< လုကာ 8 >

1 ထိုနောက်မှ ကိုယ်တော် သည် မြို့ ရွာ အစဉ် အတိုင်းဒေသစာရီ လှည့်လည်၍ ဘုရားသခင် ၏ နိုင်ငံ တော် နှင့်ယှဉ်သော ဧဝံဂေလိ တရားကို ဟော တော်မူ၏။
AND it came to pass afterwards, that he went through every city and village, preaching and publishing the glad tidings of the kingdom of God, and the twelve with him.
2 တစ်ကျိပ် နှစ်ပါးသော တပည့်တော်တို့သည် နောက်တော်သို့လိုက်ကြ၏။ နတ် ဆိုး ဘေး၊ အနာ ရောဂါ ဘေးနှင့် ကင်းလွတ် စေတော်မူသောမိန်းမ အချို့ သည်လည်း လိုက်ကြ၏။ ထိုမိန်းမ တို့တွင် နတ်ဆိုး ခုနစ် ယောက် ထွက် သော မာဂဒလ ဟုခေါ်ဝေါ် သောမာရိ ၊
And certain women who had been cured of evil spirits and sicknesses, Mary called Magdalene, from whom seven devils had gone out.
3 ဟေရုဒ် မင်း၏ စားတော်ကဲ ခုဇ ၏မယား ယောဟန္န နှင့် ရှုရှန္န မှစ၍မိမိဥစ္စာ ကိုလှူ၍ ကိုယ်တော် ကို လုပ်ကျွေး သော အခြား မိန်းမအများ ပါကြ၏။
And Joanna the wife of Chuza, Herod’s lieutenant-governor, and Susanna, and many others, who ministred to his support out of their possessions.
4 များစွာ သောလူ အပေါင်းတို့သည် မြို့ ရွာအရပ်ရပ် တို့မှ အထံ တော်သို့ လာ ၍ စုဝေး လျက်ရှိကြသောအခါ၊ ဥပမာ စကားအားဖြင့် မြွက်ဆို တော်မူသည်မှာ၊
Now when a vast multitude was collected, even those who came to him out of every city, he spake by a parable.
5 မျိုးစေ့ ကြဲသောသူ သည် မျိုးစေ့ ကိုကြဲ ခြင်းငှာထွက်သွား ၏။ အစေ့ကို ကြဲ သည်တွင် အချို့ သော အစေ့ တို့သည် လမ်း ၌ ကျ သဖြင့် ကျော်နင်း ခြင်းကို ခံရ၍ မိုဃ်း ကောင်းကင်ငှက် တို့သည် ကောက်စား ကြ၏။
A sower went out to sow his seed; and as he sowed, some fell by the road side, and was trodden under foot, and the birds of the air devoured it up.
6 အချို့ သောအစေ့တို့သည် ကျောက် ပေါ်၌ ကျ သဖြင့် အပင် ပေါက်သောအခါ မြေဩဇာ မ ရှိ သောကြောင့် ညှိုးနွမ်း ပျက်စီးခြင်းသို့ ရောက်ကြ၏။
And other seed fell on a rock, and vegetating, withered because it had no moisture.
7 အချို့ သောအစေ့တို့သည် ဆူးပင် တို့တွင် ကျ သဖြင့် ဆူးပင် တို့သည် အတူ ပေါက်၍ ညှဉ်းဆဲ ကြ၏။
And other seed fell amidst thorns, and the thorns springing up with it, choked it.
8 အချို့ သောအစေ့တို့သည် ကောင်း သောမြေ ၌ ကျ သဖြင့် အပင် ပေါက်၍အဆ တရာပွားများ၍ အသီး သီး ကြ ၏ ဟု မိန့် တော်မူပြီးမှ၊ ကြား စရာနား ရှိ သော သူ မည်သည်ကားကြား ပါစေဟု ကြွေးကြော် တော်မူ၏။
And some fell on good ground, and shooting up, produced fruit an hundred fold. So saying, he cried, He that hath ears to hear, let him hear.
