< တောလည်ရာ 33 >

1 မောရှေ နှင့် အာရုန် စီရင်၍ အဲဂုတ္တု ပြည် မှ ထွက်လာ သောဣသရေလ အမျိုးသား အလုံးအရင်း တို့ သည် ခရီးသွား ခြင်း အကြောင်းအရာများကို၊
မောရှေနှင့် အာရုန်စီရင်၍ အဲဂုတ္တုပြည်မှ ထွက်လာသော ဣသရေလအမျိုးသား အလုံးအရင်းတို့ သည် ခရီးသွားခြင်း အကြောင်းအရာများကို၊
2 ထာဝရဘုရား အမိန့် တော်အတိုင်း မောရှေ မှတ်သား ၍ ၊ ထို ခရီးသွား ခြင်း အကြောင်းအရာပါသော စာရင်း ဟူမူကား၊
ထာဝရဘုရား အမိန့်တော်အတိုင်း မောရှေမှတ် သား၍၊ ထိုခရီးသွားခြင်း အကြောင်းအရာပါသော စာရင်း ဟူမူကား၊
3 ပဌမ လ တဆယ် ငါး ရက် နေ့၌ ရာမသက် မြို့မှ ထွက်လာ ကြ၏။ ပသခါ ပွဲကို ခံပြီးသောနောက်၊ နက်ဖြန် နေ့၌ ဣသရေလ အမျိုးသား တို့သည် အဲဂုတ္တု လူအပေါင်း တို့ရှေ့မှာ ဝါကြွား သောအခြင်းအရာနှင့် ထွက်လာ ကြ၏။
ပဌမလ တဆယ်ငါးရက်နေ့၌ ရာမသက်မြို့မှ ထွက်လာကြ၏။ ပသခါပွဲကို ခံပြီးသောနောက်၊ နက်ဖြန် နေ့၌ ဣသရေလအမျိုးသားတို့သည် အဲဂုတ္တုလူအပေါင်း တို့ရှေ့မှာ ဝါကြွားသောအခြင်းအရာနှင့် ထွက်လာကြ၏။
4 အကြောင်းမူကား၊ ထာဝရဘုရား ဒဏ်ခတ် တော်မူသောသားဦး အပေါင်း တို့ကို အဲဂုတ္တု လူတို့သည် သင်္ဂြိုဟ် ရကြ၏။ သူ တို့၏ ဘုရား များကိုလည်း ၊ ထာဝရဘုရား သည် တရား စီရင် တော်မူ၏။
အကြောင်းမူကား၊ ထာဝရဘုရား ဒဏ်ခတ် တော်မူသော သားဦးအပေါင်းတို့ကို အဲဂုတ္တုလူတို့သည် သင်္ဂြိုဟ်ရကြ၏။ သူတို့၏ ဘုရားများကိုလည်း၊ ထာဝရ ဘုရားသည် တရားစီရင်တော်မူ၏။
5 ဣသရေလ အမျိုးသား တို့သည် ရာမသက် မြို့မှ ပြောင်း ၍ သုကုတ် အရပ်၌ စားခန်းချ ကြ၏။
ဣသရေလအမျိုးသားတို့သည် ရာမသက်မြို့မှ ပြောင်း၍ သုကုတ်အရပ်၌ စားခန်းချကြ၏။
6 သုကုတ် အရပ်မှ ပြောင်း ၍ တော စပ် နား ၊ ဧသံ မြို့၌ စားခန်းချ ကြ၏။
သုကုတ်အရပ်မှပြောင်း၍ တောစပ်နား၊ ဧသံမြို့၌ စားခန်းချကြ၏။
7 ဧသံ မြို့မှ ပြောင်း ၍ ဗာလဇေဖုန် မြို့ရှေ့မှာ ရှိ သော ပိဟဟိရုတ် မြို့သို့ တဖန် လည်၍ မိဂဒေါလ မြို့ရှေ့၌ စားခန်းချ ကြ၏။
