< သုတ္တံကျမ်း 25 >

1 ယုဒ ရှင်ဘုရင် ဟေဇကိ လူ တို့ကူးရေး သော ရှောလမုန် မင်း၏ သုတ္တံ စကားဟူမူကား၊
ယုဒရှင်ဘုရင် ဟေဇကိလူတို့ကူးရေးသော ရှောလမုန်မင်း၏ သုတ္တံစကားဟူမူကား၊
2 အမှု အရေးကို ဝှက်ထား ခြင်းသည် ဘုရား သခင်၏ ဘုန်း တော်နှင့် သင့်၏။ ရှင်ဘုရင် မူကား၊ အမှု အရေးကို စစ်ကြော ခြင်းအားဖြင့်ဂုဏ် အသရေတည်၏။
အမှုအရေးကို ဝှက်ထားခြင်းသည် ဘုရားသခင် ၏ ဘုန်းတော်နှင့် သင်၏။ ရှင်ဘုရင်မူကား၊ အမှုအရေးကို စစ်ကြောခြင်းအားဖြင့် ဂုဏ်အသရေတည်၏။
3 မိုဃ်းကောင်းကင် သည် မြင့် ၏။ မြေကြီး သည် နက် ၏။ ရှင်ဘုရင် နှလုံး ကိုလည်း စစ် ၍မ သိနိုင်။
မိုဃ်းကောင်းကင်သည် မြင့်၏။ မြေကြီးသည် နက်၏။ ရှင်ဘုရင်နှလုံးကိုလည်း စစ်၍မသိနိုင်။
4 ငွေ ထဲက ချော် ကိုထုတ်ပယ် လျှင်၊ ပန်းတိမ် သမား နှင့် တော်သင့်သောဖလား ကို ရ လိမ့်မည်။
ငွေထဲက ချော်ကိုထုတ်ပယ်လျှင်၊ ပန်တိမ်သမား နှင့် တော်သင့်သောဖလားကို ရလိမ့်မည်။
5 မ တရားသောသူတို့ ကို ရှင်ဘုရင် ထံ တော်မှ ပယ်ရှား လျှင် ၊ အာဏာ တော်သည် တရား အားဖြင့် တည် လိမ့်မည်။
မတရားသော သူတို့ကို ရှင်ဘုရင်ထံတော်မှ ပယ်ရှားလျှင်၊ အာဏာတော်သည် တရားအားဖြင့် တည် လိမ့်မည်။
6 ရှင်ဘုရင် ထံ တော်၌ ကိုယ်ကိုမ ချီးမြှောက် နှင့်။ လူကြီး နေရာ ၌ မ နေ နှင့်။
ရှင်ဘုရင်ထံ တော်၌ ကိုယ်ကိုမချီးမြှောက်နှင့်။ လူကြီးနေရာ၌ မနေနှင့်။
7 အကြောင်း မူကား၊ ဖူးမြင် ရသောမင်း ရှေ့ မှာ နှိမ် ခြင်းကိုခံရသည်ထက် ၊ ဤ အရပ်သို့ တက် ပါဟူသောစကား ကို သာ၍ကြားကောင်း ၏။
အကြောင်းမူကား၊ ဖူးမြင်ရသောမင်းရှေ့မှာ နှိမ်ခြင်းကို ခံရသည်ထက်၊ ဤအရပ်သို့ တက်ပါဟူသော စကားကို သာ၍ကြားကောင်း၏။
8 အလျင် အမြန်ရန် မ တွေ့နှင့်။ အိမ်နီးချင်း သည် သင့် ကို အရှက်ခွဲ ပြီးမှ ၊ သင်သည် အဘယ် သို့ပြု မည်နည်း။
အလျင်အမြန် ရန်မတွေ့နှင့်။ အိမ်နီးချင်းသည် သင့်ကို အရှက်ခွဲပြီးမှ၊ သင်သည် အဘယ်သို့ ပြုမည်နည်း။
9 သင် သည် အိမ်နီးချင်း နှင့် ကိုယ် အမှု ကို ဆွေးနွှေး လော့။ ဝှက်ထား အပ်သောအမှုအရာကို သူတပါး အားထုတ် ၍မ ပြနှင့်။
သင်သည် အိမ်နီးချင်းနှင့် ကိုယ်အမှုကို ဆွေး နွှေးလော့။ ဝှက်ထားအပ်သောအမှုအရာကို သူတပါးအား ထုတ်၍မပြနှင့်။
10 ၁၀ သို့မဟုတ် ၊ သူသည် သင့် ကို အရှက် ခွဲသဖြင့် ၊ သင် ၏ ဂုဏ်အသရေသည် အစဉ် ဆုံးလိမ့်မည်။
