< သုတ္တံကျမ်း 22 >

1 ကောင်းသောအသရေ ကို များစွာ သော ဥစ္စာ ထက် သာ၍ရွေး စရာကောင်း၏။ သူတပါးစုံမက်ခြင်း ကျေးဇူး သည် ရွှေ ငွေ ထက် သာ၍ကောင်း ၏။
ကောင်းသောအသရေကို များစွာသော ဥစ္စာ ထက်သာ၍ ရွေးစရာကောင်း၏။ သူတပါးစုံမက်ခြင်း ကျေးဇူးသည် ရွှေငွေထက်သာ၍ ကောင်း၏။
2 ငွေ ရတတ်သောသူနှင့် ဆင်းရဲ သောသူတို့သည် တွေ့ကြုံ ကြ၏။ ထိုသူ အပေါင်း တို့ကို ထာဝရဘုရား ဖန်ဆင်း တော်မူ၏။
ငွေရတတ်သောသူနှင့် ဆင်းရဲသောသူတို့သည် တွေ့ကြံကြ၏။ ထိုသူအပေါင်းတို့ကို ထာဝရဘုရား ဖန်ဆင်းတော်မူ၏။
3 သမ္မာ သတိရှိသောသူသည် အမှု ကိုမြော်မြင် ၍ ပုန်း နေတတ်၏။ ဉာဏ် တိမ်သောသူမူကား ၊ အစဉ်အတိုင်း သွား ၍ အမှု နှင့်တွေ့တတ်၏။
သမ္မာသတိရှိသောသူသည် အမှုကိုမြော်မြင်၍ ပုန်းနေတတ်၏။ ဥာဏ်တိမ်သောသူမူကား၊ အစဉ် အတိုင်းသွား၍ အမှုနှင့်တွေ့တတ်၏။
4 စိတ် နှိမ့်ချခြင်း၊ ထာဝရဘုရား ကို ကြောက်ရွံ့ ခြင်းကျေးဇူး ကြောင့် စည်းစိမ် ၊ ဂုဏ် အသရေ၊ အသက် ကို ရတတ်၏။
စိတ်နှိမ့်ချခြင်း၊ ထာဝရဘုရားကို ကြောက်ရွံ့ ခြင်းကျေးဇူးကြောင့် စည်းစိမ်၊ ဂုဏ်အသရေ၊ အသက်ကို ရတတ်၏။
5 သဘော ကောက်သောလူ သွားရာလမ်း ၌ ၊ ဆူး ပင်များနှင့် ကျော့ကွင်း များရှိတတ်၏။ မိမိ စိတ် ဝိညာဉ်ကို စောင့်ရှောက် သောသူမူကားဝေး စွာ ရှောင်သွားလိမ့်မည်။
သဘောကောက်သောလူ သွားရာလမ်း၌၊ ဆူး ပင်များနှင့် ကျော့ကွင်းများရှိတတ်၏။ မိမိစိတ်ဝိညာဉ်ကို စောင့်ရှောက်သောသူမူကား ဝေးစွာ ရှောင်သွားလိမ့်မည်။
6 သူငယ် သွားရာလမ်း ဝ ၌ ဆုံးမ သွန်သင်လော့။ သို့ပြုလျှင် သူသည်အို သောအခါ ထို လမ်းမှ မ လွှဲ၊ လိုက် သွားလိမ့်မည်။
သူငယ်သွားရာလမ်းဝ၌ ဆုံးမသွန်သင်လော့။ သို့ပြုလျှင် သူသည်အိုသောအခါ ထိုလမ်းမှမလွှဲ၊ လိုက် သွားလိမ့်မည်။
7 ငွေ ရတတ်သောသူသည် ဆင်းရဲ သောသူကို အစိုးရ ၏။ ချေးငှါးယူ သောသူသည် ချေးငှါး ပေးသောသူ ၌ ကျွန် ဖြစ်၏။
ငွေရတတ်သော သူသည်ဆင်းရဲသောသူကို အစိုးရ၏။ ချေးငှါးယူသော သူသည်ချေးငှါးပေးသောသူ၌ ကျွန်ဖြစ်၏။
