< သုတ္တံကျမ်း 15 >

1 ဖြည်းညှင်း သော စကား သည် စိတ် ကိုဖြေ တတ် ၏။ ကြမ်းတမ်း သောစကား မူကား ၊ အမျက် ကို နှိုးဆော် တတ်၏။
ဖြည်းညှင်းသော စကားသည် စိတ်ကိုဖြေတတ် ၏။ ကြမ်းတမ်းသောစကားမူကား၊ အမျက်ကို နှိုးဆော် တတ်၏။
2 ပညာရှိ သောသူ ၏လျှာ သည်ပညာ အတတ်ကို တင့်တယ် စေတတ်၏။ မိုက် သောသူတို့၏ နှုတ် မူကား ၊ မိုက် သောအရာကို သွန်းလောင်း တတ်၏။
ပညာရှိသော သူ၏လျှာသည် ပညာအတတ်ကို တင့်တယ်စေတတ်၏။ မိုက်သောသူတို့၏ နှုတ်မူကား၊ မိုက်သောအရာကို သွန်းလောင်းတတ်၏။
3 ထာဝရဘုရား ၏မျက်စိ တော်သည် ခပ်သိမ်း သောအရပ် ၌ ရှိ၍၊ ကောင်း မကောင်း ကို ကြည့်ရှု တော်မူ၏။
ထာဝရဘုရား၏မျက်စိတော်သည် ခပ်သိမ်း သောအရပ်၌ရှိ၍၊ ကောင်းမကောင်းကို ကြည့်ရှုတော်မူ ၏။
4 ဖြည်းညှင်း သောလျှာ သည် အသက် ဖြစ်၏။ ကြမ်းတမ်း သော လျှာ မူကား စိတ် နာ စေတတ်၏။
ဖြည်းညှင်းသောလျှာသည် အသက်ဖြစ်၏။ ကြမ်းတမ်းသော လျှာမူကား စိတ်နာစေတတ်၏။
5 မိုက် သောသူသည် အဘ သွန်သင် ခြင်းကို မထီမဲ့မြင် ပြုတတ်၏။ ဆုံးမ သော စကားကို နားထောင် သော သူမူကား ၊ သမ္မာ သတိနှင့်ပြည့်စုံတတ်၏။
မိုက်သောသူသည် အဘသွန်သင်ခြင်းကို မထီမဲ့ မြင်ပြုတတ်၏။ ဆုံးမသော စကားကို နားထောင်သော သူမူကား၊ သမ္မာသတိနှင့်ပြည့်စုံတတ်၏။
6 ဖြောင့်မတ် သောသူ၏ အိမ် ၌များစွာ သော စည်းစိမ် ရှိ၏။ မ တရားသော သူခံရသောအခွန် မူကား ၊ များစွာသော နှောင့်ရှက် ခြင်းနှင့်ယှဉ်၏။
ဖြောင့်မတ်သောသူ၏ အိမ်၌များစွာသော စည်းစိမ်ရှိ၏။ မတရားသော သူခံရသောအခွန်မူကား၊ များစွာသော နှောင့်ရှက်ခြင်းနှင့်ယှဉ်၏။
7 ပညာရှိ သောသူ ၏နှုတ်ခမ်း တို့သည် ပညာ အတတ်ကို စွန့်ကြဲ တတ်၏။ မိုက် သောသူ၏ နှလုံး မူကား ပညာမ ရှိ။
ပညာရှိသော သူ၏နှုတ်ခမ်းတို့သည် ပညာ အတတ်ကို စွန့်ကြဲတတ်၏။ မိုက်သောသူ၏ နှလုံးမူကား ပညာမရှိ။
8 မ တရားသောသူ ပူဇော်သောယဇ် ကို ထာဝရဘုရား စက်ဆုပ် ရွံ့ရှာတော်မူ၏။ သဘော ဖြောင့်သောသူ ဆုတောင်းသော ပဌနာ ကိုကား ၊ နှစ်သက် တော်မူ၏။
မတရားသောသူ ပူဇော်သောယဇ်ကို ထာဝရ ဘုရားစက်ဆုပ် ရွံ့ရှာတော်မူ၏။ သဘောဖြောင့်သောသူ ဆုတောင်းသော ပဌနာကိုကား၊ နှစ်သက်တော်မူ၏။
9 မ တရားသော သူလိုက်သောလမ်း ကို ထာဝရဘုရား စက်ဆုပ် ရွံရှာတော်မူ၏။ ဖြောင့်မတ် ခြင်း တရား လမ်းသို့ လိုက် သောသူကိုကား ချစ် တော်မူ၏။
