< သုတ္တံကျမ်း 19 >

1 ကောက်လိမ် သော စကား ကိုသုံးတတ်သော လူမိုက် ထက် ၊ ဖြောင့်မတ် ခြင်းလမ်းသို့ လိုက် သော ဆင်းရဲ သူသည်သာ၍ကောင်း ၏။
Better is the poor that walks in his integrity, than he that is perverse in his lips, and is a fool.
2 စိတ် ဝိညာဉ်သည် ပညာ အတတ်မ ရှိဘဲ မ နေကောင်း ။ အလျင် အမြန်သွားသောသူသည် လည်း မှားယွင်း တတ်၏။
Also, that the soul be without knowledge, it is not good; and he that hastes with his feet sins.
3 လူ သည် မိုက် သောသဘောကြောင့်၊ လမ်းလွဲ ၍ စိတ် ထဲမှာ ထာဝရဘုရား ကို ကဲ့ရဲ့ ပြစ်တင်တတ်၏။
The foolishness of man perverts his way: and his heart frets against the LORD.
4 စည်းစိမ် ရှိလျှင် အဆွေ ခင်ပွန်းများ တတ်၏။ ဆင်းရဲ သောသူမူကား ၊ မိမိ အိမ်နီးချင်းနှင့်မျှ မ ပေါင်းဘော် ရ။
Wealth makes many friends; but the poor is separated from his neighbour.
5 မ မှန်သောသက်သေ သည် အပြစ် မခံဘဲမနေရ။ မုသာ ကို သုံး သောသူသည်လည်း ဒဏ်နှင့်မ လွတ် ရ။
A false witness shall not be unpunished, and he that speaks lies shall not escape.
6 များ သောသူတို့သည် မင်း ကိုဖျောင်းဖျ တတ်ကြ ၏။ လက်ဆောင် ပေးသော သူ ကိုလည်း၊ လူတိုင်း မိတ်ဆွေ ဖွဲ့တတ်၏။
Many will implore the favour of the prince: and every man is a friend to him that gives gifts.
7 ဆင်းရဲ သောသူ၏ ညီအစ်ကို ရှိသမျှ တို့သည် သူ့ ကို မုန်း တတ်ကြ၏။ သူ ၏အဆွေ ခင်ပွန်းတို့သည် သူ့ ကို သာ၍ ဝေး စွာရှောင်တတ်ကြ၏။ လိုက် ၍ခေါ်သော်လည်း ကွယ်ပျောက် ကြပြီ။
All the brethren of the poor do hate him: how much more do his friends go far from him? he pursues them with words, yet they are lacking to him.
8 ပညာ ကိုရ သောသူသည် မိမိ အသက် ဝိညာဉ်ကို ချစ် ရာရောက်၏။ ဉာဏ် ကိုစွဲလမ်း သောသူသည်လည်း၊ ကောင်းကျိုး ကို ခံ တတ်၏။
He that gets wisdom loves his own soul: he that keeps understanding shall find good.
9 မ မှန်သောသက်သေ သည် အပြစ် မခံဘဲမနေရ။ မုသာ ကိုသုံး သောသူသည် လည်း ၊ ပျက်စီး ခြင်းသို့ ရောက် လိမ့်မည်။
A false witness shall not be unpunished, and he that speaks lies shall perish.
10 ၁၀ မိုက် သောသူသည် မ ပျော်မွေ့ သင့်။ ထိုမျှမက ၊ ကျွန် သည်မင်း တို့ကို အစိုး မရသင့်။
Delight is not suitable for a fool; much less for a servant to have rule over princes.
11 ၁၁ သမ္မာ သတိရှိသောသူ သည် မိမိ အမျက် ဒေါသ ကို ချုပ်တည်း တတ်၏။ သူတပါးပြစ်မှား ခြင်းကို သည်းခံ သောသူသည်လည်း ဘုန်း အသရေရှိ၏။
The discretion of a man defers his anger; and it is his glory to pass over a transgression.
12 ၁၂ ရှင်ဘုရင် ၏အမျက် တော်သည် ခြင်္သေ့ ဟောက် သကဲ့သို့ ဖြစ်၏။ ကျေးဇူး တော်မူကား ၊ မြက် ပေါ် မှာ ကျသော နှင်းရည် ကဲ့သို့ ဖြစ်၏။
The king's wrath is as the roaring of a lion; but his favour is as dew upon the grass.
13 ၁၃ မိုက် သော သား သည် အဘ ဆင်းရဲ စရာ အကြောင်း ဖြစ်၏။ ရန်တွေ့ တတ်သောမယား သည်လည်း ၊ အစက် စက်ကျသော မိုဃ်း ပေါက်နှင့်တူ၏။
A foolish son is the calamity of his father: and the contentions of a wife are a continual dropping.
14 ၁၄ အိမ် နှင့် စည်းစိမ် သည် မိဘ အမွေ ဥစ္စာဖြစ်၏။ သမ္မာ သတိရှိသောမယား မူကား ၊ ထာဝရဘုရား ပေးသနား တော်မူရာ ဖြစ်၏။
House and riches are the inheritance of fathers: and a prudent wife is from the LORD.
15 ၁၅ ပျင်းရိ သော သဘောသည် လွန်ကျူး စွာ အိပ်ပျော် စေ၍ ၊ ပျင်းရိ သောသူသည် အငတ် ခံရ၏။
Slothfulness casts into a deep sleep; and an idle soul shall suffer hunger.