8 ဒုစရိုက် မျိုးစေ့ကို ကြဲ သောသူသည် ဒုက္ခ စပါးကိုရိတ် ရမည်။ ဒေါသ စိတ်ရှိ၍ ဒဏ် ပေးနိုင်သော တန်ခိုးလည်း ပျောက် လိမ့်မည်။
ဒုစရိုက်မျိုးစေ့ကို ကြဲသောသူသည် ဒုက္ခစပါးကို ရိတ်ရမည်။ ဒေါသစိတ်ရှိ၍ ဒဏ်ပေးနိုင်သော တန်ခိုး လည်း ပျောက်လိမ့်မည်။
9 ကရုဏာ မျက်စိ ရှိသောသူ သည် ဆင်းရဲ သောသူတို့ ကိုကျွေး သောကြောင့် မင်္ဂလာ ရှိလိမ့်မည်။
ကရုဏာမျက်စိရှိသောသူသည် ဆင်းရဲသော သူတို့ကိုကျွေးသောကြောင့် မင်္ဂလာရှိလိမ့်မည်။ ရန်တွေ့ ခြင်းနှင့်ကဲ့ရဲ့ခြင်းလည်း ငြိမ်းလိမ့်မည်။
10 ၁၀ မထီမဲ့မြင် ပြုသောသူကိုနှင်ထုတ် လော့။ သို့ပြုလျှင် ရန်မာန် လည်း ထွက်သွား လိမ့်မည်။ ရန်တွေ့ ခြင်းနှင့် ကဲ့ရဲ့ ခြင်းလည်း ငြိမ်း လိမ့်မည်။
၁၀မထီမဲ့မြင်ပြုသောသူကိုနှင်ထုတ်လော့။ သို့ပြု လျှင် ရန်မာန်လည်း ထွက်သွားလိမ့်မည်။ ရန်တွေ့ခြင်းနှင့် ကဲ့ရဲ့ခြင်းလည်း ငြိမ်းလိမ့်မည်။
11 ၁၁ စိတ် နှလုံးဖြူစင် ခြင်းကို နှစ်သက် သောသူသည် လျောက်ပတ် သောစကား ကို ပြောတတ်၍၊ ရှင် ဘုရင်နှင့် မိတ်ဆွေ ဖွဲ့ရလိမ့်မည်။
၁၁စိတ်နှလုံးဖြူစင်ခြင်းကို နှစ်သက်သောသူသည် လျောက်ပတ်သောစကားကို ပြောတတ်၍၊ ရှင်ဘုရင်နှင့် မိတ်ဆွေဖွဲ့ရလိမ့်မည်။
12 ၁၂ ထာဝရဘုရား ၏ မျက်စိ တော်သည် ပညာ အတတ်ကို စောင့် ၏။ ပြစ်မှား သောသူ၏စကား ကိုကား ချေ တော်မူ၏။
၁၂ထာဝရဘုရား၏ မျက်စိတော်သည် ပညာ အတတ်ကို စောင့်၏။ ပြစ်မှားသောသူ၏စကားကိုကား ချေတော်မူ၏။
13 ၁၃ ပျင်းရိ သောသူက၊ အိမ် ပြင်မှာခြင်္သေ့ ရှိ၏။ လမ်း သို့ ထွက်လျှင် ငါသေ လိမ့်မည်ဟု ဆို တတ်၏။
၁၃ပျင်းရိသောသူက၊ အိမ်ပြင်မှာခြင်္သေ့ရှိ၏။ လမ်း သို့ ထွက်လျှင် ငါသေလိမ့်မည်ဟု ဆိုတတ်၏။
14 ၁၄ အမျိုး ပျက်သော မိန်းမ၏နှုတ် သည် နက် သော မြေတွင်း ဖြစ်၏။ ထာဝရဘုရား စက်ဆုပ် ရွံရှာတော်မူသောသူသည် ထို မြေတွင်းထဲသို့ ကျ လိမ့်မည်။
၁၄အမျိုးပျက်သော မိန်းမ၏နှုတ်သည် နက်သော မြေတွင်းဖြစ်၏။ ထာဝရဘုရားစက်ဆုပ်ရွံရှာတော်မူ သော သူသည်ထိုမြေတွင်းထဲသို့ ကျလိမ့်မည်။
