< မြည်တမ်းစကား 2 >

1 ထာဝရ ဘုရားသည် ဇိအုန် သတို့သမီး ကို အမျက် တော် မိုဃ်းတိမ် ဖြင့် ဖုံးလွှမ်းတော်မူပြီ။ ဣသရေလ အမျိုး ၏ ဂုဏ် အသရေကို ကောင်းကင် မှ မြေကြီး တိုင်အောင်ချ တော်မူပြီ။ အမျက် တော်ထွက်ချိန် ၌ ခြေ တော်တင် ရာခုံ ကို မ အောက်မေ့ ဘဲနေတော်မူပါပြီတကား။
ထာဝရဘုရားသည် ဇိအုန်သတို့သမီးကို အမျက် တော် မိုဃ်းတိမ်ဖြင့် ဖုံးလွှမ်းတော်မူပြီ။ ဣသရေလအမျိုး ၏ ဂုဏ်အသရေကို ကောင်းကင်မှမြေကြီးတိုင်အောင် ချတော်မူပြီ။ အမျက်တော်ထွက်ချိန်၌ ခြေတော်တင် ရာခုံကို မအောက်မေ့ဘဲနေတော်မူပါပြီတကား။
2 ထာဝရ ဘုရားသည် သနား ခြင်းမ ရှိဘဲ၊ ယာကုပ် အမျိုး၏နေရာ အရပ်ရှိသမျှ တို့ကို မျို တော်မူပြီ။ အမျက် တော်ထွက်သဖြင့် ယုဒ သတို့သမီး ၏ရဲတိုက် တို့ကို မြေ တိုင်အောင် ဖြိုဖျက် ၍ ၊ နိုင်ငံ တော်နှင့် မင်းသား တို့ကို ရှုတ်ချ တော်မူပြီ။
ထာဝရဘုရားသည် သနားခြင်းမရှိဘဲ၊ ယာကုပ် အမျိုး၏နေရာ အရပ်ရှိသမျှတို့ကို မျိုတော်မူပြီ။ အမျက် တော်ထွက်သဖြင့် ယုဒသတို့သမီး၏ရဲတိုက်တို့ကို မြေတိုင် အောင်ဖြိုဖျက်၍၊ နိုင်ငံတော်နှင့်မင်းသားတို့ကို ရှုတ်ချ တော်မူပြီ။
3 ပြင်းစွာ အမျက် တော်ထွက်၍ ၊ ဣသရေလ ၏ ဦးချို ရှိသမျှ တို့ကို ဖြတ် တော်မူပြီ။ ရန်သူ ရှေ့ မှာ လက်ရုံး တော်ကို ရုပ်သိမ်း တော်မူပြီ။ အရပ်ရပ် လောင် သော မီး တောက်ကဲ့သို့ ယာကုပ် အမျိုးကို လောင် စေတော်မူပြီ။
ပြင်းစွာ အမျက်တော်ထွက်၍၊ ဣသရေလ၏ ဦးချို ရှိသမျှတို့ကို ဖြတ်တော်မူပြီ။ ရန်သူရှေ့မှာ လက်ရုံး တော်ကို ရုပ်သိမ်းတော်မူပြီ။ အရပ်ရပ်လောင်သော မီးတောက်ကဲ့သို့ ယာကုပ်အမျိုးကို လောင်စေတော်မူပြီ။
4 ရန်သူ ကဲ့သို့ လေး ကိုတင် လျက်၊ ရန်ဘက် ပြုသောသူကဲ့သို့ လက်ျာ လက်ကို ချီ ကြွလျက်၊ တင့်တယ် ခြင်း အသရေရှိသော သူအပေါင်း တို့ကိုသတ် တော်မူပြီ။ ဇိအုန် သတို့သမီး ၏နေရာ တဲ ပေါ် မှာမီး ကဲ့သို့ သော အမျက် တော်ကို သွန်းလောင်း တော်မူ၏။
ရန်သူကဲ့သို့ လေးကိုတင်လျက်၊ ရန်ဘက်ပြုသော သူကဲ့သို့ လက်ျာလက်ကို ချီကြွလျက်၊ တင့်တယ်ခြင်း အသရေရှိသော သူအပေါင်းတို့ကို သတ်တော်မူပြီ။ ဇိအုန် သတို့သမီး၏နေရာ တဲပေါ်မှာမီးကဲ့သို့သော အမျက် တော်ကို သွန်းလောင်းတော်မူ၏။
