< လုကာ 17 >

1 တပည့် တော်တို့အား တဖန်မိန့် တော်မူသည်ကား ၊ မှားယွင်း စရာအကြောင်းရှိ ရမည်။ သို့သော်လည်း မှားယွင်းစရာအကြောင်းကိုဖြစ်စေ သောသူ သည် အမင်္ဂလာ ရှိ၏။
E disse aos discipulos: É impossivel que não venham escandalos, mas ai d'aquelle por quem vierem!
2 ဤ သူငယ် တစ်စုံတစ်ယောက် ကို မှားယွင်း စေသည်ထက် ၊ လည်ပင်း ၌ ကြိတ်ဆုံ ကျောက် ကို ဆွဲ ၍ ပင်လယ် ၌ ချ ခြင်းကို ခံရလျှင် အနေသာ၍ ကောင်း၏။
Melhor lhe fôra que lhe pozessem ao pescoço uma mó de atafona, e fosse lançado ao mar, do que escandalizar um d'estes pequenos.
3 သင်တို့သည် ကိုယ်ကိုကိုယ် သတိပြု ကြလော့။ သင် ၏ ညီအစ်ကို သည် သင့်ကိုပြစ်မှား လျှင် သူ့ ကို ဆုံးမ လော့။ သူသည် နောင်တရ လျှင် သူ ၏အပြစ် ကိုလွှတ်လော့။
Olhae por vós mesmos. E, se teu irmão peccar contra ti, reprehende-o, e, se elle se arrepender, perdoa-lhe.
4 တစ်နေ့ ခြင်းတွင် ခုနစ် ကြိမ်မြောက်အောင် သင့် ကိုပြစ်မှား ၍ ၊ ခုနစ် ကြိမ်မြောက်အောင် သင့် ထံသို့ လှည့် ၍ နောင်တရ ပါ၏ဟုဆို လျှင် ၊ သူ ၏အပြစ် ကို လွှတ်လော့ ဟု မိန့် တော်မူ၏။
E, se peccar contra ti sete vezes no dia, e sete vezes no dia tornar a ti, dizendo: Arrependo-me; perdoa-lhe.
5 တမန်တော် တို့က၊ အကျွန်ုပ် တို့ ယုံကြည် ခြင်းစိတ်ကို တိုးပွား စေတော်မူပါဟုသခင် ဘုရားကို တောင်းပန် ကြလျှင် ၊
Disseram então os apostolos ao Senhor: Accrescenta-nos a fé.
6 သခင် ဘုရားက ၊ သင် တို့သည် မုန်ညင်း စေ့ ခန့်မျှလောက် သော ယုံကြည် ခြင်းရှိလျှင် ထို သဖန်းပင် ကို၊ အချင်းအပင်၊ သင်သည် အမြစ်နှင့်တကွနှုတ် ၍ ပင်လယ် ၌ စိုက် လျက်နေလော့ဟု ဆို ကြသော် သင် တို့ စကားကို နားထောင် လိမ့်မည်။
E disse o Senhor: Se tivesseis fé como um grão de mostarda, dirieis a esta amoreira: Desarreiga-te d'aqui, e planta-te no mar; e vos obedeceria.
7 အစေအပါး သည် လယ်ထွန် သော်၎င်း ၊ သိုး ၊ နွားကျောင်းသော်၎င်း၊ လယ်ပြင် မှ လာ ၍ အိမ်သို့ဝင်သောအခါ၊ ထိုအစေအပါး ကို၊ အသော့ လာ ၍ စားပွဲ၌ လျောင်း လော့ဟု သင် တို့တွင် အဘယ်သူ ပြော မည်နည်း။
E qual de vós terá um servo lavrando ou apascentando, e, voltando elle do campo, lhe diga: Chega-te, e assenta-te á mesa?
8 ထိုအစေအပါး ကို၊ ငါစားစရာ ဘို့ပြင် လော့။ ငါစား သောက် စဉ် တွင်ခါးကိုစည်း ၍ ငါ့ ကို လုပ်ကျွေး လော့။ ထိုနောက်မှ သင် သည် စား သောက် ရမည်ဟု ပြော မည်မ ဟုတ်လော။
E não lhe diga antes: Prepara-me a ceia, e cinge-te, e serve-me, até que tenha comido e bebido, e depois comerás e beberás tu?
