< တောလည်ရာ 15 >

1 တဖန် မောရှေ အား ထာဝရဘုရား က၊
တဖန်မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့ကို ဆင့်ဆိုရမည်မှာ၊
2 သင်သည် ဣသရေလ အမျိုးသား တို့ကို ဆင့်ဆို ရမည်မှာ၊ သင် တို့နေရာ ဖြစ်သော ငါ ပေး သော ပြည် သို့ ရောက် ၍ နေကြသောအခါ၊
သင်တို့နေရာဖြစ်သော ငါပေးသော ပြည်သို့ ရောက်၍ နေကြသောအခါ
3 သစ္စာ ဂတိရှိ၍ ပူဇော် သော်၎င်း ၊ အလိုလို ပူဇော်သော်၎င်း ၊ ပွဲ သဘင်ခံ၍ ပူဇော်သော်၎င်း ၊ မီးရှို့ ရာယဇ် အစရှိသော အခြားသောယဇ်ကို မီး ဖြင့်ပူဇော်၍၊ သိုး နွား အားဖြင့်ထာဝရဘုရား အဘို့ မွှေးကြိုင် သော အနံ့ ကို ပြု ခြင်းငှါ အလိုရှိလျှင်၊
သစ္စာဂတိရှိ၍ ပူဇော်သော်၎င်း၊ အလိုလို ပူဇော် သော်၎င်း၊ ပွဲသဘင်ခံ၍ ပူဇော်သော်၎င်း၊ မီးရှို့ရာယဇ် အစရှိသော အခြားသောယဇ်ကို မီးဖြင့်ပူဇော်၍ သိုးနွား အားဖြင့် ထာဝရဘုရားအဘို့ မွှေးကြိုင်သော အနံ့ကို ပြုခြင်းငှါအလိုရှိလျှင်၊
4 ထာဝရဘုရား အား ပူဇော်သက္ကာ ကိုပြု သောသူသည်၊ သိုးသငယ် ကိုပူဇော်လျှင်၊ မီးရှို့ရာယဇ် ဖြစ်စေ ၊ အခြားသောယဇ် ဖြစ်စေ၊
ထာဝရဘုရားအား ပူဇော်သက္ကာကို ပြုသောသူသည်၊ သိုးသငယ်ကို ပူဇော်လျှင် မီးရှို့ရာယဇ်ဖြစ်စေ၊ အခြားသောယဇ်ဖြစ်စေ၊
5 ယဇ်နှင့်တကွ ဘောဇဉ် ပူဇော်သက္ကာကို ဆီ သုံး လောဃရော သောမုန့်ညက် တဩမဲ ကို၎င်း၊ သွန်းလောင်း ရာပူဇော်သက္ကာဘို့ စပျစ်ရည် သုံး လောဃကို၎င်း၊ ပြင်ဆင် ၍ဆောင် ခဲ့ရမည်။
ယဇ်နှင့်တကွ ဘောဇဉ်ပူဇော်သက္ကာကို ဆီသုံးလောဃရောသော မုန့်ညက်တဩမဲကို၎င်း။ သွန်းလောင်းရာ ပူဇော်သက္ကာကို စပျစ်ရည် သုံးလောဃကို၎င်း၊ ပြင်ဆင်၍ ဆောင်ခဲ့ရမည်။
6 သိုး ကိုပူဇော်လျှင်၊ ထာဝရဘုရား အဘို့မွှေးကြိုင် သောအနံ့ ရှိစေခြင်းငှါ၊
သိုးကိုပူဇော်လျှင်၊ ထာဝရဘုရားအဘို့ မွှေးကြိုင်သောအနံ့ရှိစေ ခြင်းငှါ၊
7 ဘောဇဉ် ပူဇော်သက္ကာဘို့ ဆီ လေး လောဃရော သောမုန့်ညက် နှစ် ဩမဲကိုပြင်ဆင် ၍ သွန်းလောင်း ရာပူဇော်သက္ကာဘို့ စပျစ်ရည် လေး လောဃကိုပူဇော် ရမည်။
