< တောလည်ရာ 4 >

1 တဖန် ထာဝရဘုရား သည် မောရှေ နှင့် အာရုန် အား မိန့် တော်မူသည်ကား၊
တဖန် ထာဝရဘုရားသည် မောရှေနှင့် အာရုန်အား မိန့်တော်မူသည်ကား၊
2 လေဝိ အမျိုး ၊ ကောဟတ် အနွယ်သား တို့တွင်၊ အသက် သုံးဆယ် လွန် ၍ ငါးဆယ် မ မှီ၊ ပရိသတ်စည်းဝေး ရာ တဲ တော်အမှု ကိုဆောင် ခြင်းငှါ ၊
လေဝိအမျိုး၊ ကောဟတ်အနွှယ်သားတို့တွင် အသက်သုံးဆယ်လွန်၍ ငါးဆယ်မမှီ၊ ပရိသတ်စည်းဝေးရာ တဲတော်အမှုကိုဆောင်ခြင်းငှါ၊
3 အလုံးအရင်း ဝင် သောသူအပေါင်း တို့ကို၊ ဘိုး ဘအဆွေအမျိုး အလိုက် စာရင်းယူ လော့။
အလုံးအရင်းဝင်သောသူအပေါင်းတို့ကို၊ ဘိုးဘအဆွေအမျိုးအလိုက် စာရင်းယူလော့။
4 အလွန် သန့်ရှင်းသော အရာတို့နှင့်ဆိုင်၍ ပရိသတ်စည်းဝေး ရာတဲ တော်၌ ကောဟတ် သား များ စောင့်ရှောက်ရသောအမှု ဟူမူကား၊
အလွန်သန့်ရှင်းသော အရာတို့နှင့်ဆိုင်၍ ပရိသတ်စည်းဝေးရာတဲတော်၌ ကောဟတ်သားများ စောင့်ရှောက်ရသော အမှုဟုမူကား၊
5 တပ် ချီ ချိန် ရောက်သောအခါ ၊ အာရုန် နှင့် သူ ၏သား တို့သည် လာ ၍ ၊ အတွင်းကုလားကာ ကို ချ ပြီးလျှင် ၊ သက်သေခံ ချက် သေတ္တာ ကို အုပ် ရမည်။
တပ်ချီချိန် ရောက်သောအခါ၊ အာရုန်နှင့် သူ၏သားတို့သည် လာ၍၊ အတွင်းကုလားကာကို ချပြီးလျှင်၊ သက်သေခံချက် သေတ္တာကို အုပ်ရမည်။
6 ကုလားကာ အပေါ် မှာ တဟာရှ သားရေ နှင့် အုပ် ပြန်၍၊ သားရေအပေါ် မှာလည်း ပြာ သောအထည် ကို ခင်း ပြီးမှ ၊ ထမ်းဘိုး တို့ကို လျှို ထားရမည်။
ကုလားကာအပေါ်မှာ တဟာရှသားရေနှင့် အုပ်ပြန်၍ သားရေအပေါ်မှာလည်း ပြာသောအထည်ကို ခင်းပြီးမှ၊ ထမ်းဘိုးတို့ကို လျှိုထားရမည်။
7 ရှေ့ တော်မုန့်စားပွဲ ပေါ်မှာ ပြာ သောအထည် ကို ခင်း ၍ ၊ လင်ပန်း ၊ ဇွန်း ၊ လောင်း စရာဖလား များနှင့်တကွ ၊ အမြဲ ထည့် ရသောမုန့် ကို တင် ပြီးမှ၊
ရှေ့တော်မုန့်စားပွဲပေါ်မှာ ပြာသောအထည်ကို ခင်း၍၊ လင်ပန်း၊ ဇွန်း၊ လောင်းစရာဖလားများနှင့်တကွ၊ အမြဲထည့်ရသော မုန့်ကို တင်ပြီးမှ၊
