< တောလည်ရာ 17 >

1 တဖန် ထာဝရဘုရား သည် မောရှေ အား မိန့် တော်မူသည်ကား၊
တဖန် ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား၊
2 သင်သည် ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ပြီးမှ ၊ ဘိုး ဘအဆွေအမျိုး အလိုက် ဣသရေလဆယ်နှစ် မျိုး၌ မင်း ပြုသောသူအသီးအသီး ပေးရသောလှံတံ ဆယ် နှစ် ချောင်းတို့ကို ယူ၍၊ လူတိုင်းအမည် ကို သူ့ လှံတံ ပေါ်မှာ ရေး ထားလော့။
သင်သည် ဣသရေလအမျိုးသားတို့အား ဆင့် ဆိုပြီးမှ၊ ဘိုးဘအဆွေအမျိုးအလိုက် ဣသရေလ ဆယ်နှစ် မျိုး၌ မင်းပြုသောသူအသီးအသီးပေးရသော လှံတံဆယ် နှစ်ချောင်းတို့ကို ယူ၍၊ လူတိုင်းအမည်ကို သူ့လှံတံပေါ်မှာ ရေးထားလော့။
3 လေဝိ အမျိုး၏လှံတံ ပေါ်မှာ အာရုန် အမည် ကို ရေး ထားလော့။ ဘိုး ဘအဆွေအမျိုး သူကြီး တဦးလျှင် လှံတံ တ ချောင်းစီရှိရမည်။
လေဝိအမျိုး၏လှံတံပေါ်မှာ အာရုန်အမည်ကို ရေးထားလော့။ ဘိုးဘအဆွေအမျိုးသူကြီးတဦးလျှင် လှံတံတချောင်းစီရှိရမည်။
4 ထိုလှံတံတို့ကို ငါဗျာဒိတ် ပေးရာအရပ် ၊ ပရိသတ် စည်းဝေး ရာ တဲ တော်အတွင်း ၊ သက်သေခံ ချက်ရှေ့မှာ တင် ထားလော့။
ထိုလှံတံတို့ကို ငါဗျာဒိတ်ပေးရာ အရပ်၊ ပရိသတ် စည်းဝေးရာ တဲတော်အတွင်း၊ သက်သေခံချက်ရှေ့မှာ တင်ထားလော့။
5 ငါရွေးကောက် သောသူ ၏ လှံတံ သည် အပွင့် ပွင့် လိမ့်မည်။ ထိုသို့ပြုမှ ဣသရေလ အမျိုးသား တို့သည် သင် ၌ အပြစ်တင် ၍ မြည်တမ်းခြင်းကို နောက်တဖန်ငါနား မငြီးရာဟု မိန့် တော်မူသည်အတိုင်း၊
ငါရွေးကောက်သောသူ၏ လှံတံသည် အပွင့် ပွင့်လိမ့်မည်။ ထိုသို့ပြုမှ ဣသရေလအမျိုးသားတို့သည် သင်၌ အပြစ်တင်၍ မြည်တမ်းခြင်းကို နောက်တဖန် ငါနားမငြီးရာဟု မိန့်တော်မူသည်အတိုင်း၊
6 မောရှေ သည် ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ၍ ၊ မင်း အပေါင်း တို့သည် ဘိုးဘ အဆွေအမျိုး အလိုက်၊ မင်း တ ဦးလျှင် လှံတံ တချောင်းစီ လှံတံ ဆယ် နှစ် ချောင်းတို့ကိုပေး ကြ၏။ အာရုန် ၏လှံတံ သည် လှံတံ များ ၌ ပါသတည်း။
မောရှေသည် ဣသရေလအမျိုးသားတို့အား ဆင့်ဆို၍၊ မင်းအပေါင်းတို့သည် ဘိုးဘအဆွေအမျိုး အလိုက်၊ မင်းတဦးလျှင် လှံတံတချောင်းစီ လှံတံဆယ်နှစ် ချောင်းတို့ကို ပေးကြ၏။ အာရုန်၏လှံတံသည် လှံတံများ ၌ ပါသတည်း။
7 မောရှေ သည် ထိုလှံတံ တို့ကို သက်သေခံ ချက် တဲ တော်အတွင်း ၊ ထာဝရဘုရား ရှေ့ တော်၌ တင် ထား လေ၏။
