< တရားသူကြီးမှတ်စာ 4 >

1 ဧဟုဒ သေ သောနောက်၊ ဣသရေလ အမျိုးသားတို့သည် ထာဝရဘုရား ရှေ့ တော်၌ တဖန် ဒုစရိုက် ကို ပြု သောကြောင့်၊
ဧဟုဒသေသောနောက်၊ ဣသရေလအမျိုးသားတို့သည် ထာဝရဘုရား ရှေ့တော်၌ တဖန် ဒုစရိုက်ကို ပြုသောကြောင့်၊
2 ထာဝရဘုရား သည် ဟာဇော် မြို့၌ မင်းပြု သောခါနာန် ရှင်ဘုရင် ရာဘိန် ၌ ရောင်း တော်မူ၏။ သူခန့်ထားသော ဗိုလ်ချုပ်မင်းကား၊ ဂေါအိမ်ပြည်ဟာရောရှက် မြို့၌ နေ သောသိသရ တည်း။
ထာဝရဘုရားသည် ဟာဇော်မြို့၌ မင်းပြုသော ခါနာန်ရှင်ဘုရင်ရာဘိန်၌ ရောင်းတော်မူ၏။ သူခန့်ထားသော ဗိုလ်ချုပ်မင်းကား၊ ဂေါအိမ်ပြည်ဟာရောရှက်မြို့၌ နေသော သိသရတည်း။
3 ထိုမင်း၌ သံ ရထား ကိုး ရာ ရှိ၏။ ဣသရေလ အမျိုးသားတို့ကို အနှစ် နှစ်ဆယ် ပတ်လုံးအလွန် ညှဉ်းဆဲ သောကြောင့်၊ သူ တို့သည် ထာဝရဘုရား ကို အော်ဟစ် ကြ၏။
ထိုမင်း၌ သံရထားကိုးရာရှိ၏။ ဣသရေလအမျိုးသားတို့ကို အနှစ်နှစ်ဆယ်ပတ်လုံး အလွန်ညှဉ်းဆဲ သောကြောင့်၊ သူတို့သည် ထာဝရဘုရားကို အော်ဟစ်ကြ၏။
4 ထို ကာလ အခါ လပိဒုတ် မြို့သား ပရောဖက်မ ဒေဗောရ သည် ဣသရေလ အမျိုးကို အုပ်စိုး ၏။
ထိုကာလအခါ လပိဒုတ်မြို့သား ပရောဖက်မ ဒေဗောရသည် ဣသရေလအမျိုးကို အုပ်စိုး၏။
5 သူသည် ဧဖရိမ် တောင် ပေါ်၊ ရာမ မြို့နှင့် ဗေသလ မြို့စပ်ကြား ၊ ဒေဗောရ စွန်ပလွံ ပင်အောက် မှာနေ ၍ ၊ ဣသရေလ အမျိုးသားတို့သည် ထိုပရောဖက်မ ၏ စီရင်ခြင်း ကိုခံအံ့သောငှါ ရောက် လာတတ်ကြ၏။
သူသည် ဧဖရိမ်တောင်ပေါ်၊ ရာမမြို့နှင့် ဗေသလမြို့စပ်ကြား၊ ဒေဗောရစွန်ပလွံပင်အောက်မှာနေ၍၊ ဣသရေလအမျိုးသားတို့သည် ထိုပရောဖက်မ၏ စီရင်ခြင်းကို ခံအံ့သောငှါ ရောက်လာတတ်ကြ၏။
6 တဖန် ဒေဗောရသည် လူကို စေလွှတ် ၍ ၊ နဿလိ ခရိုင်ကေဒေရှ မြို့မှာ နေသောအဘိနောင် ၏သား ဗာရက် ကို ခေါ် ပြီးလျှင် ၊ သင်သည် နဿလိ အမျိုး၊ ဇာဗုလုန် အမျိုးထဲက လူ တသောင်း ကို သွေးဆောင်၍ တာဗော် တောင် သို့ သွား လော့။
တဖန် ဒေဗောရသည် လူကို စေလွှတ်၍၊ နဿလိခရိုင်ကေဒေရှမြို့မှာနေသော အဘိနောင်၏ သား ဗာရက်ကို ခေါ်ပြီးလျှင်၊ သင်သည် နဿလိအမျိုး၊ ဇာဗုလုန်အမျိုးထဲက လူတသောင်းကို သွေးဆောင်၍ တာဗော်တောင်သို့ သွားလော့။
7 ငါသည်လည်း ယာဘိန် မင်း၏ ဗိုလ်ချုပ် သိသရ နှင့် ရထား ဗိုလ်ပါ များကို သင် ရှိ ရာ ကိရှုန် မြစ် သို့ သွေးဆောင် ၍ သင့် လက် ၌ အပ် မည်ဟု ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား မှာ ထားတော်မူသည်ဟု ဆင့်ဆို လေ၏။