8 ထိုအရာတို့ကို၊ နီ သောအထည် နှင့် အုပ် ရမည်။ တဖန် တဟာရှ သားရေ နှင့် အုပ် ပြန်၍ ၊ ထမ်းဘိုး တို့ကို လျှို ထားရမည်။
ထိုအရာတို့ကို၊ နီသောအထည်နှင့် အုပ်ရမည်။ တဖန် တဟာရှသားရေနှင့် အုပ်ပြန်၍ ထမ်းဘိုးတို့ကို လျှိုထားရမည်။
9 မီး ထွန်းရာ မီးခုံ ၊ မီးခွက် ၊ မီးညှပ် ၊ မီးညှပ်ခံရာ ခွက် ၊ ဆီ အိုး အစရှိသည်တို့ကို၊ ပြာ သောအထည် နှင့် အုပ် ပြီးမှ ၊
မီးထွန်းရာ မီးခုံ၊ မီးခွက်၊ မီးညှပ်၊ မီးညှပ်ခံရာ ခွက်၊ ဆီအိုး အစရှိသည်တို့ကို ပြာသောအထည်နှင့် အုပ်ပြီးမှ၊
10 ၁၀ ထိုတန်ဆာ ရှိသမျှ တို့ကို၊ တဟာရှ သားရေ အိတ် ထဲ၌ သွင်း ထား၍ ၊ ထမ်းဘိုး ကို တပ် ရမည်။
၁၀ထိုတန်ဆာရှိသမျှတို့ကို၊ တဟာရှသားရေအိတ် ထဲ၌ သွင်းထား၍၊ ထမ်းဘိုးကို တပ်ရမည်။
11 ၁၁ ရွှေ ယဇ်ပလ္လင် ပေါ်မှာ ၊ ပြာ သောအထည် ကို ခင်း ၍ ၊ တဟာရှ သားရေ နှင့် အုပ် ပြီးလျှင် ၊ ထမ်းဘိုး တို့ကို လျှိုထား ရမည်။
၁၁ရွှေယဇ်ပလ္လင်ပေါ်မှာ ပြာသောအထည်ကို ခင်း၍၊ တဟာရှသားရေနှင့်အုပ်ပြီးလျှင်၊ ထမ်းဘိုးတို့ကို လျှိုထားရမည်။
12 ၁၂ သန့်ရှင်း ရာဌာန၌ အမှု တော်ကို ဆောင်ရွက်ရန် တန်ဆာ ရှိသမျှ တို့ကို၊ ပြာ သောအထည် အိတ်ထဲ၌ သွင်း ထား၍ ၊ တဟာရှ သားရေ ဖြင့် အုပ် ပြီးမှ၊ထမ်းဘိုး ကို တပ် ရမည်။
၁၂သန့်ရှင်းရာဌာန၌ အမှုတော်ကို ဆောင်ရွက်ရန် တန်ဆာရှိသမျှတို့ကို ပြာသောအထည်အိတ်ထဲ၌ သွင်းထား၍၊ တဟာရှသားရေဖြင့် အုပ်ပြီးမှ ထမ်းဘိုးကို တပ်ရမည်။
13 ၁၃ ယဇ်ပလ္လင် မှ ပြာ ကိုပယ်ရှင်း၍ ၊ ပလ္လင် ပေါ်မှာ မောင်း သောအထည် ကို ခင်း ပြီးလျှင် ၊
၁၃ယဇ်ပလ္လင်မှ ပြာကိုပယ်ရှင်း၍ ပလ္လင်ပေါ်မှာ မောင်းသောအထည်ကို ခင်းပြီးလျှင်၊
14 ၁၄ ထိုပလ္လင်နှင့်ဆိုင်သော အမှု တော်ထမ်းရန် တန်ဆာ တည်းဟူသောလင်ပန်း ၊ အမဲသား ချိတ်၊ တူးရွင်းပြား ၊ အင်တုံ အစရှိသော ယဇ်ပလ္လင် တန်ဆာ ရှိသမျှ တို့ကို တင် ၍ ၊ တဟာရှ သားရေ နှင့် အုပ် ပြီးမှ၊ထမ်းဘိုး တို့ကို လျှို ထားရမည်။
