< လုကာ 18 >

1 လူ တို့သည် အား မ လျော့ဘဲကြိုးစား ၍ ဆုတောင်း ရ မည်အကြောင်း ကို ဥပမာ စကားအားဖြင့်မိန့် တော်မူသည်ကား၊
And then He told them a parable, the point being that one needs to always pray and not lose heart,
2 မြို့ တစ် မြို့၌ ဘုရားသခင် ကို မ ကြောက်ရွံ့ ၊ လူ ကို အား မ နာတတ်သော တရားသူကြီး တစ် ယောက်ရှိ ၏။
saying: “There was a judge in a certain town who did not fear God nor regard man.
3 ထို မြို့ ၌ နေ သော မုတ်ဆိုးမ တစ်ယောက်သည် တရားသူကြီး ထံသို့ သွား ၍ ၊ ကျွန်မ ရန်ဘက် ကို လက်စားချေ လောက်အောင်အပြစ်အလျောက် ဒဏ် စီရင်ပါဟု တောင်းပန် သော်လည်း၊
But there was a widow in that town, and she kept coming to him, saying, ‘Get justice for me from my adversary.’
4 တရား မ စီရင်ဘဲ ကြာမြင့် စွာနေ၏။ ထိုနောက် တရားသူကြီး က၊ ငါသည် ဘုရားသခင် ကို မ ကြောက်ရွံ့ ၊ လူ ကို အား မ နာတတ်သောသူ ဖြစ် သော်လည်း ၊
And for a while he refused; but afterward he said to himself, ‘Even though I don't fear God nor regard man,
5 ဤ မုတ်ဆိုးမ သည် ငါ့ ကိုနှောင့်ရှက် သောကြောင့် သူ့ ဘက်၌ တရားစီရင် မည်။ သို့မဟုတ် အစဉ် လာ ၍ ငါ့ ကို ပင်ပန်း စေလိမ့်မည်ဟု စိတ်ထဲ၌ အကြံရှိ၏။
yet because this widow keeps bothering me, I will defend her, so that her endless coming doesn't wear me out!’”
6 မတရား သော ထိုတရားသူကြီး ၏ အကြံကိုမှတ် ကြလော့။
Then the Lord said: “Hear what the unjust judge said.
7 ဘုရားသခင် ရွေးကောက် တော်မူသောသူ တို့သည်ညဉ့် နေ့ မပြတ်အော်ဟစ် ၍ တောင်းလျှောက် လျှင်၊ ဘုရားသခင်သည် သူ တို့ဘက်၌ တရား မ စီရင်ဘဲ နေ တော်မူမည်လော။ ကြာမြင့်စွာသည်းခံ တော်မူမည်လော။
And will not God get justice for His elect who are crying out to Him day and night, indeed being patient with them?
8 ငါ ဆိုသည်ကား ၊ သူ တို့ဘက်၌ အလျင်အမြန် တရား စီရင်တော်မူမည်။ သို့သော်လည်း လူ သား သည် ကြွလာ သောအခါ ယုံကြည် ခြင်းကို မြေကြီး ပေါ်မှာ တွေ့ မည်လော ဟု သခင်ဘုရားသည် မိန့် တော်မူ၏။
I tell you that He will get justice for them quickly. However, when the Son of the Man comes, will He actually find the faith on the earth?”
9 ကိုယ် ကုသိုလ် ကို အမှီပြု ၍ သူတစ်ပါး ကို မထီမဲ့မြင် ပြု တတ်သောသူ အချို့ တို့အား မိန့် တော်မူသော ဥပမာ ကား ၊
Then He told this parable to some who trusted in themselves that they were righteous, and despised the rest:
10 ၁၀ လူ နှစ် ယောက်တို့သည် ဆုတောင်း ပဌနာပြုခြင်းငှာဗိမာန် တော်ပေါ်သို့ တက် ကြ၏။ တစ် ယောက်ကား ဖာရိရှဲ ဖြစ်၏။ တစ် ယောက်ကား အခွန်ခံ ဖြစ်၏။
“Two men went up to the temple to pray, one a Pharisee and the other a tax collector.
11 ၁၁ ဖာရိရှဲ သည် တစ်ယောက်တည်းရပ် လျက်၊ အိုဘုရားသခင် ၊ သူ တစ်ပါး တို့သည် အနိုင် အထက်လုယူခြင်း၊ မတရားသဖြင့်ကျင့် ခြင်း၊ သူ့ မယားကိုပြစ်မှားခြင်းအပြစ်ရှိသကဲ့သို့ အကျွန်ုပ် ၌မ ရှိသည်သာမက ၊ ဤ အခွန်ခံ ကဲ့သို့ ပင် မ ဟုတ်သောကြောင့် ကျေးဇူး တော်ကြီးလှပေ၏။
The Pharisee stood and started praying to himself like this: ‘God, I thank you that I am not like all the rest—robbers, unjust, adulterers—or even like this tax collector.