5 ထာဝရ ဘုရားသည် ရန်ဘက် ပြု၍ ၊ ဣသရေလ အမျိုးကို၎င်း၊ ဘုံ ဗိမာန်အပေါင်း တို့ကို၎င်းမျို တော်မူပြီ။ ရဲတိုက် တို့ကို ဖြိုဖျက် တော်မူပြီ။ ယုဒ သတို့သမီး ငိုကြွေး မြည်တမ်းသောအကြောင်း တို့ကို များပြား စေတော်မူပြီ။
ထာဝရဘုရားသည် ရန်ဘက်ပြု၍၊ ဣသရေလအမျိုးကို၎င်း၊ ဘုံဗိမာန်အပေါင်းတို့ကို၎င်း မျိုတော်မူပြီ။ ရဲတိုက်တို့ကို ဖြိုဖျက်တော်မူပြီ။ ယုဒ သတို့သမီး ငိုကြွေးမြည်တမ်းသောအကြောင်းတို့ကို များပြားစေတော်မူပြီ။
6 ဝင်း တော်ကို တောင်ယာ ခြံကဲ့သို့ အမှတ်ပြု၍ ချိုးဖျက် တော်မူပြီ။ မိမိ ပွဲသဘင် တော်ကို ဖျက်ဆီး တော်မူပြီ။ ဇိအုန် မြို့၌ ခံ သော ဓမ္မပွဲနေ့၊ ဥပုသ် နေ့တို့ကို ထာဝရဘုရား မေ့ စေတော်မူပြီ။ အမျက် တော်အရှိန် ပြင်း၍ ရှင်ဘုရင် နှင့် ယဇ် ပုရောဟိတ်ကို မ ရှုမမှတ်ပြုတော်မူပြီ။
ဝင်းတော်ကို တောင်ယာခြံကဲ့သို့ အမှတ်ပြု၍ ချိုးဖျက်တော်မူပြီ။ မိမိပွဲသဘင်တော်ကို ဖျက်ဆီးတော် မူပြီ။ ဇိအုန်မြို့၌ခံသော ဓမ္မပွဲနေ့၊ ဥပုသ်နေ့တို့ကို ထာဝရ ဘုရား မေ့စေတော်မူပြီ။ အမျက်တော်အရှိန်ပြင်း၍ ရှင်ဘုရင်နှင့်ယဇ်ပုရောဟိတ်ကို မရှုမမှတ်ပြုတော်မူပြီ။
7 ထာဝရ ဘုရားသည် မိမိ ယဇ် ပလ္လင်တော်ကို ပယ် တော်မူပြီ။ မိမိ သန့်ရှင်း ရာဌာနတော်ကို စက်ဆုပ် တော်မူပြီ။ ဘုံ ဗိမာန်တော်ကို ရန်သူ လက် သို့ အပ် တော်မူသဖြင့်၊ ပွဲ သဘင်ခံသောနေ့ ၌ အသံပြုသကဲ့သို့၊ ရန်သူတို့ သည်ထာဝရဘုရား ၏ အိမ် တော်၌ အသံ ပြု ကြပြီ။
ထာဝရဘုရားသည် မိမိယဇ်ပလ္လင်တော်ကို ပယ်တော်မူပြီ။ မိမိသန့်ရှင်းရာဌာနတော်ကို စက်ဆုပ် တော်မူပြီ။ ဘုံဗိမာန်တော်ကို ရန်သူလက်သို့ အပ်တော် မူသဖြင့်၊ ပွဲသဘင်ခံသောနေ့၌ အသံပြုသကဲ့သို့၊ ရန်သူတို့ သည်ထာဝရဘုရား၏ အိမ်တော်၌အသံပြုကြပြီ။
8 ထာဝရဘုရား သည် ဇိအုန် သတို့သမီး ၏မြို့ရိုး ကို ဖြိုဖျက် မည်ဟု အကြံ တော်ရှိသည်အတိုင်း ၊ ကြိုး ကိုတန်း ၍ အစဉ်မပြတ်ဖြိုဖျက် တော်မူသဖြင့် ၊ အတွင်းမြို့ရိုး နှင့် ပြင်မြို့ရိုး တို့သည် အတူ ညည်းတွား ၍ ငိုကြွေးမြည်တမ်းရမည် အကြောင်းပြု တော်မူပြီ။