၁၄ထိုပလ္လင်နှင့်ဆိုင်သော အမှုတော်ထမ်းရန် တန်ဆာတည်းဟူသော လင်ပန်း၊ အမဲသားချိတ်၊ တူးရွင်း ပြား၊ အင်တုံ အစရှိသော ယဇ်ပလ္လင်တန်ဆာရှိသမျှတို့ကို တင်၍၊ တဟာရှသားရေနှင့် အုပ်ပြီးမှ ထမ်းဘိုးတို့ကို လျှိုထားရမည်။
15 ၁၅ ထိုသို့ တပ် ချီ ချိန်ရောက်သောအခါ ၊ အာရုန် နှင့် သူ ၏သား တို့သည်၊ သန့်ရှင်း ရာဌာနတော်နှင့် သန့်ရှင်း သော တန်ဆာ ရှိသမျှ တို့ကို ဖုံးအုပ် သောနောက် ၊ ကောဟတ် သား တို့သည် ထမ်း ခြင်းငှါ ချဉ်းကပ် ရကြမည်။ သို့ရာတွင် သူတို့သည် သေ ဘေးနှင့် လွတ်မည်အကြောင်း၊သန့်ရှင်း သောအရာကို မ ကိုင် ရ၊ ဤရွေ့ကား ပရိသတ် စည်းဝေး ရာ တဲ တော်၌ ကောဟတ် သား များ ဆောင်ရွက် ရသောအမှုပေတည်း။
၁၅ထိုသို့ တပ်ချီချိန်ရောက်သောအခါ အာရုန်နှင့် သူ၏သားတို့သည် သန့်ရှင်းရာဌာနတော်နှင့် သန့်ရှင်း သော တန်ဆာရှိသမျှတို့ကို ဖုံးအုပ်သောနောက်၊ ကောဟယ်သားတို့သည် ထမ်းခြင်းငှါ ချဉ်းကပ်ရကြမည်။ သို့ရာတွင် သူတို့သည် သေဘေးနှင့် လွတ်မည်အကြောင်း သန့်ရှင်းသောအရာကို မကိုင်ရ၊ ဤရှေ့ကား ပရိသတ် စည်းဝေးရာ တဲတော်၌ ကောဟတ်သားများ ဆောင်ရွက် ရသော အမှုပေတည်း။
16 ၁၆ ယဇ်ပုရောဟိတ် အာရုန် သား ဧလာဇာ ၏ အရာနှင့်ဆိုင်သော အမှုဟူမူကား၊ မီး ထွန်းစရာ ဆီ၊ မီးရှို့ရာ နံ့သာပေါင်း မွှေး၊ နေ့ရက် အစဉ်အတိုင်းဆက်ကပ်ရသောဘောဇဉ်ပူဇော်သက္ကာ ၊ လိမ်း ရန်ဆီ အစရှိသော တဲ တော် နှင့် တဲ တော်တန်ဆာရှိသမျှ တို့ကို၎င်း၊ သန့်ရှင်း ရာဌာနတော်နှင့် သန့်ရှင်းသောတန်ဆာ ရှိသမျှတို့ကို၎င်း ကြည့်ရှု ပြုစုရမည်။
၁၆ယစ်ပုရောဟိတ် အာရုန်သား ဧလာဇာ၏ အရာနှင့်ဆိုင်သော အမှုဟူမူကား မီးထွန်းစရာ မီးရှို့ရာ နံ့သာပေါင်းမွှေး၊ နေ့ရက်အစဉ်အတိုင်း ဆက်ကပ်ရသော ဘောဇဉ်ပူဇော်သက္ကာ လိမ်းရန်ဆီ အစရှိသော တဲတော် နှင့် တဲတော်တန်ဆာ ရှိသမျှတို့ကို သန့်ရှင်းရာဌာန တော်နှင့် သန့်ရှင်းသော တန်ဆာရှိသမျှတို့ကို၎င်း ကြည့်ရှု ပြုစုရမည်။