12 ၁၂ အကျွန်ုပ် သည် ခုနှစ်ရက်တွင် နှစ် ရက်အစာရှောင် ပါ၏။ ဥစ္စာရှိသမျှ တို့ကို ဆယ်ဘို့တဘို့ လှူပါ၏ဟူ ဆုတောင်း ပဌနာပြု၏။
I fast twice a week; I tithe all that I get.’
13 ၁၃ အခွန်ခံ မူကား ၊ အဝေး ကရပ် ၍ ကောင်းကင် သို့ မ မျှော် မကြည့်ဝံ့ ဘဲ ရင်ပတ် ကိုခက် လျက် ၊ အို ဘုရားသခင် ၊ အပြစ် များသော အကျွန်ုပ် ကို သနား ခြင်းကရုဏာစိတ် ရှိတော်မူပါဟုဆုတောင်း လေ၏။
The tax collector, staying a good ways off, did not even venture to look up to heaven, but started beating on his chest, saying, ‘God, be merciful to me a sinner!’
14 ၁၄ ငါဆို သည်ကား၊ ထိုသူ သည် အပြစ် ပြေလျက် မိမိ အိမ် သို့ ပြန်သွား ၏။ ဖာရိရှဲ မူကား အပြစ်မပြေ။ အကြောင်းမူကား ၊ ကိုယ်ကိုကိုယ် ချီးမြှောက် သောသူ မည်သည်ကား ၊ နှိမ့်ချ ခြင်းသို့ရောက်လတံ့။ ကိုယ်ကိုကိုယ် နှိမ့်ချ သောသူ မည်သည်ကား၊ ချီးမြှောက် ခြင်းသို့ရောက်လတံ့ ဟု မိန့် တော်မူ၏။
I say to you that this one went back home justified rather than that one; because everyone who exalts himself will be humbled, but he who humbles himself will be exalted.”
15 ၁၅ ထိုအခါ သူငယ် တို့ကို လက်တော်နှင့်တို့ စေခြင်းငှာ အထံ တော်သို့ ဆောင်ခဲ့ သည်ကို တပည့် တော်တို့သည် မြင် လျှင် အပြစ်တင် ကြ၏။
Then they even started bringing their babies to Him, that He might touch them; but when the disciples saw it, they rebuked them.
16 ၁၆ ယေရှု သည် ထိုသူငယ် တို့ကို ခေါ် တော်မူ၍ ငါ့ ထံသို့ လာ ပါလေစေ။ မ ဆီးတား ကြနှင့်။ ဘုရားသခင် ၏ နိုင်ငံ တော်သည် ထိုသို့သော သူတို့၏နိုင်ငံဖြစ် ၏။
But Jesus summoned them and said: “Allow the little children to come to me, and do not hinder them; because the Kingdom of God is of such.
17 ၁၇ ငါ အမှန် ဆိုသည်ကား၊ အကြင်သူ သည် ဘုရားသခင် ၏နိုင်ငံ တော်ကို သူငယ် ကဲ့သို့ မ ခံ မယူ၊ ထိုသူသည် နိုင်ငံ တော်သို့ မ ဝင် ရ ဟု မိန့် တော်မူ၏။
I tell you assuredly, whoever does not receive the Kingdom of God the way a little child does will by no means enter it.”
18 ၁၈ အရာရှိ တစ် ယောက်က၊ ကောင်းမြတ် သောဆရာ ၊ ထာဝရ အသက် ကို အမွေခံ ရအံ့သောငှာအကျွန်ုပ်သည် အဘယ် အမှုကို ပြု ရပါမည်နည်းဟု မေး လျှောက် သော်၊ (aiōnios g166)
A certain ruler asked Him, saying, “Good teacher, what must I do to inherit eternal life?” (aiōnios g166)
19 ၁၉ ယေရှု က၊ ငါ့ ကို ကောင်းမြတ် သည်ဟု အဘယ်ကြောင့် ခေါ် သနည်း။ ဘုရားသခင် တစ်ပါးတည်း သာ ကောင်းမြတ် တော်မူ၏။
So Jesus said to him: “Why do you call me good? No one is good except one—God.
20 ၂၀ သင်သည် ပညတ် တော်တို့ကို သိ သည်မဟုတ်လော။ သူ့ မယားကို မ ပြစ်မှားနှင့်။ လူအသက်ကိုမသတ် နှင့်။ သူ့ဥစ္စာကိုမ ခိုး နှင့်။ မမှန် သော သက်သေကို မ ခံနှင့်။ မိဘ ကို ရိုသေ စွာပြုလော့ ဟု မိန့် တော်မူလျှင် ၊
You know the commandments: ‘Do not commit adultery, do not murder, do not steal, do not give false testimony, honor your father and your mother.’”
