< တောလည်ရာ 6 >

1 တဖန် မောရှေ အား ထာဝရဘုရား က၊
တဖန်မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊
2 သင်သည် ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊ ယောက်ျား ဖြစ်စေ ၊ မိန်းမ ဖြစ်စေ၊ ထာဝရဘုရား အဘို့ မိမိကိုခြားနား စေ၍ နာဇရိ သစ္စာ ပြုခြင်းငှါ ၊ မိမိကို မိမိခွဲထားသောအခါ၊
ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ ထာဝရဘုရား အဘို့ မိမိကိုခြား နားစေ၍ နာဇရိသစ္စာပြုခြင်းငှါ မိမိကို မိမိခွဲထားသောအခါ၊
3 စပျစ်ရည် နှင့် ယစ် မျိုးကို ရှောင် ရမည်။ စပျစ်ရည် ချဉ် နှင့် ယစ် မျိုးချဉ် ကိုလည်း မ သောက် ရ။ စပျစ်သီး ဖြင့် လုပ်သောအရည် ကိုအလျှင်း မ သောက် ရ။ စပျစ်သီး အစိမ်း အခြောက် ကိုလည်း မ စား ရ။
စပျစ်ရည်နှင့်ယစ်မျိုးကို ရှောင်ရမည်။ စပျစ် ရည်ချဉ်နှင့် ယစ်မျိုးချဉ်ကိုလည်း မသောက်ရ။ စပျစ်သီးဖြင့် လုပ်သောအရည်ကိုအလျှင်း မသောက်ရ။ စပျစ်သီး အစိမ်းအခြောက်ကိုလည်း မစားရ။
4 ခြားနား လျက်နေသောကာလ ပတ်လုံး ၊ စပျစ်သီးအဆန် ၊ စပျစ်သီးအခွံ မှစ၍စပျစ်ပင် က ဖြစ် သမျှ ကို မ စား ရ။
ခြားနားလျက်နေသော ကာလပတ်လုံး စပျစ်သီး အဆန်၊ စပျစ်သီးအခွံမှစ၍ စပျစ်ပင်က ဖြစ်သမျှကို မစားရ။
5 ခြားနား ခြင်းသစ္စာ စောင့်သော ကာလ ပတ်လုံး ဦးဆံ ကို မ ရိတ် ရ။ ထာဝရဘုရား အဘို့ မိမိကို ခြားနား စေ သော ကာလ မ စေ့ မှီတိုင်အောင်၊ သူသည် သန့်ရှင်း ရ သဖြင့်၊ မိမိ ဆံပင် ကို အလိုအလျောက်တိုးပွား စေမည်။
ခြားနားခြင်းသစ္စာစောင့်သော ကာလပတ်လုံး၊ ဦးဆံကို မရိတ်ရ။ ထာဝရဘုရားအဘို့ မိမိကို ခြားနားစေ သော ကာလမစေ့မှီတိုင်အောင် သူသည် သန့်ရှင်းရသဖြင့်၊ မိမိဆံပင်ကို အလိုအလျောက် တိုးပွားစေမည်။
6 ထာဝရဘုရား အဘို့ မိမိ ကိုခြားနား စေသော ကာလ ပတ်လုံး ၊ အသေကောင် ကို မ ချဉ်း မကပ်ရ။
ထာဝရဘုရားအဘို့ မိမိကိုခြားနားစေသော ကာလပတ်လုံး၊ အသေကောင်ကို မချဉ်းမကပ်ရ။
7 သူ ၏ဘုရားသခင် အဘို့ သူ ၏ခေါင်း ကို ခြားနား စေသောကြောင့် ၊ မိ ဘ ၊ ညီအစ်ကို ၊ နှမ သေ သော်လည်း ၊ ညစ်ညူး ခြင်းကိုမ ခံရ။
သူ၏ဘုရားသခင်အဘို့ သူ၏ခေါင်းကို ခြားနား စေသောကြောင့်၊ မိဘ၊ ညီအစ်ကို၊ နှမသေသော်လည်း ညစ်ညူးခြင်းကိုမခံရ။
8 ခြားနား လျက်နေသောကာလ ပတ်လုံး ၊ ထာဝရဘုရား အဘို့ သန့်ရှင်း ရမည်။