17 ၁၇ တဖန် ထာဝရဘုရား သည် မောရှေ နှင့် အာရုန် အား မိန့် တော်မူသည်ကား၊
၁၇တဖန် ထာဝရဘုရားသည် မောရှေနှင့် အာရုန် အား မိန့်တော်မူသည်ကား၊
18 ၁၈ ကောဟတ် အဆွေအမျိုး အနွယ်သား တို့ကို၊ လေဝိ သားစုထဲက မ ပယ် မဖြတ်နှင့်။
၁၈ကောဟတ် အဆွေအမျိုးအနွယ်သားတို့ကို လေဝိသားစုထဲက မပယ်မဖြတ်နှင့်။
19 ၁၉ သူတို့သည် အလွန် သန့်ရှင်းသောအရာတို့ကို ချဉ်းကပ် သောအခါ ၊ သေ ဘေးလွတ် ၍ အသက်ရှင် မည်ကြောင်း ၊ အာရုန် နှင့် သူ ၏သား တို့သည် အရင်ဝင် ၍ ၊ လူ အသီးသီး စောင့်ရသောအမှု ၊ ထမ်း ရသောဝန်တို့ကို ခွဲခန့် ရမည်။
၁၉သူတို့သည် အလွန်သန့်ရှင်းသောအရာတို့ကို ချဉ်းကပ်သောအခါ သေဘေးလွတ်၍ အသက်ရှင်မည် ဖြစ်ကြောင်း အာရုန်နှင့် သူ၏သားတို့သည် အရင်ဝင်၍ လူအသီးသီးစောင့်ရသောအမှု၊ ထမ်းရသောဝန်တို့ကို ခွဲခန့်ရမည်။
20 ၂၀ သို့ရာတွင် သန့်ရှင်း သောအရာတို့ကို ဖုံးအုပ် စဉ်အခါ၊ ကောဟိတ် သားတို့သည် သေ ဘေးနှင့် လွတ်မည်အကြောင်း၊ အထဲ သို့ဝင် ၍ မ ကြည့် ရဟု မိန့် တော်မူ၏။
၂၀သို့ရာတွင် သန့်ရှင်းသောအရာတို့ကို ဖုံးအုပ်စဉ်အခါ ကောဟိတ် သားတို့သည် သေဘေးနှင့် လွတ်မည်အကြောင်း၊ အထဲ သို့ဝင်၍ မကြည့်ရဟု မိန့်တော်မူ၏။
21 ၂၁ တဖန် ထာဝရဘုရား သည် မောရှေ အား မိန့် တော်မူသည်ကား၊
၂၁တဖန်ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား၊
22 ၂၂ ဂေရရှုန် အနွယ်သား တို့တွင်၊ အသက် သုံးဆယ် လွန် ၍ ငါးဆယ် မ မှီ၊ ပရိသတ်စည်းဝေး ရာတဲ တော်အမှု ကိုဆောင် ခြင်းငှါ အလုံးအရင်းဝင် သောသူအပေါင်း တို့ကို၊ ဘိုးဘေး အဆွေအမျိုး အလိုက် စာရင်း ယူ လော့။
၂၂ဂေရရှုန် အနွယ်သားတို့တွင်၊ အသက်သုံးဆယ်လွန်၍ ငါးဆယ်မမှီ၊
23 ၂၃
၂၃ပရိသတ် စည်းဝေးရာ တဲတော်အမှုကို ဆောင်းခြင်းငှါ အလုံးအရင်း ဝင်သော သူအပေါင်းတို့ကို၊ ဘိုးဘေးအဆွေအမျိုး အလိုက် စာရင်းယူလော့။