မတရားသော သူလိုက်သောလမ်းကို ထာဝရ ဘုရားစက်ဆုပ်ရွံရှာတော်မူ၏။ ဖြောင့်မတ်ခြင်း တရား လမ်းသို့ လိုက်သောသူကိုကား ချစ်တော်မူ၏။
10 ၁၀ လမ်း လွှဲ သောသူသည် ဆုံးမ သောစကားကို နား မခံလို။ သို့သော်လည်း၊ အပြစ်တင် ခြင်းကို မုန်း သောသူသည် သေ ရမည်။
၁၀လမ်းလွှဲသောသူသည် ဆုံးမသောစကားကို နားမခံလို။ သို့သော်လည်း၊ အပြစ်တင်ခြင်းကို မုန်းသော သူသည် သေရမည်။
11 ၁၁ မရဏာ နိုင်ငံနှင့် အဗဒ္ဒုန် နိုင်ငံသည် ထာဝရဘုရား ရှေ့ တော်၌ ထင်ရှား၏။ ထိုမျှမက၊ လူ သားတို့၏ နှလုံး သည် သာ၍ ထင်ရှား ၏။ (Sheol h7585)
၁၁မရဏာနိုင်ငံနှင့်အဗဒ္ဒုန်နိုင်ငံသည် ထာဝရ ဘုရားရှေ့တော်၌ ထင်ရှား၏။ ထိုမျှမက၊ လူသားတို့၏ နှလုံးသည် သာ၍ထင်ရှား၏။ (Sheol h7585)
12 ၁၂ မထီမဲ့မြင် ပြုသောသူသည် အပြစ် ပြသောသူ ကို မ ချစ် တတ်။ ပညာရှိ ထံသို့ မ ချဉ်းကပ် တတ်။
၁၂မထီမဲ့မြင်ပြုသောသူသည် အပြစ်ပြသောသူကို မချစ်တတ်။ ပညာရှိထံသို့ မချဉ်းကပ်တတ်။
13 ၁၃ ရွှင်လန်းသော စိတ် နှလုံးသည် ချို သောမျက်နှာ ကို ဖြစ်စေတတ်၏။ ညှိုးငယ် ခြင်းအားဖြင့် ကား ၊ စိတ် ပျက် တတ်၏။
၁၃ရွှင်လန်းသောစိတ်နှလုံးသည် ချိုသောမျက်နှာ ကို ဖြစ်စေတတ်၏။ ညှိုးငယ်ခြင်းအားဖြင့်ကား၊ စိတ်ပျက် တတ်၏။
14 ၁၄ ဉာဏ် ကောင်းသောသူ၏ စိတ် နှလုံးသည် ပညာ အတတ်ကို ရှာ တတ်၏။ မိုက် သောသူတို့၏ နှုတ် မူကား ၊ မိုက် ခြင်းကို ကျက်စား တတ်၏။
၁၄ဥာဏ်ကောင်းသောသူ၏ စိတ်နှလုံးသည် ပညာ အတတ်ကို ရှာတတ်၏။ မိုက်သောသူတို့၏ နှုတ်မူကား၊ မိုက်ခြင်းကို ကျက်စားတတ်၏။
15 ၁၅ ဆင်းရဲ ငြိုငြင်သောသူ၏ နေ့ရက် ရှိသမျှ တို့သည် ဆိုးယုတ် ကြ၏။ ရွှင်လန်း သောစိတ် နှလုံးမူကား ၊ အစဉ် အမြဲခံရသောပွဲ ဖြစ်၏။
၁၅ဆင်းရဲငြိုငြင်သောသူ၏ နေ့ရက်ရှိသမျှတို့သည် ဆိုးယုတ်ကြ၏။ ရွှင်လန်းသောစိတ်နှလုံးမူကား၊ အစဉ် အမြဲခံရသောပွဲဖြစ်၏။
16 ၁၆ နှောင့်ရှက် ခြင်းနှင့် ယှဉ်၍ ကြီးစွာ သော စည်းစိမ်ထက် ထာဝရဘုရား ကိုကြောက်ရွံ့ ခြင်းနှင့် ယှဉ် သောဥစ္စာ အနည်းငယ် သည် သာ၍ ကောင်း ၏။
၁၆နှောင့်ရှက်ခြင်းနှင့်ယှဉ်၍ ကြီးစွာသော စည်းစိမ် ထက် ထာဝရဘုရားကိုကြောက်ရွံ့ခြင်းနှင့် ယှဉ်သောဥစ္စာ အနည်းငယ်သည် သာ၍ကောင်း၏။
17 ၁၇ ဆူ အောင်ကျွေးသော နွား တကောင်လုံးကို အချင်းချင်း အငြိုး ထားသောစိတ်နှင့် စားရသည်ထက်၊ ချစ် ခြင်းမေတ္တာပါသော ဟင်းရွက် တနပ်စာ သည်သာ၍ ကောင်း ၏။