ထာဝရဘုရားသည် ဇိအုန်သတို့သမီး၏မြို့ရိုးကို ဖြိုဖျက်မည်ဟု အကြံတော်ရှိသည်အတိုင်း၊ ကြိုးကိုတန်း၍ အစဉ်မပြတ် ဖြိုဖျက်တော်မူသဖြင့်၊ အတွင်းမြို့ရိုးနှင့် ပြင်မြို့ရိုးတို့သည် အတူညည်းတွား၍ ငိုကြွေးမြည်တမ်းရ မည် အကြောင်းပြုတော်မူပြီ။
9 မြို့ တံခါးရွက် တို့သည် မြေ ၌ မြှုပ် လျက်ရှိကြ၏။ ကန့်လန့်ကျင် တို့ကို ချိုးဖဲ့ တော်မူပြီ။ ရှင်ဘုရင် နှင့် မင်းသား တို့သည် သာသနာပ လူတို့တွင် နေရကြ၏။ တရား တော်မ ရှိ။ ပရောဖက် တို့သည် ထာဝရဘုရား ၏ ဗျာဒိတ် တော်ကို မ ခံ မရကြ။
မြို့တံခါးရွက်တို့သည် မြေ၌မြှုပ်လျက်ရှိကြ၏။ ကန့်လန့်ကျင်တို့ကို ချိုးဖဲ့တော်မူပြီ။ ရှင်ဘုရင်နှင့် မင်းသားတို့သည် သာသနာပလူတို့တွင် နေရကြ၏။ တရားတော်မရှိ။ ပရောဖက်တို့သည် ထာဝရဘုရား၏ ဗျာဒိတ်တော်ကို မခံမရကြ။
10 ၁၀ ဇိအုန် သတို့သမီး ၏ အသက်ကြီး သူတို့သည် မြေမှုန့် ကိုမိမိ တို့ ခေါင်း ပေါ် မှာပစ်တင် လျက်၊ လျှော်တေ အဝတ်ကို ဝတ်စည်း လျက်၊ မြေ ပေါ် မှာထိုင် ၍ တိတ်ဆိတ် စွာ နေကြ၏။ ယေရုရှလင် မြို့ သူကညာတို့သည် ခေါင်း ကိုငိုက်ဆိုက် ညွှတ်လျက်နေကြ၏။
၁၀ဇိအုန်သတို့သမီး၏ အသက်ကြီးသူတို့သည် မြေမှုန့်ကိုမိမိတို့ ခေါင်းပေါ်မှာပစ်တင်လျက်၊ လျှော်တေ အဝတ်ကို ဝတ်စည်းလျက်၊ မြေပေါ်မှာထိုင်၍ တိတ်ဆိတ် စွာ နေကြ၏။ ယေရုရှလင်မြို့သူကညာတို့သည် ခေါင်း ကိုငိုက်ဆိုက်ညွှတ်လျက်နေကြ၏။
11 ၁၁ ငါ ၏လူမျိုး သတို့သမီး ပျက်စီး သောကြောင့် ၊ ငါ သည် မျက်ရည် ကျ၍ မျက်စိ ပျက် လေပြီ။ ဝမ်း ၌ဆူလှိုက် ခြင်းရှိ၍ အသည်း လည်းမြေ ပေါ် မှာ သွန်း လျက်ရှိ၏။ အကြောင်း မူကား၊ သူငယ် နှင့် နို့စို့ ကလေးတို့သည် မြို့ လမ်း ၌ အား ပျက်လျက်နေကြ၏။
၁၁ငါ၏လူမျိုးသတို့သမီးပျက်စီးသောကြောင့်၊ ငါသည် မျက်ရည်ကျ၍မျက်စိပျက်လေပြီ။ ဝမ်း၌ဆူလှိုက် ခြင်းရှိ၍ အသည်းလည်းမြေပေါ်မှာ သွန်းလျက်ရှိ၏။ အကြောင်းမူကား၊ သူငယ်နှင့်နို့စို့ကလေးတို့သည် မြို့လမ်း၌အား ပျက်လျက်နေကြ၏။