ငါသည်လည်း ယာဘိန်မင်း၏ ဗိုလ်ချုပ်သိသရနှင့် ရထားဗိုလ်ပါများကို သင်ရှိရာ ကိရှုန်မြစ်သို့ သွေးဆောင်၍ သင့်လက်၌ အပ်မည်ဟု ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား မှာထားတော်မူသည်ဟု ဆင့်ဆိုလေ၏။
8 ဗာရက် ကလည်း၊ ကိုယ်တော်သည် အကျွန်ုပ် နှင့်အတူ ကြွ လျှင် အကျွန်ုပ်သွား ပါမည်။ ကြွ တော်မ မူလျှင် မူကား မ သွား ပါဟု လျှောက် သော်၊
ဗာရက်ကလည်း၊ ကိုယ်တော်သည် အကျွန်ုပ်နှင့်အတူ ကြွလျှင် အကျွန်ုပ်သွားပါမည်။ ကြွတော်မမူလျှင် မူကား မသွားပါဟု လျှောက်သော်၊
9 ဒေဗောရ က၊ ငါသည် သင် နှင့်အတူ အမှန် သွား မည်။ သို့သော်လည်း သင် သွား ရာလမ်း ၌ ဂုဏ် အသရေကို မ ရ ရာ။ ထာဝရဘုရား သည် သိသရ ကို မိန်းမ ၌ ရောင်း တော်မူမည်ဟု ဆို ပြီးမှ ထ ၍ ဗာရက် နှင့်အတူ ကေဒေရှ မြို့သို့ သွား လေ၏။
ဒေဗောရက၊ ငါသည် သင်နှင့်အတူ အမှန်သွားမည်။ သို့သော်လည်း သင်သွားရာလမ်း၌ ဂုဏ်အသရေကို မရရာ။ ထာဝရဘုရားသည် သိသရကို မိန်းမ၌ ရောင်းတော်မူမည်ဟု ဆိုပြီးမှ ထ၍ ဗာရက်နှင့်အတူ ကေဒေရှမြို့သို့ သွားလေ၏။
10 ၁၀ ဗာရက် သည် နဿလိ အမျိုးသား၊ ဇာဗုလုန် အမျိုးသားတို့ကို ကေဒေရှ မြို့သို့ ခေါ် ၍ ၊ လိုက် သောသူ တသောင်း နှင့်တကွ ဒေဗောရ ပါလျက် တက် လေ၏။
၁၀ဗာရက်သည် နဿလိအမျိုးသား၊ ဇာဗုလုန်အမျိုးသားတို့ကို ကေဒေရှမြို့သို့ ခေါ်၍ လိုက်သောသူ တသောင်းနှင့်တကွ ဒေဗောရပါလျက် တက်လေ၏။
11 ၁၁ မောရှေ ၏ယောက္ခမ ဟောဗတ် ၏သား မြေးအဝင်၊ ကေနိ အမျိုးသားဟေဗာ သည်၊ ကေနိ လူတို့နှင့် ခွာ ၍ ကေဒေရှ မြို့အနား ၊ ဇာနိမ် သပိတ်ပင် ခြေရင်း၌ တဲ ကို ဆောက် လျက် နေနှင့်သတည်း။
၁၁မောရှေ၏ယောက္ခမဟောဗတ်၏သားမြေးအဝင်၊ ကေနိအမျိုးသားဟေဗာသည်၊ ကေနိလူတို့နှင့် ခွာ၍ ကေဒေရှမြို့အနား၊ ဇာနိမ်သပိတ်ပင် ခြေရင်း၌ တဲကို ဆောက်လျက် နေနှင့်သတည်း။
12 ၁၂ အဘိနောင် ၏သား ဗာရက် သည် တာဗော် တောင် ပေါ်သို့ တက် ကြောင်း ကို သိသရ အား ကြားပြော လျှင်၊
၁၂အဘိနောင်၏သားဗာရက်သည် တာဗော်တောင်ပေါ်သို့ တက်ကြောင်းကို သိသရအား ကြားပြောလျှင်၊
13 ၁၃ သိသရ သည် မိမိ ရထား ရှိသမျှ တည်းဟူသောသံ ရထား ကိုး ရာ နှင့် ဂေါအိမ်ပြည်ဟာရောရှက် မြို့မှ စ၍ကိရှုန် မြစ် တိုင်အောင် မိမိ လူ အပေါင်း တို့ကို စုဝေး စေ၏။