9 ထိုအစေအပါး သည် သခင်စီရင် သည်အတိုင်း ပြု သောကြောင့် ၊ သခင်၌ ကျေးဇူးတင် သလော။ ကျေးဇူး မ တင်။
Porventura dá graças ao tal servo, porque fez o que lhe foi mandado? Creio que não.
10 ၁၀ ထိုနည်းတူ မှာထား တော်မူသမျှ တို့ကို သင် တို့သည် ကျင့် ပြီးမှ ၊ ငါတို့သည် သခင်၌ ကျေးဇူးပြုသော အစေအပါး ဖြစ် သည်မ ဟုတ်။ ဝတ်ပြေရုံမျှသာရှိသည်ဟု ဝန်ခံကြလော့ ဟုမိန့် တော်မူ၏။
Assim tambem vós, quando fizerdes tudo o que vos fôr mandado, dizei: Somos servos inuteis, porque fizemos sómente o que deviamos fazer.
11 ၁၁ ယေရုရှလင် မြို့သို့ ကြွ တော်မူစဉ် ၊ ရှမာရိ ပြည် နှင့် ဂါလိလဲ ပြည်စပ်ကြား ၌ ရှောက်သွား တော်မူ၏။
E aconteceu que, indo elle a Jerusalem, passou pelo meio da Samaria e da Galilea;
12 ၁၂ ရွာ တ ရွာသို့ ဝင် တော်မူသည်တွင် ၊ နူနာစွဲ သော သူ တစ်ကျိပ် တို့သည် ခရီးဦးကြိုပြု ၍ အဝေး ကရပ် လျက်၊
E, entrando n'uma certa aldeia, sairam-lhe ao encontro dez homens leprosos, os quaes pararam de longe;
13 ၁၃ သခင် ယေရှု ၊ အကျွန်ုပ် တို့ကို ကယ်မ သနားတော်မူပါဟု ဟစ်ကြော် ကြ၏။
E levantaram a voz, dizendo: Jesus, Mestre, tem misericordia de nós.
14 ၁၄ ယေရှု သည် မြင် တော်မူလျှင် ၊ သင်တို့သည် ယဇ် ပုရောဟိတ်ထံသို့သွား ၍ ကိုယ် ကိုပြ ကြလော့ ဟု မိန့် တော်မူသည်အတိုင်း၊ သူ တို့သည် သွား စဉ် တွင်သန့်ရှင်း ခြင်းသို့ ရောက် ကြ၏။
E elle, vendo-os, disse-lhes: Ide, e mostrae-vos aos sacerdotes. E aconteceu que, indo elles, ficaram limpos.
15 ၁၅ ထိုသူ တို့တွင် တစ် ယောက်သောသူသည် အနာ ရောဂါကင်းလွတ်သည်ကို သိမြင် လျှင်၊ ပြန်လာ ၍ ကြီး သောအသံ နှင့် ဘုရားသခင် ၏ ဂုဏ် တော်ကို ချီးမွမ်းလေ၏။
E um d'elles, vendo que estava são, voltou glorificando a Deus em alta voz;
16 ၁၆ ခြေ တော်ရင်း၌ ပြပ်ဝပ် ၍ ကျေးဇူ တော်ကြီးလှပါသည်ဟု ဝန်ခံလေ၏။ ထိုသူ သည် ရှမာရိ လူဖြစ် သတည်း။
E caiu aos seus pés, com o rosto em terra, dando-lhe graças: e este era samaritano.
17 ၁၇ ယေရှု ကလည်း ၊ တစ်ကျိပ် သောသူ တို့သည်သန့်ရှင်းခြင်းသို့ ရောက် ကြသည်မ ဟုတ်လော။ ကိုး ယောက် သောသူ တို့သည်အဘယ်မှာ ရှိကြသနည်း။
E, respondendo Jesus, disse: Não foram dez os limpos? E onde estão os nove?