9 တပည့် တော်တို့ကလည်း၊ ထို ဥပမာ ၏ အနက်အဓိပ္ပါယ် ကား အဘယ် နည်းဟု မေးလျှောက် ကြလျှင် ၊
Then his disciples asked him, saying. What might this parable mean?
10 ၁၀ ကိုယ်တော်က၊ သင် တို့သည် ဘုရားသခင့် နိုင်ငံ တော်၏ နက်နဲ သောအရာတို့ကို သိ ရသောအခွင့် ရှိကြ၏။ ကြွင်း သောသူ တို့မူကား ၊ မြင် လျက်ပင် အာရုံမ ပြုဘဲမြင် ၍ ၊ ကြား လျက်ပင်အနက်ကို နား မ လည်ဘဲ ကြားရ သည်တိုင်အောင် သူတို့အား ဥပမာ အားဖြင့် ဟောရ၏။
And he said, To you it is given to know the mysteries of the kingdom of God; but to the rest in parables: that seeing they may not perceive, and hearing may not comprehend.
11 ၁၁ ထို ဥပမာ အနက်အဓိပ္ပါယ် ကား မျိုးစေ့ သည် ဘုရားသခင် ၏တရားစကား ဖြစ် ၏။
Now this is the parable: The seed is the word of God.
12 ၁၂ လမ်း ၌ ရှိသောသူ ကား ၊ တရားစကားကို ကြား သည်ရှိသော်၊ ယုံကြည် ခြင်း၊ ကယ်တင် ခြင်းသို့ မ ရောက် စေခြင်းငှာ ၊ မာရ်နတ် သည် လာ ၍ တရားစကား ကို နှလုံး ထဲမှ နှုတ်ယူ သောသူ ကိုဆိုလိုသတည်း။
They by the road side, are such as hear; then cometh the devil, and taketh the word from their heart, that they should not be saved in believing.
13 ၁၃ ကျောက် ပေါ်၌ ရှိသောသူ ကား ၊ တရားစကား ကိုကြား ၍ ဝမ်းမြောက် သောစိတ်နှင့် ခံယူ သော်လည်းစိတ်နှလုံး၌ အမြစ် မ စွဲ ၊ ခဏ သာယုံကြည် သဖြင့် စုံစမ်း နှောင့်ရှက်ခြင်းကို ခံရသောအခါဖေါက်ပြန် သောသူကို ဆိုလိုသတည်း။
And they on the rock, are such as when they have heard, with joy embrace the word; and these have not root, who for a time believe, and in a season of trial apostasize.
14 ၁၄ ဆူးပင် တို့တွင် ရှိသောသူ ကား ၊ တရားစကားကိုကြား သည်ရှိ သော်၊ လောကီစိုးရိမ် ခြင်း၊ စည်းစိမ် ကြွယ်ဝခြင်း၊ ကာမဂုဏ် ခံစားခြင်းတို့သည် နှိပ်စက် ၍ အသီး မ သီးသောသူ ကိုဆိုလိုသတည်း။
And that which fell among thorns, are they having heard, and going away, are choked by the cares, and wealth, and pleasures of life, and bring forth no perfect fruit.
15 ၁၅ ကောင်း သောမြေ ၌ ရှိသောသူ ကား ၊ ဖြောင့်မတ် စင်ကြယ် သော စိတ် နှလုံးနှင့် တရား စကားကိုကြား လျှင် ၊ စွဲလမ်း သောအားဖြင့် မြဲမြံ စွာအသီးသီး သော သူ ကိုဆိုလို သတည်း။
But that on the good ground are they who having heard the word, retain it in a heart excellent and good, and bring forth fruit with patience.
16 ၁၆ ဆီမီး ထွန်း ပြီးလျှင် အိုး မှောက်၍ ဖုံးထား လေ့မ ရှိ။ ခုတင် အောက် ၌လည်း ထား လေ့မရှိ။ ဝင် သောသူ သည် အလင်း ကိုမြင် စေခြင်းငှာဆီမီးခုံ အပေါ်မှာ တင်ထားလေ့ရှိ၏။
No man lighting a lamp hides it with a cover, or putteth it under a bed, but on a stand, that they who are coming in, may see the light.