16 ၁၆ ပညတ် တရားကို စောင့် သောသူသည် မိမိ အသက် ဝိညာဉ်ကို စောင့် ရာရောက်၏။ မိမိ သွားရာလမ်း တို့ကို မထီလေးစား ပြုသောသူမူကား၊ အသေ ခံရ၏။
He that keeps the commandment keeps his own soul; but he that despises his ways shall die.
17 ၁၇ ဆင်းရဲ သားကို သနား သောသူသည် ထာဝရ ဘုရား အား ချေးငှါး သောသူဖြစ်၍ ၊ သူ ပြုသောအမှု ၏ အကျိုးကိုဆပ် ပေးတော်မူလိမ့်မည်။
He that has pity upon the poor lends unto the LORD; and that which he has given will he pay him again.
18 ၁၈ မြော်လင့် စရာရှိ စဉ်အခါ ၊ ကိုယ် သား ကို ဆုံးမ လော့။ သူ့ ကိုအကျိုး နည်းအောင် သနား သောစိတ်မ ရှိစေနှင့်။
Chasten your son while there is hope, and let not your soul spare for his crying.
19 ၁၉ ဒေါသ အမျက်ကြီး သောသူသည် အပြစ်ဒဏ် ကိုခံရလိမ့်မည်။ သူ့ကိုကယ်နှုတ် လျှင် အဖန်ဖန် ကယ်နှုတ်ရမည်။
A man of great wrath shall suffer punishment: for if you deliver him, yet you must do it again.
20 ၂၀ နောက်ဆုံး ကာလ၌ ပညာရှိ ဖြစ်လိုသောငှါ ၊ ဆုံးမ သော စကားကို နားထောင် ၍ နည်းဥပဒေသ ကို ခံယူ လော့။
Hear counsel, and receive instruction, that you may be wise in your latter end.
21 ၂၁ လူ သည်အထူးထူး အပြားပြားကြံစည် တတ်၏။ သို့ရာတွင် ၊ ထာဝရဘုရား ၏အကြံ တော်သည် တည် လိမ့်မည်။
There are many devices in a man's heart; nevertheless the counsel of the LORD, that shall stand.
22 ၂၂ လူ သည်စေတနာ ရှိလျှင် ကျေးဇူး ပြုရာ ရောက်၏။ ဆင်းရဲ သောသူသည်လည်း ၊ မုသာ သုံးသော သူ ထက် သာ၍ကောင်း ၏။
The desire of a man is his kindness: and a poor man is better than a liar.
23 ၂၃ ထာဝရဘုရား ကို ကြောက်ရွံ့ သောသဘောသည် အသက်ရှင် ခြင်းနှင့်ဆိုင်သည်ဖြစ်၍ ထိုသဘောရှိသောသူသည် အလို ဆန္ဒပြည့်စုံလျက်ရှိ၍၊ ဘေးဥပဒ် နှင့်ကင်းလွတ် လိမ့်မည်။
The fear of the LORD tends to life: and he that has it shall abide satisfied; he shall not be visited with evil.
24 ၂၄ ပျင်းရိ သောသူသည်မိမိ လက် ကို အိုး ၌ သွင်း သော်လည်း တဖန်နှုတ် ၍ မိမိ ပစပ် သို့ မ ခွံ့လို။
A slothful man hides his hand in his bosom, and will not so much as bring it to his mouth again.
25 ၂၅ မထီမဲ့မြင် ပြုသောသူကို ရိုက် လျှင် ဉာဏ် တိမ် သောသူသည် သတိ ရလိမ့်မည်။ ဉာဏ် ကောင်းသော သူကို ဆုံးမ လျှင် ၊ သူသည် ပညာ တရားကို နားလည် လိမ့်မည်။
Strike a scorner, and the simple will beware: and reprove one that has understanding, and he will understand knowledge.
26 ၂၆ အဘ ဥစ္စာ ကိုဖြုန်း၍ အမိ ကိုနှင်ထုတ် သော သားသည် အရှက်ခွဲ သောသား၊ ကဲ့ရဲ့ ခြင်းကိုခံစေသော သားဖြစ်၏။
He that wastes his father, and chases away his mother, is a son that causes shame, and brings reproach.
27 ၂၇ ငါ့ သား ၊ ပညာ တရားကို ပယ် စေခြင်းငှါ ၊ သွန်သင် သောသူ ၏စကား ကို နား မ ထောင်နှင့်။
Cease, my son, to hear the instruction that causes to go astray from the words of knowledge.
28 ၂၈ အဓမ္မ သက်သေ သည် တရား ကို မထီမဲ့မြင် ပြုတတ်၏။ မ တရားသောသူသည် လည်း ၊ ဒုစရိုက် ကို စား ၍ မျို တတ်၏။
An ungodly witness scorns judgment: and the mouth of the wicked devours iniquity.
29 ၂၉ မထီမဲ့မြင် ပြုသောသူတို့အဘို့ အပြစ် စီရင်ခြင်း၊ မိုက် သောသူတို့ ၏ကျော အဘို့ ဒဏ် ပေးခြင်းသည် အသင့် ရှိ၏။
Judgments are prepared for scorners, and stripes for the back of fools.

< သုတ္တံကျမ်း 19 >