ဧသံမြို့မှပြောင်း၍ ဗာလဇေဖုန်မြို့ရှေ့မှာရှိ သော ပိဟဟိရုတ်မြို့သို့ တဖန်လည်၍ မိဂဒေါလမြို့ရှေ့၌ စားခန်းချကြ၏။
8 ပိဟဟိရုတ် မြို့မှ ပြောင်း ၍ ပင်လယ် အလယ် ၌ ရှောက်သွား သဖြင့် ဧသံ တော သို့ ရောက်၍၊ ထိုတော ထဲ၌ သုံး ရက် ခရီး သွား ပြီးလျှင် ၊ မာရ အရပ်၌ စားခန်းချ ကြ၏။
ပိဟဟိရုတ်မြို့မှပြောင်း၍ ပင်လယ်အလယ်၌ ရှောက်သွား သဖြင့် ဧသံတောသို့ ရောက်၍၊ ထိုတောထဲ၌ သုံးရက်ခရီးသွားပြီးလျှင်၊ မာရအရပ်၌ စားခန်းချကြ၏။
9 မာရ အရပ်မှ ပြောင်း ၍ ရေတွင်း ဆယ် နှစ် တွင်း နှင့် စွန်ပလွံ ပင် ခုနစ်ဆယ် ရှိသောဧလိမ် ရွာသို့ ရောက် ၍ စားခန်းချ ကြ၏။
မာရအရပ်မှပြောင်း၍ ရေတွင်းဆယ်နှစ်တွင်း နှင့် စွန်ပလွံပင် ခုနစ်ဆယ်ရှိသော ဧလိမ်ရွာသို့ရောက်၍ စားခန်းချကြ၏။
10 ၁၀ ဧလိမ် ရွာမှ ပြောင်း ၍ ဧဒုံ ပင်လယ် နားမှာ စားခန်းချ ကြ၏။
၁၀ဧလိမ်ရွာမှပြောင်း၍ ဧဒုံပင်လယ်နားမှာ စားခန်း ချကြ၏။
11 ၁၁ ဧဒုံ ပင်လယ် မှ ပြောင်း ၍ သိန် တော ၌ စားခန်းချ ကြ၏။
၁၁ဧဒုံပင်လယ်မှပြောင်း၍ သိန်တော၌ စားခန်းချ ကြ၏။
12 ၁၂ သိန် တော မှ ပြောင်း ၍ ဒေါဖကာ အရပ်၌ စားခန်းချ ကြ၏။
၁၂သိန်တောမှပြောင်း၍ ဒေါဖကာအရပ်၌ စားခန်းချကြ၏။
13 ၁၃ ဒေါဖကာ အရပ်မှ ပြောင်း ၍ အာလုရှ အရပ်၌ စားခန်းချ ကြ၏။
၁၃ဒေါဖကာအရပ်မှပြောင်း၍ အာလုရှအရပ်၌ စားခန်းချကြ၏။
14 ၁၄ အာလုရှ အရပ်မှ ပြောင်း ၍ လူ များသောက် စရာရေ မ ရှိ သော ရေဖိဒိမ် အရပ်၌ စားခန်းချ ကြ၏။
၁၄အာလုရှအရပ်မှပြောင်း၍ လူများသောက်စရာ ရေမရှိသော ရေဖိဒိမ်အရပ်၌ စားခန်းချကြ၏။
15 ၁၅ ရေဖိဒိမ် အရပ်မှ ပြောင်း ၍ သိနာ တော ၌ စားခန်းချ ကြ၏။
၁၅ရေဖိဒိမ်အရပ်မှပြောင်း၍ သိနာတော၌ စားခန်းချကြ၏။
16 ၁၆ သိနာ တော မှ ပြောင်း ၍ ကိဗြုတ်ဟတ္တဝါ အရပ်၌ စားခန်းချ ကြ၏။
၁၆သိနာတောမှပြောင်း၍ ကိဗြုတ်ဟတ္တဝါအရပ်၌ စားခန်းချကြ၏။
17 ၁၇ ကိဗြုတ်ဟတ္တဝါ အရပ်မှ ပြောင်း ၍ ဟာဇရုတ် အရပ်၌ စားခန်းချ ကြ၏။
၁၇ကိဗြုတ်ဟတ္တဝါအရပ်မှပြောင်း၍ ဟာဇရုတ် အရပ်၌ စားခန်းချကြ၏။
18 ၁၈ ဟာဇရုတ် အရပ်မှ ပြောင်း ၍ ရိသမ အရပ်၌ စားခန်းချ ကြ၏။
