< တရားသူကြီးမှတ်စာ 8 >

1 ဧဖရိမ် လူ တို့က၊ သင်သည် မိဒျန် လူတို့ကို တိုက် သွား သောအခါ ၊ ငါ တို့ကို မ ခေါ် ဘဲ ငါ တို့၌ အဘယ်သို့ ပြု သနည်းဟု ကျပ်ကျပ် အပြစ်တင် ကြ၏။ 2 ဂိဒေါင်ကလည်း၊ သင် တို့ပြုသကဲ့သို့ ငါသည် အဘယ်သို့ ပြု ပြီးသနည်း။ အဗျေဇာ စပျစ်သီး သိမ်းခြင်းထက် ဧဖရိမ် လိုက်ကောက် ခြင်းသည် သာ၍ကောင်း သည်မဟုတ် လော။ 3 ဘုရား သခင်သည် မိဒျန် ဗိုလ်ချုပ် ဩရဘ နှင့် ဇေဘ တို့ကို သင် တို့လက် ၌ အပ် တော်မူပြီ။ သင် တို့ပြုသကဲ့သို့ ငါသည် အဘယ်သို့ ပြု နိုင် သနည်းဟု ပြန်ပြောသောစကား ကို သူတို့သည် ကြားသောအခါ စိတ် ပြေ ကြ၏။ 4 ဂိဒေါင် သည် ယော်ဒန် မြစ်သို့ ရောက် သောအခါ ၊ သူ ၌ ရှိသော သူ သုံး ရာ တို့သည် ပင်ပန်း လျက်နှင့် ကူး ၍ လိုက် ကြ၏။ 5 သုကုတ် မြို့သား တို့အား လည်း ၊ ငါ့ နောက် လိုက်သောသူ တို့အား မုန့် ကိုပေး ကြပါလော့။ သူ တို့သည် ပင်ပန်း ကြပြီ။ ငါ သည် မိဒျန် မင်းကြီး ဇေဘဟ နှင့် ဇာလမုန္န ကို ယခု လိုက် ရှာပါ၏ဟု တောင်း သော်လည်း၊ 6 သုကုတ် မင်း တို့က၊ ငါတို့သည် သင့် အမှုထမ်း တို့အား မုန့် ကိုပေး ရမည်အကြောင်း ၊ ဇေဘဟ နှင့် ဇာလမုန္န သည် သင့် လက် ၌ ရှိသလောဟု ပြန်ပြော ကြ၏။ 7 ဂိဒေါင် ကလည်း ၊ သို့ဖြစ်၍ ထာဝရဘုရား သည် ဇေဘဟ နှင့် ဇာလမုန္န တို့ကို ငါ့ လက် ၌ အပ် တော်မူသောအခါ ၊ သင် တို့ကျော ကွဲအောင် တော ဆူး ပင်အမျိုးမျိုးနှင့် ငါ ရိုက်မည်ဟုဆို ပြီးလျှင်၊ 8 ထိုအရပ်ကပေနွေလ မြို့သို့ သွား ၍ ၊ သူ တို့အား ထို နည်းတူ တောင်း သော်လည်း ၊ သုကုတ် မြို့သား တို့ ပြန်ပြော သည်နည်းတူ ၊ ပေနွေလ မြို့သား တို့သည် ပြန်ပြော ကြ၏။ 9 ဂိဒေါင်ကလည်း ၊ ငါ သည် တဖန် ငြိမ်ဝပ် စွာ လာသောအခါ ၊ ဤ ရဲတိုက် ကို ဖြိုဖျက် မည်ဟု သူ တို့အား ဆို ၏။ 10 ၁၀ ထိုအခါ ထား ကိုင် သော လူ တသိန်း နှစ်သောင်းသေ သောကြောင့် ၊ အရှေ့ မျက်နှာအရပ်သား အပေါင်း တို့တွင် ကျန် ကြွင်းသော လူတသောင်း ငါးထောင်ခန့် မျှသာပါ လျက်၊ ဇေဘဟ နှင့် ဇာလမုန္န တို့သည် ကာကော် မြို့၌ ရှိကြ၏။ 11 ၁၁ ဂိဒေါင် သည် နောဗာ မြို့၊ ယုဗ္ဗေဟ မြို့အရှေ့ ၊ တဲ ၌ နေ သူတို့လမ်း ဖြင့် ချီ သွား၍ ၊ မ စိုးရိမ်ဘဲနေ သောမိဒျန်တပ် ကို လုပ်ကြံ သဖြင့်၊ 12 ၁၂ မိဒျန် မင်းကြီး ဇေဘဟ နှင့် ဇာလမုန္န ပြေး