ခြားနားလျက်နေသော ကာလပတ်လုံး၊ ထာဝရ ဘုရားအဘို့ သန့်ရှင်းရမည်။
9 သူ့ အနား မှာ တစုံတယောက်သောသူသည် ချက်ခြင်း သေ ၍ ၊ သူသည် ခြားနား စေသောခေါင်း ကို ညစ်ညူး စေလျှင် ၊ စင်ကြယ် စေသောနေ့ တည်းဟူသောသတ္တမ နေ့ ၌ ဦးဆံ ကိုရိတ် ရမည်။
သူ့အနားမှာ တစုံတယောက်သောသူသည် ချက်ခြင်းသေ၍၊ သူသည် ခြားနားစေသောခေါင်းကို ညစ်ညူးစေလျှင်၊ စင်ကြယ်စေသော နေ့တည်းဟူသော သတ္တမနေ့၌ ဦးဆံကို ရိတ်ရမည်။
10 ၁၀ အဌမ နေ့ ၌ ခို နှစ် ကောင်ဖြစ်စေ ၊ ချိုး ကလေး နှစ် ကောင်ဖြစ်စေ၊ တခုခုကို ပရိသတ်စည်းဝေး ရာ တဲ တော်တံခါး ရှေ့ ၊ ယဇ်ပုရောဟိတ် ထံသို့ ဆောင် ခဲ့ရမည်။
၁၀အဌမနေ့၌ ခိုနှစ်ကောင်ဖြစ်စေ၊ ချိုးကလေး နှစ်ကောင်ဖြစ်စေ၊ တခုခုကို ပရိသတ်စည်းဝေးရာ တဲ တော်တံခါးရှေ့ ယဇ်ပုရောဟိတ်ထံသို့ ဆောင်ခဲ့ရမည်။
11 ၁၁ ယဇ်ပုရောဟိတ် သည်လည်း ၊ အပြစ် ဖြေရာယဇ် ဘို့ တ ကောင်၊ မီးရှို့ ရာယဇ်ဘို့ တ ကောင်ကို ပူဇော် ၍ ၊ ထိုသူ ၌ အသေကောင် အားဖြင့် ရောက်သော အပြစ် ဖြေခြင်းကို ပြုပြီးမှ ၊ ထိုနေ့ခြင်း တွင် သူ ၏ခေါင်း ကို သန့်ရှင်း စေ ရမည်။
၁၁ယဇ်ပုရောဟိတ်သည်လည်း၊ အပြစ်ဖြေရာယဇ် ဘို့တကောင်၊ မီးရှို့ရာယဇ်ဘို့ကကောင်ကို ပူဇော်၍ ထိုသူ၌ အသေကောင်အားဖြင့် ရောက်သော အပြစ်ဖြေခင်းကို ပြုပြီးမှ၊ ထိုနေ့ခြင်းတွင်သူ၏ခေါင်းကို သန့်ရှင်းစေ ရမည်။
12 ၁၂ အရင်ခြားနား စေသော ကာလ ကို ထာဝရဘုရား အဘို့ တဖန် ခြားနား စေ၍၊ အခါမလည် သော သိုးသငယ် တကောင်ကို ဒုစရိုက် ဖြေရာ ယဇ်ပြု၍ ပူဇော် ရမည်။ အရင်ခြားနား ခြင်းပျက် သောကြောင့် ၊ လွန် သောကာလ ပျောက် ရမည်။
၁၂အရင်ခြားနားစေသော ကာလကို ထာဝရ ဘုရားအဘို့ တဖန် ခြားနားစေ၍ အခါမလည်သော သိုးသငယ်တကောင်ကို ဒုစရိုက်ဖြေရာ ယဇ်ပြု၍ ပူဇော် ရမည်။ အရင်းခြားနားခြင်းပျက်သောကြောင့် လွန်သော ကာလပျောက်ရမည်။
13 ၁၃ ခြားနား ၍ နေသောကာလ စေ့ ပြီးမှ၊ နာဇရိ လူ စောင့်ရသောတရား ဟူမူကား ၊ သူသည် ပရိသတ်စည်းဝေး ရာ တဲ တော်တံခါး ရှေ့သို့ လာ ၍ ၊
၁၃ခြားနား၍ နေသောကာလစေ့ပြီးမှ၊ နာဇရိလူ စောင့်ရသော တရားဟုမူကား၊ သူသည် ပရိသတ်စည်း ဝေးရာ တဲတော်တံခါးရှေ့သို့ လာ၍၊
14 ၁၄ မီးရှို့ ရာယဇ်ဘို့ အခါမလည် ၊ အပြစ် မပါသော သိုးသငယ် အထီးတ ကောင်၊ အပြစ် ဖြေရာယဇ်ဘို့ အခါမလည် ၊ အပြစ် မပါသော သိုးသငယ် အမတ ကောင်၊ မိဿဟာယ ယဇ်ဘို့ အပြစ် မပါသောဆိတ် တ ကောင်၊