၁၈ဟာဇရုတ်အရပ်မှပြောင်း၍ ရိသမအရပ်၌ စားခန်းချကြ၏။
19 ၁၉ ရိသမ အရပ်မှ ပြောင်း ၍ ရိမ္မုန်ဖါရက် ၌ စားခန်းချ ကြ၏။
၁၉ရိသမအရပ်မှပြောင်း၍ ရိမ္မုန်ဖါရက်၌ စားခန်း ချကြ၏။
20 ၂၀ ရိမ္မုန်ဖါရက် အရပ်မှ ပြောင်း ၍ လိဗန ရွာ၌ စားခန်းချ ကြ၏။
၂၀ရိမ္မုန်ဖါရက်အရပ်မှပြောင်း၍ လိဗနရွာ၌ စားခန်းချကြ၏။
21 ၂၁ လိဗန ရွာမှ ပြောင်း ၍ ရိဿ အရပ်၌ စားခန်းချ ကြ၏။
၂၁လိဗနရွာမှပြောင်း၍ ရိဿအရပ်၌ စားခန်း ချကြ၏။
22 ၂၂ ရိဿ အရပ်မှ ပြောင်း ၍ ကေဟလာသ အရပ်၌ စားခန်းချ ကြ၏။
၂၂ရိဿအရပ်မှပြောင်း၍ ကေဟလာသအရပ်၌ စားခန်းချကြ၏။
23 ၂၃ ကေဟလာသ အရပ်မှ ပြောင်း ၍ ရှာဖါ တောင် ၌ စားခန်းချ ကြ၏။
၂၃ကေဟလာသအရပ်မှပြောင်း၍ ရှာဖါတောင်၌ စားခန်းချကြ၏။
24 ၂၄ ရှာဖါ တောင် မှ ပြောင်း ၍ ဟာရဒ အရပ်၌ စားခန်းချ ကြ၏။
၂၄ရှာဖါတောင်မှပြောင်း၍ ဟာရဒအရပ်၌ စားခန်းချကြ၏။
25 ၂၅ ဟာရဒ အရပ်မှ ပြောင်း ၍ မက္ကလုတ် အရပ်၌ စားခန်းချ ကြ၏။
၂၅ဟာရဒအရပ်မှပြောင်း၍ မက္ကလုတ်အရပ်၌ စားခန်းချကြ၏။
26 ၂၆ မက္ကလုတ် အရပ်မှ ပြောင်း ၍ တာဟတ် အရပ်၌ စားခန်းချ ကြ၏။
၂၆မက္ကလုတ်အရပ်မှပြောင်း၍ တာဟတ်အရပ်၌ စားခန်းချကြ၏။
27 ၂၇ တာဟတ် အရပ်မှ ပြောင်း ၍ တာရ အရပ်၌ စားခန်းချ ကြ၏။
၂၇တာဟတ်အရပ်မှပြောင်း၍ တာရအရပ်၌ စားခန်းချကြ၏။
28 ၂၈ တာရ အရပ်မှ ပြောင်း ၍ မိသကာ အရပ်၌ စားခန်းချ ကြ၏။
၂၈တာရအရပ်မှပြောင်း၍ မိသကာအရပ်၌ စားခန်းချကြ၏။
29 ၂၉ မိသကာ အရပ်မှ ပြောင်း ၍ ဟာရှမောန အရပ်၌ စားခန်းချ ကြ၏။
၂၉မိသကာအရပ်မှပြောင်း၍ ဟာရှမောနအရပ်၌ စားခန်းချကြ၏။
30 ၃၀ ဟာရှမောန အရပ်မှ ပြောင်း ၍ မောသရုတ် အရပ်၌ စားခန်းချ ကြ၏။
၃၀ဟာရှမောနအရပ်မှပြောင်း၍ မောသရုတ် အရပ်၌ စားခန်းချကြ၏။
31 ၃၁ မောသရုတ် အရပ်မှ ပြောင်း ၍ ဗင်္ယာကန် အရပ် ၌ စားခန်းချ ကြ၏။
၃၁မောသရုတ်အရပ်မှပြောင်း၍ ဗင်္ယာကန်အရပ် ၌ စားခန်းချကြ၏။
32 ၃၂ ဗင်္ယာကန် အရပ်မှ ပြောင်း ၍ ဟောရဂိဒ်ဂဒ် အရပ်၌ စားခန်းချ ကြ၏။
၃၂ဗင်္ယာကန်အရပ်မှပြောင်း၍ ဟောရဂိဒ်ဂဒ် အရပ်၌ စားခန်းချကြ၏။