၁၃သိသရသည် မိမိရထားရှိသမျှတည်းဟူသော သံရထားကိုးရာနှင့် ဂေါအိမ်ပြည်ဟာရောရှက်မြို့မှစ၍ ကိရှုန်မြစ်တိုင်အောင် မိမိလူအပေါင်းတို့ကို စုဝေးစေ၏။
14 ၁၄ ဒေဗောရ ကလည်း ၊ ထ လော့။ ယနေ့ ကား ထာဝရဘုရား သည် သိသရ ကို သင့် လက် ၌ အပ် တော်မူသောနေ့ ဖြစ်၏။ ထာဝရဘုရား သည် သင့် ရှေ့ မှာ ကြွ တော်မူပြီ မဟုတ် လောဟု ဆို လေသော်၊ ဗာရက် သည် လူ တသောင်း နှင့်တကွ တာဗော် တောင် ပေါ်က ဆင်း လေ၏။
၁၄ဒေဗောရကလည်း ထလော့။ ယနေ့ကား ထာဝရဘုရားသည် သိသရကို သင့်လက်၌ အပ်တော်မူသော နေ့ဖြစ်၏။ ထာဝရဘုရားသည် သင့်ရှေ့မှာ ကြွတော်မူပြီ မဟုတ်လောဟု ဆိုလေသော်၊ ဗာရက်သည် လူတသောင်းနှင့်တကွ တာဗော်တောင်ပေါ်က ဆင်းလေ၏။
15 ၁၅ ထာဝရဘုရား သည် သိသရ မှစ၍သူ၏ရထား များနှင့် ဗိုလ်ပါ စစ်သည်များအပေါင်း တို့ကို ဗာရက် ရှေ့ မှာ ထား ဖြင့် ရှုံး စေတော်မူသောကြောင့်၊ သိသရ သည် မိမိရထား မှ ဆင်း ၍ ခြေ ဖြင့် ပြေး လေ၏။
၁၅ထာဝရဘုရားသည် သိသရမှစ၍ သူ၏ရထားများနှင့် ဗိုလ်ပါစစ်သည်များအပေါင်းတို့ကို ဗာရက်ရှေ့မှာ ထားဖြင့် ရှုံးစေတော်မူသောကြောင့်၊ သိသရသည် မိမိရထားမှဆင်း၍ ခြေဖြင့် ပြေးလေ၏။
16 ၁၆ ဗာရက် သည် ရထား များ၊ ဗိုလ်ပါ စစ်သည်များကို ဂေါအိမ်ပြည် ဟာရောရှက် မြို့တိုင်အောင် လိုက် ၍ ၊ သိသရ စစ်သူရဲ အပေါင်း တို့သည် တယောက် မျှ မ ကျန် ကြွင်း ထား နှင့် သေကြကုန်၏။
၁၆ဗာရက်သည် ရထားများ၊ ဗိုလ်ပါစစ်သည်များကို ဂေါအိမ်ပြည် ဟာရောရှက်မြို့တိုင်အောင် လိုက်၍၊ သိသရစစ်သူရဲအပေါင်းတို့သည် တယောက်မျှ မကျန်ကြွင်း ထားနှင့် သေကြကုန်၏။
17 ၁၇ သိသရ သည် ကေနိ အမျိုးသားဟေဗာ ၏ မယား ယေလ ၏တဲ သို့ ခြေ ဖြင့် ပြေး ၏။ ထိုကာလ၌ ဟာဇော် ရှင်ဘုရင် ယာဘိန် သည် ဟေဗာ အမျိုးသား ချင်း ကေနိ လူတို့နှင့် မိဿဟာယ ဖွဲ့လျက် ရှိသတည်း။
၁၇သိသရသည် ကေနိအမျိုးသား ဟေဗာ၏ မယားယေလ၏တဲသို့ ခြေဖြင့် ပြေး၏။ ထိုကာလ၌ ဟာဇော်ရှင်ဘုရင် ယာဘိန်သည် ဟေဗာအမျိုးသားချင်း ကေနိလူတို့နှင့် မိဿဟာယဖွဲ့လျက် ရှိသတည်း။
18 ၁၈ ယေလ သည် သိသရ ကို ခရီးဦးကြိုပြု ခြင်းငှါ ထွက် ၍ ၊ သခင် ဝင် ပါ၊ ကျွန်မ ဆီ သို့ ဝင် ပါ။ စိုးရိမ် တော် မ မူပါနှင့်ဟု ခေါ် သည်အတိုင်း ၊ သူသည် ယေလနေရာတဲ ထဲ သို့ ဝင် ၍ ယေလသည် သူ့ ကို စောင် နှင့် ခြုံ လေ၏။