15 ၁၅ မိုက် သောသဘောသည် သူငယ် ၏ စိတ် နှလုံးထဲမှာ ထုပ် ထားလျက်ရှိ၏။ သို့သော်လည်း၊ ဆုံးမ သော ကြိမ်လုံး သည် ထို သဘောကို ဝေး စွာ နှင်တတ်၏။
၁၅မိုက်သောသဘောသည် သူငယ်၏ စိတ်နှလုံး ထဲမှာ ထုပ်ထားလျက်ရှိ၏။ သို့သော်လည်း၊ ဆုံးမသော ကြိမ်လုံးသည် ထိုသဘောကို ဝေးစွာ နှင်တတ်၏။
16 ၁၆ ကိုယ် စီးပွါး အဘို့ ဆင်းရဲသား တို့ကို ညှဉ်းဆဲ သောသူနှင့်၊ ငွေ ရတတ်သောသူတို့ အား ပေး သောသူသည် ဆင်းရဲ ခြင်းသို့ အမှန်ရောက်လိမ့်မည်။
၁၆ကိုယ်စီးပွါးအဘို့ ဆင်းရဲသားတို့ကို ညှဉ်းဆဲ သောသူနှင့်၊ ငွေရတတ်သော သူတို့အား ပေးသောသူ သည် ဆင်းရဲခြင်းသို့ အမှန်ရောက်လိမ့်မည်။
17 ၁၇ သင် ၏နား ကိုညွှတ် ၍ ပညာရှိ စကား ကို နားထောင် လော့။ ငါ့ ပညာ အတတ်ကို လည်း စိတ် နှလုံး၌ စွဲလမ်း လော့။
၁၇သင်၏နားကိုညွှတ်၍ ပညာရှိစကားကို နား ထောင်လော့။ ငါ့ပညာအတတ်ကိုလည်း စိတ်နှလုံး၌ စွဲလမ်းလော့။
18 ၁၈ သင် ၏နှလုံး ၌ သွင်းမိ နိုင်လျှင် သာယာ သော အကျိုးရှိလိမ့်မည်။ သင် ၏နှုတ် ၌ လည်း အစဉ် အသင့်ရှိ လိမ့်မည်။
၁၈သင်၏နှလုံး၌ သွင်းမိနိုင်လျှင် သာယာသော အကျိုးရှိလိမ့်မည်။ သင်၏နှုတ်၌လည်း အစဉ်အသင့်ရှိ လိမ့်မည်။
19 ၁၉ သင် သည်ထာဝရဘုရား ၌ ခိုလှုံ မည်အကြောင်း ၊ သင့် ကိုယ်တိုင်ကိုယနေ့ ငါသွန်သင် ၏။
၁၉သင်သည်ထာဝရဘုရား၌ ခိုလှုံမည်အကြောင်း၊ သင့်ကိုယ်တိုင် ကိုယနေ့ငါသွန်သင်၏။
20 ၂၀
၂၀သင်သည် သမ္မာတရားစကားစစ်ကိုသိမည် အကြောင်းနှင့်၊ သင့်ထံသို့ စေလွှတ်သောသူတို့အား၊ သမ္မာ စကားကို ပြန်ပြောနိုင်မည်အကြောင်း သတိပေးလျက်၊ ပညာအတတ်ကို ပြသလျက်၊ ထူးဆန်းသော အရာတို့ကို ငါရေး၍ ပေးလိုက်သည်မဟုတ်လော။
21 ၂၁ သင် သည် သမ္မာ တရားစကား စစ် ကိုသိ မည် အကြောင်း နှင့်၊ သင့် ထံသို့စေလွှတ် သော သူတို့အား ၊ သမ္မာ စကား ကို ပြန် ပြောနိုင်မည်အကြောင်း သတိပေးလျက်၊ ပညာ အတတ်ကို ပြသလျက် ၊ ထူးဆန်းသော အရာတို့ကို ငါရေး ၍ ပေးလိုက်သည် မဟုတ်လော။