သောအခါ ၊ ဂိဒေါင်သည် လိုက် ၍ တပ် ကို ဖျက် လေ၏။ 13 ၁၃ ယောရှ သား ဂိဒေါင် သည် နေမထွက်မှီ စစ်တိုက် ရာမှ ပြန်လာ ၍၊ 14 ၁၄ သုကုတ် မြို့သား လုလင် တယောက်ကို ဘမ်းမိ ၍ မေး စစ်လျှင် ၊ ထိုသူသည်သုကုတ် မြို့အရာရှိ ၊ အသက်ကြီး သူခုနစ်ဆယ် ခုနစ် ယောက်တို့၏ အမည်အသီးအသီးတို့ကို ပြော လေ၏။ 15 ၁၅ ဂိဒေါင်သည်လည်း ၊ သုကုတ် မြို့သား တို့ရှိရာသို့ လာ ၍ ၊ သင်တို့က၊ ပင်ပန်း သော သင့် အမှုထမ်း တို့အား ငါတို့သည် မုန့် ကိုပေး ရမည်အကြောင်း ၊ ဇေဘဟ နှင့် ဇာလမုန္န သည် သင့် လက် ၌ ရှိသလောဟု ငါ့ ကို ကဲ့ရဲ့ ၍ သင်တို့ပြော သော ဇေဘဟ နှင့် ဇာလမုန္န ကို ကြည့် ကြလော့ဟုဆို လျက်၊ 16 ၁၆ ထိုမြို့ ၌ အသက်ကြီး သူတို့ကို ခေါ် ၍ တော ဆူး ပင်အမျိုးမျိုးနှင့် သုကုတ် မြို့သား တို့ကို ဆုံးမ လေ၏။ 17 ၁၇ ပေနွေလ မြို့ ရဲတိုက် ကိုလည်း ဖြိုဖျက် ၍ မြို့ သား တို့ကို ကွပ်မျက် လေ၏။ 18 ၁၈ ထိုအခါ ဇေဘဟ နှင့် ဇာလမုန္န တို့အား တာဗော် မြို့မှာ သင်တို့သတ် ခဲ့သောသူ တို့ သည် အဘယ်သို့ သောသူဖြစ်သနည်းဟု မေးမြန်း သော်၊ ထိုသူတို့က၊ ကိုယ်တော် ဖြစ်သကဲ့သို့ သူ တို့ရှိသမျှ သည်ဖြစ်၍၊ ရှင်ဘုရင် သား ၏ အဆင်း အရောင်နှင့် ပြည့်စုံကြပါ၏ဟု ပြန်ပြော သော်၊ 19 ၁၉ ဂိဒေါင်က၊ ထိုသူ တို့သည် ငါ့ အမိ ၏သား ၊ ငါ့ ညီ ဖြစ်ပါသည်တကား၊ ထာဝရဘုရား အသက် ရှင်တော်မူသည်အတိုင်း၊ သင်တို့သည် သူ တို့ကို အသက် ချမ်းသာပေးမိလျှင် ၊ သင် တို့ကို ငါမ သတ် ဘဲ နေလိမ့်မည်ဟု၊ 20 ၂၀ မိမိ သားဦး ယေသာ အား ၊ ဤသူ တို့ကို ထ ၍ သတ် လော့ဟုဆို သော်လည်း ၊ သား သည် အသက်အရွယ်ငယ် သောကြောင့် ၊ ထား ကို မ ဆွဲ မထုတ်ဘဲနေ၏။ 21 ၂၁ ဇေဘဟ နှင့် ဇာလမုန္န တို့ကလည်း ၊ ကိုယ်တော် တိုင်ထ ၍ ငါ တို့ကို လုပ်ကြံ လော့။ လူ ဖြစ်သကဲ့သို့ သူ့ အစွမ်း သတ္တိဖြစ်တတ်သည်ဟုဆိုလျှင်၊ ဂိဒေါင် သည် ထ ၍ ဇေဘဟ နှင့် ဇာလမုန္န ကို သတ် သဖြင့် ၊ သူ တို့ ကုလားအုပ် ၏ လည်ပင်း ၌ ဆင်သော တန်ဆာ တို့ကို ချွတ် ယူလေ၏။ 22 ၂၂ ထိုအခါ ဣသရေလ လူတို့က၊ ကိုယ်တော်သည် အကျွန်ုပ် တို့ကို မိဒျန် လူတို့လက် မှ ကယ်နှုတ် သောကြောင့် ၊ သားစဉ်မြေးဆက် နှင့်တကွ အကျွန်ုပ် တို့ကို အုပ်စိုး တော်မူပါဟု၊ ဂိဒေါင် အား လျှောက် ဆိုကြသော်၊ 23 ၂၃ ဂိဒေါင် က၊ ငါ သည် သင် တို့ကို