17 ၁၇ ဆိတ်ကွယ် ရာ၌ရှိ သမျှတို့သည် ထင်ရှား လိမ့်မည်။ ဝှက်ထား လျက်ရှိသမျှတို့သည်လည်းထင်ရှား စွာ ပွင့်လင်း လိမ့်မည်။
For there is nothing hid which shall not be made manifest, nor concealed, which shall not be known and brought to light.
18 ၁၈ ထိုကြောင့် သင်တို့သည် အဘယ်သို့ ကြားနာ ရသည်ကို သတိပြု ကြလော့။ အကြောင်းမူကား ၊ အကြင်သူ သည် ရ တတ်၏၊ ထိုသူ့ အားပေး ဦးမည်။ အကြင်သူ သည် ဆင်းရဲ ၏၊ ထိုသူ ၌ ဥစ္စာရှိ ဟန်ဆောင် သမျှ ကိုပင် နှုတ် လိမ့်မည် ဟု မိန့်တော်မူ၏။
Take heed therefore how ye hear: for whosoever hath, to him shall be given; and whosoever hath not, even what he seemeth to have shall be taken away from.
19 ၁၉ ထိုအခါ မယ်တော် နှင့် ညီ တော်တို့သည် လာ ၍ စည်းဝေး သောသူ များသောကြောင့် ၊ ကိုယ်တော် ရင်းသို့ မ ချဉ်းကပ် နိုင် ဘဲနေကြ၏။
Then came to him his mother and his brethren, and could not come near him because of the crowd.
20 ၂၀ လူအချို့ကလည်း၊ မယ်တော် နှင့် ညီ တော်တို့သည် ကိုယ်တော် ကိုတွေ့ လို ၍ ပြင် မှာရပ် နေကြပါ၏ဟု လျှောက် လျှင် ၊
And it was told him, saying, Thy mother and thy brethren are standing without, desirous of seeing thee.
21 ၂၁ ကိုယ်တော်က၊ ဘုရားသခင် ၏ နှုတ်ကပတ် တရားတော်ကိုကြား ၍ နားထောင် သောသူ တို့သည် ငါ့ အမိ ၊ ငါ့ ညီ ဖြစ် သတည်း ဟု မိန့် တော်မူ၏။
Then he answered and said to them, My mother and my brethren are they, who hear the word of God, and practise it.
22 ၂၂ တစ်နေ့သ၌ ယေရှု သည် တပည့် တော်တို့နှင့်အတူ လှေ ထဲသို့ ဝင် ၍၊ အိုင် တစ်ဘက် သို့ ကူး ကြကုန်အံ့ဟု မိန့် တော်မူပြီးလျှင် လွှင့်သွား ကြ၏။
And it came to pass on one of the days, that he went himself into a ship, and his disciples, and said unto them, Let us pass over to the farther side of the lake. And they set fail.
23 ၂၃ အိုင်ကိုကူး သောအခါ ယေရှုသည် ကျိန်းစက် တော်မူ၏။ အိုင် ၌ မိုဃ်းသက်မုန်တိုင်း ဖြစ် ၍ ၊ လှေသည် ရေနှင့် ပြည့်သောကြောင့် ဘေးရောက် လု၏။
And while they were on the passage, he went to sleep: and a hurricane of wind rushed down on the lake; and they were filled with water, and imminent danger.
24 ၂၄ တပည့်တော်တို့သည် ချဉ်းကပ် ၍ ကိုယ်တော် ကိုနှိုး ပြီးလျှင်၊ သခင် ၊ သခင် ၊ အကျွန်ုပ်တို့သည် ပျက်စီး ခြင်းသို့ ရောက်ပါ၏ဟုလျှောက် ကြသော်၊ ကိုယ်တော်သည် ထ ၍ လေ နှင့် လှိုင်း တံပိုးကို ဆုံးမ တော်မူသဖြင့် ၊ လေနှင့် လှိုင်းတံပိုးသည် ငြိမ်း ၍ သာယာ လေ၏။
Then they came and awoke him, saying, Master, Master, we are perishing. Then arising, he issued his command to the wind, and the billows of water, and they subsided, and there was a calm.