၁၇ဆူအောင်ကျွေးသော နွားတကောင်လုံးကို အချင်းချင်း အငြိုးထားသောစိတ်နှင့်စားရသည်ထက်၊ ချစ်ခြင်းမေတ္တာပါသော ဟင်းရွက်တနပ် စာသည်သာ၍ ကောင်း၏။
18 ၁၈ မာန ကြီးသောသူ သည် ရန် ကိုနှိုးဆော် တတ်၏။ သည်းခံ နိုင်သော သူမူကား ငြိမ်း တတ်၏။
၁၈မာနကြီးသောသူသည် ရန်ကိုနှိုးဆော်တတ်၏။ သည်းခံနိုင်သော သူမူကားငြိမ်းတတ်၏။
19 ၁၉ ပျင်းရိ သောသူသွားရာ လမ်း ၌ ဆူး ပင်ဆီး ကာ လျက် ရှိ၏။ ဖြောင့်မတ် သောသူ သွား ရာလမ်းမူကား ၊ မို့ မောက်လျက်ရှိ၏။
၁၉ပျင်းရိသောသူသွားရာ လမ်း၌ဆူးပင်ဆီးကာ လျက် ရှိ၏။ ဖြောင့်မတ်သောသူ သွားရာလမ်းမူကား၊ မို့မောက်လျက်ရှိ၏။
20 ၂၀ ပညာရှိ သောသား သည်အဘ ဝမ်းမြောက် ခြင်း အကြောင်းဖြစ်၏။ မိုက် သောသား မူကား ၊ မိမိ အမိ ကို မထီမဲ့မြင် ပြုတတ်၏။
၂၀ပညာရှိသောသားသည်အဘဝမ်းမြောက်ခြင်း အကြောင်းဖြစ်၏။ မိုက်သောသားမူကား၊ မိမိအမိကို မထီမဲ့မြင်ပြုတတ်၏။
21 ၂၁ ဉာဏ် မ ရှိသောသူသည် မိုက် ခြင်း၌ ပျော်မွေ့ တတ်၏။ ဉာဏ် ရှိသောသူ မူကား ၊ ဖြောင့်မတ် သောအကျင့် ကို ကျင့် တတ်၏။
၂၁ဥာဏ်မရှိသောသူသည် မိုက်ခြင်း၌ ပျော်မွေ့ တတ်၏။ ဥာဏ်ရှိသော သူမူကား၊ ဖြောင့်မတ်သော အကျင့် ကို ကျင့်တတ်၏။
22 ၂၂ တိုင်ပင် ခြင်းမ ရှိလျှင် အကြံ ပျက် တတ်၏။ တိုင်ပင် သော သူများ လျှင် မူကား ၊ အကြံ တည်တတ်၏။
၂၂တိုင်ပင်ခြင်းမရှိလျှင် အကြံပျက်တတ်၏။ တိုင် ပင်သော သူများလျှင်မူကား၊ အကြံတည်တတ်၏။
23 ၂၃ လူ သည်ပြန်ပြော သောစကား အားဖြင့် ဝမ်းမြောက် စရာအကြောင်းရှိ၏။ အချိန်တန် ၍ ပြောသော စကား သည်လည်း အလွန် လျောက်ပတ် ပေ၏။
၂၃လူသည် ပြန်ပြောသောစကားအားဖြင့် ဝမ်း မြောက်စရာအကြောင်းရှိ၏။ အချိန်တန်၍ ပြောသော စကားသည်လည်း အလွန်လျောက်ပတ်ပေ၏။
24 ၂၄ ပညာရှိ သော သူလိုက်ရာ အသက် လမ်း သည် အောက် အရပ်၊ မရဏာ နိုင်ငံမှ လွှဲရှောင် ၍၊ အထက် သို့ ပို့ဆောင်တတ်၏။ (Sheol h7585)
၂၄ပညာရှိသော သူလိုက်ရာ အသက်လမ်းသည် အောက်အရပ်၊ မရဏာနိုင်ငံမှ လွှဲရှောင်၍၊ အထက်သို့ ပို့ဆောင်တတ်၏။ (Sheol h7585)
25 ၂၅ မာန ထောင်လွှားသောသူ ၏အိမ် ကို ထာဝရဘုရား ဖျက်ဆီး တော်မူမည်။ မုတ်ဆိုးမ နေရာ အရပ်ကို ကား ၊ တည် စေတော်မူမည်။
၂၅မာနထောင်လွှားသော သူ၏အိမ်ကို ထာဝရ ဘုရားဖျက်ဆီးတော်မူမည်။ မုတ်ဆိုးမနေရာ အရပ်ကို ကား၊ တည်စေတော်မူမည်။