24 ၂၄ ဂေရရှုန် အဆွေအမျိုး တို့သည် စောင့်ရသောအမှု ၊ ထမ်း ရသောဝန်ဟူမူကား ၊
၂၄ဂေရရှုန်အဆွေအမျိုးတို့သည် စောင့်ရသော အမှု၊ ထမ်းရသောဝန်ဟူမူကား၊
25 ၂၅ အတွင်းတဲ တော် ကုလားကာ ၊ ပရိသတ်စည်းဝေး ရာ တဲ တော်ကုလားကာ၊ အပေါ်တဲ ၊ တဟာရှ သားရေအဖုံး ၊ ပရိသတ်စည်းဝေး ရာ တဲ တော်တံခါးဝ ၌ ကာသောကုလားကာ ၊
၂၅အတွင်းတဲတော် ကုလားကာ၊ ပရိသတ်စည်း ဝေးရာ တဲတော်ကုလားကာ၊ အပေါ်တဲ၊ တဟာရှသား ရေအဖုံး၊ ပရိသတ်စည်းဝေးရာ တဲတော်ကုလားကာ၊ အပေါ်တဲ၊ တာဟာရှသားရေအဖုံး၊ ပရိသတ်စည်းဝေး ရာ တဲတော်တံခါးဝ၌ ကာသောကုလားကာ၊
26 ၂၆ တဲ တော်နှင့် ယဇ်ပလ္လင် ပတ်လည် ဝင်း ကုလားကာ ၊ ဝင်း တံခါးဝ ၌ကာသော ကုလားကာ ၊ ကြိုး များအစရှိ သည်တို့ကို၎င်း၊ ထိုအရာများနှင့် ဆိုင်၍ အမှု တော်ထမ်း ရန် တန်ဆာ ရှိသမျှ တို့ကို၎င်းထမ်းရွက် ရကြမည်။
၂၆တဲတော်နှင့် ယဇ်ပလ္လင် ပတ်လည်ဝင်းကုလား ကာ၊ ဝင်းတံခါးဝ၌ကာသော ကုလားကာ၊ ကြိုးများအစရှိ သည်တို့ကို၎င်း၊ ထိုအရာများနှင့် ဆိုင်၍ အမှုတော်ထမ်း ရန် တန်ဆာရှိသမျှတို့ကို၎င်း ထမ်းရွက်ရကြမည်။
27 ၂၇ ဂေရရှုန် သား များ အမှု စောင့်လေရာရာ ၊ ဝန်ထမ်း လေရာရာ ၌၊ အာရုန် နှင့် သူ ၏သား တို့ ခွဲခန့် စီရင် သည်အတိုင်း ဆောင်ရွက် ရကြမည်။
၂၇ဂေရရှုန်သားများ အမှုစောင့်လေရာရာ၊ ဝန် ထမ်းလေရာရာ၌၊ အာရုန်နှင့် သူ၏သားတို့ ခွဲခန့်စီရင် သည်အတိုင်း ဆောင်ရွက်ရကြမည်။
28 ၂၈ ဤရွေ့ကား ၊ ပရိသတ်စည်းဝေး ရာတဲ တော်၌ ၊ ဂေရရှုန် အဆွေအမျိုး သား များ ဆောင်ရွက်ရသောအမှု ပေတည်း။ ယဇ်ပုရောဟိတ် အာရုန် ၏ သား ဣသမာ သည် သူ တို့ကိုအုပ် ရမည်။
၂၈ဤရွေ့ကား ပရိသတ်စည်းဝေးရာ တဲတော်၌ ဂေရရှုန်အဆွေအမျိုးသားများ ဆောင်ရွက်ရသော အမှု ပေတည်း။ ယဇ်ပုရောဟိတ် အာရုန်၏ သားဣသမာ သည် သူတို့ကိုအုပ်ရမည်။
29 ၂၉ မေရာရိ သား တို့တွင်လည်း၊ အသက် သုံးဆယ် လွန် ၍ ငါးဆယ် မ မှီ၊ ပရိသတ်စည်းဝေး ရာတဲ တော်အမှု ကို ဆောင် ခြင်းငှါ ၊ အလုံးအရင်းဝင် သောသူအပေါင်း တို့ကို ဘိုးဘ အဆွေအမျိုး အလိုက် စာရင်း ယူလော့။