ဘောဇဉ်ပူဇော်သက္ကာဘို့ ဆီလေး လောဃရောသော မုန့်ညက်နှစ်ဩမဲကို ပြင်ဆင်၍ သွန်းလောင်းရာ ပူဇော်သက္ကာဘို့ စပျစ်ရည်လေးလောဃကို ပူဇော်ရမည်။
8 ထာဝရဘုရား အား မီးရှို့ ရာယဇ်၊ သစ္စာ ဂတိရှိ၍ ပူဇော်သောယဇ် ၊ မိဿဟာယ ယဇ်ဘို့ နွား ကို ပြင်ဆင် လျှင်၊
ထာဝရဘုရားအား မီးရှို့ရာယဇ်၊ သစ္စာဂတိရှိ၍ ပူဇော်သောယဇ်၊ မိဿဟာယယဇ်ဘို့ နွားကို ပြင်ဆင်လျှင်၊
9 မီး ဖြင့်ပူဇော်၍ ထာဝရဘုရား အဘို့ မွှေးကြိုင် သော အနံ့ ရှိစေခြင်းငှါ၊
မီးဖြင့်ပူဇော်၍ ထာဝရဘုရားအဘို့ မွှေးကြိုင် သော အနံ့ရှိစေခြင်းငှါ၊
10 ၁၀ နွား နှင့်တကွဘောဇဉ် ပူဇော်သက္ကာဘို့ ဆီ ခြောက် လောဃရော သောမုန့်ညက် သုံး ဩမဲကို၎င်း၊ သွန်းလောင်း ရာပူဇော်သက္ကာဘို့ စပျစ်ရည် ခြောက် လောဃကို၎င်းဆောင် ခဲ့ရမည်။
၁၀နွားနှင့်တကွ ဘောဇဉ်ပူဇော်သက္ကာဘို့ ဆီ ခြောက်လောဃရောသော မုန့်ညက်သုံးဩမဲကို၎င်း၊ သွန်း လောင်းရာ ပူဇော်သက္ကာဘို့ စပျစ်ရည် ခြောက်လောဃ ကို၎င်း ဆောင်ခဲ့ရမည်။
11 ၁၁ နွား တ ကောင်၊ သိုး တ ကောင်၊ သိုးသငယ် တကောင်၊ ဆိတ်သငယ် တကောင်ကို ယဇ်ပူဇော်သောအခါထိုသို့ ပြု ရမည်။
၁၁နွားတကောင်၊ သိုးတကောင်၊ သိုးသငယ်တကောင်၊ ဆိတ်သငယ်တကောင်ကို ယဇ်ပူဇော်သောအခါ ထိုသို့ပြုရမည်။
12 ၁၂ ပြင်ဆင် သော သိုး နွားအရေအတွက် သို့ လိုက်၍၊ တကောင်တကောင် ကို ထိုသို့ ပြု ရမည်။
၁၂ပြင်ဆင်သော သိုး နွားအရေအတွက်သို့ လိုက်၍၊ တကောင် ကောင်ကို ထိုသို့ပြုရမည်။
13 ၁၃ ပြည်သား အပေါင်း တို့သည် မီး ဖြင့် ပူဇော် ၍ ထာဝရဘုရား အဘို့ မွှေးကြိုင် သော အနံ့ ရှိစေခြင်းငှါ၊ ထိုသို့ နှင့်အညီပြု ရကြမည်။
၁၃ပြည်သားအပေါင်းတို့သည် မီးဖြင့် ပူဇော်၍ ထာဝရဘုရားအဘို့ မွှေးကြိုင်သော အနံ့ရှိစေခြင်းငှါ၊ ထိုသို့နှင့်အညီ ပြုရကြမည်။
14 ၁၄ သင် တို့တွင် တည်းခို သော တပါး အမျိုးသားဖြစ်စေ ၊ အခြား တပါးသောသူဖြစ်စေ၊ မီး ဖြင့် ပူဇော် ၍ ထာဝရဘုရား အဘို့ မွှေးကြိုင် သောအနံ့ ရှိစေခြင်းငှါအလိုရှိ လျှင်၊ သင်တို့ပြု သည်နည်းတူ သူသည်လည်း ပြု ရမည်။