12 ၁၂ သူတို့ကလည်း၊ ဆန် စပါးနှင့် စပျစ်ရည် သည် အဘယ် မှာရှိသနည်းဟု၊ ရန်သူ ညှဉ်းဆဲသော သူကဲ့သို့ မြို့ လမ်း ၌ အားပျက် လျက် ၊ အမိ ရင်ခွင် ၌ မိမိ အသက် ကို သွန်း လျက်၊ အမိ ကို မေး တတ်ကြသည်တကား။
၁၂သူတို့ကလည်း၊ ဆန်စပါးနှင့်စပျစ်ရည်သည် အဘယ်မှာရှိသနည်းဟု၊ ရန်သူညှဉ်းဆဲသော သူကဲ့သို့ မြို့လမ်း၌အားပျက်လျက်၊ အမိရင်ခွင်၌ မိမိအသက်ကို သွန်းလျက်၊ အဓိက မေးတတ်ကြသည်တကား။
13 ၁၃ အိုယေရုရှလင် သတို့သမီး ၊ သင်၏အမှု၌ အဘယ်သက်သေကို ငါပြရမည်နည်း။ အိုဇိအုန် သတို့သမီး ကညာ ၊ သင့် ကိုနှစ်သိမ့် စေခြင်းငှါ ၊ သင် နှင့် အဘယ် သူကို ငါခိုင်းနှိုင်း ရမည်နည်း။ သင် ၏ပြိုပျက် ရာသည် သမုဒ္ဒရာ ကဲ့သို့ ကျယ် သောကြောင့် အဘယ်သူ ပြုပြင် နိုင် သနည်း။
၁၃အိုယေရုရှလင်သတို့သမီး၊ သင်၏အမှု၌ အဘယ်သက်သေကို ငါပြရမည်နည်း။ အိုဇိအုန်သတို့ သမီးကညာ၊ သင့်ကိုနှစ်သိမ့်စေခြင်းငှါ၊ သင်နှင့်အဘယ် သူကို ငါခိုင်းနှိုင်းရမည်နည်း။ သင်၏ပြိုပျက်ရာသည် သမုဒ္ဒရာကဲ့သို့ ကျယ်သောကြောင့် အဘယ်သူ ပြုပြင်နိုင် သနည်း။
14 ၁၄ သင် ၏ပရောဖက် တို့သည် အချည်းနှီး သော အရာ၊ မိုက် သောအရာတို့ကို သင် အဘို့ မြင် ကြပြီ။ သိမ်းသွား ချုပ်ထားသော အမှုကိုပြေ စေခြင်းငှါ ၊ သင် ၏ အပြစ် ကို မ ဘော် မပြဘဲ မှား သောရူပါရုံ ၊ လမ်း လွဲစရာ အရာကို သင့် အဘို့ မြင် ကြပြီ။
၁၄သင်၏ပရောဖက်တို့သည် အချည်းနှီးသော အရာ၊ မိုက်သောအရာတို့ကို သင်အဘို့မြင်ကြပြီ။ သိမ်းသွားချုပ်ထားသော အမှုကိုပြေစေခြင်းငှါ၊ သင်၏ အပြစ်ကိုမဘော်မပြဘဲ မှားသောရူပါရုံ၊ လမ်းလွဲစရာ အရာကို သင့်အဘို့မြင်ကြပြီ။
15 ၁၅ လမ်း ၌ ရှောက် သွားသမျှ သောသူတို့က၊ ဂုဏ်သရေအထွဋ်၊ မြေ တပြင်လုံး ရွှင်လန်း ရာဘွဲ့ ရှိသောမြို့ ကား ဤ မြို့လော ဟု၊ ယေရုရှလင် သတို့သမီး ကို လက်ခုပ် တီး လျက် ၊ ကဲ့ရဲ့ သံကိုပြုလျက်၊ ခေါင်း ကို ညှိတ် လျက် မေး တတ်ကြ၏။
၁၅လမ်း၌ ရှောက်သွားသမျှသောသူတို့က၊ ဂုဏ်သရေအထွဋ်၊ မြေ တပြင်လုံး ရွှင်လန်းရာဘွဲ့ရှိသော မြို့ကားဤမြို့လောဟု၊ ယေရုရှလင်သတို့သမီးကို လက်ခုပ်တီးလျက်၊ ကဲ့ရဲ့သံကိုပြုလျက်၊ ခေါင်းကို ညှိတ်လျက် မေးတတ်ကြ၏။