၁၈ယေလသည် သိသရကို ခရီးဦးကြိုပြုခြင်းငှါ ထွက်၍၊ သခင်ဝင်ပါ၊ ကျွန်မဆီသို့ ဝင်ပါ။ စိုးရိမ်တော် မမူပါနှင့်ဟု ခေါ်သည်အတိုင်း၊ သူသည် ယေလနေရာတဲထဲသို့ ဝင်၍ ယေလသည် သူ့ကို စောင်နှင့် ခြုံလေ၏။
19 ၁၉ သူကလည်း ၊ ငါရေငတ် သည်၊ ရေ အနည်းငယ် ကိုပေး ပါဟု တောင်း လျှင် ၊ မိန်းမသည် နွားနို့ ဘူး ကို ဖွင့် ၍ သောက် စေပြီးမှ တဖန် ခြုံ လေ၏။
၁၉သူကလည်း၊ ငါရေငတ်သည်၊ ရေအနည်းငယ်ကို ပေးပါဟု တောင်းလျှင်၊ မိန်းမသည် နွားနို့ဘူးကို ဖွင့်၍ သောက်စေပြီးမှ တဖန် ခြုံလေ၏။
20 ၂၀ သူကလည်း ၊ တဲ တံခါးဝ ၌ နေ ပါ။ လူ တစုံတယောက်က ယောက်ျားရှိ သလောဟု လာ ၍ မေး လျှင် မ ရှိကြောင်းကို ပြော လော့ဟု မှာ ထားလေ၏။
၂၀သူကလည်း၊ တဲတံခါးဝ၌ နေပါ။ လူတစုံတယောက်က ယောက်ျားရှိသလောဟု လာ၍ မေးလျှင် မရှိကြောင်းကို ပြောလော့ဟု မှာထားလေ၏။
21 ၂၁ ထိုအခါ ဟေဗာ မယား ယေလ သည် သိသရမော လျက် အိပ်ပျော် စဉ် တွင်၊ တဲ တံသင် တချောင်းနှင့် လက်ရိုက် ကို ကိုင် လျက် သူ့ ထံ သို့တိတ်ဆိတ် စွာ သွား ၍ တံသင် ကို မြေ ၌ စွဲ စေသည်တိုင်အောင်သူ ၏ နားပန်း ထဲ သို့ ရိုက် သွင်းသဖြင့် သိသရသည် သေ ၏။
၂၁ထိုအခါ ဟေဗာမယား ယေလသည် သိသရမောလျက် အိပ်ပျော်စဉ်တွင်၊ တဲတံသင်တချောင်းနှင့် လက်ရိုက်ကို ကိုင်လျက် သူ့ထံသို့ တိတ်ဆိတ်စွာ သွား၍ တံသင်ကို မြေ၌ စွဲစေသည်တိုင်အောင် သူ၏ နားပန်းထဲသို့ ရိုက်သွင်းသဖြင့် သိသရသည် သေ၏။
22 ၂၂ ဗာရက် သည် သိသရ ကို လိုက် ရှာသောအခါ ၊ ယေလ ထွက် ၍ ကျွန်မဆီသို့ ဝင် ပါ။ ရှာ သောသူကို ပြ ပါမည်ဟု ကြိုဆို လျှင်၊ ဗာရက်သည် တဲထဲသို့ ဝင် ၍ သိသရ သေ လျက်၊ နားပန်း ၌ တံသင် စူးလျက်ရှိသည်ကို မြင် လေ၏။
၂၂ဗာရက်သည် သိသရကို လိုက်ရှာသောအခါ၊ ယေလထွက်၍ ကျွန်မဆီသို့ ဝင်ပါ။ ရှာသောသူကို ပြပါမည်ဟု ကြိုဆိုလျှင်၊ ဗာရက်သည် တဲထဲသို့ ဝင်၍ သိသရသေလျက်၊ နားပန်း၌ တံသင် စူးလျက်ရှိသည်ကို မြင်လေ၏။
23 ၂၃ ထို နေ့ ၌ ထာဝရဘုရား သည် ခါနာန် ရှင်ဘုရင် ယာဘိန် ကို၊ ဣသရေလ အမျိုးသားတို့ရှေ့ မှာ နှိမ့်ချ တော်မူသဖြင့်၊
၂၃ထိုနေ့၌ ထာဝရဘုရားသည် ခါနာန်ရှင်ဘုရင်ယာဘိန်ကို၊ ဣသရေလအမျိုးသားတို့ရှေ့မှာ နှိမ့်ချတော်မူ သဖြင့်၊
24 ၂၄ သူတို့သည် ထိုရှင်ဘုရင် ကို မဖျက်ဆီး မှီတိုင်အောင် အစဉ်အောင်လျက် နေကြ၏။
၂၄သူတို့သည် ထိုရှင်ဘုရင်ကို မဖျက်ဆီးမှီ တိုင်အောင် အစဉ်အောင်လျက် နေကြ၏။

< တရားသူကြီးမှတ်စာ 4 >