၁၄သင်တို့တွင် တည်းခိုသော တပါးအမျိုးသား ဖြစ်စေ၊ အခြားတပါးသောသူဖြစ်စေ၊ မီးဖြင့် ပူဇော်၍ ထာဝရဘုရားအဘို့ မွှေးကြိုင်သောအနံ့ရှိစေခြင်းငှါ အလို ရှိလျှင်၊ သင်တို့ပြုသည်နည်းတူ သူသည်လည်း ပြုရမည်။
15 ၁၅ ပရိသတ် အဝင်ဖြစ်သောသူ၊ သင် တို့တွင် တည်းခို သော တပါး အမျိုးသားဖြစ်သောသူတို့သည်၊ သင် တို့အမျိုး အစဉ်အဆက် စောင့်ရသောတပါးတည်းသော ထုံးစံ ရှိ၍၊ ထာဝရဘုရား ရှေ့ တော်၌ သင် တို့သည် ဖြစ် သည်နည်းတူ သူသည်လည်း ဖြစ် ရမည်။
၁၅ပရိသတ်အဝင်ဖြစ်သောသူ၊ သင်တို့တွင် တည်း ခိုသော တပါးအမျိုးသားဖြစ်သောသူတို့သည်၊ သင်တို့ အမျိုးအစဉ်အဆက်စောင့်ရသော တပါးတည်းသော ထုံးစံရှိ၍၊ ထာဝရဘုရားရှေ့တော်၌ သင်တို့သည် ဖြစ် သည်နည်းတူ သူသည်လည်း ဖြစ်ရမည်။
16 ၁၆ သင် တို့ကိုယ်တိုင်မှစ၍ သင် တို့တွင် တည်းခို သော တပါး အမျိုးသားတို့သည် တပါးတည်း သော တရား ၊ တပါးတည်း သော ထုံးစံ ရှိ ရကြမည်ဟု မိန့်တော်မူ၏။
၁၆သင်တို့ကိုယ်တိုင်မှစ၍ သင်တို့တွင် တည်းခို သော တပါးအမျိုးသားတို့သည် တပါးတည်းသော တရား၊ တပါးတည်းသော ထုံးစံရှိရကြမည်ဟု မိန့်တော်မူ၏။
17 ၁၇ တဖန် မောရှေ အား ထာဝရဘုရား က၊ သင်သည် ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊
၁၇တဖန်မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊
18 ၁၈ ငါ ပို့ဆောင် သော ပြည် သို့ သင် တို့သည် ရောက် ၍ ၊
၁၈ငါပို့ဆောင်သော ပြည်သို့ သင်တို့သည် ရောက်၍၊
19 ၁၉ ထိုပြည် ၌ဖြစ်သော မုန့် ကို စား ကြသောအခါ ၊ ထာဝရဘုရား အား ချီမြှောက် ရာ ပူဇော်သက္ကာကို ဆက် ရမည်။
၁၉ထိုပြည်၌ဖြစ်သော မုန့်ကို စားကြသောအခါ၊ ထာဝရဘုရားအား ချီးမြှောက်ရာ ပူဇော်သက္ကာကို ဆက်ရ မည်။
20 ၂၀ အဦး နယ်သော မုန့်စိမ်း ဖြင့် လုပ်သော မုန့်ပြား ကို ချီမြှောက် ရာ ပူဇော်သက္ကာပြု၍၊ ကောက်နယ် တလင်း ထဲက ချီမြှောက် ရာ ပူဇော်သက္ကာကို ပြုသကဲ့သို့ ချီမြှောက် ရမည်။
၂၀အဦးနယ်သော မုန့်စိမ်းဖြင့် လုပ်သော မုန့်ပြား ကို ချီမြှောက်ရာ ပူဇော်သက္ကာပြု၍ ကောက်နယ်တလင်း ထဲက ချီမြှောက်ရာ ပူဇော်သက္ကာကို ပြုသကဲ့သို့ ချီမြှောက် ရမည်။