၁၄မီးရှို့ရာယဇ်ဘို့ အခါမလည် အပြစ်မပါသော သိုး သငယ်အထီးတကောင် အပြစ်ဖြေရာယဇ်ဘို့အခါမလည် အပြစ်မပါသော သိုးသငယ်အမတကောင် မိဿဟာယ ယဇ်ဘို့ အပြစ်မပါသောဆိတ်တကောင်၊
15 ၁၅ ဆီ ရော သောမုန့်ညက် နှင့်လုပ်သော မုန့်ပြား ၊ ဆီ လူး သော တဆေးမဲ့ မုန့်ကြွပ် တည်းဟူသောတဆေးမဲ့ မုန့်တတောင်း ၊ ဘောဇဉ်ပူဇော်သက္ကာ ၊ သွန်းလောင်း ရာ ပူဇော်သက္ကာကို ထာဝရဘုရား အား ဆက် ရမည်။
၁၅ဆီရောသောမုန့်ညက်နှင့်လုပ်သော မုန့်ပြား၊ ဆီလူးသော တဆေးမဲ့ မုန့်ကြွပ်တည်းဟူသော တဆေးမဲ့ မုန့်တတောင်း၊ ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာ ပူဇော်သက္ကာကို ထာဝရဘုရားအား ဆက်ရမည်။
16 ၁၆ ထိုပူဇော်သက္ကာများကို၊ ယဇ်ပုရောဟိတ် သည် ထာဝရဘုရား ထံ တော်သို့သွင်း ၍ ၊ အပြစ် ဖြေရာ ယဇ်၊ မီးရှို့ ရာယဇ်ကို ပူဇော် ရမည်။
၁၆ထိုပူဇော်သက္ကာများကို ယဇ်ပုရောဟိတ်သည် ထာဝရဘုရားထံတော်သို့သွင်း၍ အပြစ်ဖြေရာ ယဇ်၊ မီးရှို့ ရာယဇ်ကို ပူဇော်ရမည်။
17 ၁၇ တဆေးမဲ့ မုန့်တတောင်း နှင့်တကွ ၊ မိဿဟာယ ယဇ်ဆိတ် ကို၎င်း ၊ ဘောဇဉ်ပူဇော်သက္ကာ ၊ သွန်းလောင်း ရာပူဇော်သက္ကာကို၎င်း၊ ထာဝရဘုရား အား ပူဇော် ရမည်။
၁၇တဆေးမဲ့ မုန့်တတောင်းနှင့်တကွ၊ မိဿဟာယ ယဇ်ဆိတ်ကို၎င်း ဘောဇဉ်ပူဇော်သက္ကာ သွန်းလောင်းရာ ပူဇော်သက္ကာကို၎င်း၊ ထာဝရဘုရားအားပူဇော်ရမည်။
18 ၁၈ နာဇရိ လူသည်၊ ပရိသတ်စည်းဝေး ရာ တဲ တော် တံခါး နားမှာ၊ မိမိ ခြားနား သော ဦးဆံ ကိုရိတ် ၍ ၊ ထိုဆံ ကို မိဿဟာယ ယဇ်အောက် ၌ရှိသောမီး ထဲမှာ ထည့် ရမည်။
၁၈နာဇရိလူသည်၊ ပရိသတ်စည်းဝေးရာ တဲတော် တံခါးနားမှာ မိမိခြားနားသော ဦးဆံကို ရိတ်၍၊ ထိုဆံကို မိဿဟာယယဇ်အောက်၌ရှိသော မီးထဲမှာထည့်ရမည်။
19 ၁၉ ခြားနား သော ဦးဆံကိုရိတ် ပြီးမှ ၊ ယဇ်ပုရောဟိတ် သည် ပြုတ် သော ဆိတ် ပခုံး တဘက်၊ တောင်း ထဲက တဆေးမဲ့ မုန့်ပြား တ ပြား၊ တဆေးမဲ့ မုန့်ကြွပ် တ ချပ်ကို ယူ ၍၊ နာဇရိ လူလက် ၌ ထည့် ပြီးလျှင် ၊
၁၉ခြားနားသော ဦးဆံကို ရိတ်ပြီးမှ၊ ယဇ်ပုရော ဟိတ်သည် ပြုတ်သော ဆိတ်ပခုံးတဘက်၊ တောင်းထဲက တဆေးမဲ့မုန့်ပြားတပြား၊ တဆေးမဲ့မုန့်ကြွပ်တချက်ကို ယူ၍ နာဇရိလူလက်၌ ထည့်ပြီးလျှင်၊