မ အုပ်စိုး ရ။ ငါ့ သား လည်း မ အုပ်စိုး ရ။ ထာဝရဘုရား သည် သင် တို့ကို အုပ်စိုး တော်မူရ၏ဟူ၍၎င်း၊ 24 ၂၄ သို့ရာတွင် သင်တို့ရှိသမျှ သည် လု ယူ၍ ရသောနားတောင်း တို့ကိုပေး ပါမည်အကြောင်း ၊ ငါတောင်း ချင်သည်ဟူ၍၎င်း ဆို လေ၏။ ရန်သူ တို့သည် ဣရှမေလ အမျိုးဖြစ်၍ ရွှေ နားတောင်း ကို ဆင်တတ်ကြသတည်း။ 25 ၂၅ သူတို့ကလည်း၊ စင်စစ်ပေး ပါမည်ဟုဆို လျက် စောင် ကို ခင်း ၍ ၊ လူအပေါင်းတို့သည် မိမိ တို့ လု ယူ၍ ရသောနားတောင်း များကို ချ ထားကြ၏။ 26 ၂၆ ဂိဒေါင်တောင်း သော ရွှေ နားတောင်း များ အချိန် ကား၊ အခွက်တဆယ်ခုနစ် ပိဿာရှိ ၏။ ထို မှတပါး၊ မိဒျန် မင်းကြီး ဝတ်ဆင်သော တန်ဆာ ၊ လည်ဆွဲ ၊ နီမောင်း သောအဝတ် ၊ ကုလားအုပ် လည် ကြိုး များကို ရသေး၏။ 27 ၂၇ ထိုတန်ဆာတို့နှင့် ဂိဒေါင် သည် သင်တိုင်း တော်ကို လုပ် ၍ မိမိ နေရာ ဩဖရ မြို့မှာ ထား သဖြင့် ၊ ဣသရေလ အမျိုးသားအပေါင်း တို့သည် ထိုသင်တိုင်းတော်နှင့် မှားယွင်း လျက် သွားတတ်ကြ၏။ ထိုအမှုသည် ဂိဒေါင် နှင့် သူ ၏အမျိုး ပြစ်မှား ရာအကြောင်း ဖြစ် သတည်း။ 28 ၂၈ ထိုသို့ မိဒျန် အမျိုးသည် ဣသရေလ အမျိုးရှေ့ မှာ ရှုံး ၍ ၊ နောက်တဖန် အစိုး မ ရဘဲ နေကြ၏။ ဂိဒေါင် လက်ထက် အနှစ် လေးဆယ် တိုင်တိုင်တပြည် လုံးငြိမ်း လေ၏။ 29 ၂၉ ယောရှ သား ယေရုဗ္ဗာလ သည် မိမိ အိမ် သို့ သွား ၍ နေ သတည်း။ 30 ၃၀ ဂိဒေါင် သည် မယား များ ၍ ၊ ကိုယ် ရ သောသား ခုနစ်ဆယ် ရှိ ၏။ 31 ၃၁ ရှေခင် မြို့၌ နေသောမယားငယ် သည် သား ယောက်ျားကို ဘွားမြင် ၍ ၊ ထိုသားကို အဘိမလက် အမည် ဖြင့် မှည့် လေ၏။ 32 ၃၂ ယောရှ သား ဂိဒေါင် သည် အသက် ကြီးရင့်သော် အနိစ္စရောက် ၍ ၊ အဗျေဇာ သားနေရာ ဩဖရ မြို့မှာ ၊ အဘ ယောရှ သင်္ချိုင်း ၌ သင်္ဂြိုဟ် ခြင်းကို ခံရလေ၏။ 33 ၃၃ ဂိဒေါင် သေ သောအခါ ၊ ဣသရေလ အမျိုးသားတို့သည် ဖောက်ပြန် ၍ ဗာလ ဘုရားတို့နှင့် မှားယွင်း သဖြင့် ၊ ဗာလဗေရိတ် ကို ဘုရား အရာ ၌ ချီးမြှောက် ကြ၏။ 34 ၃၄ ပတ်ဝန်းကျင် ရန်သူ လက် မှ ကယ်နှုတ် တော်မူသောမိမိ တို့ဘုရား သခင်ထာဝရဘုရား ကို မ အောက်မေ့ ဘဲ၊ 35 ၃၅ ဂိဒေါင် တည်းဟူသောယေရုဗ္ဗာလ သည် ဣသရေလ အမျိုး၌ ပြု သမျှ သော ကျေးဇူး နှင့်အညီ ၊ သူ၏အမျိုး ၌ ကျေးဇူး တုံ့ကို ပြန်၍ မ ပြု ဘဲနေကြ၏။

< တရားသူကြီးမှတ်စာ 8 >