21 ၂၁ သင် တို့အမျိုး အစဉ်အဆက်တို့သည်၊ အဦး နယ် သော မုန့်စိမ်း ထဲက ချီမြှောက် ရာ ပူဇော်သက္ကာကိုထာဝရ ဘုရား အား ဆက် ရကြမည်။
၂၁သင်တို့အမျိုးအစဉ်အဆက်တို့သည်၊ အဦးနယ် သော မုန့်စိမ်းထဲက ချီမြှောက်ရာ ပူဇော်သက္ကာကိုထာဝရ ဘုရားအား ဆက်ရကြမည်။
22 ၂၂ ထာဝရဘုရား သည် မောရှေ ကို မှာထား သော နေ့ မှစ၍ ၊ မောရှေ အားဖြင့် သင် တို့၌ ထား တော်မူသောပညတ်၊
၂၂ထာဝရဘုရားသည် မောရှေကို မှာထားသော နေ့မှစ၍၊ မောရှေအားဖြင့် သင်တို့၌ ထားတော်မူသော ပညတ်၊
23 ၂၃ သင် တို့အမျိုး အစဉ်အဆက်၌ ထားတော်မူလတံ့သောပညတ် အလုံးစုံ တို့ကို သင်တို့သည် မ စောင့် မှားယွင်း ခြင်းသို့ရောက်ကြသည်အမှုမှာ၊
၂၃သင်တို့အမျိုးအစဉ်အဆက်၌ ထားတော်မူလတံ့ သော ပညတ်အလုံးစုံတို့ကို သင်တို့သည် မစောင့် မှား ယွင်းခြင်းသို့ ရောက်ကြသည်အမှုမှာ၊
24 ၂၄ ပရိသတ် အပေါင်းတို့သည် မသိဘဲ သတိလစ် ၍ မှားယွင်း ခြင်းသို့ရောက် လျှင် ၊ ပရိသတ် အပေါင်း တို့သည် ထာဝရဘုရား အဘို့ မွှေးကြိုင် သောအနံ့ ရှိစေခြင်းငှါ၊ ထုံးဖွဲ့ သော ထုံးစံရှိသည်အတိုင်း ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာနှင့်တကွ၊ အသက်ပျို သော နွားထီး ဖြင့် မီးရှို့ ရာယဇ်ကို၎င်း ၊ ဆိတ် ဖြင့် အပြစ် ဖြေရာ ယဇ်ကို၎င်းပူဇော် ရကြမည်။
၂၄ပရိသတ်အပေါင်းတို့သည် မသိဘဲ သတိလစ်၍ မှားယွင်းခြင်းသို့ရောက်လျှင်၊ ပရိသတ်အပေါင်းတို့သည် ထာဝရဘုရားအဘို့ မွှေးကြိုင်သောအနံ့ရှိစေခြင်းငှါ၊ ထုံးဖွဲ့သော ထုံးစံရှိသည်အတိုင်း ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာ ပူဇော်သက္ကာနှင့်တကွ၊ အသက်ပျိုသော နွားထီးဖြင့် မီးရှို့ရာယဇ်ကို၎င်း၊ ဆိတ်ဖြင့် အပြစ်ဖြေရာ ယဇ်ကို၎င်း ပူဇော်ရကြမည်။
25 ၂၅ ယဇ်ပုရောဟိတ် သည်၊ ဣသရေလ အမျိုးသား ပရိသတ် အပေါင်း တို့အဘို့ အပြစ် ဖြေခြင်းကို ပြုရသဖြင့် ၊ သူတို့သည် သတိလစ် ၍ ပြစ်မှားသောကြောင့် ၊ ထိုအပြစ် ကို လွှတ်ရလိမ့်မည်။ သူ တို့သည်လည်း သတိလစ် သော အပြစ်ကြောင့် ၊ အပြစ် ဖြေရာယဇ်နှင့်တကွ၊ မီး ဖြင့်ပြုသောပူဇော်သက္ကာ ကို ထာဝရဘုရား ထံ တော်သို့ ဆောင် ခဲ့ရကြမည်။