20 ၂၀ ထာဝရဘုရား ရှေ့ တော်၌ ချီလွှဲ ရာပူဇော်သက္ကာဘို့ ချီလွှဲ ရမည်။ ထိုအရာတို့သည်၊ ချီလွှဲ ရာရင်ပတ် ၊ ချီလွှဲရာ ပခုံး နှင့်တကွ၊ ယဇ်ပုရောဟိတ် အဘို့ သန့်ရှင်း ရမည်။ ထိုနောက်မှ ၊ နာဇရိ လူသည် စပျစ်ရည် ကို သောက် ရသောအခွင့်ရှိ၏။
၂၀ထာဝရဘုရားရှေ့တော်၌ ချီလွှဲရာပူဇော် သက္ကာဘို့ ချီလွှဲရမည်။ ထိုအရာတို့သည်၊ ချီလွှဲရာရင်ပတ်၊ ချီလွှဲရာ ပခုံးနှင့်တကွ ယဇ်ပုရောဟိတ်အဘို့ သန့်ရှင်းရမည်။ ထိုနောက်မှ နာဇရိလူသည် စပျစ်ရည်ကို သောက်ရသောအခွင့်ရှိ၏။
21 ၂၁ ဤရွေ့ကား ၊ သစ္စာ ပြုသော နာဇရိ လူသည်၊ အလိုအလျောက်တတ်နိုင် သမျှ မှတပါး၊ မိမိ ခြားနား ခြင်းအတွက် ၊ ထာဝရဘုရား အား ဆက်ရသောပူဇော်သက္ကာ နှင့် ဆိုင် သော တရား ပေတည်း။ သစ္စာ ပြုသည်အတိုင်း ၊ ခြားနား ခြင်းတရား နှင့်အညီ ပြု ရမည်ဟု မိန့်တော်မူ၏။
၂၁ဤရှေ့ကား၊ သစ္စာပြုသောနာဇရိလူသည် အလို အလျောက် တက်နိုင်သမျှတပါး မိမိခြားနားခြင်းအတွက် ထာဝရဘုရားအား ဆက်ရသော ပူဇော်သက္ကာနှင့် ဆိုင် သော တရားပေတည်း။ သစ္စာပြုသည်အတိုင်း ခြားနား ခြင်းတရားနှင့် အညီပြုရမည်ဟု မိန့်တော်မူ၏။
22 ၂၂ တဖန် မောရှေ အား ထာဝရဘုရား က၊
၂၂တဖန်မောရှေအား ထာဝရဘုရားက၊ သင်သည် အာရုန်နှင့်သူ၏သားတို့အား ဆင့်ဆိုရမည်မှာ၊
23 ၂၃ သင်သည် အာရုန် နှင့် သူ ၏သား တို့အား ဆင့်ဆို ရမည်မှာ၊ သင်တို့သည်၊ ဣသရေလ အမျိုးသား တို့အား ကောင်းကြီး ပေး၍ မြွက် ရသောစကားဟူမူကား ၊
၂၃သင်တို့သည်၊ ဣသရေလအမျိုးသားတို့အား ကောင်းကြီးပေး၍ မြွက်ရသော စကားဟူမူကား၊
24 ၂၄ ထာဝရဘုရား သည်၊ သင့် ကို ကောင်းကြီး ပေး၍ စောင့်မ တော်မူပါစေသော။
၂၄ထာဝရဘုရားသည်၊ သင့်ကို ကောင်းကြီးပေး၍ စောင့်မတော်မူပါစေသော။
25 ၂၅ ထာဝရဘုရား သည်သင် ၌ မျက်နှာ တော်အလင်း ကို လွှတ်၍ ကရုဏာ ကျေးဇူးပြုတော်မူပါစေသော၊
၂၅ထာဝရဘုရားသည်သင်၌ မျက်နှာတော်အလင်း ကို လွှတ်၍ ကရုဏာကျေးဇူးပြုတော်မူပါစေသော။
26 ၂၆ ထာဝရဘုရား သည် သင့် ကို မြော်ကြည့် ၍ ချမ်းသာ ပေး တော်မူပါစေသောဟု၊
၂၆ထာဝရဘုရားသည် သင့်ကို မြော်ကြည့်၍ ချမ်းသာပေးတော်မူပါစေသောဟု
27 ၂၇ ဣသရေလ အမျိုးသား တို့ အပေါ် မှာ ငါ့ နာမ ကို မြွက်ဆို၍ တင် လျှင် ၊ ငါ သည်ထိုသူ တို့ကို ကောင်းကြီး မင်္ဂလာပေးမည်ဟု မိန့် တော်မူ၏။
၂၇ဣသရေလအမျိုးသားတို့ အပေါ်မှာ ငါ့နာမကို မြွက်ဆို၍ တင်လျှင် ငါသည်ထိုသူတို့ကို ကောင်းကြီး မင်္ဂလာပေးမည်ဟု မိန့်တော်မူ၏။

< တောလည်ရာ 6 >