26 ၂၆ မ တရားသောသူ၏ အကြံအစည် တို့ကို ထာဝရဘုရား စက်ဆုပ် ရွံရှာတော်မူ၏။ စင်ကြယ် သောသူ၏ စကား တို့ကိုကား ၊ နှစ်သက် တော်မူ၏။
၂၆မတရားသောသူ၏ အကြံအစည်တို့ကို ထာဝရ ဘုရား စက်ဆုပ်ရွံရှာတော်မူ၏။ စင်ကြယ်သောသူ၏ စကားတို့ကိုကား၊ နှစ်သက်တော်မူ၏။
27 ၂၇ မ တရားသော စီးပွါးကို ရှာ သောသူသည် မိမိ အိမ်သား တို့ကို နှောင့်ရှက် တတ်၏။ တံစိုး ကိုရွံ သောသူမူကား အသက် ချမ်းသာရလိမ့်မည်။
၂၇မတရားသော စီးပွါးကို ရှာသောသူသည် မိမိ အိမ်သားတို့ကို နှောင့်ရှက်တတ်၏။ တံစိုးကိုရွံသောသူမူ ကား အသက်ချမ်းသာရလိမ့်မည်။
28 ၂၈ ဖြောင့်မတ် သောသူသည် အဘယ်သို့ပြန်ပြော ရမည်ကို စိတ် နှလုံးထဲမှာ ဆင်ခြင် တတ်၏။ မ တရားသောသူ ၏နှုတ် မူကား ၊ မ ကောင်းသောအရာတို့ကို သွန်းလောင်း တတ်၏။
၂၈ဖြောင့်မတ်သော သူသည်အဘယ်သို့ ပြန်ပြော ရမည်ကို စိတ်နှလုံးထဲမှာ ဆင်ခြင်တတ်၏။ မတရားသော သူ၏နှုတ်မူကား၊ မကောင်းသောအရာတို့ကို သွန်း လောင်းတတ်၏။
29 ၂၉ ထာဝရဘုရား သည် မ တရားသောသူတို့ နှင့် ဝေး တော်မူ၏။ ဖြောင့်မတ် သောသူ၏ ပဌနာ စကားကို ကား နားထောင် တော်မူ၏။
၂၉ထာဝရဘုရားသည် မတရားသော သူတို့နှင့် ဝေးတော်မူ၏။ ဖြောင့်မတ်သောသူ၏ ပဌနာစကားကို ကား နားထောင်တော်မူ၏။
30 ၃၀ မျက်စိ အလင်း သည် နှလုံး ကို ရွှင်လန်း စေတတ် ၏။ ကောင်း သော သိတင်း စကားသည်လည်း၊ အရိုး တို့ကို ခြင်ဆီနှင့်ပြည့်ဝ စေတတ်၏။
၃၀မျက်စိအလင်းသည် နှလုံးကို ရွှင်လန်းစေတတ် ၏။ ကောင်းသော သိတင်းစကားသည်လည်း၊ အရိုးတို့ကို ခြင်ဆီနှင့်ပြည့်ဝစေတတ်၏။
31 ၃၁ အသက် နှင့်ယှဉ်သောဆုံးမ ခြင်းစကားကို နားထောင် သောသူသည် ပညာရှိ တို့နှင့် ပေါင်းဘော် ရသောအခွင့်ရှိ၏။
၃၁အသက်နှင့်ယှဉ်သောဆုံးမခြင်းစကားကို နား ထောင်သောသူသည် ပညာရှိတို့နှင့် ပေါင်းဘော်ရသော အခွင့်ရှိ၏။
32 ၃၂ ဆုံးမ ခြင်းစကားကို ပယ် သောသူသည်မိမိ အသက် ဝိညာဉ်ကို မထီမဲ့မြင် ပြုရာသို့ ရောက်၏။ နားထောင် သော သူမူကား ၊ ဉာဏ် ကိုရ တတ်၏။
၃၂ဆုံးမခြင်းစကားကို ပယ်သောသူသည် မိမိ အသက်ဝိညာဉ်ကို မထီမဲ့မြင်ပြုရာသို့ ရောက်၏။ နား ထောင်သော သူမူကား၊ ဥာဏ်ကိုရတတ်၏။
33 ၃၃ ထာဝရဘုရား ကိုကြောက်ရွံ့ သော သဘောသည် ပညာ ကိုသွန်သင် ခြင်းဖြစ်၏။ ဂုဏ် အသရေအရင်၌ နှိမ့်ချ ခြင်း၏ နေရာရှိ၏။
၃၃ထာဝရဘုရားကိုကြောက်ရွံ့သော သဘောသည် ပညာကိုသွန်သင်ခြင်းဖြစ်၏။ ဂုဏ်အသရေအရင်၌ နှိမ့်ချခြင်း၏နေရာရှိ၏။

< သုတ္တံကျမ်း 15 >