33 ၃၃ ဟောရဂိဒ်ဂဒ် အရပ်မှ ပြောင်း ၍ ယုပ္ဘာသ အရပ်၌ စားခန်းချ ကြ၏။
၃၃ဟောရဂိဒ်ဂဒ်အရပ်မှပြောင်း၍ ယုပ္ဘသအရပ်၌ စားခန်းချကြ၏။
34 ၃၄ ယုပ္ဘာသ အရပ်မှ ပြောင်း ၍ ဧဗြောန အရပ်၌ စားခန်းချ ကြ၏။
၃၄ယုပ္ဘသအရပ်မှပြောင်း၍ ဧဗြောနအရပ်၌ စားခန်းချကြ၏။
35 ၃၅ ဧဗြောန အရပ်မှ ပြောင်း ၍ ဧဇယုန်ဂါဗာ အရပ် ၌ စားခန်းချ ကြ၏။
၃၅ဧဗြောနအရပ်မှပြောင်း၍ ဧဇယုန်ဂါဗာအရပ် ၌ စားခန်းချကြ၏။
36 ၃၆ ဧဇယုန်ဂါဗာ အရပ်မှ ပြောင်း ၍ ဇိန တော ၊ ကာဒေရှ အရပ်၌ စားခန်းချ ကြ၏။
၃၆ဧဇယုန်ဂါဗာအရပ်မှပြောင်း၍ ဇိနတော၊ ကာဒေရှအရပ်၌ စားခန်းချကြ၏။
37 ၃၇ ကာဒေရှ အရပ်မှ ပြောင်း ၍ ဧဒုံ ပြည် အနား မှာ ဟောရ တောင် ၌ စားခန်းချ ကြ၏။
၃၇ကာဒေရှအရပ်မှပြောင်း၍ ဧဒုံပြည်အနားမှာ ဟောရတောင်၌ စားခန်းချကြ၏။
38 ၃၈ ဣသရေလ အမျိုးသား တို့သည် အဲဂုတ္တု ပြည် မှ ထွက် သောနောက်၊ သက္ကရာဇ် လေးဆယ် ၊ ပဉ္စမ လ ပဌမ နေ့ရက်၌ ထာဝရဘုရား အမိန့်တော်ရှိသည်တိုင်း၊ ယဇ်ပုရောဟိတ် အာရုန် သည် ဟောရ တောင် ပေါ်သို့ တက် ၍ အနိစ္စ ရောက်လေ၏။
၃၈ဣသရေလအမျိုးသားတို့သည် အဲဂုတ္တုပြည်မှ ထွက်သောနောက်၊ သက္ကရာဇ်လေးဆယ်၊ ပဥ္စမလ ပဌမ နေ့ရက်၌ ထာဝရဘုရား အမိန့်တော်ရှိသည်တိုင်း၊ ယဇ်ပုရောဟိတ်အာရုန်သည် ဟောရတောင်ပေါ်သို့ တက်၍ အနိစ္စရောက်လေ၏။
39 ၃၉ အာရုန် သည် ဟောရ တောင် ပေါ်မှာ အနိစ္စ ရောက်သောအခါ ၊ အသက် တရာ နှစ်ဆယ် သုံး နှစ် ရှိသတည်း။
၃၉အာရုန်သည် ဟောရတောင်ပေါ်မှာ အနိစ္စ ရောက်သောအခါ၊ အသက် တရာနှစ်ဆယ်သုံးနှစ် ရှိသတည်း။
40 ၄၀ ခါနာန် ပြည် တောင် ပိုင်း၌ နေ သောခါနနိ ရှင်ဘုရင် အာရဒ် သည် ဣသရေလ အမျိုးသား ရောက် ကြောင်းကို ကြား လေ၏။
၄၀ခါနာန်ပြည်တောင်ပိုင်း၌နေသော ခါနနိ ရှင်ဘုရင် အာရဒ်သည် ဣသရေလအမျိုးသား ရောက် ကြောင်းကို ကြားလေ၏။
41 ၄၁ သူတို့သည် ဟောရ တောင် မှ ပြောင်း ၍ ၊ ဇာလမောန အရပ်၌ စားခန်းချ ကြ၏။
၄၁သူတို့သည် ဟောရတောင်မှပြောင်း၍၊ ဇာလ မောနအရပ်၌ စားခန်းချကြ၏။
42 ၄၂ ဇာလမောန အရပ်မှ ပြောင်း ၍ ပုနုန် အရပ်၌ စားခန်းချ ကြ၏။