25 ၂၅ ကိုယ်တော်ကလည်း၊ သင် တို့ယုံကြည် ခြင်းစိတ်သည် အဘယ်မှာ ရှိသနည်း ဟု မေး တော်မူလျှင်၊ သူတို့ သည် ကြောက်ရွံ့ အံ့ဩ ၍ ၊ ဤ သူကား အဘယ်သို့ သောသူနည်း။ လေ နှင့် ရေ ကိုပင် မှာထား တော်မူ၍ ၊ သူတို့ သည် နားထောင် ပါသည်တကားဟု အချင်းချင်း ပြောဆို ကြ၏။
And he said to them, Where is your faith? And they feared and were astonished, saying one to another, Well! what a man is this! that he commands even the winds and the sea, and they obey him.
26 ၂၆ ဂါလိလဲ ပြည်နှင့် အိုင်တစ်ဘက် ဖြစ် သော ဂါဒရ ပြည် သို့ ရောက် ကြ၍ ၊
And they sailed over unto the region of the Gadarenes, which is opposite Galilee.
27 ၂၇ ယေရှုသည် ကုန်း ပေါ်သို့ တက် တော်မူလျှင် ၊ ကာလ တာရှည် စွာ နတ်ဆိုး စွဲ သဖြင့် အဝတ် ကိုမ ဝတ် ၊ အိမ် ၌ မ နေ ၊ သင်္ချိုင်း တစပြင်၌ နေတတ်သော ဂါဒရပြည်သားတစ် ယောက်သည် ကိုယ်တော် ကို ခရီးဦးကြိုပြု လေ၏။
And as he landed, there met him a certain man from the city, who had devils for a long while, and kept no clothes on him, and never abode in a house, but in the tombs.
28 ၂၈ ကိုယ်တော် ကိုမြင် လျှင် ပြပ်ဝပ် ၍ ၊ အမြင့်ဆုံး သောဘုရားသခင် ၏ သား တော်ယေရှု ၊ ကိုယ်တော် သည် အကျွန်ုပ် နှင့် အဘယ်သို့ ဆိုင်သနည်း။ အကျွန်ုပ် ကို ညှဉ်းဆဲ တော်မ မူမည်အကြောင်း အကျွန်ုပ်တောင်းပန် ပါ သည်ဟု ကြီး သောအသံ နှင့်အော်ဟစ် ၍ လျှောက် လေ၏။
But when he saw Jesus, roaring out, he fell down before him, and said with a loud voice, What have I to do with thee, Jesus, thou Son of God Most High? I pray thee, torment me not.
29 ၂၉ လျှောက်သည်အကြောင်း ကား၊ နတ်ဆိုးသည် ထိုလူ ကိုအဖန် များစွာ ဘမ်းဆီး လှပြီ။ ခြေချင်း သံကြိုး နှင့် အကျဉ်း ထား သော်လည်း ခြေချင်းသံကြိုး ကို ဆွဲဖြတ် ၍ နတ်ဆိုး သည်တော အရပ်သို့ နှင် မြဲရှိကြောင်းကို ကိုယ်တော်သည်ထောက်၍၊ ညစ်ညူး သောနတ် ၊ ထိုလူ မှ ထွက်သွား လော့ဟု မိန့် တော်မူခဲ့ပြီ။
For he had commanded the unclean spirit to come out of the man; for many times it had seized on him; and though under a guard, and bound with chains and fetters; yet bursting the bonds, he was driven by the devil into the desert places.
30 ၃၀ ယေရှု ကလည်း ၊ သင် သည် အဘယ် အမည် ရှိ သနည်း ဟုမေး တော်မူလျှင်၊ ထိုလူကို နတ်ဆိုး အများ စွဲ သောကြောင့် အကျွန်ုပ်အမည်ကား လေဂေါင် ဖြစ်ပါသည်ဟု လျှောက် ပြီးမှ ၊
Then Jesus asked him, saying, What is thy name? and he said, Legion: for many devils were entered into him.