21 ၂၁ အရှင်ဘုရား၊ ထို ပညတ်ရှိသမျှ တို့ကို ငယ် သောအရွယ်မှစ၍ အကျွန်ုပ်စောင့်ရှောက် ပါပြီဟု လျှောက် ပြန်သည်ကို ယေရှု သည်ကြား လျှင် သင် သည် တစ်ခု လို သေး ၏။
And he said, “All these I have kept from my youth.”
22 ၂၂ ကိုယ် ဥစ္စာ ရှိသမျှ ကို ရောင်း ၍ ဆင်းရဲ သောသူတို့အား ပေးဝေ လော့။ ထိုသို့ပြုလျှင်ကောင်းကင် ဘုံ၌ ဘဏ္ဍာ ကို ရ လိမ့်မည်။ သို့ပြီးမှလာ ၍ငါ့ နောက် သို့လိုက်လော့ ဟု မိန့် တော်မူ၏။
Well upon hearing these things Jesus said to him, “You still lack one thing: sell all you have and distribute to the poor, and you will have treasure in heaven; and come, follow me.”
23 ၂၃ ထိုသူသည် များစွာ သောဥစ္စာ ကို ရတတ်သောသူဖြစ် ၍ ၊ ထို စကားကိုကြား လျှင် အလွန်စိတ်မသာ သည် နှင့် သွား လေ၏။
But when he heard this he became very sad, because he was extremely rich.
24 ၂၄ ထိုသို့ စိတ်မသာ သည်ကို ယေရှု သည် မြင် တော်မူလျှင် ၊ ဥစ္စာ ရ တတ်သောသူ သည် ဘုရားသခင် ၏ နိုင်ငံ တော်သို့ အလွန်ဝင် ခဲ လှ၏။
When Jesus saw that he became sad, He said: “How difficult it is for those who have riches to enter the Kingdom of God!
25 ၂၅ ကုလားအုပ် သည် အပ် နဖား ကို လျှို လွယ် ၏။ ငွေရတတ် သောသူသည် ဘုရားသခင် ၏ နိုင်ငံ တော်သို့ ဝင် ခဲသည် ဟု မိန့် တော်မူ၏။
It is actually easier for a camel to go through the eye of a needle than for a rich man to enter the Kingdom of God!”
26 ၂၆ ကြား သောသူ တို့ကလည်း၊ သို့ဖြစ်လျှင် အဘယ်သူ သည် ကယ်တင် တော်မူခြင်းသို့ ရောက်နိုင် မည်နည်းဟု ပြောဆို ကြ၏။
So the hearers said, “Who then can be saved?”
27 ၂၇ ကိုယ်တော်ကလည်း ၊ လူ မ တတ်နိုင်သောအမှု ကို ဘုရားသခင် တတ်နိုင်တော်မူ သည် ဟု မိန့် တော်မူ၏။
And He said, “The things that are impossible with men are possible with God.”
28 ၂၈ ထိုအခါ ပေတရု က၊ အကျွန်ုပ် တို့သည် ရှိသမျှကို စွန့်ပစ် ၍ ကိုယ်တော် နောက် သို့လိုက်ကြပါပြီဟု လျှောက် လေသော်၊
Then Peter said, “Notice that we have left all and followed you!”
29 ၂၉ ကိုယ်တော် က၊ ငါ အမှန် ဆိုသည်ကား ၊ အကြင်သူ သည် ဘုရားသခင် ၏ နိုင်ငံ တော်ကြောင့် ၊ အိမ်ရာ ၊ မိဘ ၊ ညီအစ်ကို ၊ သား မယား တည်းဟူသောတစ်ပါးပါးကို စွန့် ၏။
So He said to them, “Assuredly I say to you, there is no one who has left house or parents or brothers or wife or children, for the sake of the Kingdom of God,
30 ၃၀ ထိုသူ သည် ယခု ကာလ ၌ အဆများစွာ သောအကျိုးကို၎င်း ၊ နောင် ဘဝ ၌ ထာဝရ အသက် ကို၎င်း ခံရ လတံ့ ဟု မိန့် တော်မူ၏။ (aiōn g165, aiōnios g166)
who will not receive many times more in this present time, and in the age to come eternal life.” (aiōn g165, aiōnios g166)
31 ၃၁ ထိုအခါ ကိုယ်တော်သည် တစ်ကျိပ် နှစ်ပါးသောတပည့် တော်တို့ကို ခေါ် ၍၊ ငါတို့သည် ယေရုရှလင် မြို့သို့ ယခု သွား ကြ၏။ ပရောဖက် များ ရေးမှတ် သမျှ သည် လူ သား ၌ ပြည့်စုံ ရလိမ့်မည်။
Then He took the Twelve aside and said to them: “Take note, we are going up to Jerusalem, and all the things that are written by the prophets concerning the Son of the Man will be fulfilled:
32 ၃၂ တစ်ပါး အမျိုးသားတို့လက်သို့အပ်နှံ ခြင်း၊ ပြက်ယယ်ပြု ခြင်း၊ ညှဉ်းဆဲ ခြင်း၊ တံတွေး နှင့် ထွေးခြင်းကို ခံရလိမ့်မည်။
He will be betrayed to the Gentiles, and will be mocked and insulted and spit upon,
33 ၃၃ သူတို့သည် လူသား ကို ရိုက်ပုတ် ၍ သတ် ကြလိမ့်မည်။ သုံး ရက်မြောက်သောနေ့ ၌ ထမြောက် လိမ့်မည် ဟု မိန့် တော်မူ၏။
and they will scourge and kill Him. And on the third day He will rise again.”