၂၁
22 ၂၂ ဆင်းရဲသောသူ၏ဆင်းရဲကိုထောက်၍၊ သူ၏ ဥစ္စာ ကို မ လုမယူနှင့်။ ဒုက္ခိတ သတ္တဝါကို မြို့ တံခါးဝ၌ မ ညှဉ်းဆဲ နှင့်။
၂၂ဆင်းရဲသောသူ၏ဆင်းရဲကိုထောက်၍၊ သူ၏ ဥစ္စာကို မလုမယူနှင့်။ ဒုက္ခိတသတ္တဝါကို မြို့တံခါးဝ၌ မညှဉ်းဆဲနှင့်။
23 ၂၃ အကြောင်း မူကား၊ ထာဝရဘုရား သည် သူ တို့ အမှု ကို စောင့် တော်မူမည်။ သူတို့ဥစ္စာကို လုယူ သောသူ တို့ ၏ အသက် ကို လုယူ တော်မူမည်။
၂၃အကြောင်းမူကား၊ ထာဝရဘုရားသည် သူတို့ အမှုကို စောင့်တော်မူမည်။ သူတို့ဥစ္စာကို လုယူသော သူတို့၏ အသက်ကို လုယူတော်မူမည်။
24 ၂၄ စိတ်တို သောသူ ကို မိတ်ဆွေ မ ဖွဲ့နှင့်။ အမျက် ပြင်းထန်သော သူ နှင့်အတူ မ လိုက် နှင့်။
၂၄စိတ်တိုသောသူကို မိတ်ဆွေမဖွဲ့နှင့်။ အမျက် ပြင်းထန်သော သူနှင့် အတူမလိုက်နှင့်။
25 ၂၅ လိုက်လျှင် သူ ၏ထုံးစံ ဓလေ့တို့ကိုသင် ၍ ၊ ကိုယ် အသက် ကျော့မိ ရာ ဖြစ် လိမ့်မည်။
၂၅လိုက်လျှင် သူ၏ထုံးစံဓလေ့တို့ကိုသင်၍၊ ကိုယ် အသက်ကျော့မိရာဖြစ်လိမ့်မည်။
26 ၂၆ လက်ဝါး ချင်းရိုက် သောလူစုနှင့် သူ့ကြွေး ကို အာမခံ သော လူစုထဲ သို့ မ ဝင် နှင့်။
၂၆လက်ဝါးချင်းရိုက်သောလူစုနှင့် သူ့ကြွေးကို အာမခံသော လူစုထဲသို့ မဝင်နှင့်။ သင်၌ပေးရန်မရှိလျှင်၊ သင့်အိပ်ရာကို အဘယ်ကြောင့် ယူသွားစေချင်သနည်း။
27 ၂၇ သင် ၌ ပေး ရန် မ ရှိလျှင် ၊ သင့် အိပ်ရာ ကို အဘယ်ကြောင့် ယူသွား စေချင်သနည်း။
၂၇
28 ၂၈ ဘိုးဘေး စိုက် ဘူးသော မြေမှတ်တိုင် တို့ကို မ ရွှေ့ နှင့်။
၂၈ဘိုးဘေးစိုက်ဘူးသော မြေမှတ်တိုင်တို့ကို မရွှေ့ နှင့်။
29 ၂၉ ဆောင်ရွက်စရာအမှု ကို ကြိုးစား ၍ ပြီးစီးစေ တတ်သောသူ ရှိ သလော။ ထိုသူသည် သာမည လူ၏ အမှု ကို မ ဆောင်ရွက် ၊ ရှင်ဘုရင် ၏ အမှု တော်ကို ဆောင်ရွက် ရ၏။
၂၉ဆောင်ရွက်စရာအမှုကိုကြိုးစား၍ ပြီးစီးစေ တတ်သောသူရှိသလော။ ထိုသူသည် သာမညလူ၏ အမှုကို မဆောင်ရွက်၊ ရှင်ဘုရင်၏ အမှုတော်ကို ဆောင် ရွက်၏။

< သုတ္တံကျမ်း 22 >