၂၉မေရာရိသားတို့တွင်လည်း၊ အသက်သုံးဆယ် လွန်၍ ငါးဆယ်မမှီ၊
30 ၃၀
၃၀ပရိသတ်စည်းဝေးရာ တဲတော်အမှုကို ဆောင် ခြင်းငှါ၊ အလုံးအရင်းဝင်သောသူ အပေါင်းတို့ကို ဘိုးဘ အဆွေအမျိုးအလိုက် စာရင်းယူလော့။
31 ၃၁ သူတို့သည် ပရိသတ်စည်းဝေး ရာ တဲ တော်၌ စောင့်ရသောအမှု ၊ ထမ်း ရသောဝန် ဟူမူကား ၊ တဲ တော် ပျဉ်ပြား ၊ ကန့်လန့်ကျင် ၊ တိုင် ၊ ခြေစွပ် ၊
၃၁သူတို့သည် ပရိသတ်စည်းဝေးရာ တဲတော်၌ စောင့်ရသောအမှု၊ ထမ်းရသောဝန်ဟူမူကား၊ တဲတော် ပျဉ်ပြား၊ ကန့်လန့်ကျင်၊ တိုင်၊ ခြေစွပ်၊
32 ၃၂ ဝင်း တိုင် ၊ ခြေစွပ် ၊ တံသင် ၊ ကြိုး များတို့ကို၎င်းထိုအရာများနှင့်ဆိုင်၍ အမှု တော်ထမ်းရန် တန်ဆာ ရှိသမျှ တို့ကို၎င်းထမ်းရွက်ကြရမည်။ သူ တို့ထမ်းရွက် ရသော တန်ဆာ တို့ကို အမည် မှတ်၍ ရေတွက် ရမည်။
၃၂ဝင်းတိုင်၊ ခြေစွပ် တံသင်၊ ကြိုးများတို့ကို၎င်း ထိုအရာများနှင့်ဆိုင်၍ အမှုတော်ထမ်းရန် တန်ဆာရှိ သမျှတို့ကို၎င်း ထမ်းရွက်ကြရမည်။ သူတို့ထမ်းရွက်ရ သော တန်ဆာတို့ကို အမည်မှတ်၍ ရေတွက်ရမည်။
33 ၃၃ ဤရွေ့ကား ၊ ယဇ်ပုရောဟိတ် အာရုန် ၏ သား ဣသမာ အုပ်၍၊ ပရိသတ်စည်းဝေး ရာ တဲ တော်၌ မေရာရိ အဆွေအမျိုး သား များ ဆောင်ရွက်ရသောအမှု ပေတည်း။
၃၃ဤရွေ့ကား ယဇ်ပုရောဟိတ်အာရုန်၏ သားဣ သမာအုပ်၍ ပရိသတ်အစည်းဝေးရာ တဲတော်၌ မေရာရိ အဆွေအမျိုးသားများ ဆောင်ရွက်ရသော အမှုပေတည်း။
34 ၃၄ မောရှေ နှင့် အာရုန် အစရှိသော ပရိသတ် သူကြီး တို့သည်၊ ကောဟတ် သား တို့တွင် အသက် သုံးဆယ် လွန် ၍ ငါးဆယ် မမှီ၊ ပရိသတ်စည်းဝေး ရာတဲ တော်အမှု ကို ဆောင် ခြင်းငှါ ၊ အလုံးအရင်းဝင် သောသူအပေါင်း တို့ကို၊ ဘိုးဘ အဆွေအမျိုး အလိုက် ရေတွက် ၍ စာရင်းသွင်း သောလူပေါင်းကား၊ နှစ် ထောင်ခုနစ် ရာ ငါးဆယ် ရှိ သတည်း။
၃၄မောရှေနှင့် အာရုန်အစရှိသော ပရိသတ်သူ ကြီးတို့သည် ကောဟတ်သားတို့တွင် အသက်သုံးဆယ်လွန် ၍ ငါးဆယ်မမှီ၊