၁၀သို့မဟုတ်၊ သူသည် သင့်ကို အရှက်ခွဲသဖြင့်၊ သင်၏ဂုဏ်အသရေသည် အစဉ်ဆုံးလိမ့်မည်။
11 ၁၁ လျောက်ပတ် သော စကား သည် ငွေ အပြောက်မှာ စီချယ် သော ရွှေ ရှောက်ချို သီးနှင့်တူ၏။
၁၁လျောက်ပတ်သော စကားသည် ငွေအပြောက် မှာ စီချယ်သော ရွှေရှောက်ချိုသီးနှင့်တူ၏။
12 ၁၂ နားထောင် တတ်သောသူကို လျောက်ပတ် စွာ ဆုံးမ တတ်သောသူသည် ရွှေ နားတောင်း ကဲ့သို့၎င်း၊ ရွှေ စင်တန်ဆာ ကဲ့သို့ ၎င်း ဖြစ်၏။
၁၂နားထောင်တတ်သောသူကို လျောက်ပတ်စွာ ဆုံးမတတ်သော သူသည် ရွှေနားတောင်းကဲ့သို့၎င်း၊ ရွှေစင်တန်ဆာကဲ့သို့၎င်း ဖြစ်၏။
13 ၁၃ စပါး ရိတ်ရာကာလ ၌ မိုဃ်းပွင့် ကြောင့် ချမ်း သကဲ့သို့ ၊ သစ္စာ စောင့်သော တမန် သည် စေလွှတ် သောသူ ၌ ဖြစ်၍ ၊ သခင် စိတ် ကို ချမ်းဧ စေတတ်၏။
၁၃စပါးရိတ်ရာကာလ၌ မိုဃ်းပွင့်ကြောင့် ချမ်း သကဲ့သို့၊ သစ္စာစောင့်သော တမန်သည် စေလွှတ်သောသူ ၌ ဖြစ်၍၊ သခင်စိတ်ကို ချမ်းဧစေတတ်၏။
14 ၁၄ ပေး မည်ဟု ဝါကြွား ၍ မ ပေးဘဲနေသောသူ သည် မိုဃ်း ရေမ ပါသော တိမ် နှင့် လေ ကဲ့သို့ဖြစ်၏။
၁၄ပေးမည်ဟု ဝါကြွား၍ မပေးဘဲနေသောသူ သည် မိုဃ်းရေမပါသော တိမ်နှင့်လေကဲ့သို့ ဖြစ်၏။
15 ၁၅ ကြာမြင့် စွာသည်းခံ လျှင် မင်း ကိုဖျောင်းဖျ နိုင်၏။ ချို သောစကား သည်လည်း အရိုး ကျိုး အောင်တတ်နိုင်၏။
၁၅ကြာမြင့်စွာသည်းခံလျှင် မင်းကိုဖျောင်းဖျနိုင်၏။ ချိုသောစကားသည်လည်း အရိုးကျိုးအောင်တတ်နိုင်၏။
16 ၁၆ ပျားရည် ကိုတွေ့ သလော။ ဝ ရုံသာစား တော့။ အစား ကြူးလျှင် ရင်ပြည့်၍ အန် ရလိမ့်မည်။
၁၆ပျားရည်ကိုတွေ့သလော။ ဝရုံသာစားတော့။ အစားကြူးလျှင် ရင်ပြည့်၍ အန်ရလိမ့်မည်။
17 ၁၇ သင် ၏အိမ်နီးချင်း အိမ် ၌ ကြာမြင့် စွာ မ နေနှင့်။ နေလျှင် သူသည် သင့် ကိုငြီးငွေ့ ၍ မုန်း လိမ့်မည်။
၁၇သင်၏အိမ်နီးချင်းအိမ်၌ ကြာမြင့်စွာ မနေနှင့်။ နေလျှင် သူသည် သင့်ကိုငြီးငွေ့၍ မုန်းလိမ့်မည်။
18 ၁၈ အိမ်နီးချင်း တဘက် ၌ မ မှန်သောသက်သေ ကို ခံ သောသူ သည် ဒုတ် ၊ ထား ၊ သံချွန် နှင့်တူ၏။
၁၈အိမ်နီးချင်းတဘက်၌ မမှန်သောသက်သေကို ခံသောသူသည် ဒုတ်၊ ထား၊ သံချွန်နှင့်တူ၏။
19 ၁၉ အမှု ရောက်သောကာလ ၌ သစ္စာ ပျက်တတ်သောသူကို ယုံ လျှင် သွား ကျိုး ခြင်း၊ ခြေ ဆစ်ပြုတ် ခြင်းကို ခံရ၏။
၁၉အမှုရောက်သော ကာလ၌ သစ္စာပျက်တတ်သောသူ ကို ယုံလျှင် သွားကျိုးခြင်း၊ ခြေဆစ်ပြုတ်ခြင်းကို ခံရ၏။