၄၂ဇာလမောနအရပ်မှပြောင်း၍ ပုနုန်အရပ်၌ စားခန်းချကြ၏။
43 ၄၃ ပုနုန် အရပ်မှ ပြောင်း ၍ ဩဗုတ် အရပ်၌ စားခန်းချ ကြ၏။
၄၃ပုနုန်အရပ်မှပြောင်း၍ ဩဗုတ်အရပ်၌ စားခန်း ချကြ၏။
44 ၄၄ ဩဗုတ် အရပ်မှ ပြောင်း ၍ ဣဇာဗာရိမ် အရပ်၌ စားခန်းချ ကြ၏။
၄၄ဩဗုတ်အရပ်မှပြောင်း၍ ဣဇာဗာရိမ်အရပ်၌ စားခန်းချကြ၏။
45 ၄၅ ဣဇာဗာရိမ်အရပ်မှ ပြောင်း ၍ ဒိဗုန် ဂဒ် အရပ်၌ စားခန်းချ ကြ၏။
၄၅ဣဇာဗာရိမ်အရပ်မှပြောင်း၍ ဒိဗုန်ဂဒ်အရပ်၌ စားခန်းချကြ၏။
46 ၄၆ ဒိဗုန် ဂဒ် အရပ်မှ ပြောင်း ၍ အာလမုန်ဒိဗလသိမ် အရပ်၌ စားခန်းချ ကြ၏။
၄၆ဒိဗုန်ဂဒ်အရပ်မှပြောင်း၍ အာလမုန်ဒိဗလ သိမ်အရပ်၌ စားခန်းချကြ၏။
47 ၄၇ အာလမုန်ဒိဗလသိမ် အရပ်မှ ပြောင်း ၍ နေဗော တောင်ရှေ့တွင် အာဗရိမ် တောင်ရိုး ၌ စားခန်းချ ကြ၏။
၄၇အာလမုန်ဒိဗလသိမ်အရပ်မှပြောင်း၍ နေဗော တောင်ရှေ့တွင် အာဗရိမ်တောင်ရိုး၌ စားခန်းချကြ၏။
48 ၄၈ အာဗရိမ် တောင်ရိုး မှ ပြောင်း ၍ မောဘ လွင်ပြင် ၊ ယော်ဒန် မြစ်နား ၊ ယေရိခေါ မြို့တဘက်၌ စားခန်းချ ကြ၏။
၄၈အာဗရိမ်တောင်ရိုးမှပြောင်း၍ မောဘလွင်ပြင်၊ ယော်ဒန်မြစ်နား၊ ယေရိခေါမြို့တဘက်၌ စားခန်းချ ကြ၏။
49 ၄၉ ထိုသို့ မောဘ လွင်ပြင် ၊ ယော်ဒန် မြစ်နားမှာ ဗက်ယေရှိမုတ် မြို့မှ အာဗေလရှိတ္တိမ် မြို့ တိုင်အောင် စားခန်းချ ကြ၏။
၄၉ထိုသို့ မောဘလွင်ပြင်၊ ယော်ဒန်မြစ်နားမှာ ဗက်ယေရှိမုတ်မြို့မှ အာဗေလရှိတ္တိမ်မြို့ တိုင်အောင် စားခန်းချကြ၏။
50 ၅၀ မောဘ လွင်ပြင် ၊ ယော်ဒန် မြစ်နား၊ ယေရိခေါ မြို့ တဘက်၌ ထာဝရဘုရား သည် မောရှေ ကို ခေါ်၍၊
၅၀မောဘလွင်ပြင်၊ ယော်ဒန်မြစ်နား၊ ယေရိခေါမြို့ တဘက်၌ ထာဝရဘုရားသည် မောရှေကိုခေါ်၍၊
51 ၅၁ သင်သည် ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊ သင် တို့သည် ယော်ဒန် မြစ်ကိုကူး ၍ ခါနာန် ပြည် သို့ ရောက်ကြသောအခါ၊
၅၁သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ သင်တို့သည် ယော်ဒန်မြစ်ကိုကူး၍ ခါနာန်ပြည်သို့ ရောက်ကြသောအခါ၊