မောရှေသည် ထိုလှံတံတို့ကို သက်သေခံချက် တဲတော်အတွင်း၊ ထာဝရဘုရားရှေ့တော်၌ တင်ထား လေ၏။
8 နက်ဖြန် နေ့၌ သက်သေခံ ချက်တဲ တော်အတွင်း သို့ မောရှေ ဝင် သောအခါ ၊ လေဝိ အမျိုးနှင့်ဆိုင်သော အာရုန် ၏လှံတံ သည် အရွက်ထွက် လျက်၊ ငုံ လျက်၊ ပွင့် လျက်၊ ဗာတံ သီးကို သီး လျက်ရှိ၏။
နက်ဖြန်နေ့၌ သက်သေခံချက်တဲတော်အတွင်း သို့ မောရှေဝင်သောအခါ၊ လေဝိအမျိုးနှင့်ဆိုင်သော အာရုန်၏လှံတံသည် အရွက်ထွက်လျက်၊ ငုံလျက်၊ ပွင့် လျက်၊ ဗာတံသီးကို သီးလျက်ရှိ၏။
9 မောရှေ သည် လှံတံ ရှိသမျှ တို့ကို ထာဝရဘုရား ထံ တော်က ဣသရေလ အမျိုးသား တို့ ရှေ့သို့ ထုတ်ဆောင် သဖြင့် ၊ သူတို့သည် ကြည့်ရှု ၍ ၊ လူ တိုင်း မိမိ လှံတံ ကို ယူ ပြန် လေ၏။
မောရှေသည် လှံတံရှိသမျှတို့ကို ထာဝရဘုရား ထံတော်က ဣသရေလအမျိုးသားတို့ ရှေ့သို့ ထုတ်ဆောင် သဖြင့်၊ သူတို့သည် ကြည့်ရှု၍၊ လူတိုင်း မိမိလှံတံကို ယူပြန် လေ၏။
10 ၁၀ ထာဝရဘုရား ကလည်း ၊ ပုန်ကန် သောသူတို့ တဘက်၌ သက်သေ ဖြစ်စေခြင်းငှါ၊ အာရုန် ၏ လှံတံ ကို သက်သေခံ ချက်ရှေ့၌ ပြန် ထား၍ အမြဲရှိ စေလော့။ ထိုသို့ သူတို့သည် သေ ဘေးနှင့် လွတ် မည်အကြောင်း ၊ သူ တို့ အပြစ်တင် ၍ မြည်တမ်းခြင်းကို ငါနား မငြီးရာဟု၊
၁၀ထာဝရဘုရားကလည်း၊ ပုန်ကန်သောသူတို့ တဘက်၌ သက်သေဖြစ်စေခြင်းငှါ၊ အာရုန်၏ လှံတံကို သက်သေခံချက်ရှေ့၌ ပြန်ထား၍ အမြဲရှိစေလော့။ ထိုသို့ သူတို့သည် သေဘေးနှင့် လွတ်မည်အကြောင်း၊ သူတို့ အပြစ်တင်၍ မြည်တမ်းခြင်းကို ငါနားမငြီးရာဟု၊
11 ၁၁ မောရှေ အား မှာထား တော်မူသည်အတိုင်း ၊ မောရှေ သည် ပြု လေ၏။
၁၁မောရှေအား မှာထားတော်မူသည်အတိုင်း၊ မောရှေသည် ပြုလေ၏။
12 ၁၂ ဣသရေလ အမျိုးသား တို့ကလည်း ၊ အကျွန်ုပ်တို့ သည် သေကြေ ပျက်စီး ကြပါ၏။ တယောက် မျှမကြွင်း ပျက်စီး ရကြပါ၏။
၁၂ဣသရေလအမျိုးသားတို့ကလည်း၊ အကျွန်ုပ်တို့ သည် သေကြေပျက်စီးကြပါ၏။ တယောက်မျှမကြွင်း ပျက်စီးရကြပါ၏။
13 ၁၃ ထာဝရဘုရား ၏ တဲ တော်ကို ချဉ်းကပ် သောသူ တိုင်း သေ ပါလိမ့်မည်။ အကျွန်ုပ်တို့ ရှိသမျှသည် သေ ဘေးသင့်၍ ဆုံးရှုံး ခြင်းသို့ ရောက်ရကြပါဦးမည်လော ဟု မောရှေ အား လျှောက်ဆို ကြ၏။
၁၃ထာဝရဘုရား၏ တဲတော်ကို ချဉ်းကပ်သော သူ တိုင်း သေပါလိမ့်မည်။ အကျွန်ုပ်တို့ ရှိသမျှသည် သေဘေး သင့်၍ ဆုံးရှုံးခြင်းသို့ ရောက်ရကြပါဦးမည်လောဟု မောရှေအား လျှောက်ဆိုကြ၏။

< တောလည်ရာ 17 >