35 ၃၅
၃၅ပရိသတ်စည်းဝေးရာ တဲတော်အမှုကို ဆောင်ခြင်းငှါ၊ အလုံးအရင်းဝင်သောသူ အပေါင်းတို့ကို၊
36 ၃၆
၃၆ဘိုးဘ အဆွေအမျိုးအလိုက် ရေတွက်၍ စာရင်းသွင်း သော လူပေါင်းကား၊ နှစ်ထောင်ခုနစ်ရာငါးဆယ် ရှိသ တည်း။
37 ၃၇ ဤ သူတို့သည်၊ မောရှေ ၌ ထာဝရဘုရား မှာထား တော်မူသည်အတိုင်း ၊ မောရှေ နှင့် အာရုန် သည် ရေတွက် ၍ ပရိသတ်စည်းဝေး ရာ တဲ တော်အမှုကို ဆောင်ရွက် ရသော ကောဟတ် အဆွေအမျိုး သားပေတည်း။
၃၇ဤသူတို့သည် မောရှေ၌ ထာဝရဘုရားမှာထား တော်မူသည်အတိုင်း မောရှေနှင့်အာရုန်သည် ရေတွက် ၍ ပရိသတ်စည်းဝေးရာ တဲတော်အမှုကို ဆောင်ရွက်ရ သော ကောဟတ်အဆွေအမျိုးသားပေတည်း။
38 ၃၈ ဂေရရှုန် သား တို့တွင် အသက် သုံးဆယ် လွန် ၍ ငါးဆယ် မမှီ၊ ပရိသတ်စည်းဝေး ရာတဲ တော်အမှု ကို ဆောင် ခြင်းငှါ ၊ အလုံးအရင်းဝင် သောသူအပေါင်း တို့ကို၊ ဘိုးဘ အဆွေအမျိုး အလိုက် ရေတွက် ၍ စာရင်းသွင်း သောလူပေါင်းကား၊ နှစ် ထောင်ခြောက် ရာ သုံးဆယ် ရှိ သတည်း။
၃၈ဂေရုရှုန်သားတို့တွင် အသက်သုံးဆယ်လွန်၍ ငါးဆယ်မမှီ၊
39 ၃၉
၃၉ပရိသတ်စည်းဝေးရာ တဲတော်အမှုကို ဆောင်ခြင်းငှါ၊
40 ၄၀
၄၀အလုံးအရင်းဝင်သော သူအပေါင်းတို့ကို ဘိုးဘ အဆွေအမျိုးအလိုက် ရေတွက်၍ စာရင်းသွင်း သော လူပေါင်းကား နှစ်ထောင်ခြောက်ရာ သုံးဆယ် ရှိ သတည်း။
41 ၄၁ ဤ သူတို့သည်၊ ထာဝရဘုရား မှာထား တော်မူသည် အတိုင်း ၊ မောရှေ နှင့် အာရုန် သည် ရေတွက် ၍ ပရိသတ်စည်းဝေး ရာ တဲ တော်အမှုကို ဆောင်ရွက် နေရ သော ဂေရရှုန် အဆွေအမျိုး သား ပေတည်း။
၄၁ဤသူတို့သည် ထာဝရဘုရား မှာထားတော်မူ သည်အတိုင်း၊ မောရှေနှင့်အာရုန်သည် ရေတွက်၍ ပရိသတ်စည်းဝေးရာ တဲတော်အမှုကို ဆောင်ရွက်နေရ သော ဂေရရှုန်အဆွေအမျိုးသားပေတည်း။
42 ၄၂ မေရာရိ သား တို့တွင် အသက် သုံးဆယ် လွန် ၍ ငါးဆယ် မမှီ၊ ပရိသတ်စည်းဝေး ရာတဲ တော်အမှု ကို ဆောင် ခြင်းငှါ ၊ အလုံးအရင်းဝင် သောသူအပေါင်း တို့ကို၊ ဘိုးဘ အဆွေအမျိုး အလိုက် ရေတွက် ၍ စာရင်းသွင်း သောလူပေါင်းကား၊ သုံး ထောင် နှစ် ရာရှိ သတည်း။