16 ၁၆ သင် ၏ရန်သူ အပေါင်း တို့သည် သင့် တဘက် ၌ နှုတ် ကို ဖွင့် ကြ၏။ ငါတို့သည် သူ့ ကိုမျို ပြီ။ အကယ် စင်စစ်ဤ သည်နေ့ ကား ၊ ငါတို့မြော်လင့် ခဲ့ ပြီးသောနေ့ဖြစ်၏။ ငါတို့တွေ့မြင် ရပြီဟု ကဲ့ရဲ့ သံကိုပြုလျက် ၊ အံသွား ကို ခဲကြိတ် လျက် ဆို ကြ၏။
၁၆သင်၏ရန်သူအပေါင်းတို့သည် သင့်တဘက်၌ နှုတ်ကို ဖွင့်ကြ၏။ ငါတို့သည် သူ့ကိုမျိုပြီ။ အကယ်စင်စစ် ဤသည်နေ့ကား၊ ငါတို့မြော်လင့်ခဲ့ ပြီးသောနေ့ဖြစ်၏။ ငါတို့တွေ့မြင်ရပြီဟု ကဲ့ရဲ့သံကိုပြုလျက်၊ အံသွားကို ခဲကြိတ်လျက် ဆိုကြ၏။
17 ၁၇ ထာဝရဘုရား သည် ကြံစည် သောအမှု ကို ပြု တော်မူပြီ။ ရှေး ကာလ ၌ မိန့် တော်မူသောစကား တော်ကို ပြည့်စုံ စေတော်မူပြီ။ မ နှမြော ဘဲဖြိုဖျက် တော်မူပြီ။ ရန်သူ သည် သင် ၏အပေါ် မှာဝမ်းမြောက် ရသောအခွင့်ကိုပေး ၍ ၊ ရန်သူ ၏ဦးချို ကို ချီးမြှင့် တော်မူပြီ။
၁၇ထာဝရဘုရားသည် ကြံစည်သောအမှုကို ပြုတော်မူပြီ။ ရှေးကာလ၌ မိန့်တော်မူသော စကား တော်ကို ပြည့်စုံစေတော်မူပြီ။ မနှမြောဘဲဖြိုဖျက်တော် မူပြီ။ ရန်သူသည် သင်၏အပေါ် မှာဝမ်းမြောက်ရသော အခွင့်ကို ပေး၍၊ ရန်သူ၏ဦးချိုကို ချီးမြှင့်တော်မူပြီ။
18 ၁၈ သူ တို့သည်စိတ် နှလုံးထဲက ထာဝရ ဘုရားကို အော်ဟစ် ကြ၏။ အိုဇိအုန် သတို့သမီး ၏မြို့ရိုး ၊ သင်၏ မျက်ရည် သည် မြစ် ရေစီးသကဲ့သို့ နေ့ ညဉ့်မပြတ်စီး စေလော့ ။ ကိုယ်ကိုကိုယ် မ ငြိမ်း စေနှင့်။ သင် ၏မျက်ဆန် ကိုလည်း မ ငြိမ်း စေနှင့်။
၁၈သူတို့သည်စိတ်နှလုံးထဲက ထာဝရဘုရားကို အော်ဟစ်ကြ၏။ အိုဇိအုန်သတို့သမီး၏မြို့ရိုး၊ သင်၏ မျက်ရည်သည် မြစ်ရေစီးသကဲ့သို့ နေ့ညဉ့်မပြတ်စီးစေ လော့။ ကိုယ်ကိုမငြိမ်းစေနှင့်။ သင်၏မျက်ဆန်ကိုလည်း မငြိမ်းစေနှင့်။
19 ၁၉ ညဦးယံ အချိန်၌ ထ ၍အော်ဟစ် လော့။ ထာဝရ ဘုရား ၏မျက်နှာ တော်ရှေ့ မှာ သင် ၏နှလုံး ကို ရေ ကဲ့သို့ သွန်းလောင်း လော့။ ငတ်မွတ် ၍ ခပ်သိမ်း သော လမ်း ဝ မှာ အားပျက် လျက်နေသောသင် ၏သူငယ် တို့ကို အသက် ချမ်းသာစေခြင်းငှါ ၊ အထံ တော်သို့ သင် ၏လက် ကို ချီ ဆန့်လော့။