၂၅ယဇ်ပုရောဟိတ်သည်၊ ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့အဘို့ အပြစ်ဖြေခြင်းကို ပြုရသဖြင့်၊ သူတို့သည် သတိလစ်၍ ပြစ်မှားသောကြောင့်၊ ထိုအပြစ် ကို လွှတ်ရလိမ့်မည်။ သူတို့သည်လည်း သတိလစ်သော အပြစ်ကြောင့်၊ အပြစ်ဖြေရာယဇ်နှင့်တကွ၊ မီးဖြင့်ပြုသော ပူဇော်သက္ကာကို ထာဝရဘုရားထံတော်သို့ ဆောင်ခဲ့ရ ကြမည်။
26 ၂၆ ထိုသို့ပြုလျှင် ၊ လူ အပေါင်း တို့သည် ပြစ်မှားသော်လည်း၊ သတိလစ် ၍ ပြစ်မှားသောကြောင့် ၊ ဣသရေလ အမျိုးသား ပရိသတ် အပေါင်း ကို၎င်း ၊ သူ တို့ထံမှာ တည်းခို သော တပါး အမျိုးသားကို၎င်းထိုအပြစ် မှ လွှတ်ရ လိမ့်မည်။
၂၆ထိုသို့ပြုလျှင်၊ လူအပေါင်းတို့သည် ပြစ်မှားသော် လည်း၊ သတိလစ်၍ ပြစ်မှားသောကြောင့်၊ ဣသရေလ အမျိုးသားပရိသတ်အပေါင်းကို၎င်း၊ သူတို့ထံမှာ တည်းခို သော တပါးအမျိုးသားကို၎င်း ထိုအပြစ်မှ လွှတ်ရလိမ့် မည်။
27 ၂၇ လူတစုံတယောက် သည် သတိလစ် ၍ ပြစ်မှား လျှင် ၊ အပြစ် ဖြေရာ ယဇ်ဘို့ အခါမလည် သော ဆိတ်မ တကောင်ကိုဆောင် ခဲ့ရမည်။
၂၇လူတစုံတယောက်သည် သတိလစ်၍ ပြစ်မှား လျှင်၊ အပြစ်ဖြေရာ ယဇ်ဘို့အခါမလည်သော ဆိတ်မ တကောင်ကို ဆောင်ခဲ့ရမည်။
28 ၂၈ ထာဝရဘုရား ရှေ့ တော်၌ သတိလစ် ၍ ပြစ်မှား မိသော ထိုသူအဘို့ ယဇ်ပုရောဟိတ် သည် အပြစ် ဖြေခြင်း ကို ပြုရသဖြင့် ထိုအပြစ် ကို လွှတ်ရလိမ့်မည်။
၂၈ထာဝရဘုရားရှေ့တော်၌ သတိလစ်၍ ပြစ်မှား မိသော ထိုသူအဘို့ ယဇ်ပုရောဟိတ်သည် အပြစ်ဖြေခြင်း ကို ပြုရသဖြင့် ထိုအပြစ်ကို လွှတ်ရလိမ့်မည်။
29 ၂၉ ဣသရေလ အမျိုးသား ဖြစ်သောသူ၊ တည်းခို သော တပါး အမျိုးသားဖြစ်သောသူတို့သည် သတိလစ် ၍ ပြစ်မှား သောအခါ၊ တပါးတည်း သော တရား ကို စောင့် ရကြမည်။
၂၉ဣသရေလအမျိုးသားဖြစ်သောသူ၊ တည်းခို သော တပါးအမျိုးသားဖြစ်သောသူတို့သည် သတိလစ်၍ ပြစ်မှားသောအခါ၊ တပါးတည်းသော တရားကို စောင့်ရ ကြမည်။