၄၂မေရာရိသားတို့တင် အသက်သုံးဆယ်လွန်၍ ငါးဆယ်မမှီ၊
43 ၄၃
၄၃ပရိသတ်စည်းဝေးရာတဲတော်အမှုကို ဆောင် ခြင်းငှါ၊ အလုံးအရင်းဝင်သော သူအပေါင်းတို့ကို ဘိုးဘ အဆွေအမျိုးအလိုက် ရေတွက်၍
44 ၄၄
၄၄စာရင်းသွင်းသော လူပေါင်းကား သုံးထောင်နှစ်ရာရှိသတည်း။
45 ၄၅ ဤ သူတို့သည်၊ မောရှေ ၌ ထာဝရဘုရား မှာထား တော်မူသည်အတိုင်း ၊ မောရှေ နှင့် အာရုန် သည် ရေတွက် သော မေရာရိ အဆွေအမျိုး သား ပေတည်း။
၄၅ဤသူတို့သည် မောရှေ၌ ထာဝရဘုရား မှာထားတော်မူသည်အတိုင်း မောရှေနှင့် အာရုန်သည် ရေတွက်သော မေရာရိအဆွေအမျိုးသားပေတည်း။
46 ၄၆ ထိုသို့နှင့်အညီ၊ လေဝိ သားတို့တွင်အသက် သုံးဆယ် လွန် ၍ ငါးဆယ် မမှီ၊ ပရိသတ်စည်းဝေး ရာတဲ တော်အမှု တော်ကိုစောင့် ၍ ဝန်များကိုထမ်း ခြင်းငှါ ဝင် သောသူအပေါင်း တို့ကို၊ ဘိုးဘေး အဆွေအမျိုး အလိုက် မောရှေ နှင့် အာရုန် အစရှိသောဣသရေလ အမျိုးသူကြီး တို့သည် ရေတွက် ၍စာရင်းသွင်း သောလူပေါင်းကား၊ ရှစ် ထောင် ငါး ရာ ရှစ်ဆယ် ရှိ သတည်း။
၄၆ထိုသို့နှင့် အညီ၊ လေဝိသားတို့တွင် အသက်သုံး ဆယ်လွန်၍ ငါးဆယ်မမှီ၊
47 ၄၇
၄၇ပရိသတ်စည်းဝေးရာ တဲတော အမှုတော်ကို စောင့်၍ ဝန်များကို ထမ်းခြင်းငှါ ဝင်သော သူအပေါင်းတို့ကို၊
48 ၄၈
၄၈ဘိုးဘအဆွေအမျိုးအလိုက် မောရှေနှင့် အာရုန်အစရှိသော ဣသရေလအမျိုး သူကြီးတို့သည် ရေတွက်၍ စာရင်းသွင်းသော လူပေါင်းကား ရှစ်ထောင် ငါးရာရှစ်ဆယ်ရှိသတည်း။
49 ၄၉ မောရှေ ၌ ထာဝရဘုရား ထား တော်မူသောပညတ်တော်အတိုင်း ၊ လူ အသီးသီး စောင့်ရသောအမှု ၊ အသီးအသီး ထမ်း ရသောဝန်တို့ကိုထောက်၍မောရှေရေတွက် သတည်း။
၄၉မောရှေ၌ ထာဝရဘုရားထားတော်မူသော ပညတ်တော်အတိုင်း လူအသီးသီး စောင့်ရသောမှု အသီး အသီးထမ်းရသော ဝန်တို့ကို ထောက်၍မရ၊ မောရှေ ရေတွက်သတည်း။

< တောလည်ရာ 4 >