52 ၅၂ ထိုပြည်သူ ပြည်သားအပေါင်း တို့ကို နှင်ထုတ် ရကြမည်။ သူ တို့ရေး သော အရုပ်၊ သွန်း သော ရုပ်တု ဆင်းတုရှိသမျှ တို့ကို ဖျက် ရကြမည်။ သူ တို့လုပ်သော ကုန်း ရှိသမျှ တို့ ကို ဖြိုချ ရကြမည်။
၅၂ထိုပြည်သူပြည်သားအပေါင်းတို့ကို နှင်ထုတ်ရ ကြမည်။ သူတို့ရေးသော အရုပ်၊ သွန်းသော ရုပ်တုဆင်းတု ရှိသမျှတို့ကို ဖျက်ရကြမည်။ သူတို့လုပ်သော ကုန်းရှိသမျှ တို့ကို ဖြိုချရကြမည်။
53 ၅၃ ထိုပြည် ကို သင် တို့အား ငါအပိုင် ပေး သောကြောင့် ၊ ထိုပြည်သားတို့ကို နှင်ထုတ် ၍ သင်တို့ကိုယ်တိုင်နေ ရကြမည်။
၅၃ထိုပြည်ကို သင်တို့အား ငါအပိုင်ပေးသော ကြောင့်၊ ထိုပြည်သားတို့ကို နှင်ထုတ်၍ သင်တို့ကိုယ်တိုင် နေရကြမည်။
54 ၅၄ သင် တို့အဆွေအမျိုး တို့အား စာရေးတံချ ၍ ထိုမြေ ကို ဝေ ရမည်။ လူများ လျှင်များ သောမြေ၊ လူနည်း လျှင် နည်း သောမြေကို ပေးရမည်။ အသီးအသီးတို့သည် စာရေးတံ ကျ သည်အတိုင်း၊ ဘိုးဘ အမျိုးအနွယ် အလိုက် အမွေ ခံရကြမည်။
၅၄သင်တို့ အဆွေအမျိုးတို့အား စာရေးတံချ၍ ထိုမြေကို ဝေရမည်။ လူများလျှင်များသောမြေ၊ လူနည်း လျှင် နည်းသောမြေကို ပေးရမည်။ အသီးအသီးတို့သည် စာရေးတံကျသည်အတိုင်း၊ ဘိုးဘအမျိုးအနွယ်အလိုက် အမွေခံရကြမည်။
55 ၅၅ သင်တို့သည် ထိုပြည်သူ ပြည်သားတို့ကို အကုန်အစင် မ နှင်ထုတ် လျှင် ၊ ကျန်ကြွင်း သောသူတို့ သည် သင် တို့မျက်စိ ၌ အပ် ဖျားကဲ့သို့ ၎င်း ၊ သင် တို့နံဘေး ၌ ဆူး ကဲ့သို့ ၎င်း ဖြစ်၍၊ သင် တို့နေ သောပြည် မှာ သင် တို့ကို နှောင့်ရှက် ကြလိမ့်မည်။
၅၅သင်တို့သည် ထိုပြည်သူပြည်သားတို့ကို အကုန် အစင် မနှင်ထုတ်လျှင်၊ ကျန်ကြွင်းသော သူတို့သည် သင်တို့မျက်စိ၌ အပ်ဖျားကဲ့သို့၎င်း၊ သင်တို့နံဘေး၌ ဆူးကဲ့သို့၎င်း ဖြစ်၍၊ သင်တို့နေသော ပြည်မှာ သင်တို့ကို နှောင့်ရှက်ကြလိမ့်မည်။
56 ၅၆ ထိုမှတပါး ၊ သူ တို့အား ငါကြံစည် သည်အတိုင်း သင် တို့ကို ငါပြု မည်ဟု မိန့် တော်မူ၏။
၅၆ထိုမှတပါး၊ သူတို့အား ငါကြံစသည်သည်အတိုင်း သင်တို့ကို ငါပြုမည်ဟု မိန့်တော်မူ၏။

< တောလည်ရာ 33 >