31 ၃၁ အနက်ဆုံး သော အရပ်သို့ သွား စေခြင်းငှာမ နှင်ပါမည်အကြောင်း တောင်းပန် လေ၏။ (Abyssos g12)
And he besought him that he would not order them to go into the abyss. (Abyssos g12)
32 ၃၂ ထို အရပ်၌ တောင် ပေါ်မှာ များစွာ သောဝက် အစု သည် ကျက်စား လျက်ရှိ၏။ ထို ဝက်ထဲသို့ ဝင် ရပါမည် အကြောင်း အခွင့် ပေးတော်မူပါဟုနတ်ဆိုးတို့သည် တောင်းပန် ပြန်လျှင် အခွင့် ပေးတော်မူ၏။
Now a herd of many swine was there feeding on the mountain; and they besought him that he would permit them to enter into them. And he permitted them.
33 ၃၃ နတ်ဆိုး တို့သည် လူ မှ ထွက် ၍ ဝက် ထဲသို့ ဝင် သဖြင့်၊ ဝက်အစု သည် အိုင် ကမ်းစောက် ကို တဟုန်တည်း ပြေးဆင်း ၍ အသက် ဆုံးကြ၏။
Then the devils going out of the man, entered into the swine; and the herd rushed down a precipice into the lake, and was suffocated.
34 ၃၄ ဝက်ကျောင်း သောသူ တို့သည်ထိုအခြင်းအရာ ကို မြင် လျှင် ပြေး ၍ မြို့ ရွာ တို့၌ သိတင်းကြားပြော ကြသော်၊
But when those who fed them saw what was done they fled, and went and told it in the city and in the country places.
35 ၃၅ လူများတို့သည် ထို အမှု အရာ ကို ကြည့်ရှု အံ့သောငှာထွက်လာ ကြ၏။ အထံ တော်သို့ ရောက် သောအခါ နတ်ဆိုး ထွက်သွား သောသူ သည်အဝတ်ကိုဝတ် ၍ ပကတိ စိတ်နှင့် ယေရှု ၏ခြေ တော်ရင်း၌ ထိုင် နေသည်ကို မြင် လျှင်၊ ကြောက်ရွံ့ ခြင်းသို့ ရောက်ကြ၏။
And they came out to see what had happened; and they came to Jesus, and found the man sitting, from whom the devils were gone out, clothed, and in his sound mind, at the feet of Jesus; and they were afraid.
36 ၃၆ နတ်ဆိုးစွဲ သောသူ သည်အဘယ်သို့ သောအားဖြင့်ကျန်းမာ ပကတိရှိသည်ကို သိမြင် သောသူ တို့သည်နောက်လာသောသူ တို့အား ပြန်ကြား ပြီးမှ ၊
Then they also who had seen how the demoniac was recovered, told them.
37 ၃၇ ဂါဒရ ပြည်သူပြည်သားအပေါင်း တို့သည် အလွန် ကြောက်လန့် သောစိတ်စွဲ ၍ ၊ မိမိ တို့ပြည်က ထွက်သွား တော်မူမည်အကြောင်း တောင်းပန် ကြလျှင် ၊ ကိုယ်တော် သည် လှေ ထဲသို့ ဝင် ၍ ပြန် တော်မူ၏။
And the whole multitude of the country around the Gadarenes, entreated him to depart from them; for they were seized with great terror: and he embarked on the vessel, and returned.
38 ၃၈ နတ်ဆိုး ထွက်သွား သောသူ သည် ကိုယ်တော် နှင့်အတူ ရှိ ပါမည်အကြောင်း တောင်းပန် လျှင် ၊
And the man out of whom the devils had gone, besought him to be with him; but Jesus sent him away, saying,
39 ၃၉ ယေရှုက၊ သင်သည်ကိုယ် အိမ် သို့ ပြန်သွား လော့။ ဘုရားသခင် သည် သင် ၌အဘယ်မျှလောက် ကျေးဇူးပြု တော်မူသည်ကို ကြားပြော လော့ ဟူ၍လွှတ် လိုက်တော်မူလျှင် ၊ ထိုသူသည်သွား ၍ ယေရှု သည် အဘယ်မျှလောက် ကျေးဇူးပြု တော်မူသည်ကို တစ်မြို့လုံး တွင် အနှံ့အပြား သိတင်းကြားပြော လေ၏။
Return to thy house, and declare what things God hath done for thee. And he went away, and published through the whole city what things Jesus had done for him.