34 ၃၄ ထို စကားတော်တစ်ခွန်း ကိုမျှ တပည့် တော်တို့သည်နား မလည်ကြ။ ထို အကြောင်း အရာသည် ဝှက်ထား လျက် ရှိ သည်ဖြစ်၍ မိန့် တော်မူချက်အနက် ကို မ ရိပ်မိ ကြ။
But they understood none of these things; this saying was hidden from them, and they did not know what was being said.
35 ၃၅ ယေရိခေါ မြို့အနီး ၌ ရှိတော်မူစဉ် တွင်၊ လူကန်း တစ် ယောက်သည် လမ်း နား မှာထိုင် ၍ တောင်းစား လေ၏။
Then it happened, as He approached Jericho, that a certain blind man was sitting alongside the road begging.
36 ၃၆ ထို လူကန်းသည် လမ်း၌ လူ များသွား သံကို ကြား လျှင် အဘယ်သို့ ဖြစ် သနည်းဟုမေး ၏။
Hearing a crowd going by, he asked what it was.
37 ၃၇ နာဇရက် မြို့သားယေရှု ကြွသွား ကြောင်း ကို သူတစ်ပါးပြော လျှင် ၊
So they told him that Jesus the Natsorean was passing by.
38 ၃၈ ဒါဝိဒ် ၏သား တော်ယေရှု ၊ အကျွန်ုပ် ကို ကယ်မ သနားတော်မူပါဟုဟစ်ကြော် လေ၏။
Well he shouted, saying, “Jesus, Son of David, have mercy on me!”
39 ၃၉ ထိုသူ ကို တိတ်ဆိတ် စွာနေစေခြင်းငှာ ရှေ့ တော်၌ သွားသောသူ တို့သည်ငေါက် ၍ ဆိုကြသော်လည်း၊ ဒါဝိဒ် ၏ သား တော်၊ အကျွန်ုပ် ကို ကယ်မ သနားတော်မူပါဟု သာ၍ ဟစ်ကြော် ကြလေ၏။
Those who led the way started reproving him, to shut him up; but he kept calling out all the more, “Son of David, have mercy on me!”
40 ၄၀ ယေရှု သည်လည်းရပ် တော်မူလျက်၊ ထိုသူ ကို ခေါ် ခဲ့ဟု အမိန့် တော်ရှိ၏။ လူကန်း သည် အထံ တော်သို့ ချဉ်းကပ် ပြီးမှ ၊ သင် ၌အဘယ်သို့ ပြု စေလို သနည်း ဟု မေး တော်မူလျှင်၊
So Jesus stopped and ordered that he be brought to Him. When he got close He asked him, saying,
41 ၄၁ သခင် ၊ အကျွန်ုပ် မျက်စိမြင်စေခြင်းငှာ ပြုတော်မူပါဟု လျှောက် လေသော်၊
“What do you want me to do for you?” So he said, “Lord, that I may see again!”
42 ၄၂ ယေရှု က၊ မျက်စိမြင် စေ။ သင် ၏ ယုံကြည် ခြင်းသည် သင့် ကို ကယ်မ ပြီ ဟုမိန့် တော်မူ၏။
Then Jesus said to him: “See again! Your faith has made you well.”
43 ၄၃ ထိုခဏခြင်း တွင် ထိုသူ သည် မျက်စိ မြင်၍ ဘုရားသခင် ၏ဂုဏ် တော်ကို ချီးမွမ်းလျက် နောက် တော်သို့ လိုက်လေ၏။ လူ အပေါင်း တို့သည် မြင် လျှင် ဘုရားသခင် ကို အံ့ဩချီးမွမ်း ကြ၏။
And immediately he did! and he followed Him, glorifying God. And all who witnessed it gave praise to God.

< လုကာ 18 >