော အရာလေးပါးဟူမူကား၊
22 ၂၂ မင်း ပြုသောကျွန် တပါး၊ ဝ စွာစားရသောလူမိုက် တပါး၊
၂၂မင်းပြုသောကျွန်တပါး၊ ဝစွာစားရသော လူမိုက် တပါး၊
23 ၂၃ လက်ထပ် သော မိန်းမဆိုး တပါး၊ သခင်မ ဥစ္စာ ကို အမွေ ခံရသောကျွန်မ တပါးတည်း။
၂၃လက်ထပ်သော မိန်းမဆိုးတပါး၊ သခင်မ ဥစ္စာ ကို အမွေခံရသော ကျွန်မတပါးတည်း။
24 ၂၄ မြေကြီး ပေါ်မှာ သေး နုပ်သော်လည်း ၊ အထူးသဖြင့် ပညာ ရှိသော အရာလေး ပါးဟူမူကား၊
၂၄မြေကြီးပေါ်မှာ သေးနုပ်သော်လည်း၊ အထူး သဖြင့် ပညာရှိသော အရာလေးပါးဟူမူကား၊
25 ၂၅ ခွန်အား မရှိသောအမျိုး ဖြစ်သော်လည်း ၊ နွေ ကာလ၌ မိမိ စားစရာ ကို ပြင်ဆင် တတ်သော ပရွက်ဆိတ် တပါး၊
၂၅ခွန်အားမရှိသောအမျိုးဖြစ်သော်လည်း၊ နွေ ကာလ၌ မိမိစားစရာကို ပြင်ဆင်တတ်သော ပရွက်ဆိတ် တပါး၊
26 ၂၆ မ သန်စွမ်းသော အမျိုး ဖြစ်သော်လည်း ၊ ကျောက် တွင်း၌ နေရာ ချ တတ်သော ရှာဖန် ယုန်တပါး၊
၂၆မသန်စွမ်းသော အမျိုးဖြစ်သော်လည်း၊ ကျောက် တွင်း၌ နေရာချတတ်သော ရှာဖန်ယုန်တပါး၊
27 ၂၇ မင်း မ ရှိသော်လည်း၊ တပ်ဖွဲ့၍ အစဉ်အတိုင်းသွား တတ်သောကျိုင်း တပါး၊
၂၇မင်းမရှိသော်လည်း၊ တပ်ဖွဲ့၍ အစဉ်အတိုင်း သွားတတ်သောကျိုင်းတပါး၊
28 ၂၈ လက် ဖြင့် ကိုင် ဆွဲ၍ ၊ နန်းတော် ၌ ပင် နေတတ် သော အိမ်မြှောင် တပါးတည်း။
၂၈လက်ဖြင့်ကိုင်ဆွဲ၍၊ နန်းတော်၌ပင် နေတတ် သော အိမ်မြှောင်တပါးတည်း။
29 ၂၉ ကောင်း စွာသွား တတ်သော အရာသုံး ပါးမက၊ အသွား လှ သော အရာလေး ပါးဟူမူကား၊
၂၉ကောင်းစွာသွားတတ်သော အရာသုံးပါးမက၊ အသွားလှသော အရာလေးပါးဟူမူကား၊
30 ၃၀ တိရစ္ဆာန် တကာတို့ထက် ခွန်အားကြီး ၍၊ အဘယ် သူကိုမျှ မ ရှောင် တတ်သော ခြင်္သေ့ တပါး၊
၃၀တိရစ္ဆာန်တကာတို့ထက် ခွန်အားကြီး၍၊ အဘယ်သူကိုမျှ မရှောင်တတ်သော ခြင်္သေ့တပါး၊
31 ၃၁ စစ်မြင်းတပါး၊ ဆိတ်ထီး တပါး၊ အဘယ်သူမျှမဆီးတားနိုင်သော ရှင်ဘုရင် တပါးတည်း။
၃၁စစ်မြင်းတပါး၊ ဆိတ်ထီးတပါး၊ အဘယ်သူမျှ မဆီးတားနိုင်သော ရှင်ဘုရင်တပါးတည်း။
32 ၃၂ သင်သည် ကိုယ်ကိုချီးမြှောက် ၍ မိုက်သောအမှု ကို ပြု မိသော် ၎င်း၊ မကောင်းသော အကြံကိုကြံ မိ သော် ၎င်း၊ သင်၏နှုတ် ကို လက် နှင့်ပိတ်ထားလော့။
၃၂သင်သည် ကိုယ်ကိုချီးမြှောက်၍ မိုက်သောအမှု ကို ပြုမိသော်၎င်း၊ မကောင်းသော အကြံကိုကြံမိ သော်၎င်း၊ သင်၏နှုတ်ကို လက်နှင့်ပိတ်ထားလော့။
33 ၃၃ အကယ် စင်စစ်နို့ ကိုမွှေ လျှင် ထောပတ် ထွက် တတ်၏။ နှာခေါင်း ကိုဆွဲလိမ် လျှင် အသွေး ထွက် တတ်၏။ ထိုနည်းတူ ၊ ဒေါသ ကိုနှိုးဆော် လျှင် ခိုက်ရန် ထွက် တတ်၏။
၃၃အကယ်စင်စစ် နို့ကိုမွှေလျှင် ထောပတ်တွက် တတ်၏။ နှာခေါင်းကိုဆွဲလိမ်လျှင် အသွေးထွက်တတ်၏။ ထိုနည်းတူ၊ ဒေါသကိုနှိုးဆော်လျှင် ခိုက်ရန်ထွက်တတ်၏။

< သုတ္တံကျမ်း 30 >