40 ၄၀ ယေရှု သည် ပြန် တော်မူလျှင် ၊ လူ အစုအဝေးအပေါင်း တို့သည် ကိုယ်တော် ကိုမြော်လင့် လျက် နေကြ သောကြောင့် ဝမ်းမြောက်စွာ လက်ခံကြ၏။
And it came to pass, when Jesus returned, the people welcomed him, for they were all waiting for him.
41 ၄၁ ထိုအခါ ယာဣရု အမည် ရှိသောတရားစရပ် မှူး သည် လာ ၍ ယေရှု ၏ခြေ တော်ရင်း၌ ပြပ်ဝပ် လျက် ၊
And, behold, there came a man whose name was Jairus, and he was a ruler of the synagogue: and falling at the feet of Jesus, he entreated him to come to his house;
42 ၄၂ တစ်ဆယ်နှစ် နှစ် အရွယ်ရှိသော မိမိ ၌တစ်ယောက်တည်း သောသမီး သည် သေ ဆဲရှိသောကြောင့် ၊ မိမိ အိမ် သို့ ကြွ တော်မူမည်အကြောင်း ကိုယ်တော် ကိုတောင်းပန် ၍ ကြွ တော်မူစဉ် တွင်လူ အစုအဝေးတို့သည် ကိုယ်တော် ကို ထိခိုက်တိုက်မိ ကြ၏။
for he had an only daughter, about twelve years old, and she was dying: and as he was going, the multitude thronged him.
43 ၄၃ ထိုအခါ တစ်ဆယ့်နှစ် နှစ် ပတ်လုံးသွေး သွန် အနာစွဲ သောကြောင့် ၊ ဥစ္စာ ရှိသမျှ ကို ဆေးသမား တို့အား ပေး ၍ ကုန်သော်လည်း၊ အဘယ် ဆေးသမားလက်၌ မျှ ချမ်းသာ မ ရနိုင် သော မိန်းမ တစ်ယောက်သည်၊
And a woman, who had a flux of blood, for twelve years, who had spent all her substance on physicians, and could not get a cure from any;
44 ၄၄ နောက် တော်သို့ ချဉ်းကပ် ၍ အဝတ် တော်၏ ပန်းပွား ကိုတို့ သဖြင့်၊ ထိုခဏခြင်း တွင် သွေး သွန် အနာ ပျောက် လေ၏။
coming behind him, touched the fringe of his garment; and instantly the flux of her blood stopped.
45 ၄၅ ယေရှု ကလည်း ၊ ငါ့ ကို အဘယ်သူ တို့ သနည်း ဟု မေး တော်မူလျှင်၊ လူအပေါင်း တို့သည် ငြင်း လတ်သော်၊ ပေတရု မှစ၍ သူ၏အပေါင်းအဘော်တို့က၊ သခင် ၊ လူ အစုအဝေးတို့သည် ကိုယ်တော် အား ထိခိုက်တိုက်မိ ကြသည်ဖြစ်၍ ၊ ငါ့ကိုအဘယ်သူတို့သနည်းဟု မေးတော်မူပါသည်တကားဟု လျှောက် လေ၏။
And Jesus said, Who touched me? And when all denied, Peter, and those who were with him, said, Master, the multitudes throng and press thee, and sayest thou, Who hath touched me?
46 ၄၆ ယေရှု ကလည်း ၊ တစ်စုံတစ်ယောက် သောသူသည် ငါ့ ကိုတို့ လေပြီ။ ငါ့ ကိုယ်မှ တန်ခိုး ထွက် သည်ကို ငါ သိ ၏ ဟု မိန့် တော်မူ၏။
Then said Jesus, Some person hath touched me, for I know that miraculous power is gone out from me.