18 ၁၈ ဤ တစ်ပါး အမျိုးသားကိုထား ၍ ဘုရားသခင် ၏ဂုဏ် တော်ကို ချီးမွမ်း ခြင်းငှာပြန်လာ သောသူ တစ်ယောက် မျှ မ ရှိ သလော ဟု မေး တော်မူပြီးမှ ၊
Não houve quem voltasse a dar gloria a Deus senão este estrangeiro?
19 ၁၉ သင်ထ ၍ သွား လော့။ သင် ၏ယုံကြည် ခြင်းသည် သင် ၏အနာကိုငြိမ်း စေပြီ ဟု ထိုသူ အား မိန့် တော်မူ၏။
E disse-lhe: Levanta-te, e vae; a tua fé te salvou.
20 ၂၀ ဖာရိရှဲ တို့သည် လာ၍၊ ဘုရားသခင် ၏ နိုင်ငံ တော်သည် အဘယ်ကာလ မှ တည် ပါမည်နည်းဟု မေးလျှောက် ကြလျှင် ၊ ယေရှု က၊ ကောင်းကင် နိုင်ငံ တော်သည် မျက်မြင် သောအရာ၌ မ တည် ။
E, interrogado pelos phariseos sobre quando havia de vir o reino de Deus, respondeu-lhes, e disse: O reino de Deus não vem com apparencia exterior.
21 ၂၁ ဤအရပ် ၌ကြည့် ပါ။ ထို အရပ်၌ ကြည့်ပါဟု ပြော စရာအခွင့်မ ရှိ။ အကြောင်းမူကား ၊ ဘုရားသခင် ၏ နိုင်ငံ တော်သည် သင် တို့၏အထဲ ၌ရှိ သည် ဟု မိန့် တော်မူ၏။
Nem dirão: Eil-o aqui, ou, Eil-o ali; porque eis que o reino de Deus está entre vós.
22 ၂၂ တဖန် တပည့် တော်တို့အား မိန့် တော်မူသည်ကား ၊ သင်တို့သည် လူ သား ၏နေ့ရက် တစ် ရက်ကိုမျှ တွေ့မြင် လို ၍ ၊ မ တွေ့ မမြင်ရသောအချိန် ကာလ ရောက် လိမ့်မည်။
E disse aos discipulos: Dias virão em que desejareis vêr um dos dias do Filho do homem, e não o vereis.
23 ၂၃ ဤ အရပ်၌ကြည့် ပါ။ ထို အရပ်၌ကြည့် ပါဟု သင် တို့အားပြောဆို သော်လည်း မ လိုက် မ သွား ကြနှင့်။
E dir-vos-hão: Eil-o aqui, ou, Eil-o ali está; não vades, nem os sigaes:
24 ၂၄ ကောင်းကင် တစ်ဘက်မှ ပြက် သောလျှပ်စစ် သည် ကောင်းကင် အနှံ့အပြား ထွန်းလင်း သကဲ့သို့ ၊ လူ သား သည် မိမိ နေ့ရက် ၌ ဖြစ် တော်မူလတံ့။
Porque, como o relampago, fuzilando de uma parte debaixo do céu, resplandece até á outra debaixo do céu, assim será tambem o Filho do homem no seu dia.
25 ၂၅ ထိုသို့ မ ဖြစ် မှီသူ သည် များစွာ သောဆင်းရဲ ဒုက္ခကို၎င်း ၊ ယခု လူမျိုး ၏ ငြင်းပယ် ခြင်းကို၎င်း ခံရမည်။
Mas primeiro convem que elle padeça muito, e seja reprovado por esta geração.
26 ၂၆ နောဧ လက်ထက် ၌ ဖြစ် သကဲ့သို့ လူ သား လက်ထက် ၌ ဖြစ် လိမ့်မည်။
E, como aconteceu nos dias de Noé, assim será tambem nos dias do Filho do homem:
27 ၂၇ နောဧ သည် သင်္ဘော ထဲသို့ ဝင် ၍၊ ရေ လွှမ်းမိုးခြင်းဖြစ် သဖြင့် လူခပ်သိမ်း တို့ကို သုတ်သင်ပယ်ရှင်း သည် နေ့ တိုင်အောင် လူများတို့သည် စား သောက် လျက်၊ ထိမ်းမြား စုံဘက် လျက်နေကြ၏။
Comiam, bebiam, casavam e davam-se em casamento, até ao dia em que Noé entrou na arca, e veiu o diluvio, e os consumiu a todos.