20 ၂၀ စိတ် ညှိုးငယ် သောသူအား သီချင်း ဆို သောသူသည် ဆောင်း ကာလ ၌ အဝတ် ကို ချွတ် သောသူ၊ ယမ်း စိမ်းပေါ် မှာ ပုံးရည် ကို လောင်းသောသူနှင့်တူ၏။
၂၀စိတ်ညှိုးငယ်သောသူအား သီချင်းဆိုသောသူ သည် ဆောင်းကာလ၌ အဝတ်ကို ချွတ်သောသူ၊ ယမ်းစိမ်းပေါ်မှာ ပုံးရည်ကို လောင်းသောသူနှင့်တူ၏။
21 ၂၁ သင် ၏ရန်သူ သည်မွတ်သိပ် လျှင် လုပ်ကျွေး လော့။ ရေငတ် လျှင် သောက်စရာဘို့ပေး လော့။
၂၁သင်၏ရန်သူသည် မွတ်သိပ်လျှင် လုပ်ကျွေး လော့။ ရေငတ်လျှင် သောက်စရာဘို့ပေးလော့။
22 ၂၂ ထိုသို့ ပြုလျှင် သူ ၏ခေါင်း ပေါ် ၌ မီးခဲ ကို ပုံ ထား ၍ ၊ ထာဝရဘုရား သည်လည်း၊ သင် ၌ ဆုချ တော်မူမည်။
၂၂ထိုသို့ပြုလျှင် သူ၏ခေါင်းပေါ်၌ မီးခဲကို ပုံထား ၍၊ ထာဝရဘုရားသည်လည်း၊ သင်၌ ဆုချတော်မူမည်။
23 ၂၃ မြောက် လေ သည် မိုဃ်း ရေကို ဆောင် တတ် သကဲ့သို့ ၊ ကုန်းတိုက် သောလျှာ သည် ဒေါသ မျက်နှာ ကို ဆောင်တတ်၏။
၂၃မြောက်လေသည် မိုဃ်းရေကို ဆောင်တတ် သကဲ့သို့၊ ကုန်းတိုက်သောလျှာသည် ဒေါသမျက်နှာကို ဆောင်တတ်၏။
24 ၂၄ ရန်တွေ့ တတ်သောမိန်းမ နှင့် လူ များသော အိမ် ၌ နေသည်ထက် ၊ အိမ်မိုး ပေါ် ထောင့် ထဲမှာနေ သော် သာ၍ကောင်း ၏။
၂၄ရန်တွေ့တတ်သောမိန်းမနှင့် လူများသော အိမ်၌ နေသည်ထက်၊ အိမ်မိုးပေါ် ထောင့်ထဲမှာနေသော် သာ၍ကောင်း၏။
25 ၂၅ ဝေး သောပြည် မှ ရောက်လာသောဝမ်းမြောက် စရာ သိတင်း စကားသည် ရေငတ် သောသူ ၌ ချမ်းဧ သောရေ ကဲ့သို့ဖြစ်၏။
၂၅ဝေးသောပြည်မှ ရောက်လာသော ဝမ်းမြောက် စရာ သိတင်းစကားသည် ရေငတ်သောသူ၌ ချမ်းဧသော ရေကဲ့သို့ဖြစ်၏။
26 ၂၆ ဖြောင့်မတ် သောသူသည် မ တရားသောသူရှေ့ တွင် မှားယွင်း လျှင် ၊ နောက် သောရေကန် ၊ ပုပ် သောစမ်းရေ တွင်းနှင့်တူ၏။
၂၆ဖြောင့်မတ်သောသူသည် မတရားသောသူရှေ့ တွင် မှားယွင်းလျှင်၊ နောက်သောရေကန်၊ ပုပ်သောစမ်း ရေတွင်းနှင့်တူ၏။
27 ၂၇ ပျားရည် ကို စား ကြူး လျှင် မ ကောင်း သကဲ့သို့ ၊ ကိုယ် ဂုဏ် သရေကို ရှာ လျှင် ဂုဏ် အသရေမရှိ။
၂၇ပျားရည်ကို စားကြူးလျှင် မကောင်းသကဲ့သို့၊ ကိုယ်ဂုဏ်သရေကို ရှာလျှင် ဂုဏ်အသရေမရှိ။
28 ၂၈ ကိုယ် စိတ် ကို မ ချုပ်တည်း နိုင်သောသူ သည် မြို့ရိုး ပျိုပျက် ၍ ဟင်းလင်းရှိသောမြို့ နှင့်တူ၏။
၂၈ကိုယ်စိတ်ကို မချုပ်တည်းနိုင်သောသူသည် မြို့ရိုးပျိုပျက်၍ ဟင်းလင်းရှိသော မြို့နှင့်တူ၏။

< သုတ္တံကျမ်း 25 >