30 ၃၀ ဣသရေလ အမျိုးသားဖြစ်စေ ၊ တပါး အမျိုးသားဖြစ်စေ ၊ ရဲရင့် စွာပြစ်မှား လျှင် ၊ ထာဝရဘုရား ကို မ ရိုသေရာသို့ ရောက်သည်ဖြစ်၍၊ ထို သူကို သူ ၏အမျိုး မှ ပယ်ရှင်း ရမည်။
၃၀ဣသရေလအမျိုးသားဖြစ်စေ၊ တပါးအမျိုးသား ဖြစ်စေ၊ ရဲရင့်စွာပြစ်မှားလျှင်၊ ထာဝရဘုရားကို မရိုသေ ရာသို့ ရောက်သည်ဖြစ်၍၊ ထိုသူကို သူ၏အမျိုးမှ ပယ်ရှင်း ရမည်။
31 ၃၁ ထာဝရဘုရား ၏စကား တော်ကို မထီမဲ့မြင်ပြု ၍ ပညတ် တော်ကို လွန်ကျူး သောကြောင့် ၊ ထိုသူကို ရှင်းရှင်းပယ်ရှား ရမည်။ မိမိ အပြစ် ကို မိမိခံရမည်ဟု မိန့်တော်မူ၏။
၃၁ထာဝရဘုရား၏စကားတော်ကို မထီမဲ့မြင်ပြု၍ ပညတ်တော်ကို လွန်ကျူးသောကြောင့်၊ ထိုသူကို ရှင်းရှင်း ပယ်ရှားရမည်။ မိမိအပြစ်ကို မိမိခံရမည်ဟု မိန့်တော်မူ ၏။
32 ၃၂ ဣသရေလ အမျိုးသား တို့သည် တော ၌ ရှိ ကြ သောအခါ ၊ တနေ့သောဥပုသ် နေ့ ၌ ထင်းခွေ သောသူ တယောက်ကို တွေ့ လေ၏။
၃၂ဣသရေလအမျိုးသားတို့သည် တော၌ ရှိကြ သောအခါ၊ တနေ့သောဥပုသ်နေ့၌ ထင်းခွေသောသူ တယောက်ကို တွေ့လေ၏။
33 ၃၃ တွေ့ သောသူတို့သည်၊ ထိုသူ ကို မောရှေ ၊ အာရုန် ၊ ပရိသတ် အပေါင်း တို့ ရှေ့သို့ ခေါ် ခဲ့ကြ၏။
၃၃တွေ့သောသူတို့သည်၊ ထိုသူကို မောရှေ၊ အာရုန်၊ ပရိသတ်အပေါင်းတို့ ရှေ့သို့ ခေါ်ခဲ့ကြ၏။
34 ၃၄ သူ ၏အမှုကို စီရင် ရာလမ်းမ ထင်ရှား သေးသောကြောင့် ချုပ် ထားကြ၏။
၃၄သူ၏အမှုကို စီရင်ရာလမ်းမထင်ရှားသေးသော ကြောင့် ချုပ်ထားကြ၏။
35 ၃၅ ထာဝရဘုရား ကလည်း ၊ ထိုသူသည် အသေ သတ်ခြင်းကို အမှန်ခံရမည်။ ပရိသတ် အပေါင်း တို့သည် တပ် ပြင် မှာ သူ့ ကို ကျောက်ခဲ နှင့် ပစ် ရကြမည်ဟု မောရှေ အား မိန့် တော်မူ၍ ၊
၃၅ထာဝရဘုရားကလည်း၊ ထိုသူသည် အသေ သတ်ခြင်းကို အမှန်ခံရမည်။ ပရိသတ်အပေါင်းတို့သည် တပ်ပြင်မှာ သူ့ကို ကျောက်ခဲနှင့်ပစ်ရကြမည်ဟု မောရှေ အား မိန့်တော်မူ၍၊
36 ၃၆ ထိုအမိန့် တော်အတိုင်း ပရိသတ် အပေါင်း တို့ သည် ထိုသူကို တပ် ပြင် သို့ ဆောင် သွား၍ ၊ ကျောက်ခဲ နှင့် ပစ် ကြသဖြင့် သူသည် အသေ ခံရ၏။