28 ၂၈ ထိုနည်းတူ ၊ လောတ လက်ထက် ၌ လူများတို့သည်စား သောက် ရောင်း ဝယ် လျက်၊ စိုက်ပျိုး လျက်၊ အိမ် ဆောက် လျက်နေသကဲ့သို့ ၎င်း၊
Como tambem da mesma maneira aconteceu nos dias de Lot: comiam, bebiam, compravam, vendiam, plantavam e edificavam.
29 ၂၉ လောတ သည် သောဒုံ မြို့မှ ထွက် သောနေ့ ၌ ကောင်းကင် မှ ကန့် နှင့် ရောသောမီး မိုဃ်းရွာ ၍ ထိုလူ အပေါင်း တို့ကို သုတ်သင် ပယ်ရှင်းသကဲ့သို့ ၎င်း ၊
Mas no dia em que Lot saiu de Sodoma, choveu do céu fogo e enxofre, e os consumiu a todos.
30 ၃၀ လူ သား ပေါ်ထွန်း သောနေ့ ၌ ဖြစ် လိမ့်မည်။
Assim será no dia em que o Filho do homem se ha de manifestar.
31 ၃၁ ထို နေ့ရက် ၌ အိမ်မိုး ပေါ်မှာ ရှိ သောသူ သည် မိမိ အိမ် ထဲမှာ ရှိသောဥစ္စာ ကို ယူ ခြင်းငှာမ ဆင်း စေနှင့်။ ထိုအတူ ၊ လယ် ၌ ရှိသောသူ သည် နောက် သို့ လှည့် ၍ မ ပြန်လာစေနှင့်။
N'aquelle dia, quem estiver no telhado, e as suas alfaias em casa, não desça a tomal-as; e, da mesma sorte, o que estiver no campo não volte para traz.
32 ၃၂ လောတ ၏မယား ကို အောက်မေ့ ကြလော့။
Lembrae-vos da mulher de Lot.
33 ၃၃ အကြင်သူ သည် မိမိ အသက် ကို ကယ်ဆယ် ခြင်းငှာရှာကြံ ၏။ ထိုသူသည် အသက် ရှုံး လိမ့်မည်။ အကြင်သူ သည် အသက်ရှုံး ၏။ ထိုသူသည်မိမိအသက် ကို ကယ်ဆယ် လိမ့်မည်။
Qualquer que procurar salvar a sua vida perdel-a-ha, e qualquer que a perder salval-a-ha.
34 ၃၄ ငါ ဆိုသည်ကား၊ ထို နေ့ညဉ့် တွင် အိပ်ရာ တစ်ခု ၌ ရှိ သောသူ နှစ် ယောက်တို့တွင်တစ် ယောက်ကို သိမ်းယူ ၍ တစ် ယောက်မူကား နေရစ် ရလတံ့။
Digo-vos que n'aquella noite estarão dois n'uma cama; um será tomado, e outro será deixado.
35 ၃၅ ကြိတ်ဆုံကြိတ် သောသူနှစ် ယောက်တို့တွင် တစ် ယောက်ကိုသိမ်းယူ ၍ တစ် ယောက်မူကား နေရစ် ရလတံ့။
Duas estarão juntas, moendo; uma será tomada, e outra será deixada.
36 ၃၆ လယ်၌ရှိသော သူနှစ်ယောက်တို့တွင် တစ်ယောက်ကို သိမ်းယူ၍ တစ်ယောက်မူကား နေရစ်ရလတံ့ ဟု မိန့်တော်မူလျှင်၊
Dois estarão no campo; um será tomado, o outro será deixado.
37 ၃၇ သခင် ၊ အဘယ် အရပ်၌ ထိုသို့ ဖြစ်မည်နည်းဟု မေးလျှောက် ကြသော်၊ အသေ ကောင်ရှိရာအရပ် ၌ ရွှေ လင်းတ တို့သည် စုဝေး ကြလတံ့ ဟု မိန့် တော်မူ၏။
E, respondendo, disseram-lhe: Onde, Senhor? E elle lhes disse: Onde estiver o corpo, ahi se ajuntarão as aguias.

< လုကာ 17 >