47 ၄၇ ထို မိန်းမ သည်မိမိပုန်းရှောင် ၍ မ နေနိုင်သည်ကိုသိ လျှင် တုန်လှုပ် လျက်လာ ၍ ၊ အဘယ် အကြောင်း ကြောင့် တို့ သည်ကို၎င်း၊ ချက်ခြင်း ချမ်းသာ ရသည်ကို၎င်း၊ လူ အပေါင်း တို့ရှေ့ မှာ ပြပ်ဝပ် လျက် ကြားလျှောက် လေ၏။
Then the woman seeing she was not hid, came trembling, and falling down before him, declared to him before all the people, for what cause she had touched him; and how she was cured instantaneously.
48 ၄၈ ကိုယ်တော်ကလည်း ၊ ငါ့သမီး ၊ မစိုးရိမ်နှင့်။ သင် ၏ယုံကြည် ခြင်းသည် သင့် အနာကို ငြိမ်း စေပြီ။ ငြိမ်ဝပ် စွာ သွား လော့ ဟု မိန့် တော်မူ၏။
Then he said unto her, Be of good cheer, daughter, thy faith hath made thee well; go in peace.
49 ၄၉ ထိုသို့ မိန့် တော်မူစဉ် တွင်တရားစရပ်မှူး အိမ်မှ လူ လာ ၍ ၊ ကိုယ်တော် ၏ သမီး သေ ပါပြီ။ ဆရာ ကို မ နှောင့်ရှက် ပါနှင့်ဟုဆို ၏။
And while he was yet speaking, a person came to the ruler of the synagogue, saying to him, Thy daughter is dead, give the master no further trouble.
50 ၅၀ ယေရှု သည်ကြား လျှင် ၊ မ ကြောက် ကြနှင့်။ ယုံကြည် ခြင်းစိတ်တခုသာ ရှိစေလော့။ ထိုသို့ရှိလျှင်သူသည် ဘေးနှင့်လွတ် လိမ့်မည် ဟု တရားစရပ်မှူး အား မိန့် တော်မူ၏။
Then Jesus hearing it, addressed him, saying, Fear not, only believe, and she shall be saved.
51 ၅၁ အိမ် သို့ ရောက် လျှင် ၊ ပေတရု ၊ ယောဟန် ၊ ယာကုပ် နှင့် မိန်းမငယ် ၏မိ ဘ မှတစ်ပါး အဘယ်သူ ကိုမျှ အထဲ သို့မဝင် စေခြင်းငှာဆီးတား တော်မူ၏။
And entering into the house, he suffered no person to come in, but Peter, and James, and John, and the father and mother of the child.
52 ၅၂ လူအပေါင်း တို့သည် ငိုကြွေး မြည်တမ်း ကြသည်ကို ကိုယ်တော်က၊ မ ငို ကြနှင့်။ သူငယ်သေ သည် မ ဟုတ်၊ အိပ်ပျော် သည် ဟု မိန့် တော်မူလျှင် ၊
Now all were weeping and lamenting her: and he said, Weep not, she is not dead, but asleep.
53 ၅၃ သူငယ်သေ ကြောင်း ကို ထိုသူတို့သည်သိ သဖြင့် ကိုယ်တော် ကို ပြက်ယယ်ပြု ကြ၏။
And they derided him, for they knew that she was dead.
54 ၅၄ ထိုသူရှိသမျှတို့ကို ပြင်သို့ထွက်စေပြီးမှသူငယ် ၏လက် ကို ကိုင် တော်မူလျက် ၊ သူငယ် ထ လော့ ဟု ခေါ် တော်မူသည်တွင်၊
And he put them all without, and taking her by the hand, cried, saying, Maid, arise!
55 ၅၅ စိတ် ဝိညာဉ်ပြန်လာ ၍ မိန်းမငယ်သည် ချက်ခြင်း ထ လေ၏။
And her spirit returned, and she immediately arose; and he commanded to give her something to eat.
56 ၅၆ သူ့ အားစားစရာ ပေး လော့ ဟု မိန့် တော်မူ၏။ မိဘ တို့သည် မိန်းမော တွေဝေခြင်းသို့ရောက်ကြ၏။ ထိုအမှုအရာကို အဘယ်သူ အားမျှမပြော ရမည်အကြောင်း ပညတ် တော်မူ၏။
And her parents were struck with amazement. But he enjoined them to tell no man what was done.

< လုကာ 8 >