၃၆ထိုအမိန့်တော်အတိုင်း ပရိသတ်အပေါင်းတို့ သည် ထိုသူကို တပ်ပြင်သို့ ဆောင်သွား၍၊ ကျောက်ခဲနှင့် ပစ်ကြသဖြင့် သူသည် အသေခံရ၏။
37 ၃၇ တဖန် မောရှေ အား ထာဝရဘုရား က၊ သင် သည် ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊
၃၇တဖန် မောရှေအား ထာဝရဘုရားက၊ သင် သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊
38 ၃၈ သူ တို့အမျိုး အစဉ်အဆက်တို့သည်၊ အဝတ် စွန်း တို့၌ ဆွဲစရာဘို့ ပန်းပွား တို့ကို လုပ် ၍ ၊ ပြာ သော ကြိုး နှင့် ချည် တွဲရကြမည်။
၃၈သူတို့အမျိုး အစဉ်အဆက်တို့သည်၊ အဝတ်စွန်း တို့၌ ဆွဲစရာဘို့ ပန်းပွားတို့ကို လုပ်၍၊ ပြာသော ကြိုးနှင့် ချည်တွဲရကြမည်။
39 ၃၉ ထိုပန်းပွား တို့ကို သင်တို့သည် ကြည့် မြင်သောအခါ ၊ ထာဝရဘုရား ပညတ် တော်မူသမျှ တို့ကို အောက်မေ့ ၍ ကျင့် ကြမည်အကြောင်း၊ အထက်က ကိုယ် အလို သို့ လိုက်လျက်၊ ကိုယ် ဉာဏ် ကို မှီဝဲလျက် မှားယွင်း သကဲ့သို့မ လိုက် မမှီဝဲ၊
၃၉ထိုပန်းပွားတို့ကို သင်တို့သည် ကြည့်မြင်သော အခါ၊ ထာဝရဘုရား ပညတ်တော်မူသမျှတို့ကို အောက် မေ့၍ ကျင့်ကြမည်အကြောင်း၊ အထက်က ကိုယ်အလိုသို့ လိုက်လျက်၊ ကိုယ်ဉာဏ်ကို မှီဝဲလျက် မှားယွင်းသကဲ့သို့ မလိုက် မမှီဝဲ၊
40 ၄၀ ငါ ပညတ် သမျှ တို့ကို အောက်မေ့ ၍ ကျင့် သဖြင့် ၊ သင် တို့ဘုရားသခင် အဘို့ သန့်ရှင်း မည်အကြောင်းထိုသို့ ပြု ရမည်။
၄၀ငါပညတ်သမျှတို့ကို အောက်မေ့၍ ကျင့်သဖြင့်၊ သင်တို့ ဘုရားသခင်အဘို့ သန့်ရှင်းမည်အကြောင်း ထိုသို့ ပြုရမည်။
41 ၄၁ ငါသည် သင် တို့၏ ဘုရားသခင် ဖြစ် ခြင်းငှါ ၊ သင် တို့ကို အဲဂုတ္တု ပြည် မှ နှုတ်ဆောင် ခဲ့သော သင် တို့၏ ဘုရားသခင် ထာဝရဘုရား ဖြစ်၏။ ငါ သည် သင် တို့၏ ဘုရားသခင် ထာဝရဘုရား ဖြစ်သည်ဟု မိန့်တော်မူ၏။
၄၁ငါသည် သင်တို့၏ ဘုရားသခင်ဖြစ်ခြင်းငှါ၊ သင်တို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်ခဲ့သော သင်တို့၏ ဘုရားသခင်ထာဝရဘုရားဖြစ်၏။ ငါသည် သင်တို့၏ ဘုရားသခင် ထာဝရဘုရားဖြစ်သည်ဟု မိန့်တော်မူ၏။

< တောလည်ရာ 15 >