၁၉ညဦးယံအချိန်၌ ထ၍အော်ဟစ်လော့။ ထာဝရ ဘုရား၏မျက်နှာတော်ရှေ့မှာ သင်၏နှလုံးကို ရေကဲ့သို့ သွန်းလောင်းလော့။ ငတ်မွတ်၍ ခပ်သိမ်းသော လမ်းဝမှာ အားပျက်လျက်နေသော သင်၏သူငယ်တို့ကို အသက် ချမ်းသာစေခြင်းငှါ၊ အထံတော်သို့ သင်၏လက်ကို ချီဆန့်လော့။
20 ၂၀ အိုထာဝရဘုရား ၊ ကိုယ်တော်သည် အဘယ်သူ ၌ ဤသို့စီရင် တော်မူသည်ကို ကြည့်ရှု ဆင်ခြင် တော်မူပါ။ မိန်းမ သည် မိမိ ရင်သွေး ၊ မိမိချီပိုက် သော သား ကို စား ရပါမည် လော။ ယဇ်ပုရောဟိတ် နှင့် ပရောဖက် သည် ထာဝရ ဘုရား ၏ သန့်ရှင်း ရာဌာနတော်၌ အသေ သတ်ခြင်းကိုခံရပါမည်လော။
၂၀အိုထာဝရဘုရား၊ ကိုယ်တော်သည် အဘယ်သူ၌ ဤသို့စီရင်တော်မူသည်ကို ကြည့်ရှုဆင်ခြင်တော်မူပါ။ မိန်းမသည် မိမိရင်သွေး၊ မိမိချီပိုက်သော သားကို စားရပါ မည်လော။ ယဇ်ပုရောဟိတ်နှင့် ပရောဖက်သည် ထာဝရ ဘုရား၏ သန့်ရှင်းရာဌာနတော်၌ အသေသတ်ခြင်းကို ခံရပါမည်လော။
21 ၂၁ လူ အကြီးအငယ် တို့သည် လမ်း ၌မြေ ပေါ် မှာ တုံးလုံး နေရကြပါ၏။ အကျွန်ုပ် ၏လူပျို နှင့် အပျို တို့သည် ထား ဖြင့် သေ ရကြပါပြီ။ ကိုယ်တော် သည် အမျက် တော် ထွက်သောနေ့ ၌၊ သူတို့ကို မ သနား ဘဲကွပ်မျက် တော်မူပြီ။
၂၁လူအကြီးအငယ်တို့သည် လမ်း၌မြေပေါ်မှာ တုံးလုံးနေရကြပါ၏။ အကျွန်ုပ်၏လူပျိုနှင့်အပျိုတို့သည် ထားဖြင့်သေရကြပါပြီ။ ကိုယ်တော်သည် အမျက်တော် ထွက်သောနေ့၌၊ သူတို့ကို မသနားဘဲကွပ်မျက်တော်မူပြီ။
22 ၂၂ ပွဲ သဘင်နေ့ ၌ လူတို့ကို ခေါ်ဘိတ်သကဲ့သို့၊ အကျွန်ုပ် ပတ်လည် ၌ ကြောက်မက် ဘွယ်သော အရာတို့ကို ခေါ် ဘိတ်တော်မူပြီ။ ထာဝရဘုရား အမျက် တော် ထွက် သောနေ့ ၌ အဘယ်သူမျှမ လွတ် ၊ မကျန်ကြွင်း ရပါ။ အကျွန်ုပ်ချီပိုက် ကျွေးမွေးသောသူ တို့ ကို အကျွန်ုပ် ၏ ရန်သူ သည် ဖျက်ဆီး ပါပြီ။
၂၂ပွဲသဘင်နေ့၌ လူတို့ကို ခေါ်ဘိတ်သကဲ့သို့၊ အကျွန်ုပ်ပတ်လည်၌ ကြောက်မက်ဘွယ်သော အရာတို့ကို ခေါ်ဘိတ်တော်မူပြီ။ ထာဝရဘုရား အမျက်တော် ထွက် သောနေ့၌ အဘယ်သူမျှမလွတ်၊ မကျန်ကြွင်းရပါ။ အကျွန်ုပ်ချီပိုက်ကျွေးမွေးသော သူတို့ကို အကျွန်ုပ်၏ ရန်သူသည် ဖျက်ဆီးပါပြီ။

< မြည်တမ်းစကား 2 >